မိဘေတြက အလိုလိုက္ၿပီး၊ တစ္ရက္ (၁၀) နာရီ ဖုန္းဂိမ္းေပးကစားတဲ့ (၉)ႏွစ္သားေလးရဲ႕အျဖစ္
အသက္(၉)ႏွစ္သာရွိေသးတဲ့ ေကာင္ေလးတစ္ေယာက္ဟာ တစ္ရက္ကို (၉)နာရီၾကာ ဂိမ္းကစားေလ့ရွိတာေၾကာင့္
အခုဆိုရင္ သူ႔မ်က္လုံးေတြက Cross-Eyed ျဖစ္ေနပါၿပီ။ မ်က္ဆံအမည္းေတြဟာ
ပုံမွန္အလုပ္လုပ္ရမယ့္အစား၊ အလည္မွာတည့္တည့္ လာစုေနတာပါ။
ဒီေကာင္ေလးဟာ တ႐ုတ္ႏိုင္ငံ၊ Hefei ဇာတိျဖစ္ၿပီး၊ သူ ဂိမ္းေဆာ့တဲ့သက္တမ္းက သိပ္မၾကာေသးပါဘူး။
သူဟာ ေႏြရာသီေက်ာင္းပိတ္ရက္မွာ ဖုန္းကို အလြန္အကြၽံစြဲလမ္းခဲ့တာျဖစ္ၿပီး၊ အဲဒီအေတာအတြင္းမွာ
ဂိမ္းကို အ႐ူးအမူး ကစားခဲ့တာပါ။ ဒါေပမယ့္ မိဘေတြက တားျမစ္ဖို႔ ပ်က္ကြက္ခဲ့ပါတယ္။
သူတို႔သားဟာ အခုမွ ဖုန္းစကိုင္တာျဖစ္လို႔၊ တျဖည္းျဖည္း ေျပာလည္းရတယ္လို႔ ေတြးမိၾကလို႔ပါ။
ဒါေပမယ့္ ကေလးဟာ မ်က္လုံးေတြ လည္သလိုလို၊ ေစြသလိုလို ျဖစ္လာခဲ့တာကို
သူတို႔ ထိတ္လန႔္စြာ သတိထားလိုက္မိပါတယ္။ ေဒါက္တာနဲ႔ ျပသစဥ္မွာ ေဒါက္တာက တစ္ပတ္ေလာက္ ဖုန္းမေဆာ့ဖို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္ ေကာင္ေလးက မရပ္ႏိုင္ဘူးလို႔ ေျပာခဲ့ပါတယ္။ ဖခင္ျဖစ္သူက သားကို ပိုအလိုလိုက္သူမို႔ တစ္ျခားနည္းနဲ႔ ကုသလို႔မရဘူးလား ေမးေတာ့၊
ေဒါက္တာက မဟုတ္ရင္ မ်က္လုံးကြယ္ႏိုင္တယ္လို႔ ေျပာခဲ့ပါသတဲ့။ ေကာင္ေလး ခံစားေနရတဲ့ ေရာဂါဟာ-
Myopia – nearsightedness ျဖစ္ၿပီး၊ သူ႔အေျခအေန တိုးတက္ဖို႔ ေဒါက္တာေတြ ဘယ္လိုကုမလဲဆိုတာ စိတ္ဝင္စားစရာပါ။
သူ႔ကို မိဘေတြက ဖုန္းမသုံးႏိုင္ေအာင္ တားဆီးႏိုင္ေလမလား၊ ဒါမွမဟုတ္၊ ေကာင္ေလးက ေခါင္းမာစြာပဲ
ဆက္ၿပီး ဆိုးေနဦးမလားဆိုတာေတာ့ သူ႔ အနာဂတ္အေပၚ မူတည္ေနပါတယ္။
ခရက္ဒစ္
Unicode

မိဘတွေက အလိုလိုက်ပြီး၊ တစ်ရက် (၁၀) နာရီ ဖုန်းဂိမ်းပေးကစားတဲ့ (၉)နှစ်သားလေးရဲ့အဖြစ်
အသက်(၉)နှစ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ တစ်ရက်ကို (၉)နာရီကြာ ဂိမ်းကစားလေ့ရှိတာကြောင့်
အခုဆိုရင် သူ့မျက်လုံးတွေက Cross-Eyed ဖြစ်နေပါပြီ။ မျက်ဆံအမည်းတွေဟာ
ပုံမှန်အလုပ်လုပ်ရမယ့်အစား၊ အလည်မှာတည့်တည့် လာစုနေတာပါ။
ဒီကောင်လေးဟာ တရုတ်နိုင်ငံ၊ Hefei ဇာတိဖြစ်ပြီး၊ သူ ဂိမ်းဆော့တဲ့သက်တမ်းက သိပ်မကြာသေးပါဘူး။
သူဟာ နွေရာသီကျောင်းပိတ်ရက်မှာ ဖုန်းကို အလွန်အကျွံစွဲလမ်းခဲ့တာဖြစ်ပြီး၊ အဲဒီအတောအတွင်းမှာ
ဂိမ်းကို အရူးအမူး ကစားခဲ့တာပါ။ ