အသိပညာ

ငွေလာချေးလို့ မချေးလို့လဲမကောင်း မချေးလဲ မချေးချင်ဖြစ်နေရင် ဒီစာလေးဖတ်ကြည့်လိုက်ပါ

ေငြလာေခ်း​လို႔ မေခ်းလို႔လဲမေကာင္း မေခ်းလဲမေခ်းခ်င္ ျဖစ္ေနရင္ ဒီစာေလးဖတ္ၾကည့္လိုက္ပါ
ေခြၽတာစု​​ေဆာင္းရင္း ​ေငြေလးစုမိၿပီး ​​ေခ်ာင္လည္လာ​တဲ့​အခါ ႀကဳံ​​ေတြ႕ရ​တဲ့ ျပႆနာတစ္ခုက ​ကိုယ့္ဆီ ေငြလာေခ်းၾက​တဲ့ ကိစၥပါ။ ​

အားနာၿပီး ​ေငြေခ်းလိုက္မိတယ္။ ၿပီးရင္ ​​ေပးထား​တဲ့ ကတိ​အတိုင္း လာမဆပ္ၾက​​ေတာ့ ေတာင္းရမွာ ထပ္ၿပီး ​အားနာ​ေနမိ​ျပန္​ေရာ။ ​

အားမနာ ပါးမနာ ​ျပန္​​ေတာင္း​တဲ့​အခါမွာလည္း ​အခ်င္းခ်င္း ​အမုန္းပြားစရာ​ေတြ ျဖစ္လာတတ္ပါတယ္။ “ေႂကြးယူၿပဳံးၿပဳံး ​​ေတာင္း​​ေတာ့မုန္း” ဆိုသလို​​ေပါ့။

ေငြလာေခ်း​တဲ့ၾကသူ​ေတြထဲမွာ ကတိတည္ၿပီး ​ေသခ်ာ​ျပန္ဆပ္​တဲ့သူ​ေတြလည္း​ ​အမ်ားႀကီးရွိပါတယ္။ ဒါ​ေပ​မဲ့ ကိုယ္က ​အတိုးမယူပဲ ​ေစတနာ​နဲ႔ ေခ်းတာ ဆိုပါစို႔။

မိတ္​ေဆြ ၅ ေယာက္ကို တစ္ေယာက္ကို ​ေငြ တစ္သိန္းစီ ေခ်းေပးလိုက္တယ္။ ၄ ေယာက္က ကတိတည္တယ္။ ​ျပန္ဆပ္တယ္။ ၁ ေယာက္က ကတိမတည္လို႔ ​ေငြဆုံးတယ္။

ဒါဆိုရင္ ​​ေငြ တစ္သိန္း ဆုံးၿပီ။ စိတ္ဆိုးလို႔ မ​​ေခၚမ​ေျပာ​ျပန္ရင္လည္း မိတ္​ေဆြတစ္ေယာက္ ဆုံးၿပီ။

ကတိတည္လွပါတယ္ဆို​တဲ့ မိတ္​ေဆြ​ေတြ​​ေတာင္ တစ္ကယ္ၾကပ္တည္း​ေန​တဲ့​အခါ ကတိပ်က္တတ္ၾကပါတယ္။ ​ေငြေခ်းေပးလိုက္​တဲ့​အခါ ေငြ​ကိုေရာ မိတ္​ေဆြကိုပါ ဆုံးရႈံးဖို႔ မ်ားပါတယ္။

ဒီ​​ေတာ့ ေငြလာေခ်း​ၾကတဲ့​အခါ ျငင္းပုံျငင္းနည္းေလး​ေတြ ​ေျပာျပပါရ​ေစ။

(၁) ​​ေငြေခ်းေပးလိုက္မိတာ ​ျပန္မရပဲ ဆုံးတာ​ေတြမ်ားလို႔ ​ေငြေခ်းေပးတာကို လုံးဝ ထပ္မလုပ္​​ေတာ့​တဲ့​အ​​ေၾကာင္း ​ေျပာပါ။

ခုေနာက္ပိုင္း ဘယ္သူ​လာေခ်းေခ်း ျငင္းလႊတ္တယ္လို႔ ​ေျပာပါ။ ​ေငြ ဆုံးတာမ်ားလြန္းလို႔ မိဘ၊ ဇနီး (သို႔) ခင္ပြန္းက ​ေငြထပ္မေခ်းဖို႔ တားျမစ္ထားတယ္ လို႔​ ေျပာလည္းရပါတယ္။

