ဆဲတတ်တဲ့အကျင့် ရှိတဲ့သူတွေ… ဒီပို့စ်လေးကို ဖတ်ကြည့်နော်
” ပါးစပ်က ထွက်သော ထို စကားကြောင့် ” တဲ့ တစ်ခါက ရဟန္တာထေရီမကြီးနှစ်ပါး ထိုင်နေတဲ့ အချိန်မှာ တစ်ပါးက မေးတယ်။
အသက်ကလည်း ငယ်တယ်၊ အရွယ်လည်းရှိပါရဲ့နဲ့ ဘာ့ကြောင့် အိမ်ထောင် မပြုတာလည်းဆိုတော့ တစ်ပါးက သူ့ ဇာတ်ကြောင်းကို ပြောပြတယ်။
သူဟာ ဘဝတစ်ခုမှာ ကုန်သည် တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ ပေါင်းသင်းပြီး မကြာခင်မှာဘဲ ယောင်္ကျားက ကုန်ကူးသွားတော့ သူ့မှာ ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်။ ယောက္ခမတွေက သူ့သားနဲ့ ရတဲ့ ကိုယ်ဝန် မဟုတ်ဘူး ဆိုပြီး နှင်ချ လိုက်တယ်။
ဗိုက်တစ်လုံးနဲ့ ထွက်သွား ခဲ့ရတယ်။ ဇရပ်တစ်ခု ရောက်တော့ ဗိုက်နာပြီး ကလေးမွေးတယ်။ ကလေးကို ဇရပ်မှာ ခဏထားပြီး ရေသွားရှာနေတုန်း ခရီးသွား တစ်ယောက်ကစွန့်ပစ်ထားတဲ့ ကလေး ဆိုပြီး ယူသွားတယ်။
ဒီလိုနဲ့ စိတ်လေပြီး လျောက်သွား နေတုန်းဓါးပြဗိုလ်ကြီးနဲ့ တွေ့ပြီး ပေါင်းသင်းခဲ့ ပြန်တယ်။ မိန်းခလေး တစ်ယောက်မွေးတယ်။ တစ်နေ့ ကလေးပုခက်ထဲ က ပြုတ်ကျပြီး ခေါင်းမှာ ဒဏ်ရာ ရလို့ ယောင်္ကျားကို ကြောက်ပြီး ထွက်ပြေးခဲ့ပြန်တယ်။
အဲဒီလိုနဲ့ တစ်ယောက်ထဲ နှစ်ပေါင်းများစွာ လျှောက်သွားနေတုန်း ကုန်သည်လေး တစ်ယောက်နဲ့ တွေ့ပြီး အိမ်ထောင် ပြုလိုက်ပြန်တယ်။
အဲဒီ ကုန်သည်ပေါက်စလေး နဲ့ ပေါင်းသင်း နေတုန်းမှာဘဲ… တစ်နေ့ ကုန်သည်လေးက မိန်းမငယ်ငယ်လေးတစ်ယောက်ကို ခေါ်လာ ပြန်လို့… နှစ်ယောက် ပေါင်းရပြန်တယ်။
တစ်နေ့တော့ မယားအငယ်လေးကို သန်းရှာ ပေးနေတုန်း ခေါင်းက ဒဏ်ရာကိုတွေ့တော့ သူ့သမီးဒဏ်ရာနဲ့ တူလိုက်တာလို့ တွေးပြီး ဇာတိကို မေးကြည့်တော့ တကယ်ဘဲ ဓါးပြဗိုလ်ကြီးနဲ့ ရခဲ့တဲ့ သူ့သမီး ဖြစ်နေ ပါတော့တယ်။
သားအမိနှစ်ယောက် ယူကြုံးမရ ဖြစ်နေပြီး သူတို့လင်ကို ပြောပြတော့ သူ့လင်ကလည်းတစ်ချိန်က ဇရပ်မှာ ပျောက်သွားတဲ့ သူ့သားလေး ဖြစ်နေပြန်တယ်။
ဆိုးလိုက်တဲ့ အဖြစ်ရယ်နော်။ ရဟန္တာထေရီမကြီးက သူ့ဘဝဇာတ်ကြောင်းကို ပြောပြပြီး သူလောကီမှာ မနေဝံ့တော့လို့ တရားထူးရအောင် အားထုတ်ရတာပါလို့ ပြောပြ ခဲ့ပါတယ်။
အဲဒါဟာ သူ ” မအေ ” နဲ့တပ်ပြီး ဆဲခဲ့မိလို့ ပြန်လည် ပေးဆပ်ရတာပါတဲ့။ ဘယ်လောက်ထိကြောက်စရာ ကောင်းလိုက်ပါသလဲ…? ညီမလေးတို့ ဘာကြောင်းနဲ့ပဲ ဖြစ်ဖြစ်ဘယ်လောက်ဘဲ ဒေါသ ထွက်နေပါစေ။ သူတစ်ပါးကို ” မအေ” နဲ့ တပ်ပြီး မဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ သတိ ပေးချင်ပါတယ်။
ဘုရားစာရွတ်လို့ ကုသိုလ်ရတာလည်း ဒီ ပါး စပ် က ထွက်တာပါဘဲ။ ဆဲလို့ သံသရာမှာ ပေးဆပ်ရမှာလည်း ဒီပါးစပ်က ထွက်တာပါဘဲ။
ဘုရားရှင်က ” ပါး စပ် ”က ထွက်တဲ့ စ ကားလုံးတွေဟာ အကျိုးမခံစားရဘဲ ပျောက်ပျက် မသွားပါဘူး တဲ့။ ပါးစပ် စည်းကမ်း ရှိနိုင်ကြ ပါစေ။
#Credit to ……(ဦးတိလောက)