#မောင်နှမ
မောင်နှမဆိုတာ ကမ္ဘာမြေကြီးကပေးလိုက်တဲ့
အခိုင်မာဆုံး သံယောဇဉ်ကြိုးတစ်ချောင်းပါ။
တစ်ခါတစ်လေ မိဘကိုတူတူဆိုးကြတာရှိမယ်
တစ်ခါတစ်လေ တူတူလိမ္မာကြတာလဲရှိပါတယ်
အကိုကြီးအဖရာ၊အမကြီးအမိရာ ဆိုသလို
မုန့်လေးဘာလေးစားရရင်
ငါ့ညီ၊ငါ့ညီမအတွက်ထားထားကြတာရှိလိမ့်မယ်။
အငယ်တွေကလဲ
ကိုယ့်အကိုကြီး၊အမကြီးတွေကို
အားကိုးကြပါတယ်။
ပြဿသာနာ တစ်ခုခုဖြစ်ခဲ့ရင် အရင်တိုင်ပင်တာ
ကိုယ့် အကို၊အမတွေကိုပါ။
တစ်ခါတလေ အငယ်တွေကပြန်ပြီး
ဦးဆောင်ကြတာရှိတယ်။
ဒါပေမယ့် သူတို့အကိုကြီး၊
အမကြီးတွေကိုမမေ့ပါဘူး။
တစ်ခါတစ်လေရန်ဖြစ်ကြမယ်။
ပြီးရင် ပြန်ချစ်ကြမယ်။
အကြီးတွေကလည်း
အငယ်တွေကိုလမ်းပြပေးသလို
အငယ်တွေကလည်း
ရင်ဖွင့်စရာရှိရင်ရင်ဖွင့်ကြတယ်။
ကိုယ်က ဘာကြီးပဲဖြစ်နေပါစေ
ကိုယ့်အကိုအမရှေ့ရောက်ရင် ကလေးလေးပါပဲ။
တစ်ခါတလေ ကိုယ့်အတွက်
သူတို့က ရှေ့ဆုံးကနေ ဂုဏ်ယူတတ်ကြတယ်။
တစ်ခါတလေ ကိုယ်ကသူတို့အတွက်
ရှေ့ဆုံးကနေ ဂုဏ်ယူနေရတယ်။
မိဘတွေမရှိတော့တဲ့အခါ
ကိုယ်ဒုက္ခရောက်လို့
မရှိ၊ရှိတာလေးနဲ့ ကူညီပေးတာ
မောင်နှမဆိုတဲ့သံယောဇဉ်ကြိုးလေးကြောင့်ပါ။
ဘာလို့ဆို လောကကြီးက
သံယောဇဉ်ဆိုတဲ့ကြိုးလေးတစ်ချောင်းကို
မွေးလာကတည်းက ချည်နှောင်ထားလို့ပေါ့
လောကမှာရှိတဲ့မောင်နှမတိုင်းချစ်နိုင်ကြပါစေ…..
#ေမာင္ႏွမ
ေမာင္ႏွမဆိုတာ ကမာၻေျမႀကီးကေပးလိုက္တဲ့
အခိုင္မာဆုံး သံေယာဇဥ္ႀကိဳးတစ္ေခ်ာင္းပါ။
တစ္ခါတစ္ေလ မိဘကိုတူတူဆိုးၾကတာရွိမယ္
တစ္ခါတစ္ေလ တူတူလိမၼာၾကတာလဲရွိပါတယ္
အကိုႀကီးအဖရာ၊အမႀကီးအမိရာ ဆိုသလို
မုန္႔ေလးဘာေလးစားရရင္
ငါ့ညီ၊ငါ့ညီမအတြက္ထားထားၾကတာရွိလိမ့္မယ္။
အငယ္ေတြကလဲ
ကိုယ့္အကိုႀကီး၊အမႀကီးေတြကို
အားကိုးၾကပါတယ္။
ျပႆသာနာ တစ္ခုခုျဖစ္ခဲ့ရင္ အရင္တိုင္ပင္တာ
ကိုယ့္ အကို၊အမေတြကိုပါ။
တစ္ခါတေလ အငယ္ေတြကျပန္ၿပီး
ဦးေဆာင္ၾကတာရွိတယ္။
ဒါေပမယ့္ သူတို႔အကိုႀကီး၊
အမႀကီးေတြကိုမေမ့ပါဘူး။
တစ္ခါတစ္ေလရန္ျဖစ္ၾကမယ္။
ၿပီးရင္ ျပန္ခ်စ္ၾကမယ္။
အႀကီးေတြကလည္း
အငယ္ေတြကိုလမ္းျပေပးသလို
အငယ္ေတြကလည္း
ရင္ဖြင့္စရာရွိရင္ရင္ဖြင့္ၾကတယ္။
ကိုယ္က ဘာႀကီးပဲျဖစ္ေနပါေစ
ကိုယ့္အကိုအမေရွ႕ေရာက္ရင္ ကေလးေလးပါပဲ။
တစ္ခါတေလ ကိုယ့္အတြက္
သူတို႔က ေရွ႕ဆုံးကေန ဂုဏ္ယူတတ္ၾကတယ္။
တစ္ခါတေလ ကိုယ္ကသူတို႔အတြက္
ေရွ႕ဆုံးကေန ဂုဏ္ယူေနရတယ္။
မိဘေတြမရွိေတာ့တဲ့အခါ
ကိုယ္ဒုကၡေရာက္လို႔
မရွိ၊ရွိတာေလးနဲ႔ ကူညီေပးတာ
ေမာင္ႏွမဆိုတဲ့သံေယာဇဥ္ႀကိဳးေလးေၾကာင့္ပါ။
ဘာလို႔ဆို ေလာကႀကီးက
သံေယာဇဥ္ဆိုတဲ့ႀကိဳးေလးတစ္ေခ်ာင္းကို
ေမြးလာကတည္းက ခ်ည္ေႏွာင္ထားလို႔ေပါ့
ေလာကမွာရွိတဲ့ေမာင္ႏွမတိုင္းခ်စ္ႏိုင္ၾကပါေစ…..