အသိပညာ

တကယ်က အိမ်ဆိုတာထက် အမေ့ကို ပိုပြီးလွမ်းတာပါ

အိမ်ကို လွမ်းတယ် အမေ လို့သာ အော်လိုက်တာပါ တကယ်က အိမ်ဆိုတာထက် အမေ့ကို ပိုပြီးလွမ်းတာပါ

လူတွေက နီးလွန်းရင် မမြင်တတ်ဘူးဆိုတာ တကယ် မှန်တယ် အမေ သမီးလဲ အမေ့ရဲ့ စေတနာတွေ မေတ္တာတွေကို အလုံးစုံမမြင်နိုင်ခဲ့ဘူး အဝေးကြီးကို ရောက်တော့မှ သမီးမှာ တန်ဖိုးတွေ သိလာရတာ အမေကြော်ကျွေးတဲ့ ကန်စွန်းရွက်ကြော်လေးပဲ ဖြစ်ဖြစ် ငပိရည်လေးပဲဖြစ်ဖြစ် ဒီတစ်ခါပြန်လာဖြစ်ရင် ဘာတစ်ခုမှ ဂျီးမများတော့ဘူး

အမေချက်ကျွေးတဲ့ ဟင်းမှန်သမျှ အကုန်စားမှာ အဝေးမှာ ဘယ်လောက်စားကောင်းသောက်ကောင်းတွေပဲ ဖြစ်ဖြစ် အမေချက်တဲ့ ဟင်းတွေလောက် သမီးအရသာမတွေ့ဘူး

ခေါက်ဆွဲပြုတ်နဲ့ တစ်နှပ်ပြီးခဲ့တဲ့ရက်တွေ ကြက်ဥကြော်နဲ့ တစ်နှပ် ပြီးခဲ့တဲ့ရက်တွေမှာ အိမ်က ထမင်းဝိုင်းလေးကိုလဲ ပြန်ပြီးလွမ်းတတ်လာခဲ့တယ်အမေကလဲ ဒီအရွယ်ကြီးရောက်နေပြီ စိတ်ပူနေတုန်းဆိုပြီး စိတ်ဆိုးခဲ့မိတာတွေအတွက်လဲ သမီးနောင်တတွေရနေပါပြီ အခု သမီးရောက်တဲ့အရပ်မှာ ဘယ်သူ့မှ သမီးကို ဂရုမစိုက်ကြသလို သမီးကို ဘယ်သူမှ စိတ်မပူပေးကြဘူး အမေ သမီးကို စိတ်ပူပေးပါဦး

နေထိုင်မကောင်းဖြစ်တဲ့အခါ အမေ့ရင်ငွေ့နွေးနွေးလေးကို သာမန်ထက်ပိုပြီး လွမ်းမိတယ် အမေ ခေါက်ဆွဲပြုတ်စားမလား ဆန်ပြုတ်စားမလား အမေ မေးခဲ့သလို ဘယ်သူမှ မေးဖော်မရကြဘူး တစ်ခါတစ်ရံ ကိုယ်နေမကောင်းဖြစ်နေမှန်းတောင် မသိကြဘူး ကိုယ်ပူလေးတဖွဖွ စမ်းပြီး ဘယ်နေရာနာလဲ ဘယ်နေရာကိုက်လဲ အမေ တဖွဖွမေးပါဦး အမေ့အပြုံးတွေအောက်မှာ သမီးရောဂါ တွေ သက်သာတယ် အမေ

နောက်ဆို သမီးမဆိုးတော့ဘူး အမေ အဝေးရောက်လေလေ တန်ဖိုးပိုသိလာလေလေပါပဲ အိမ်တဲ့ မေ့နေတဲ့အချိန်ဆိုတာမရှိပါဘူး ပြန်တမ်းတရင်း မပြန်နိုင်ခဲ့လို့ ပိုလွမ်းရတဲ့ ရက်တွေပဲ ရှိတာပါ ဒီတစ်ခါ အမေ့ဆီပြန်ရောက်တဲ့အခါ အမေ့ကို အကြာကြီးဖက်ထားပြီး အမေ့ကို လွမ်းတဲ့အကြောင်းတွေ အများကြီးပြောချင်တယ် အမေ တစ်ခါတစ်ရံ အရမ်းကို အထီးကျန်တာပဲ ကိုယ့်အနားရပ်နေတဲ့လူတွေအထဲမှာ ကိုယ့်အပေါ်မကောင်းတဲ့လူတွေလဲ အများကြီးပါတယ်

အမေ ဆုံးမခဲ့ဖူးသလိုပါပဲ ဘယ်သူ့အပေါ်မဆို မေတ္တာထားပြီးပဲ ဆက်ဆံပါတယ် ဒါပေမယ့် မေတ္တာတွေ ပြန်မရဘူးအမေ ကိုယ်မေတ္တာထားသလောက် ပြန်ပြီး စော်ကားချင်ကြတဲ့ လူတွေချည်းပါပဲ တစ်ခါတစ်ရံ သမီးအရမ်းကိုနာကျင်ရပါတယ် ဒီတစ်ခါ အိမ်ပြန်လာဖြစ်တဲ့အခါကျရင် အမေနဲ့ စကားတွေ အများကြီးပြောပြီး အမေ့အပြုံးတွေ တစ်၀ကြီးထိုင်ကြည့်ချင်သေးတယ် ။အမေ ကျန်းပါစေနော် အမေ ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့်