(၂) ​ေငြ​ေတြ လုပ္ငန္းထဲ ျမဳပ္​ေနလို႔ လက္ထဲမွာ ေငြမရွိ​​ေၾကာင္း​ေျပာၿပီး ျငင္းလည္းရပါတယ္။ ဒါမွ မဟုတ္လည္း ကိုယ္ႀကဳံ​​ေတြ႕​ေနရ​တဲ့ ​ေငြေရး​ေၾကးေရး ျပႆနာ​ေတြ ​အ​​ေၾကာင္း ငိုခ်င္းခ်ၿပီး ျငင္းလည္းရပါတယ္။

(၃) ​​မိမိ ​ေငြမကိုင္​​ေၾကာင္း၊ သုံးဖို႔ စြဲဖို႔ ​ေငြနည္းနည္းပဲ လက္ထဲမွာ ရွိ​​ေၾကာင္း၊ ​ေငြကို မိဘ၊ ဇနီး (သို႔) ခင္ပြန္း ကသာ ကိုင္​​ေၾကာင္း ​ေျပာၿပီး ျငင္းလို႔လည္း ရပါတယ္။

(၄) လာေခ်း​တဲ့သူဟာ ​အရင္က ေခ်းထားဖူးၿပီး ​ျပန္မဆပ္ဖူး​တဲ့သူဆိုရင္ ျငင္းရပိုလြယ္ပါတယ္။ ​အရင္က ​အေႂကြးကို ​ျပန္ဆပ္ဖို႔ ေျပာလိုက္ပါ။ ​အေႂကြး​​ေဟာင္း မ​ေက်မခ်င္း ထပ္မေခ်းေပးႏိုင္ဘူးလို႔ ​ေျပာပါ။

(၅) ​အလိမ္​​ေဖာ္ၿပီး ျငင္းပါ။ လိမ္လည္ၿပီး လာေခ်းတတ္​တဲ့သူ​ေတြရွိပါတယ္။ ဥပမာ ​အ​ေမေဆး႐ုံတက္ရလို႔ ဆိုၿပီး လိမ္တာမ်ိဳးပါ။ ဒါမ်ိဳးဆိုရင္ ေနာက္​​ေၾကာင္းကို စုံစမ္းဖို႔လိုပါတယ္။

သူ​ေျပာ​ေနတာ​ေတြဟာ ​အ​မွန္​ေတြ ဟုတ္မဟုတ္တစ္နည္းနည္း​နဲ႔ စုံစမ္းပါ။ ဖုန္း​နံပါတ္ရွိရင္ ဖုန္းဆက္ၾကည့္လိုက္ပါ။ ေဆး႐ုံကို လိုက္သြားပါ။ လိမ္​ေနတာဆိုရင္ ျငင္းလို႔ရပါၿပီ။

ဒီ​​ေတာ့ ​ေငြမေခ်းခင္ ဘာလို႔​ေငြေခ်းခ်င္တာ​လဲ ေမးပါ။ လိမ္​ေနတာ ဟုတ္မဟုတ္ စုံစမ္းပါ။ဒါ​ေပ​မဲ့ ျငင္းလို႔​ မ​​ေကာင္း​တဲ့ ​အ​ေျခ​အ​ေန​ေတြလည္း ရွိပါတယ္။

ဥပမာ ကိုယ့္​အ​​ေပၚ ေက်းဇူးရွိထားဖူးသူ​ေတြ၊ ​အ​မွန္တကယ္ ဒုကၡေရာက္​ေနသူ​ေတြ​​ေပါ့။ ဒီလို လူမ်ိဳး​ေတြ​အတြက္​​ေတာ့ နည္း ႏွစ္နည္းရွိပါတယ္။

(က) ေငြေခ်းေပးလိုက္မိတာ ​ျပန္မရပဲ ဆုံးတာ​ေတြမ်ားလို႔ ​ခုေနာက္ပိုင္း ​ေငြမေခ်း​​ေတာ့ပဲ တတ္ႏိုင္သေလာက္ ကူညီျဖစ္​​ေၾကာင္း ​ေျပာပါ။

သူ​​ေတာင္းသေလာက္ ေခ်းစရာမလိုပဲ ကိုယ္တတ္ႏိုင္​တဲ့ ​ေငြပမာဏတစ္ခုကို လႉဒါန္းကူညီကုသိုလ္ယူလိုက္ပါ။ ​

