ၾကားသိရသမွ်

တက္ကစီမောင်းသမားက ဘတ် ၁၂သန်းထီပေါက်ခဲ့ပြီး သူ့သူငယ်ချင်းတွေကို ဘတ် ၁သောင်းစီခွဲပေး

သြဂုတ်လ ၁ရက်နေ့ အစိုးရထီရုံး က ပထမဆု နံပါတ် 436594 ၊ နောက်ဆုံး၂လုံး ဂဏန်း 14 ၊ ရှေ့၃လုံးဂဏန်း 893 နှင့် 266 ၊ နောက်ဆုံး ၃လုံးဂဏန်း 447 နှင့် 282 တို့ဖြစ်ပါတယ်။

ဘတ် ၁၂သန်း ကံထူးရှင်မှာ စမွတ်ပရာကန် တွင်နေထိုင်သော မစ္စတာ ချောင်ချိုင်း ဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်း အငှားယာဥ်မောင်းသမားက ထီလက်မှတ် ၂စောင် ပထမဆု ဘတ် ၁၂သန်း ကို သူရဲ့သူငယ်ချင်းများနှင့်အတူ ရုံးတွင်ကိုယ်တိုင် လာရောက်ထုတ်ယူခဲ့ပါတယ်။ကျွန်တော်တို့အတူတူ အခက်အခဲတွေ အများကြီးရှိ ခဲ့ပါတယ်။ ဒုက္ခရောက်နေတဲ့အချိန်တိုင်း တစ်ယောက်ကိုတစ်ယောက်ဘယ်တော့မှ မထားခဲ့ကြပါတယ်။ ဒီနေ့မှာ ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ်။ ဒါကြောင့်သူငယ်ချင်း တွေကို ပေးချင်ပါတယ်။ ကူညီချင်ပါတယ်လို့ ပြောခဲ့ပါ တယ်။

