ဗဟုသုတ

အိမ္တလံုး ေဆာက္မယ္ဆို သိထားသင့္တဲ့… အိမ္တစ္လုံးရဲ႕ ျမန္မာအေခၚမ်ား

အိမ္တလံုး ေဆာက္မယ္ဆို သိထားသင့္တဲ့… အိမ္တစ္လုံးရဲ႕ ျမန္မာအေခၚမ်ား
အေဆာက္အဦတစ္ခုရဲ႕ အေပၚကေနစေျပာရရင္ လက္သမားအေခၚ `ေခါင္ေလ်ာက္´ဆိုတာဟာ ဒိုင္းမ်ားရဲ႕အေပၚ ေခါင္အုပ္ရဲ႕ေအာက္မွာ ေရျပင္ညီ

ေခါင္တန္းနဲ႔အၿပိဳင္ထည့္ထားတဲ့ ေခါင္တန္းကို ေခၚတယ္။ အဲဒီေခါင္ေလ်ာက္ကို rafter plate လို႔ေခၚတယ္။ မ်ားေသာအားျဖင့္

ပ်ဥ္းကတိုး ၄”×၂” ၊ ၅”×၂” တို႔ကိုသုံးေလ့ရွိတယ္။ ျမန္မာအေခၚ ဒိုင္းကိုေတာ့ အဂၤလိပ္လို rafter လို႔ေခၚတာကိုေတာ့ သိၾကၿပီးျဖစ္ပါလိမ့္မယ္။

ျမင့္မိုရ္ပိတ္ဆိုတာကေတာ့ အေဆာက္အဦ ေဘး ၂ ဘက္ရဲ႕နံရံအေပၚပိုင္း ႀတိဂံပုံ နံရံကို ေခၚတယ္။ အဂၤလိပ္လို gable wall လို႔ေခၚတယ္။ ပ်ဥ္ေထာင္အိမ္ဆိုရင္ ပ်ဥ္နဲ႔ကာၿပီး တိုက္အိမ္ဆိုရင္ အုတ္နဲ႔ပိတ္တယ္။

ျမန္မာအေခၚ`ထုပ္´ဆိုတာက ၂ ဘက္ခ်ဒိုင္းမ်ားရဲ႕ ေအာက္ဖက္ အဖ်ား ၂ ဘက္ကို ေရျပင္ညီခ်ဳပ္ထားတဲ့တန္း ျဖစ္တယ္။ အဂၤလိပ္လို tie beam သို႔မဟုတ္ roof tie လို႔ေခၚတယ္။

မ်ားေသာအားျဖင့္ ပ်ဥ္းကတိုးသစ္ ၄”×၂”၊ ၅”×၂” တို႔ကိုသုံးေလ့ရွိတယ္။ အင္ဂ်င္နီယာေက်ာင္းသားမ်ား အမ်ားဆုံးမွားတတ္တယ္။

ေလ်ာက္ဆိုတာကေတာ့ ထုပ္နဲ႔ ကန္႔လန္ျဖတ္အေနအထားအတိုင္းရွိတဲ့သစ္သားကိုေခၚတယ္။ ေလ်ာက္တန္းကို အမ်ားအားျဖင့္ ထုပ္အေပၚမွာ ထားေလ့ရွိတယ္။

ဒိုင္းမ်ားနားခိုႏိုင္ေအာင္ ထားတ ဲ့ေရျပင္ညီတန္းျဖစ္တယ္။ သူ႔ကိုလည္း မ်ားေသာအားျဖင့္ ၅”×၂” နဲ႔ ျပဳလုပ္ေလ့ရွိတယ္။ အဂၤလိပ္လိုေတာ့ wall plate လို႔ေခၚတယ္။ သူ႔ေအာက္မွာ နံရံရွိလို႔ျဖစ္တယ္။

ပ်ဥ္ေထာင္အိမ္မ်ားမွာ သစ္သားၾကမ္းခင္းခင္းဖို႔ ဆင့္မတင္မီ အရင္ဆုံးတင္ရတဲ့ သစ္သားက ရက္မျဖစ္တယ္။ ၾကမ္းခင္းကိုေတာင့္ေစဖို႔ ရက္မကို ၅”×၂” နဲ႔တင္ေလ့ရွိတယ္။ အဂၤလိပ္လို ရက္မကို beam လို႔ေခၚတယ္။

အိမ္တစ္အိမ္မွာ ၾကမ္းခင္းေတာင့္တင္းဖို႔အတြက္ ရက္မကို ၅ ေပထက္ပို မေဝးရဘူး။ ရက္မရဲ႕အေပၚမွာ ပ်ဥ္းကတိုး ၄”×၂”နဲ႔ ဆင့္ကိုတင္ေလ့ရွိတယ္။ ဆင့္ကို အဂၤလိပ္လို

joist လို႔ေခၚတယ္။ ၾကမ္းခင္းမၫႊတ္ဖို႔အတြက္ ဆင့္မ်ားကိုလည္း ၁၀ လက္မျခားထားေလ့ရွိတယ္။