(ခ) ကိုယ္အဆုံးရႈံး​ခံႏိုင္​တဲ့ ပမာဏတစ္ခုကို ေခ်းေပးလိုက္ပါ။ (​ျပန္မရလည္း စိတ္မညစ္ရ​တဲ့ ​ေငြပမာဏ တစ္ခု​​ေပါ့။)

ေငြ​ေတြ လုပ္ငန္းထဲ ျမဳပ္​ေနလို႔ လက္ထဲမွာ ဒီေလာက္ပဲရွိ​​ေၾကာင္း ​ေျပာၿပီး (ဒါမွ မဟုတ္ ​အ​​ေပၚမွာ ​ေျပာထား​တဲ့ ျငင္းပုံျငင္းနည္း (၅) ခ်က္ထဲက တစ္ခ်က္ခ်က္ကို ​အသုံးခ် ​အ​​ေၾကာင္းျပၿပီး) ​ေငြနည္းနည္း ထုတ္ေခ်းလိုက္ပါ။

ေခ်း​တဲ့​ေငြ နည္းလို႔ မယူဘူးဆိုရင္လည္း သူ႔သ​ေဘာပါပဲ။ ဒီလူဟာ ဒီ​ေငြကို ​ျပန္မဆပ္ႏိုင္မခ်င္း ကိုယ့္ဆီက ေနာက္ထပ္ ထပ္မေခ်း​ရဲ​​ေတာ့ဖို႔ မ်ားပါတယ္။ ​

အရင္ကေခ်းထားတာကို ​ျပန္မဆပ္ပဲ မ်က္ႏွာ​​ေျပာင္တိုက္ၿပီး လာထပ္ေခ်းရင္​​ေတာ့ ​အရင္က ​အေႂကြး​​ေဟာင္း​အ​​ေၾကာင္း ​အစ​​ေဖာ္ၿပီး ျငင္းလို႔ရပါၿပီ။

မိတ္​ေဆြ​အ​​ေပါင္း​အသင္း​ေတြက ​အတိုး​နဲ႔ ​ေငြေခ်းခ်င္​တဲ့​အခါမွာ​​ေတာ့ ျငင္းရခက္ပါၿပီ။ ​အတိုးေလးကလည္း လိုခ်င္တာကိုး။ ​ေလာဘ​ေတြပါလာၿပီ။ ​မဆင္မျခင္ ေငြေခ်းမိရင္ ဆုံးဖို႔ မ်ားပါတယ္။

မဆုံးသင့္တာ မဆုံးရေအာင္ ​အတိုး​နဲ႔ ​ေငြမေခ်းေပးခင္ သိထားသင့္​တဲ့​ အ​​ေၾကာင္း​အရာေလး​ေတြကို ေရးေပးပါဦးမယ္ခင္ဗ်ာ။ အားလုံး ကိုယ္စိတ္ ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါ​ေစ ခင္ဗ်ာ။

ပိုးစုန္းၾကဴး

Unicode Version

ငွေလာချေး​လို့ မချေးလို့လဲမကောင်း မချေးလဲမချေးချင် ဖြစ်နေရင် ဒီစာလေးဖတ်ကြည့်လိုက်ပါ
ချွေတာစု​​ဆောင်းရင်း ​ငွေလေးစုမိပြီး ​​ချောင်လည်လာ​တဲ့​အခါ ကြုံ​​တွေ့ရ​တဲ့ ပြဿနာတစ်ခုက ​ကိုယ့်ဆီ ငွေလာချေးကြ​တဲ့ ကိစ္စပါ။ ​

အားနာပြီး ​ငွေချေးလိုက်မိတယ်။ ပြီးရင် ​​ပေးထား​တဲ့ ကတိ​အတိုင်း လာမဆပ်ကြ​​တော့ တောင်းရမှာ ထပ်ပြီး ​အားနာ​နေမိ​ပြန်​ရော။ ​

အားမနာ ပါးမနာ ​ပြန်​​တောင်း​တဲ့​အခါမှာလည်း ​အချင်းချင်း ​အမုန်းပွားစရာ​တွေ ဖြစ်လာတတ်ပါတယ်။ “ကြွေးယူပြုံးပြုံး ​​တောင်း​​တော့မုန်း” ဆိုသလို​​ပေါ့။

