ကမ္ဘာကျော် အင်္ဂလန်ဒါရိုက်တာကြီး ဆာဖိလစ်အန်တိုနီဟော့ပ်ကင်းစ် ပြောဖူးတာ ရှိပါတယ်။ “ကျွန်တော်တို့ဟာ ကိစ္စတိုင်းကို လိုက်တွေးပြီး ကိုယ့်ကိုယ်ကို ဖြည်းဖြည်းချင်း သတ်နေကြတယ်”တဲ့။
အတွေးလွန်ခြင်းဟာ ဘယ်လောက်ကြောက်ဖို့ ကောင်းပါသလဲ။ Overthinking လုပ်မိသူတွေအတွက် အတွေးလွန်တဲ့ အကျင့်ကို ဖျောက်ဖျက်ပစ်သင့်တဲ့ အကြောင်းရင်းတစ်ချို့ ရှိပါတယ်။
(၁) အိပ်မပျော်ဖြစ်စေပါတယ်
ဦးနောက်ကို အနားမပေးစတမ်း စုံစီနဖာတွေးတဲ့ ညတွေဟာ စိတ္တဇညတွေပါ။ ကမ္ဘာပေါ်မှာ ဆက်တိုက်အတွေးလွန်တဲ့ ပြဿနာကြောင့် ညည်အိပ်မပျော်တဲ့ သူတွေ သန်းပေါင်းများစွာ ရှိနေပါတယ်။ အလွန်အကျွံတွေးတောမိန်းမောနေမှုဟာ အိပ်စက်ဖို့ ခက်ရုံတင်မကဘဲ စိတ်ဓါတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေပါ ကြုံလာနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်အတွေးကို ပြန်ထိန်းချုပ်ပါ။ အသက်ရှုလေ့ကျင့်ခန်းလေး လုပ်ပါ။ ကိုယ်နဲ့ စိတ်အနားရစေမယ့် တရားမှတ်တာမျိုးကလည်း ညဘက်ကောင်းကောင်း အိပ်ပျော်စေဖို့ အထောက်အကူ ဖြစ်ပါတယ်။
(၂) ကြောက်စိတ်ကို ဖြစ်စေပါတယ်
အတွေးနွံထဲ ကျွံသွားတာ ကြာလေလေ လူဟာ ပိုပြီး သွေးလန့်လာလေလေပါပဲ။ အနာဂါတ်ဟာ ဘယ်တော့မှ သေချာတာ မဟုတ်ပါဘူး။ အနာဂါတ်အကြောင်း အဖြေမရဘဲ ဝဲလှည်လှည့်ပြီး အတွေးနဲ့ ပိတ်လှောင်သူအတွက် ခိုကိုးစရာ မရှိတဲ့ ခံစားချက်ပဲ ရမှာပါ။ အတွေးလွန်ခြင်းဟာ သောကနဲ့ ကြောက်စိတ်ကို ဖိတ်ခေါ်ရာ ရောက်ပါတယ်။
(၃) ခေါင်းကိုက်လာမယ်
အတွေးလွန်ခြင်းကြောင့် ဆိုးဝါးတဲ့ ခေါင်းကိုက်ဝေဒနာ ဖြစ်နိုင်တယ်ဆိုတာ သိပါသလား ။ ခေါင်းကိုက်ကြောင်း ပြတဲ့ လက္ခဏာဟာ အနားယူဖို့ လိုနေပြီလို့ အချက်ပြနေတာပါ။ ဦးနောက်က ပင်ပန်းနွမ်းနယ်နေပြီး ဝန်ထုပ်ဝန်ပိုး ထမ်းထားရသလို ဖြစ်နေတာပါ။ ဆက်တိုက် တွေးနေမိခြင်းဟာ စိတ်ကျန်းမာရေးအတွက် အနုတ်လက္ခဏာ ဖြစ်ပြီး မကောင်းတဲ့ အတွေးတွေ ပိုတွေးမိစေနိုင်ပါတယ်။