ၾကမ္းခင္းဆင့္မ်ားကို ပိတ္တဲ့ ပ်ဥ္ျပားကို ခါးပန္းလို႔ေခၚတယ္။ ၁လက္မထုရွိတဲ့ ပ်ဥ္ျပားဗ်က္ကေတာ့ အမ်ိဳးမ်ိဳးရွိတယ္။ ၆လက္မကေန ၁၂ လက္မအထိ ရွိတတ္တယ္။ ဒါကို အဂၤလိပ္လို facia board လို႔ေခၚတယ္။

ပန္းဆြဲကိုလည္း facia, fascia နဲ႔ eaves board လို႔လည္းေခၚတယ္။ ဒိုင္းမ်ားရဲ႕အေပၚမွာ ျမားတန္းမ်ားတင္ရတယ္။ ဒိုင္းရဲ႕အစိုင္းေၾကာင့္ ျမားတန္းလဲမက်ေအာင္ ဖားမ်ား(cleats)ခံေပးရပါေသးတယ္။

အဲဒီျမားကို purlin လို႔ေခၚတယ္။ ပ်ဥ္းကတိုး ၃”×၂”နဲ႔ ၄”×၂” တို႔ကို ၃ ေပခြဲထက္မေဝးေအာင္ တင္ေပးရတယ္။

တခ်ိဳ႕ ျမားတန္းေပၚမွာ အုတ္ႂကြတ္မိုးဖို႔အတြက္ ၂”×၁” သစ္သားနဲ႔ အျခင္တန္းတင္ရတယ္။ အဲဒီအျခင္တန္းကို batten လို႔ေခၚတယ္။ batten အစိတ္အႀကဲကို အုတ္ႂကြတ္အမိုးျပားရဲ႕ခ်ိတ္အေပၚမူတည္
ၿပီးထည့္ရတယ္။

တခ်ိဳ႕ဒိုင္းမ်ားကို ေထာက္ေပးတဲ့ တိုင္ကို ျမာတိုင္လို႔ေခၚတယ္။ ဒါကိုအဂၤလိပ္လို king post လို႔ေခၚတယ္။အမ်ားအားျဖင့္ ၄”×၄” တိုင္မ်ားနဲ႔ျပဳလုပ္ေလ့ရွိတယ္။

အေဆာက္အဦတစ္လုံးေဆာက္လို႔ နံရံမ်ားမတက္မီ အျဖဴထည္ကို အဂၤလိပ္လို framework လို႔ေခၚတယ္။

Credit: Original uploader

Unicode

အိမ်တလုံး ဆောက်မယ်ဆို သိထားသင့်တဲ့… အိမ်တစ်လုံးရဲ့ မြန်မာအခေါ်များ
အဆောက်အဦတစ်ခုရဲ့ အပေါ်ကနေစပြောရရင် လက်သမားအခေါ် `ခေါင်လျောက်´ဆိုတာဟာ ဒိုင်းများရဲ့အပေါ် ခေါင်အုပ်ရဲ့အောက်မှာ ရေပြင်ညီ

ခေါင်တန်းနဲ့အပြိုင်ထည့်ထားတဲ့ ခေါင်တန်းကို ခေါ်တယ်။ အဲဒီခေါင်လျောက်ကို rafter plate လို့ခေါ်တယ်။ များသောအားဖြင့်

ပျဉ်းကတိုး ၄”×၂” ၊ ၅”×၂” တို့ကိုသုံးလေ့ရှိတယ်။ မြန်မာအခေါ် ဒိုင်းကိုတော့ အင်္ဂလိပ်လို rafter လို့ခေါ်တာကိုတော့ သိကြပြီးဖြစ်ပါလိမ့်မယ်။

မြင့်မိုရ်ပိတ်ဆိုတာကတော့ အဆောက်အဦ ဘေး ၂ ဘက်ရဲ့နံရံအပေါ်ပိုင်း တြိဂံပုံ နံရံကို ခေါ်တယ်။ အင်္ဂလိပ်လို gable wall လို့ခေါ်တယ်။ ပျဉ်ထောင်အိမ်ဆိုရင် ပျဉ်နဲ့ကာပြီး တိုက်အိမ်ဆိုရင် အုတ်နဲ့ပိတ်တယ်။

မြန်မာအခေါ်`ထုပ်´ဆိုတာက ၂ ဘက်ချဒိုင်းများရဲ့ အောက်ဖက် အဖျား ၂ ဘက်ကို ရေပြင်ညီချုပ်ထားတဲ့တန်း ဖြစ်တယ်။ အင်္ဂလိပ်လို tie beam သို့မဟုတ် roof tie လို့ခေါ်တယ်။