ငွေလာချေး​တဲ့ကြသူ​တွေထဲမှာ ကတိတည်ပြီး ​သေချာ​ပြန်ဆပ်​တဲ့သူ​တွေလည်း​ ​အများကြီးရှိပါတယ်။ ဒါ​ပေ​မဲ့ ကိုယ်က ​အတိုးမယူပဲ ​စေတနာ​နဲ့ ချေးတာ ဆိုပါစို့။

မိတ်​ဆွေ ၅ ယောက်ကို တစ်ယောက်ကို ​ငွေ တစ်သိန်းစီ ချေးပေးလိုက်တယ်။ ၄ ယောက်က ကတိတည်တယ်။ ​ပြန်ဆပ်တယ်။ ၁ ယောက်က ကတိမတည်လို့ ​ငွေဆုံးတယ်။

ဒါဆိုရင် ​​ငွေ တစ်သိန်း ဆုံးပြီ။ စိတ်ဆိုးလို့ မ​​ခေါ်မ​ပြော​ပြန်ရင်လည်း မိတ်​ဆွေတစ်ယောက် ဆုံးပြီ။

ကတိတည်လှပါတယ်ဆို​တဲ့ မိတ်​ဆွေ​တွေ​​တောင် တစ်ကယ်ကြပ်တည်း​နေ​တဲ့​အခါ ကတိပျက်တတ်ကြပါတယ်။ ​ငွေချေးပေးလိုက်​တဲ့​အခါ ငွေ​ကိုရော မိတ်​ဆွေကိုပါ ဆုံးရှုံးဖို့ များပါတယ်။

ဒီ​​တော့ ငွေလာချေး​ကြတဲ့​အခါ ငြင်းပုံငြင်းနည်းလေး​တွေ ​ပြောပြပါရ​စေ။

(၁) ​​ငွေချေးပေးလိုက်မိတာ ​ပြန်မရပဲ ဆုံးတာ​တွေများလို့ ​ငွေချေးပေးတာကို လုံးဝ ထပ်မလုပ်​​တော့​တဲ့​အ​​ကြောင်း ​ပြောပါ။

ခုနောက်ပိုင်း ဘယ်သူ​လာချေးချေး ငြင်းလွှတ်တယ်လို့ ​ပြောပါ။ ​ငွေ ဆုံးတာများလွန်းလို့ မိဘ၊ ဇနီး (သို့) ခင်ပွန်းက ​ငွေထပ်မချေးဖို့ တားမြစ်ထားတယ် လို့​ ပြောလည်းရပါတယ်။

(၂) ​ငွေ​တွေ လုပ်ငန်းထဲ မြုပ်​နေလို့ လက်ထဲမှာ ငွေမရှိ​​ကြောင်း​ပြောပြီး ငြင်းလည်းရပါတယ်။ ဒါမှ မဟုတ်လည်း ကိုယ်ကြုံ​​တွေ့​နေရ​တဲ့ ​ငွေရေး​ကြေးရေး ပြဿနာ​တွေ ​အ​​ကြောင်း ငိုချင်းချပြီး ငြင်းလည်းရပါတယ်။

(၃) ​​မိမိ ​ငွေမကိုင်​​ကြောင်း၊ သုံးဖို့ စွဲဖို့ ​ငွေနည်းနည်းပဲ လက်ထဲမှာ ရှိ​​ကြောင်း၊ ​ငွေကို မိဘ၊ ဇနီး (သို့) ခင်ပွန်း ကသာ ကိုင်​​ကြောင်း ​ပြောပြီး ငြင်းလို့လည်း ရပါတယ်။

(၄) လာချေး​တဲ့သူဟာ ​အရင်က ချေးထားဖူးပြီး ​ပြန်မဆပ်ဖူး​တဲ့သူဆိုရင် ငြင်းရပိုလွယ်ပါတယ်။ ​အရင်က ​အကြွေးကို ​ပြန်ဆပ်ဖို့ ပြောလိုက်ပါ။ ​အကြွေး​​ဟောင်း မ​ကျေမချင်း ထပ်မချေးပေးနိုင်ဘူးလို့ ​ပြောပါ။

(၅) ​အလိမ်​​ဖော်ပြီး ငြင်းပါ။ လိမ်လည်ပြီး လာချေးတတ်​တဲ့သူ​တွေရှိပါတယ်။ ဥပမာ ​အ​မေဆေးရုံတက်ရလို့ ဆိုပြီး လိမ်တာမျိုးပါ။ ဒါမျိုးဆိုရင် နောက်​​ကြောင်းကို စုံစမ်းဖို့လိုပါတယ်။

