“ဆိုင်ကယ်နှစ်စီး နဲ့ တန်ဖိုးညီမျှတဲ့ အောက်ဆီဂျင်အိုးနဲ့ လဲပြီး လိုအပ်နေတဲ့သူတွေကို ပြန်လှူဒါန်းမဲ့ ပြည်သူတစ်ဦး”
ပြည်သူတစ်ဦးမှ သူကိုယ်ပိုင်ဆိုင်ကယ် နှစ်စီး လုံး ၏ တန်ဖိုးနဲ့ ညီမျှတဲ့ အောက်စီဂျင်အိုးများနဲ့ လဲ ချင်ပါတယ်လို့လူမူကွန်ယက်မှာရေးသားထားပါတယ်။
“အခု ပုံပါ ဆိုင်ကယ် နှစ်စီးသည် ကျွန်တော် ၏ ကိုယ်ပိုင် ပစ္စည်း ဖြစ်ပြီး အဲ့ဆိုင်ကယ် နှစ်စီး လုံး ၏ တန်ဖိုးနဲ့ ညီမျှတဲ့ အောက်စီဂျင် အိုး များနဲ့ လဲ ချင်ပါတယ်ဗျာ ကျွန်တော် အောက်စီဂျင် လိုအပ်တဲ့ သူများ ကို လှူဒါန်းချင်လို့ပါဗျာ
ကျွန်တော် က ဆိုင်ကယ်ကို ချစ်တဲ့သူတစ်ယောက်ပါ
ကျွန်တော် ပိုက်ဆံ မလိုချင်ပါ။ကျွန်တော် အခုလို ပို့မျိုးက ကျွန်တော့် ဘဝ မှာ ပထမ ဆုံးပါ။ဆိုင်ကယ်ချစ်သူတစ်ယောက်ပါKawasaki Vulcan သည် ကျွန်တော် အသစ် ဆက်ဆက်ဝယ်ထားတာပါ။
UMG Company ကပါ။
ဆိုင်ကယ် နှစ်စီး လုံးသည် လိုင်စင် ဘီးတွေပါဗျ။ကူညီနိုင်တဲ့ သူများ ကူညီပေးကျပါဗျာ အောက်စီဂျင်လိုအပ်တဲ့ သူများကို” လို့ ရေးသားထားပါတယ်။
https://www.facebook.com/100015360907800/posts/1130478060807547/?d=n
Source -Ye Min Thu