ၾကားသိရသမွ်

အေမရိကန္က ေတာ္လွန္ေရးသၾကၤန္မွာ ပန္ဆယ္လိုရဲ႕ သီဆိုေဖ်ာ္ေျဖမႈ႕ ရုပ္သံ

ပန်ဆယ်လိုကိုတော့ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ အမေရိကန်နိုင်ငံမှာ ခိုလှုံနေပြီး ပြည်တွင်းက တော်လှန်ရေးအင်အားစုတွေအတွက်

တတ်စွမ်းတဲ့ဘက်ကနေ ထောက်ပံ့နေတဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက စစ်တပ်ကကျင်းပမယ့် သင်္ကြန်ပွဲတေမှာ ပြည်သူတွေမသွားကြဖို့ ရေမကစားကြဖို့ လှုံ့ဆော်ခဲ့ပါသေးတယ်။

သို့သော်လည်း သူမကိုယ်တိုင်ကတော့ ယခုလို အမေရိကန်မှာ သင်္ကြန်ဖျော်ဖြေမှုလုပ်နေတာအတွက် တစ်ချို့လည်း ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း တော်လှန်ရေးရန်ပုံငွေရှာတဲ့ တော်လှန်ရေးသင်္ကြန်မှာ ဖျော်ဖြေတာဖြစ်လို့ ပန်ဆယ်လိုကို

အားပေးထောက်ခံသူတွေလည်း အများအပြားရှိပါတယ်။

သူမရဲ့ ဖေ့ဘုတ်ပေ့မှာတော့ အခုလိုရေးသားထားပါတယ်-

တော်လှန်သင်္ကြန်ရံပုံငွေပွဲမှာ 007 ရောင်းရင်း၊ စကားပြောရင်း သီချင်းတစ်ပုဒ်လောက်ဆိုဖို့ မြို့ခံအဖွဲ့က အတင်းတောင်းဆိုလို့ ဆိုခဲ့တယ်။

ဆိုတဲ့သီချင်းက ခွန်အားဖြည့်မိငယ်ပါ။

ဟိုဘက်ရပ်ကွက်က နင်တို့မမပန်က အမေဒိကားမှာ သင်္ကြန်ကျပြီး ပျော်လို့ ကနေပြီဘာညာ သွေးခွဲတယ်။

အေး…. အဖွဲ့တွေအတွက် ရံပုံငွေရဖို့ သီချင်းဆိုရမယ်ဆိုလည်း ဆိုရမှာပဲ။ ကရမယ်ဆိုလည်း ကရမှာပဲ။ တော်လှန်ရေးဆိုတာ

ပျော်လို့လုပ်နေတာ မဟုတ်ဘူး။ နင်တို့ဘက်က ဘောမတွေလို အားအားယားယား စင်ပေါ်တက်ဒွန့်နေတာ မဟုတ်ဘူး။

ကိုယ့်လိုကောင်ကို PDFတွေနဲ့ လာရန်တိုက်နေသေးတယ်။ ရယ်ရတယ်။

ဗြဲဟဲဟဲ

zawgyi,

ပန္ဆယ္လိုကိုေတာ့ အားလုံးသိၿပီးျဖစ္ပါလိမ့္မယ္။ အေမရိကန္ႏိုင္ငံမွာ ခိုလႈံေနၿပီး ျပည္တြင္းက ေတာ္လွန္ေရးအင္အားစုေတြအတြက္

တတ္စြမ္းတဲ့ဘက္ကေန ေထာက္ပံ့ေနတဲ့ တက္ႂကြလႈပ္ရွားသူတစ္ေယာက္ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းေတြက စစ္တပ္ကက်င္းပမယ့္ သၾကၤန္ပြဲေတမွာ ျပည္သူေတြမသြားၾကဖို႔ ေရမကစားၾကဖို႔ လႈံ႕ေဆာ္ခဲ့ပါေသးတယ္။

သို႔ေသာ္လည္း သူမကိုယ္တိုင္ကေတာ့ ယခုလို အေမရိကန္မွာ သၾကၤန္ေဖ်ာ္ေျဖမႈလုပ္ေနတာအတြက္ တစ္ခ်ိဳ႕လည္း ေဝဖန္မႈေတြျမင့္တက္ခဲ့ပါတယ္။

တစ္ဖက္မွာလည္း ေတာ္လွန္ေရးရန္ပုံေငြရွာတဲ့ ေတာ္လွန္ေရးသၾကၤန္မွာ ေဖ်ာ္ေျဖတာျဖစ္လို႔ ပန္ဆယ္လိုကို

အားေပးေထာက္ခံသူေတြလည္း အမ်ားအျပားရွိပါတယ္။

သူမရဲ႕ ေဖ့ဘုတ္ေပ့မွာေတာ့ အခုလိုေရးသားထားပါတယ္-

ေတာ္လွန္သၾကၤန္ရံပုံေငြပြဲမွာ 007 ေရာင္းရင္း၊ စကားေျပာရင္း သီခ်င္းတစ္ပုဒ္ေလာက္ဆိုဖို႔ ၿမိဳ႕ခံအဖြဲ႕က အတင္းေတာင္းဆိုလို႔ ဆိုခဲ့တယ္။

ဆိုတဲ့သီခ်င္းက ခြန္အားျဖည့္မိငယ္ပါ။

ဟိုဘက္ရပ္ကြက္က နင္တို႔မမပန္က အေမဒိကားမွာ သၾကၤန္က်ၿပီး ေပ်ာ္လို႔ ကေနၿပီဘာညာ ေသြးခြဲတယ္။

ေအး…. အဖြဲ႕ေတြအတြက္ ရံပုံေငြရဖို႔ သီခ်င္းဆိုရမယ္ဆိုလည္း ဆိုရမွာပဲ။ ကရမယ္ဆိုလည္း ကရမွာပဲ။ ေတာ္လွန္ေရးဆိုတာ

ေပ်ာ္လို႔လုပ္ေနတာ မဟုတ္ဘူး။ နင္တို႔ဘက္က ေဘာမေတြလို အားအားယားယား စင္ေပၚတက္ဒြန႔္ေနတာ မဟုတ္ဘူး။

ကိုယ့္လိုေကာင္ကို PDFေတြနဲ႔ လာရန္တိုက္ေနေသးတယ္။ ရယ္ရတယ္။

ၿဗဲဟဲဟဲ

Video Player