ၾကားသိရသမွ်

တပ်မတော်နေ့ ညစာစားပွဲသို့ တက်ရောက်ခဲ့တယ်လို့ သတင်းဖြန့်ခဲ့သူ လော်ဘီတစ်ဦးအား ဗီဒီယိုဖိုင်ဖြင့် သက်သေပြလိုက်တဲ့ ချမ်းမြေ့မောင်ချို

ချမ်းမြေ့မောင်ချိုကတော့ အသက်ငယ်ငယ်လေးနဲ့ပရိသတ်အားပေးမှုတွေများစွာရရှိထားသူတစ်ယောက်ပါ။ Myanmar Idol ပြိုင်ပွဲလေးကနေပရိသတ်အားပေးမှုတွေများစွာနဲ့အတူခုအနုပညာလောကမှာနာမည်တစ်ခုနဲ့ရပ်တည်နေနိုင်တာပါ။

သူ့သီချင်းလေးတွေကလည်း လူငယ်ပရိသတ်တွေအားပေးမှုများစွာရရှိပြီးအောင်မြင်နေတာဖြစ်ပါတယ်။

ဘဝကိုလည်းအေးဆေးစွာဖြတ်သန်းနေထိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။

လူမှုကွန်ရက်ကနေလည်း ပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီး ပရိသတ်တွေနဲ့နီးကပ်စွာရှိနေသူတစ်ယောက်ဖြစ်ပါတယ်။

သူမရဲ့သီချင်းသစ်တွေကိုလည်းပရိသတ်တွေအမြဲစောင့်မျှော်နေပြီးသူကလည်းကြိုးစားနေတာပါ။

အောင်မြင်သူတစ်ယောက်ဖြစ်တာကြောင့်မနာလိုသူတစ်ချို့ရဲ့တိုက်ခိုက်မှုကိုလည်းခံရတာဖြစ်ပါတယ်။

ခုမှာလည်း မနေ့ကတက်လာတဲ့ပုံရိပ်တွေနဲ့ပတ်သက်ပြီးခုလိုပြောခဲ့တာပါ။

နေ့ချင်းညချင်းတော့ ဆံပင်က မရှည်နိုင်ဘူးထင်တာပဲလွန်ခဲ့တဲ့ ၃ နှစ်က ပုံတွေပြန်ပီးတင်နေကြတာတွေ့လို့ ပြောချင်ရင်

မောင်ချို့ကိုပဲပြော သူများဆွဲမထည့်ပါနဲ့ ပြောမယ်ဆိုလဲ သေချာသိပီဆိုမှ ပြောကြပါ

မနေ့ညက အဲ့ကို သွားတာတွေ့တယ်လို့ပြောတဲ့သူ ဒဲ့ရှင်းမယ် လာခဲ့ သက်သေရှိလား ? မရှိဘူးမှတ်လား အေးဆေးလေးနေလိုက်ကြပါ

ဘယ်သူမှပျော်ရွှင်မနေဘူး အပူတွေ ထပ်လာမပေးနဲ့ ပီးတော့လိုက်ပီးလဲ ယောင်မနေနဲ့ သူများပြောတိုင်းလဲ အဟုတ်ကြီးထင်ပီး ငါလဲ လိုက်ယောင်ဦးမှမလုပ်နေနဲ့ မီးတွေပျက်နေတယ်

ဖုန်းအားတွေ ပါဝါဘဏ့်တွေ အားသွင်းကြ သူများကိုပြောဖို့ အားနေတယ်ဆိုရင် ပုတီးလေးစိတ် အော် ငါ့မှာ အကုသိုလ်တွေများနေပီဆိုပီး ဘုရားလေးရှိခိုးကြဦး ဆိုပြီးရှင်းပြခဲ့တာပါ။

Video Player

00:00
00:07

Zawgyi