(၄) ကြွက်သားတွေ တင်းလာမယ်
အတွေးဟာ လူကို ထိန်းချုပ်ပါတယ်။ အတွေးလွန်ကဲမှုကြောင့် ကြွက်သားနဲ့ အရိုးအဆစ်တွေ သိသိသာသာ နာကျင်လာပါလိမ့်မယ်။ စိတ်ခံစားချက်ကြောင့် ရုပ်ပိုင်း အပြောင်းအလဲ ထိခိုက်နာကျင်မှုတွေ ကြုံလာပြီဆိုရင် သင့်အတွေးကို စောင့်ကြည့် ရပ်တန့်ဖို့ ကြိုးစားသင့်ပါတယ်။ အကောင်းဆုံးက နေ့တိုင်းအကြောလျှော့ပါ။ ပုံမှန်လေ့ကျင့်ခန်း လုပ်နေပါ။
(၅) ပင်ပန်းလွယ်လာမယ်
အလုပ်ကြမ်းတွေ မလုပ်ရဘဲနဲ့ ပင်ပန်းနွမ်းနယ်မှုက ပုံမှန်လို ဖြစ်လာပြီဆိုရင် သတိထားပါ။ ဒါဟာ ဟန်ချက်မမျှ ဖြစ်လာကြောင်း အချက်ပြနေတာ ဖြစ်ပါတယ်။ ပင်ပန်းမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ အိပ်ရေးပျက်တာကနေ အာဟာရချို့တဲ့တာအထိ ပြောစရာတွေ ရှိပေမယ့် ကိုယ့်စိတ်ကိုယ် ပြန်စောင့်ကြည့်လို့ အတွေးလွန်တာကြောင့် ဖြစ်နေတာဆိုရင် Overthinking အကျင့်ကို နှုတ်ဆက်ဖို့ မမေ့ပါနဲ့။
ကမာၻေက်ာ္ အဂၤလန္ဒါ႐ိုက္တာႀကီး ဆာဖိလစ္အန္တိုနီေဟာ့ပ္ကင္းစ္ ေျပာဖူးတာ ရွိပါတယ္။ “ကြၽန္ေတာ္တို႔ဟာ ကိစၥတိုင္းကို လိုက္ေတြးၿပီး ကိုယ့္ကိုယ္ကို ျဖည္းျဖည္းခ်င္း သတ္ေနၾကတယ္”တဲ့။
အေတြးလြန္ျခင္းဟာ ဘယ္ေလာက္ေၾကာက္ဖို႔ ေကာင္းပါသလဲ။ Overthinking လုပ္မိသူေတြအတြက္ အေတြးလြန္တဲ့ အက်င့္ကို ေဖ်ာက္ဖ်က္ပစ္သင့္တဲ့ အေၾကာင္းရင္းတစ္ခ်ိဳ႕ ရွိပါတယ္။
(၁) အိပ္မေပ်ာ္ျဖစ္ေစပါတယ္
ဦးေနာက္ကို အနားမေပးစတမ္း စုံစီနဖာေတြးတဲ့ ညေတြဟာ စိတၱဇညေတြပါ။ ကမာၻေပၚမွာ ဆက္တိုက္အေတြးလြန္တဲ့ ျပႆနာေၾကာင့္ ညည္အိပ္မေပ်ာ္တဲ့ သူေတြ သန္းေပါင္းမ်ားစြာ ရွိေနပါတယ္။ အလြန္အကြၽံေတြးေတာမိန္းေမာေနမႈဟာ အိပ္စက္ဖို႔ ခက္႐ုံတင္မကဘဲ စိတ္ဓါတ္ပိုင္းဆိုင္ရာ ယိုယြင္းမႈေတြပါ ႀကဳံလာႏိုင္ပါတယ္။
