ပျော်လိုက်တာ…ပျော်လိုက်တာ….အိမ် အစောကြီးပြန်ရပြီ
ကလေး တယောက်လို ပျော်သွားတဲ့ အဖွားရဲ့ မျက်နှာလေး
နေ့လည် (12)ကျော်လောက်… ဗန်းလေး ခေါင်းပေါ် ရွက်လို့….ခေါင်း နေတည့်တည့်ချိန်ပေါ့ 😞 ( ကားထဲမလို့ မသိသာပေမဲ့ ဒီနေ့ အဲ့ချိန် အပြင်မှာ အတော်ပူတယ်)
အဖွား…အဖွား….မုန့်ဝယ်မလို့
လာပြီ….လာပြီ သားရေ…. ဗန်းလေး ချပေးအုံး ☺ (အတော်လေးတယ် ဗျ)
ဟုတ် အဖွား…. ဘယ်လိုရောင်း? ?

ကောက်လှိုင်းသီးမုန့် တခု – 500 Ks
မုန့်ဦးနှောက် တခု – 500 Ks
ငှက်ပျော်သီးမုန့် တခု – 500 Ks
ကောက်ညှင်းထုပ် တခု – 500 Ks
စလူမုန့် တခု – 300 Ks
ခေါပြင် တခု – 300 Ks
မုန့်လိပ်ပြာ တခု – 200 Ks
ရွှေထမင်း တခု – 300 Ks
သားလေး….ဘယ်ဟာ ယူမလဲ? ?
အကုန် ယူမယ်…. အဖွား…. တူတူ ထည့်ပြီ တွက်မယ်
အမ်….. 😮😮 တကယ် ပြောတာလား သား??
တကယ်ပေါ့ အဖွားရဲ့….နေလဲ ပူတယ် အိမ်ပြန်ပြီ နားတော့နော်
အားလုံးပေါင်းက…. 40,000 Ks မပြည့် ကျတယ် ….(ခုမှ စျေးစထွက်တာ စျေးဦးပေါက်ပေါ့)
ဒါနဲ့ အဖွားက ဘယ်သူနဲ့ နေတုန်း? ? ဒီမုန့်တွေက ကိုယ်တိုင်လုပ်လား? ?
မြေး(3)ယောက် နဲ့ နေတယ် သား…အဖွား သားနဲ့သမီးက ကားတိုက်ပြီ ဆုံးသွားလို့…မြေးလေးတွေနဲ့ နေတယ် 😢😢 (မြေးလေးတွေ ရှာကျွေးနေတာပါ)
မုန့်ကတော့ ယူရောင်းတာ သား….တနေ့ (5,000 Ks) မြတ်တယ်သား…ဒါဆို အဖွားတို့ အဆင်ပြေပြီလေ….
အော…ဟုတ် အဖွား….ရော့ 70,000 Ks
မုန့်ဖိုးက 40,000 Ks နော်…. ပြီတော့ မြေးလေး (3)ယောက်တွက် 30,000 Ks ယူလိုက်နော်
ပျော်လိုက်တာ…..ပျော်လိုက်တာ….အိမ်လဲ စောကြီး ပြန်ရပြီ…ပိုက်ဆံလေးတွေလဲ အများကြီး ပေးတယ်…..
ကျေးဇူးတင်လိုက်တာ သားလေးရယ်…😍 (ဆုတွေ မနားတမ်းပေးနေတော့တာ)

ကလေး တယောက်လို ပျော်နေတဲ့ အဖွားကို ကြည့်ရတာ တကယ့်ကို ကြည်းနူးရပါတယ် 🙏🙏🙏
••• နေပူ မိုးရွာ ထဲ မနားတမ်း စျေးရောင်းရတဲ့ အဖိုးအဖွားများတွက် တခဏတာ ပျော်ရွှင်အောင် လုပ်ပေးနိုင်သူ အမြဲ ဖြစ်ရပါလို၏ 🙏🙏🙏
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
KBZ Pay – 09795405717
Wave – 095408437 / 09795405717
CB – 0076 6005 0004 5012
( အဖွားကို ပြည်သာယာလမ်းမပေါ် တွေ့တာပါ….မြောက်ဥက္ကလာ သုဇိတာဘက်ကလို့ သိရပါတယ်…. 🙏



