ရန်ကုန်၊ ဇန်နဝါရီ ၂၈
သန်လျင်ရေတပ်သို့ ပြည်ပရေငုပ်သင်္ဘောတစ်စီး ဝင်ရောက်လာဟုဆို(ရုပ်/သံ)
ရန်ကုန်၊ ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်း၊ သန်လျင်ရှိ ရေတပ်သို့ ပြည်ပမှ ရေငုပ်သင်္ဘောတစ်စီး ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ပင်လယ်ဝမှတစ်ဆင့် ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရှိရသည်။
လက်ရှိ ရေတပ်တွင် ရှိနေသော ရေငုပ်သင်္ဘောကို ဒေသခံများ မှတ်မိကြပြီး ယခု ဝင်လာသည့် ရေငုပ်သင်္ဘောမှာမူ ပြင်ပ ဝင်လာသည့် ပြည်ပရေငုပ် သင်္ဘောဖြစ်ကြောင်း၊ မြင်တွေ့နေကြ မဟုတ်ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ရုရှားသင်္ဘောတစ်စီး သီလဝါဆိပ်ကမ်းသို့ လာရောက်ပြီး တင့်ကား ၂၃ စီး၊ လက်နက်ခဲယမ်းနှင့်အမြှောက်များပါဝင်သည့် ပေ ၄၀ ကွန်တိန်နာ ၇ လုံး စုစုပေါင်း အလေးချိန် မက်ထရစ်တန် ၂၈၂ တန် လာရောက်ချထားပေးခဲ့ကြောင်း သိရှိရသည်။