အသိပညာ

နောင်ဘဝ အတွက်ဆိုပြီးကျိကျိတက် ချမ်းသာတဲ့ ဘုန်းကြီးကျောင်း တွေကို အခုထိ သိန်းချီ လှူနေတုန်းလား

နောင်ဘဝ အတွက်ဆိုပြီးကျိကျိတက် ချမ်းသာတဲ့ ဘုန်းကြီးကျောင်း တွေကို

အခုထိ သိန်းချီ လှူနေတုန်း

ပြောတဲ့သူကို နင်က ဒိဌိတဲ့ ဘုန်းကြီးစီးတဲ့ကားက ကိုယ့်ထက်မြင့်တယ်

အခု နိုင်ငံမှာ ဒုက္ခရောက်တဲ့သူတွေ အများကြီး

သူတို့ကိုဦးစားပေးလှူပါလား ပြောတော့ ရန်ဖြစ်ရတယ်

မြန်မာနိုင်ငံမှာ အဲသလိုလူတွေက တပုံတပင်

နိုင်ငံအေးချမ်းရင်ကျဆုံးသွားတဲ့ မိသားစုထဲက ကလေး ၂ ယောက်ကို အလုပ်ရတဲ့အထိ ပညာသင်ပေးမယ်

တလောက ဝမ်းကွဲအမတွေက လာ စည်းရုံးတယ်.

အဖိုးရဲ့အဖေလက်ထက်ကလှူခဲ့တဲ့ဘုရားဆိုလားနှစ်တွေကြာတော့ ရင်ကွဲသွားတယ်တဲ့….

အဲဒီမှာပြင်ရမယ် ရွှေချရမယ်ငါးကျပ်သားလောက် ကုန်မယ်ပေါ့လေ…

အမေက တိုက်ရိုက် မပြောပေမယ့်ပြင်စေချင်တဲ့သဘောမှာရှိတယ်….

ကျမကတော့ ပြောလိုက်တယ် ရှင်းရှင်းလေးတူလေး တစ်ယောက်ရှိတယ်..ခြောက်တန်းတောမှာ ကျောင်းနေတယ်…

နွေရာသီ ကျောင်းပိတ်တဲ့အချိန်Summer School ရန်ကုန်မှာ ခေါ်ထားပါလား.

တနှစ် ဆယ်သိန်းလောက် ကုန်မယ်…

လေးနှစ်ဆို သိန်းလေးဆယ်…

အဲဒီဘုရား ရွှေငါးကျပ်သား ချလို့ပိုက်ဆံ သိန်းလေးဆယ် ကုန်သွားမယ်

ကျမတို့ အမျိုးတွေ ဘာဖြစ်လာမှာလဲ….

အဲဒီ ကလေးကို နွေရာသီကျောင်းပိတ်ချိန်တိုင်းရန်ကုန်ခေါ်ကျောင်းထားမယ်.လေးနှစ်ကုန်ကျစရိတ်က အတူတူဘဲတမျိုးလုံး ဘာမှဖြစ်မလာနိုင်ပေမယ့်အမျိုးထဲက ကလေးတယောက်ရဲ့ ဘဝတော့ ပြောင်းလဲသွားမယ်….

ကလေးကျောင်းထားဖို့ရှယ်ယာခေါ်ရင်တော့ ပေးချင်ပေးမယ်.ဘုရားရွှေချဖို့တော့စိတ်မဝင်စားဘူးလို့ ပြောလိုက်တယ်…

World Bank ရဲ့ မြန်မာနိုင်ငံ လျှပ်စစ်မီးမရနိုင်သေးတဲ့ အခြေအနေအကြောင်း ရိုက်ထားတဲ့

ဗီဒီယို အတိုလေး ကြည့်ရတယ်….

အဲဒီမှာ ကျောင်းသူလေးက ပြောသွားတာ.

