ၾကားသိရသမွ်

မြန်မာ့ရိုးရာ လက်ဝှေ့ကျော် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့လက်ဝှေ့ချန်ပီယံ တူးတူးအပါအဝင် ၆ဦး ဖမ်းဆီးခံရ

မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တူးတူးအပါအဝင် ၆ဦး ဖမ်းဆီးခံရ

မဲခေါင်၊ ဧပြီ ၁၂

လက်ဝှေ့ကျော် တူးတူးအပါအဝင် အမျိုးသား ၆ဦး မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စကုမြို့နယ်ထဲတွင် ဧပြီလ ၁၁ရက်က အာဏာသိမ်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံလိုက်ရကြောင်း တူးတူးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

တူးတူး အပါအဝင် အမျိုးသား ၆ဦးကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များဟု ဆိုကာ စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း လက်ဝှေ့လောကနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အဖမ်းခံရတာတော့ ဟုတ်တယ်။ ကျန်တဲ့ အချက်အလက် တွေတော့ သေသေချာချာ မသိရသေးဘူး” ဟု၎င်းက ပြောသည်။

စစ်ကောင်စီ ဝါဒဖြန့်များ၏ ဖော်ပြချက်အရ တူးတူးအပါအဝင် ၆ဦးကို စကုမြို့၊ မင်းချောင်း တံတားအနီး ရွှေအိမ်သစ်စားသောက်ဆိုင်တွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ ပစ္စတို ၅လက်၊ ကျည်ဆံအချို့နှင့် လက်ပစ်ဗုံး ၂လုံးကိုပါ ဖမ်းဆီးရမိကြောင်း သိရသည်။

မစ်ဒယ်ဝိတ်တန်းကမ္ဘာ့လက်ဝှေ့ချန်ပီယံ တစ်ဦးဖြစ်သူ တူးတူးသည် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြပွဲများတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်သည်။

Photo Credit – MM Times

#MeKongNews

ျမန္မာ့ရိုးရာ လက္ေဝွ႕ေက်ာ္ တူးတူးအပါအဝင္ ၆ဦး ဖမ္းဆီးခံရ

မဲေခါင္၊ ဧၿပီ ၁၂

လက္ေဝွ႕ေက်ာ္ တူးတူးအပါအဝင္ အမ်ိဳးသား ၆ဦး မေကြးတိုင္း၊ မင္းဘူးခရိုင္၊ စကုၿမိဳ႕နယ္ထဲတြင္ ဧၿပီလ ၁၁ရက္က အာဏာသိမ္း စစ္ေကာင္စီ၏ ဖမ္းဆီးျခင္း ခံလိုက္ရေၾကာင္း တူးတူးႏွင့္ နီးစပ္သည့္ အသိုင္းအဝိုင္းမွ သိရသည္။

တူးတူး အပါအဝင္ အမ်ိဳးသား ၆ဦးကို ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕ဝင္မ်ားဟု ဆိုကာ စစ္တပ္က ဖမ္းဆီးသြားျခင္းျဖစ္ေၾကာင္း လက္ေဝွ႕ေလာကႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

“အဖမ္းခံရတာေတာ့ ဟုတ္တယ္။ က်န္တဲ့ အခ်က္အလက္ ေတြေတာ့ ေသေသခ်ာခ်ာ မသိရေသးဘူး” ဟု၎က ေျပာသည္။

စစ္ေကာင္စီ ဝါဒျဖန႔္မ်ား၏ ေဖာ္ျပခ်က္အရ တူးတူးအပါအဝင္ ၆ဦးကို စကုၿမိဳ႕၊ မင္းေခ်ာင္း တံတားအနီး ေရႊအိမ္သစ္စားေသာက္ဆိုင္တြင္ ဖမ္းဆီးရမိျခင္းျဖစ္ၿပီး ၎တို႔ႏွင့္အတူ ပစၥတို ၅လက္၊ က်ည္ဆံအခ်ိဳ႕ႏွင့္ လက္ပစ္ဗုံး ၂လုံးကိုပါ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မစ္ဒယ္ဝိတ္တန္းကမၻာ့လက္ေဝွ႕ခ်န္ပီယံ တစ္ဦးျဖစ္သူ တူးတူးသည္ စစ္တပ္ အာဏာသိမ္းၿပီးေနာက္ စစ္အာဏာရွင္ ေတာ္လွန္ေရး ဆႏၵျပပြဲမ်ားတြင္ တက္ႂကြစြာ ပါဝင္ခဲ့သူျဖစ္သည္။

Photo Credit – MM Times

#MeKongNews