အိမ်ကို လွမ်းတယ် အမေ လို့သာ အော်လိုက်တာပါ တကယ်က အိမ်ဆိုတာထက် အမေ့ကို ပိုပြီးလွမ်းတာပါ

လူတွေက နီးလွန်းရင် မမြင်တတ်ဘူးဆိုတာ တကယ် မှန်တယ် အမေ သမီးလဲ အမေ့ရဲ့ စေတနာတွေ မေတ္တာတွေကို အလုံးစုံမမြင်နိုင်ခဲ့ဘူး အဝေးကြီးကို ရောက်တော့မှ သမီးမှာ တန်ဖိုးတွေ သိလာရတာ အမေကြော်ကျွေးတဲ့ ကန်စွန်းရွက်ကြော်လေးပဲ ဖြစ်ဖြစ် ငပိရည်လေးပဲဖြစ်ဖြစ် ဒီတစ်ခါပြန်လာဖြစ်ရင် ဘာတစ်ခုမှ ဂျီးမများတော့ဘူး အမေချက်ကျွေးတဲ့ ဟင်းမှန်သမျှ အကုန်စားမှာ အဝေးမှာ ဘယ်လောက်စားကောင်းသောက်ကောင်းတွေပဲ ဖြစ်ဖြစ် အမေချက်တဲ့ ဟင်းတွေလောက် သမီးအရသာမတွေ့ဘူး

ခေါက်ဆွဲပြုတ်နဲ့ တစ်နှပ်ပြီးခဲ့တဲ့ရက်တွေ ကြက်ဥကြော်နဲ့ တစ်နှပ် ပြီးခဲ့တဲ့ရက်တွေမှာ အိမ်က ထမင်းဝိုင်းလေးကိုလဲ ပြန်ပြီးလွမ်းတတ်လာခဲ့တယ်အမေကလဲ ဒီအရွယ်ကြီးရောက်နေပြီ စိတ်ပူနေတုန်းဆိုပြီး စိတ်ဆိုးခဲ့မိတာတွေအတွက်လဲ သမီးနောင်တတွေရနေပါပြီ အခု သမီးရောက်တဲ့အရပ်မှာ ဘယ်သူ့မှ သမီးကို ဂရုမစိုက်ကြသလို သမီးကို ဘယ်သူမှ စိတ်မပူပေးကြဘူး အမေ သမီးကို စိတ်ပူပေးပါဦး

နေထိုင်မကောင်းဖြစ်တဲ့အခါ အမေ့ရင်ငွေ့နွေးနွေးလေးကို သာမန်ထက်ပိုပြီး လွမ်းမိတယ် အမေ ခေါက်ဆွဲပြုတ်စားမလား ဆန်ပြုတ်စားမလား အမေ မေးခဲ့သလို ဘယ်သူမှ မေးဖော်မရကြဘူး တစ်ခါတစ်ရံ ကိုယ်နေမကောင်းဖြစ်နေမှန်းတောင် မသိကြဘူး ကိုယ်ပူလေးတဖွဖွ စမ်းပြီး ဘယ်နေရာနာလဲ ဘယ်နေရာကိုက်လဲ အမေ တဖွဖွမေးပါဦး အမေ့အပြုံးတွေအောက်မှာ သမီးရောဂါ တွေ သက်သာတယ် အမေ

နောက်ဆို သမီးမဆိုးတော့ဘူး အမေ အဝေးရောက်လေလေ တန်ဖိုးပိုသိလာလေလေပါပဲ အိမ်တဲ့ မေ့နေတဲ့အချိန်ဆိုတာမရှိပါဘူး ပြန်တမ်းတရင်း မပြန်နိုင်ခဲ့လို့ ပိုလွမ်းရတဲ့ ရက်တွေပဲ ရှိတာပါ ဒီတစ်ခါ အမေ့ဆီပြန်ရောက်တဲ့အခါ အမေ့ကို အကြာကြီးဖက်ထားပြီး အမေ့ကို လွမ်းတဲ့အကြောင်းတွေ အများကြီးပြောချင်တယ် အမေ တစ်ခါတစ်ရံ အရမ်းကို အထီးကျန်တာပဲ ကိုယ့်အနားရပ်နေတဲ့လူတွေအထဲမှာ ကိုယ့်အပေါ်မကောင်းတဲ့လူတွေလဲ အများကြီးပါတယ်

အမေ ဆုံးမခဲ့ဖူးသလိုပါပဲ ဘယ်သူ့အပေါ်မဆို မေတ္တာထားပြီးပဲ ဆက်ဆံပါတယ် ဒါပေမယ့် မေတ္တာတွေ ပြန်မရဘူးအမေ ကိုယ်မေတ္တာထားသလောက် ပြန်ပြီး စော်ကားချင်ကြတဲ့ လူတွေချည်းပါပဲ တစ်ခါတစ်ရံ သမီးအရမ်းကိုနာကျင်ရပါတယ် ဒီတစ်ခါ အိမ်ပြန်လာဖြစ်တဲ့အခါကျရင် အမေနဲ့ စကားတွေ အများကြီးပြောပြီး အမေ့အပြုံးတွေ တစ်ဝြကီးထိုင်ကြည့်ချင်သေးတယ် ။အမေ ကျန်းပါစေနော် အမေ ။