ၾကားသိရသမွ်

NUG နဲ့ NLD အစွန်းရောက်တွေ ခင်များတို့ကိုယ်တိုင်တက်လာခဲ့လို့ ဆိုလာတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း (ရုပ်သံ)

NUG နဲ႔ NLD အစြန္းေရာက္ေတြ ခင္မ်ားတို႔ကိုယ္တိုင္တက္လာခဲ့လို႔ ဆိုလာတဲ့ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာဆိုလိုက္ပါတယ္

ေဒၚလာေစ်း ေတြတက္ေနတာန႔ဲပတ္သက္ၿပီးလည္း ယခုလိုထပ္ေလာင္းေျပာၾကားခဲ့ပါတယ္

ေဒၚလာေဈးတက္တာက ႏိုင္ငံေရးထိုးႏွက္ခ်က္ေတြပါဝင္သလို ႏိုင္ငံျခားကိုေငြေတြေရာက္ေနတာေၾကာင့္ ျဖစ္တယ္လို႔ စစ္ေကာင္စီ ျပန္ၾကားေရးက ေျပာဆိုလိုက္ပါတယ္။ ဒီေန႔ ျပဳလုပ္တဲ့ စကစ သတင္းစာရွင္းလင္းပြဲ မွာေျပာၾကားခဲ့တာပါ။

” ႏိုင္ငံေရးထိုးႏွက္ခ်က္ေတြပါတယ္ ျပည္သူေတြလဲ သိၿပီးသားျဖစ္မွာပါ ႏိုင္ငံျခားမွာ ေငြေတြေရာက္ေနတာလဲပါတယ္” လို႔ သူကဆိုပါတယ္။

ေဒၚလာေဈးတက္ျခင္းဟာ စစ္ေကာင္စီအာဏာသိမ္းမႈေၾကာင့္မဟုတ္ဘဲ အရင္အစိုးရလက္ထက္ကတည္းက တရိပ္ရိပ္ တက္လာျခင္းျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ခုလို ဥပမာေပးေျပာဆိုသည္။

” အသီးကမွဲ႔ေနတာၾကာၿပီး ေႂကြက်ခံနီးလဲျဖစ္ေနၿပီး ေႂကြက်တာေတာ့ ဒီအစိုးရလက္ထက္မွာေႂကြက်တာျဖစ္တယ္လို႔ ” သူကေျပာပါတယ္။

စစ္ေကာင္စီအုပ္ခ်ဳပ္တဲ့ကာလအတြင္းမွာ ဆီေဈး ၊ ေ႐ႊေဈး နဲ႔ ေဒၚလာေဈးက အရင္ NLD အစိုးရလက္ထက္ကထက္ ၃ဆေက်ာ္ စံခ်ိန္တင္ျမင့္တက္ကာ ျပည္တြင္းက်ပ္ေငြ က်ဆင္းကာ အလုပ္အကိုင္ရွားပါးလို႔ေနပါတယ္။

source-Bago – Watchnews

unicode

NUG နဲ့ NLD အစွန်းရောက်တွေ ခင်များတို့ကိုယ်တိုင်တက်လာခဲ့လို့ ဆိုလာတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုလိုက်ပါတယ်

ဒေါ်လာဈေး တွေတက်နေတာနဲ့ပတ်သက်ပြီးလည်း ယခုလိုထပ်လောင်းပြောကြားခဲ့ပါတယ်

ဒေါ်လာဈေးတက်တာက နိုင်ငံရေးထိုးနှက်ချက်တွေပါဝင်သလို နိုင်ငံခြားကိုငွေတွေရောက်နေတာကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက ပြောဆိုလိုက်ပါတယ်။ ဒီနေ့ ပြုလုပ်တဲ့ စကစ သတင်းစာရှင်းလင်းပွဲ မှာပြောကြားခဲ့တာပါ။

” နိုင်ငံရေးထိုးနှက်ချက်တွေပါတယ် ပြည်သူတွေလဲ သိပြီးသားဖြစ်မှာပါ နိုင်ငံခြားမှာ ငွေတွေရောက်နေတာလဲပါတယ်” လို့ သူကဆိုပါတယ်။

ဒေါ်လာဈေးတက်ခြင်းဟာ စစ်ကောင်စီအာဏာသိမ်းမှုကြောင့်မဟုတ်ဘဲ အရင်အစိုးရလက်ထက်ကတည်းက တရိပ်ရိပ် တက်လာခြင်းဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလို ဥပမာပေးပြောဆိုသည်။

” အသီးကမှဲ့နေတာကြာပြီး ကြွေကျခံနီးလဲဖြစ်နေပြီး ကြွေကျတာတော့ ဒီအစိုးရလက်ထက်မှာကြွေကျတာဖြစ်တယ်လို့ ” သူကပြောပါတယ်။

စစ်ကောင်စီအုပ်ချုပ်တဲ့ကာလအတွင်းမှာ ဆီဈေး ၊ ရွှေဈေး နဲ့ ဒေါ်လာဈေးက အရင် NLD အစိုးရလက်ထက်ကထက် ၃ဆကျော် စံချိန်တင်မြင့်တက်ကာ ပြည်တွင်းကျပ်ငွေ ကျဆင်းကာ အလုပ်အကိုင်ရှားပါးလို့နေပါတယ်။

source-Bago – Watchnews