များသောအားဖြင့် ပျဉ်းကတိုးသစ် ၄”×၂”၊ ၅”×၂” တို့ကိုသုံးလေ့ရှိတယ်။ အင်ဂျင်နီယာကျောင်းသားများ အများဆုံးမှားတတ်တယ်။

လျောက်ဆိုတာကတော့ ထုပ်နဲ့ ကန့်လန်ဖြတ်အနေအထားအတိုင်းရှိတဲ့သစ်သားကိုခေါ်တယ်။ လျောက်တန်းကို အများအားဖြင့် ထုပ်အပေါ်မှာ ထားလေ့ရှိတယ်။

ဒိုင်းများနားခိုနိုင်အောင် ထားတ ဲ့ရေပြင်ညီတန်းဖြစ်တယ်။ သူ့ကိုလည်း များသောအားဖြင့် ၅”×၂” နဲ့ ပြုလုပ်လေ့ရှိတယ်။ အင်္ဂလိပ်လိုတော့ wall plate လို့ခေါ်တယ်။ သူ့အောက်မှာ နံရံရှိလို့ဖြစ်တယ်။

ပျဉ်ထောင်အိမ်များမှာ သစ်သားကြမ်းခင်းခင်းဖို့ ဆင့်မတင်မီ အရင်ဆုံးတင်ရတဲ့ သစ်သားက ရက်မဖြစ်တယ်။ ကြမ်းခင်းကိုတောင့်စေဖို့ ရက်မကို ၅”×၂” နဲ့တင်လေ့ရှိတယ်။ အင်္ဂလိပ်လို ရက်မကို beam လို့ခေါ်တယ်။

အိမ်တစ်အိမ်မှာ ကြမ်းခင်းတောင့်တင်းဖို့အတွက် ရက်မကို ၅ ပေထက်ပို မဝေးရဘူး။ ရက်မရဲ့အပေါ်မှာ ပျဉ်းကတိုး ၄”×၂”နဲ့ ဆင့်ကိုတင်လေ့ရှိတယ်။ ဆင့်ကို အင်္ဂလိပ်လို

joist လို့ခေါ်တယ်။ ကြမ်းခင်းမညွှတ်ဖို့အတွက် ဆင့်များကိုလည်း ၁၀ လက်မခြားထားလေ့ရှိတယ်။

ကြမ်းခင်းဆင့်များကို ပိတ်တဲ့ ပျဉ်ပြားကို ခါးပန်းလို့ခေါ်တယ်။ ၁လက်မထုရှိတဲ့ ပျဉ်ပြားဗျက်ကတော့ အမျိုးမျိုးရှိတယ်။ ၆လက်မကနေ ၁၂ လက်မအထိ ရှိတတ်တယ်။ ဒါကို အင်္ဂလိပ်လို facia board လို့ခေါ်တယ်။

ပန်းဆွဲကိုလည်း facia, fascia နဲ့ eaves board လို့လည်းခေါ်တယ်။ ဒိုင်းများရဲ့အပေါ်မှာ မြားတန်းများတင်ရတယ်။ ဒိုင်းရဲ့အစိုင်းကြောင့် မြားတန်းလဲမကျအောင် ဖားများ(cleats)ခံပေးရပါသေးတယ်။

အဲဒီမြားကို purlin လို့ခေါ်တယ်။ ပျဉ်းကတိုး ၃”×၂”နဲ့ ၄”×၂” တို့ကို ၃ ပေခွဲထက်မဝေးအောင် တင်ပေးရတယ်။

တချို့ မြားတန်းပေါ်မှာ အုတ်ကြွတ်မိုးဖို့အတွက် ၂”×၁” သစ်သားနဲ့ အခြင်တန်းတင်ရတယ်။ အဲဒီအခြင်တန်းကို batten လို့ခေါ်တယ်။ batten အစိတ်အကြဲကို အုတ်ကြွတ်အမိုးပြားရဲ့ချိတ်အပေါ်မူတည်
ပြီးထည့်ရတယ်။

တချို့ဒိုင်းများကို ထောက်ပေးတဲ့ တိုင်ကို မြာတိုင်လို့ခေါ်တယ်။ ဒါကိုအင်္ဂလိပ်လို king post လို့ခေါ်တယ်။အများအားဖြင့် ၄”×၄” တိုင်များနဲ့ပြုလုပ်လေ့ရှိတယ်။

အဆောက်အဦတစ်လုံးဆောက်လို့ နံရံများမတက်မီ အဖြူထည်ကို အင်္ဂလိပ်လို framework လို့ခေါ်တယ်။

Credit: Original uploader