ၾကားသိရသမွ်

သမီးဖြစ်သူအတွက် လမ်းမထက်မှာ ဂုဏ်သိက္ခာတွေကို စွန့်လွှတ်ရဲခဲ့တဲ့ ဖခင်တစ်ဦး

တရုတ်နိုင်ငံမှ ဖခင်တစ်ယောက်ဟာ သမီးဖြစ်သူရဲ့ ဆေးဖိုးဝါးခအတွက် သူ့ရဲ့ ဂုဏ်သိက္ခာတွေကို စွန့်လွှတ်ပြီး လမ်းမထက်မှာ အကူအညီတောင်းခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ် ။

အသက် (၄၅)နှစ်အရွယ် လက်သမားဆရာတစ်ယောက် ဟာ သူ့ရဲ့ သမီးဖြစ်သူခံစားနေရတဲ့ ဝေဒနာတွေကို ကုသဖို့ ဆေးဖိုးဝါးခ မတတ်နိုင်တော့တဲ့အဆုံးမှာ သူ့ကိုယ်သူ မိတ်ကပ်တွေလိမ်းခြယ်ပြီး သတို့သမီးတစ်ယောက် အဖြစ် ဝတ်စုံအပြည့်ဝတ်ဆင်ပြီး သမီးဖြစ်သူရဲ့ ဆေးဖိုးဝါးခအတွက် လမ်းသွားလမ်းလာတွေကိုအလှူခံခဲ့တာဖြစ်ပါတယ်။

အသက် (၄၅) နှစ် ရှိပြီဖြစ်တဲ့ Guo ဟာ အသက်လေးနှစ်အရွယ် မိတဆိုးသမီးလေး ရဲ့ သွေးကင်ဆာရောဂါပျောက်ကင်းစေဖို့ အတွက် ဆေးဖိုးအဖြစ်ယွမ်သိန်းပေါင်းမြောက်မြားစွာကို ချေးယူပြီး ကုသခဲ့ပါတယ် ။

ခီမို ကုထုံး ကို ရှစ်ကြိမ်တိတိ ယူပြီးနောက်မှာ သမီးဖြစ်သူ ရောဂါ ပျောက်ကင်းသွားသယောင်ယောင်ရှိနေခဲ့ပေမယ့် သူမရဲ့ ရောဂါထပ်မံဖြစ်လာခဲ့တာကြောင့် ထပ်မံ ငွေများလိုအပ်လာပါတယ်။

သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေရဲ့ အကူအညီကို ရယူနိုင်ဖို့ အာရုံစိုက်စေလိုတဲ့အတွက် အခုလို သတို့သမီးဝတ်စုံကို ဝတ်ဆင်ပြီး ဆေးဖိုးအတွက် အလှူခံခဲ့ရပါတယ်။ဒီဖြစ်ရပ်ကြောင့် တရုတ်ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေမှာပွဲဆူခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Guo က အခုလိုပြောပါတယ်။ “ကျနော် ရဲ့ ဂုဏ်သိက္ခာ နဲ့ ပိုင်ဆိုမှုတွေက အရေးမကြီးတော့ပါဘူးဗျာ ၊ ကျနော့်သမီးအတွက် ဆေးဖိုးဝါးခ ကူညီချင်တဲ့သူတွေရှိတယ်ဆိုရင် ၊ အဲဒီပိုက်ဆံတွေကိုသမီးလေးအတွက်ပဲ အကုန်သုံးမယ်လို့ကတိပေးရဲပါတယ်ဗျာ”လို့ပြောဆိုခဲ့ပါတယ်။

လတ်တလော တရုတ်လူမှုကွန်ယက်တွေပေါ်မှာတော့ မေတ္တာကြီးမားလှတဲ့ ဖခင်တစ်ယောက်အဖြစ် လေးစားဂုဏ်ပြုနေကြတဲ့အချိန် မှာတော့ Guo တစ်ယောက် သူ့သမီးလေးဆေးဖိုးအတွက် အကူအညီပေးမယ့်သူတွေ နဲ့ လှူဒါန်းလာမယ့်ဆေးကုသစားရိတ်တွေကိုမျော်လင့်နေဆဲ့ပါ ။

ပရိသတ်ကြီးရေ မေတ္တာတရားကြီးမားတဲ့ အဖေနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေရှိခဲ့ရင် မှတ်ချက်မှာပြောပေးသွားကြပါဦးနော်။

Unicode

crd-original writer