စာသင်ခန်း ထဲမှာထက် အပြင်ဘဝက သင့်ကို ပိုသင်ကြားပေးနိုင်ပါတယ်။
၁ – ကျွမ်းကျင်မှု နဲ့ အရည်အသွေး
အလုပ်အကိုင် ရရှိမှုဟာ ကျွမ်းကျင်မှု နဲ့ အရည်အသွေး ကို မူတည်ပါတယ်။ ကိုယ်ပိုင် လုပ်ငန်း လုပ်မယ်ဆိုရင်လည်း ဒီအချက်တွေပေါ်မှာပဲ မူတည်တာပါ။ တက္ကသိုလ် တွေဟာ ပညာရေး အတွက် ကောင်းတဲ့နေရာတွေဖြစ်ပေမဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ရင်တော့ အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပေးနိုင်တဲ့ နေရာတွေ မဟုတ်ပါဘူး။
၂ – ဘွဲ့ မရသူ
ဘွဲ့ မရ ရင် အောင်မြင် နိုင်တယ်လို့ ပြောတာမဟုတ်ပါဘူး။ ဘွဲ့မရ ဘဲနဲ့လည်း အောင်မြင်မှု ကို ရယူနိုင်တယ်လို့ ဆိုလိုတာပါ။ စတိဗ်ဂျော့၊ ဟင်နရီဖို့ဒ်၊ စတီဗင်စပီးဘာ့ဂျ် စတဲ့သူတွေဟာ တက္ကသိုလ် က ဘွဲ့ရသူ တွေ မဟုတ်ပါဘူး။
၃ – အပြင် ဘဝ
စာသင်ခန်း ထဲမှာထက် အပြင် ဘဝ က သင့်ကို ပိုသင်ကြားပေးနိုင်ပါတယ်။ သင် လိုအပ် တာတွေကို ပိုပြင်ဆင်ပေးနိုင်ပါတယ်။ တကယ်လက်တွေ့လုပ်ရင်း သင်ယူနိုင်တာကြောင့် ဖြစ်ပါတယ်။
၄ – ရွယ်တူတွေထက် သာတယ်
သင်နဲ့ ရွယ်တူ တက္ကသိုလ် တက်သူတွေထက် သင်နှစ်သက်ရာ နယ်ပယ် မှာ ပိုရှေ့ရောက်နေပါလိမ့်မယ်။ အဆက်အသွယ် ပိုကောင်းပါလိမ့်မယ်။
၅ – ရှိတာနဲ့လုပ်လို့ရ
ဒီနေ့ခေတ်မှာ ဘွဲ့ရမှ မဟုတ်ဘဲ သင့်မှာရှိပြီးသားအဆက်အသွယ်၊ ကျွမ်းကျင်မှု၊ ငွေကြေးနဲ့ သင့်ဘဝကို အောင်မြင်စွာ ထူထောင်လို့ရနေပါပြီ။ တက္ကသိုလ် မှာ သင်ကြားတဲ့ ပညာရပ် တွေကိုလည်း အပြင်မှာ လေ့လာ လို့ရနေပါပြီ။
၆ – စွန့်ဦးတီထွင်
ဖောက်ထွက်တွေးခေါ်တတ်တာ၊ စွန့်ဦးတီထွင် ချင်တာတွေကို တက္ကသိုလ် က ထိရောက်အောင် သင်ကြားမပေးနိုင်ပါဘူး။ ဘောင်တွေ၊စနစ်တွေထဲက လာတဲ့လူမဟုတ်တဲ့အတွက် သင့်တွေးခေါ်မှုက ပိုပြီးလက်တွေ့ကျတတ်ပါတယ်။
၇ – အနည်းငယ်သာ အသုံးဝင်
တက္ကသိုလ်မှာ သင်ကြားခဲ့တာတွေကို လက်တွေ့လုပ်ငန်းခွင် မှာ အနည်းငယ်ပဲ အသုံးဝင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
Photos & Source: Len Penzo