ဒါေၾကာင့္ ကိုယ့္အေတြးကို ျပန္ထိန္းခ်ဳပ္ပါ။ အသက္ရႈေလ့က်င့္ခန္းေလး လုပ္ပါ။ ကိုယ္နဲ႔ စိတ္အနားရေစမယ့္ တရားမွတ္တာမ်ိဳးကလည္း ညဘက္ေကာင္းေကာင္း အိပ္ေပ်ာ္ေစဖို႔ အေထာက္အကူ ျဖစ္ပါတယ္။
(၂) ေၾကာက္စိတ္ကို ျဖစ္ေစပါတယ္
အေတြးႏြံထဲ ကြၽံသြားတာ ၾကာေလေလ လူဟာ ပိုၿပီး ေသြးလန႔္လာေလေလပါပဲ။ အနာဂါတ္ဟာ ဘယ္ေတာ့မွ ေသခ်ာတာ မဟုတ္ပါဘူး။ အနာဂါတ္အေၾကာင္း အေျဖမရဘဲ ဝဲလွည္လွည့္ၿပီး အေတြးနဲ႔ ပိတ္ေလွာင္သူအတြက္ ခိုကိုးစရာ မရွိတဲ့ ခံစားခ်က္ပဲ ရမွာပါ။ အေတြးလြန္ျခင္းဟာ ေသာကနဲ႔ ေၾကာက္စိတ္ကို ဖိတ္ေခၚရာ ေရာက္ပါတယ္။
(၃) ေခါင္းကိုက္လာမယ္
အေတြးလြန္ျခင္းေၾကာင့္ ဆိုးဝါးတဲ့ ေခါင္းကိုက္ေဝဒနာ ျဖစ္ႏိုင္တယ္ဆိုတာ သိပါသလား ။ ေခါင္းကိုက္ေၾကာင္း ျပတဲ့ လကၡဏာဟာ အနားယူဖို႔ လိုေနၿပီလို႔ အခ်က္ျပေနတာပါ။ ဦးေနာက္က ပင္ပန္းႏြမ္းနယ္ေနၿပီး ဝန္ထုပ္ဝန္ပိုး ထမ္းထားရသလို ျဖစ္ေနတာပါ။ ဆက္တိုက္ ေတြးေနမိျခင္းဟာ စိတ္က်န္းမာေရးအတြက္ အႏုတ္လကၡဏာ ျဖစ္ၿပီး မေကာင္းတဲ့ အေတြးေတြ ပိုေတြးမိေစႏိုင္ပါတယ္။
(၄) ႂကြက္သားေတြ တင္းလာမယ္
အေတြးဟာ လူကို ထိန္းခ်ဳပ္ပါတယ္။ အေတြးလြန္ကဲမႈေၾကာင့္ ႂကြက္သားနဲ႔ အ႐ိုးအဆစ္ေတြ သိသိသာသာ နာက်င္လာပါလိမ့္မယ္။ စိတ္ခံစားခ်က္ေၾကာင့္ ႐ုပ္ပိုင္း အေျပာင္းအလဲ ထိခိုက္နာက်င္မႈေတြ ႀကဳံလာၿပီဆိုရင္ သင့္အေတြးကို ေစာင့္ၾကည့္ ရပ္တန႔္ဖို႔ ႀကိဳးစားသင့္ပါတယ္။ အေကာင္းဆုံးက ေန႔တိုင္းအေၾကာေလွ်ာ့ပါ။ ပုံမွန္ေလ့က်င့္ခန္း လုပ္ေနပါ။
(၅) ပင္ပန္းလြယ္လာမယ္
အလုပ္ၾကမ္းေတြ မလုပ္ရဘဲနဲ႔ ပင္ပန္းႏြမ္းနယ္မႈက ပုံမွန္လို ျဖစ္လာၿပီဆိုရင္ သတိထားပါ။ ဒါဟာ ဟန္ခ်က္မမွ် ျဖစ္လာေၾကာင္း အခ်က္ျပေနတာ ျဖစ္ပါတယ္။ ပင္ပန္းမႈကို ျဖစ္ေစႏိုင္တဲ့ အေၾကာင္းရင္းေတြ အမ်ားႀကီး ရွိပါတယ္။ အိပ္ေရးပ်က္တာကေန အာဟာရခ်ိဳ႕တဲ့တာအထိ ေျပာစရာေတြ ရွိေပမယ့္ ကိုယ့္စိတ္ကိုယ္ ျပန္ေစာင့္ၾကည့္လို႔ အေတြးလြန္တာေၾကာင့္ ျဖစ္ေနတာဆိုရင္ Overthinking အက်င့္ကို ႏႈတ္ဆက္ဖို႔ မေမ့ပါနဲ႔။