ပရိတ်သတ်ကြီးရေ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မင်းမော်ကွန်းဟာ လက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရတာကြောင့် ဘေးကင်းရာ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ ရောက်ရှိနေပါတယ်။ သရုပ်ဆောင် မင်းမော်ကွန်းရဲ့ လူမှုစာမျက်နှာအကောင့်ဟာ တစ်လနီးပါး အပိတ်ခံထားရတာကြောင့် ပရိတ်သတ်တွေကို သိစေချင်တဲ့ အကြောင်းအရာလေးတွေကို ဒါရိုက်တာ သည်ခေတ်နေမှ တစ်ဆင့်တင်ပေးနေတာလဲ ဖြစ်ပါတယ်။

မင်းမော်ကွန်းဟာ လွမ်းဆွတ်တမ်းတဖွယ် ကဗျာလေးတစ်ပုဒ်ကို ပရိတ်သတ်တွေအတွက် မျှဝေပေးထားတာကို တွေ့ရပါတယ်။ ကိုကျော်ရဲ့ ဖေ့ဘွတ်အကောင့်က ပိတ်ခံထားရတာကြောင့် ဝန်ကြီးဌာနတစ်ခုရဲ့ application အတွက် ကိုယ်တိုင်ရေးပေးထားတဲ့ ကဗျာလေးကို ဒါရိုက်တာ သည်ခေတ်နေရဲ့လူမူ့ကွန်ယက်မှတစ်ဆင့် အခုလိုပဲ ရေးသားထားတာပါ။
”ဆောင်းတွင်း ကဗျာ – မင်းမော်ကွန်း ဒီရက်ပိုင်းမှာ ဆောင်းတွင်းစတယ် ဆောင်းတွင်းဟာ စတယ် ဆိုရင်ပဲ တောတောင်ရေမြေအပေါင်းကို သူ့ရဲ့အေးစက်မှုနဲ့ ပွတ်သတ်တော့တယ်.. တစ်မိုးလုံးသန်လာတဲ့ မြက်ရိုင်းတွေပွင့်တဲ့အခါ မြင်ကွင်းတွေဝေဝေဆာဆာ တစ်မိုးလုံးစီးခဲ့တဲ့ ချောင်းငယ်လေးမရှိတော့တဲ့အခါ ဘာကို လွမ်းလို့လွမ်းရမှာ.. ဘာလိုလိုနဲ့ နွေဦးကစခဲ့တဲ့ တော်လှန်ရေးဟာ သုံးရာသီပြောင်းခဲ့ပြီ.. ဒီဆောင်းက ပိုရက်စက်တယ် အိမ်ပြန်ချင်တယ်လို့ ငိုနေတဲ့ သားကို ဘယ်လိုဖြေသိမ့်ရမလဲ မသိခင်မှ သူဟာ တောထဲကျင့်သားရသွားရှာ.. အနာဂတ်မပါ ကိုယ်ကျိုးစီးပွားမပါ စီးနေကျဖိနပ်လေးတောင် မပါတဲ့ ငါ့ရဲ့တော်လှန်ရေးမီးက လောင်အားကောင်းလွန်းတော့ ဆောင်းတွင်းကိုအားနာမိ.. ဒီဆောင်းတွင်းမှာ ဒီဇင်ဘာမှာ ငါတို့မအေးချမ်းကြဘူး.. ရင်ဘတ်က ၈၀ ဒီဂရီ နှလုံးသားကတော့ Over Heating ဖြစ်လို့ ခဏလောက် Shut Down လုပ်ထားရတယ်.. လည်ချောင်းကတော့ ညှီစို့စို့တောအရက်နဲ့ သံဝါသပြုခဲ့သမျှ ဒီဆောင်းတွင်းညတွေမှာ ဝီစကီလေးတစ်ခွက်လောက်ကို ဆာလောင်လို့ … “ လို့ လွမ်းဆွတ်တမ်းတဖွယ်ကောင်းစွာ ရေးသားထားတာကို တွေ့ရပါတယ်နော်။

ပရိတ်သတ်ကြီးရေ အိမ်နဲ့ဝေးကွာနေတာကြောင့် တစ်ခါတစ်ရံ အိမ်ကိုလွမ်းမိတဲ့ အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ ဒါကြောင့် သရုပ်ဆောင် မင်းမော်ကွန်းအတွက် အားပေးစကားလေးတွေ ကောမန့်မှာရေးသားသွားပေး ခဲ့ပါအုန်းနော်။ Crd