သူ​ပြော​နေတာ​တွေဟာ ​အ​မှန်​တွေ ဟုတ်မဟုတ်တစ်နည်းနည်း​နဲ့ စုံစမ်းပါ။ ဖုန်း​နံပါတ်ရှိရင် ဖုန်းဆက်ကြည့်လိုက်ပါ။ ဆေးရုံကို လိုက်သွားပါ။ လိမ်​နေတာဆိုရင် ငြင်းလို့ရပါပြီ။

ဒီ​​တော့ ​ငွေမချေးခင် ဘာလို့​ငွေချေးချင်တာ​လဲ မေးပါ။ လိမ်​နေတာ ဟုတ်မဟုတ် စုံစမ်းပါ။ဒါ​ပေ​မဲ့ ငြင်းလို့​ မ​​ကောင်း​တဲ့ ​အ​ခြေ​အ​နေ​တွေလည်း ရှိပါတယ်။

ဥပမာ ကိုယ့်​အ​​ပေါ် ကျေးဇူးရှိထားဖူးသူ​တွေ၊ ​အ​မှန်တကယ် ဒုက္ခရောက်​နေသူ​တွေ​​ပေါ့။ ဒီလို လူမျိုး​တွေ​အတွက်​​တော့ နည်း နှစ်နည်းရှိပါတယ်။

(က) ငွေချေးပေးလိုက်မိတာ ​ပြန်မရပဲ ဆုံးတာ​တွေများလို့ ​ခုနောက်ပိုင်း ​ငွေမချေး​​တော့ပဲ တတ်နိုင်သလောက် ကူညီဖြစ်​​ကြောင်း ​ပြောပါ။

သူ​​တောင်းသလောက် ချေးစရာမလိုပဲ ကိုယ်တတ်နိုင်​တဲ့ ​ငွေပမာဏတစ်ခုကို လှူဒါန်းကူညီကုသိုလ်ယူလိုက်ပါ။ ​

(ခ) ကိုယ်အဆုံးရှုံး​ခံနိုင်​တဲ့ ပမာဏတစ်ခုကို ချေးပေးလိုက်ပါ။ (​ပြန်မရလည်း စိတ်မညစ်ရ​တဲ့ ​ငွေပမာဏ တစ်ခု​​ပေါ့။)

ငွေ​တွေ လုပ်ငန်းထဲ မြုပ်​နေလို့ လက်ထဲမှာ ဒီလောက်ပဲရှိ​​ကြောင်း ​ပြောပြီး (ဒါမှ မဟုတ် ​အ​​ပေါ်မှာ ​ပြောထား​တဲ့ ငြင်းပုံငြင်းနည်း (၅) ချက်ထဲက တစ်ချက်ချက်ကို ​အသုံးချ ​အ​​ကြောင်းပြပြီး) ​ငွေနည်းနည်း ထုတ်ချေးလိုက်ပါ။

ချေး​တဲ့​ငွေ နည်းလို့ မယူဘူးဆိုရင်လည်း သူ့သ​ဘောပါပဲ။ ဒီလူဟာ ဒီ​ငွေကို ​ပြန်မဆပ်နိုင်မချင်း ကိုယ့်ဆီက နောက်ထပ် ထပ်မချေး​ရဲ​​တော့ဖို့ များပါတယ်။ ​

အရင်ကချေးထားတာကို ​ပြန်မဆပ်ပဲ မျက်နှာ​​ပြောင်တိုက်ပြီး လာထပ်ချေးရင်​​တော့ ​အရင်က ​အကြွေး​​ဟောင်း​အ​​ကြောင်း ​အစ​​ဖော်ပြီး ငြင်းလို့ရပါပြီ။

မိတ်​ဆွေ​အ​​ပေါင်း​အသင်း​တွေက ​အတိုး​နဲ့ ​ငွေချေးချင်​တဲ့​အခါမှာ​​တော့ ငြင်းရခက်ပါပြီ။ ​အတိုးလေးကလည်း လိုချင်တာကိုး။ ​လောဘ​တွေပါလာပြီ။ ​မဆင်မခြင် ငွေချေးမိရင် ဆုံးဖို့ များပါတယ်။

မဆုံးသင့်တာ မဆုံးရအောင် ​အတိုး​နဲ့ ​ငွေမချေးပေးခင် သိထားသင့်​တဲ့​ အ​​ကြောင်း​အရာလေး​တွေကို ရေးပေးပါဦးမယ်ခင်ဗျာ။ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ပိုးစုန်းကြူး