ဘက်ထရီမီးရရင် ဘက်ထရီနဲ့ စာဖတ်တယ်တဲ့ ဘက်ထရီမီးမရရင် ဖယောင်းတိုင်နဲ့စာဖတ်တယ်တဲ့…

နောက်တော့… ကလေးအဖေက ပြောတယ်ဖယောင်းတိုင်က နေ့တိုင်း ဝယ်မပေးနိုင်ဘူးတဲ့ဖယောင်းတိုင် ဝယ်မပေးနိုင်တဲ့နေ့ကျရင်
ကလေးက စောစောထပြီးကျောင်းမှာ စာသွားဖတ်သွားဖတ်ရတယ်တဲ့….

အဲဒါကိုကြည့်ပြီးသူငယ်ချင်း တိုင်းရင်းသူ တယောက် ပြောတာသွားသတိရတယ်…

သူတို့ငယ်ငယ်က…စာဖတ်ဖို့ ဖယောင်းတိုင်မရှိလို့ဘုရားမှာလာထွန်းသွားတဲ့ ဖယောင်းတိုင်တွေရဲ့အကြွင်းအကျန် အတိုအစတွေကိုလိုက်ကောက်ပြီးာကျက်ခဲ့ရသတဲ့

သူကတော့ တခြားလူ မဟုတ်ပါဘူး…..

မြန်မာနိုင်ငံသား နှစ်ထောင်ကျော်ကို ကျွန်ဘဝက ကယ်တင်ပြီး သတင်းထောက်လောကမှာအမြင့်ဆုံးဖြစ်တဲ့… ပူလစ်ဇာဆုရသွားသူပါဘဲ
သူပူလစ်ဇာဆု ရပြီးတော့….မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောသွားတာသိပ်ကောင်းတယ်…

သူပူလစ်ဇာဆု ရခြင်း မရခြင်းဆိုတာထက်…လူနှစ်ထောင်လောက် ကျွန်ဘဝကလွတ်သွားတယ်ဆိုတာ ဝမ်းသာတယ်တဲ့….

ကျမတို့နိုင်ငံမှာ ဒီလို လျှပ်စစ်မီးမရဖယောင်းတိုင်တောင် မထွန်းရရှာတဲ့ ကလေးတွေဘယ်လောက်တောင်ရှိနေမလဲ……

ဆန်ရင်းနာနာဖွတ်ဆိုသလို…

ကိုယ့်ဘာသာဝင် အချင်းချင်းဘဲ ပြောရဦးမယ်….

လျှပ်စစ်မီး ထိန်ထိန်လင်းနေတဲ့ ဘုရားမှာ…

ယောင်းတိုင်တွေကို ဘုံးဘောလအောထွန်းကြတယ်…

အမွှေးတိုင်တွေ အထုပ်လိုက်စုပြုံမီးရှို့ကြတယ်

အမွှေးတိုင်က အမွှေးနံ့ မရတော့ဘဲ

မီးခိုးနံ့ ဖြစ်သွားတယ်…

ပြီးတော့ ကိုယ်မလုပ်နိုင်တာတွေ စိတ်ကူးယဉ်ပြီး လျှောက်ဆုတောင်းကြတယ်….

ရမှာလဲမဟုတ်ဘူး….

ဆုတောင်းတယ်ဆိုတာ.ဗုဒ္ဓလမ်းစဉ်မဟုတ်ဘူး

ဗုဒ္ဓလမ်းစဉ်ဆိုတာ ကျင့်ကြံအားထုတ်ခြင်းဘဲ

ကျုပ်ပြောတာမဟုတ်ဘူး

မိုးကုတ်ဆရာတော်ကြီး ပြောသွားတာ….

ကျမတို့ လူမျိုးတွေလိုရာကို မလှူ…လှူတာနဲ့ ဖြုန်းတီးတာ မသဲကွဲ တဲ့အကျင့်စရိုက်လေးတွေတော့ …ပြင်သင့်ပြီထင်တယ်

Credit KM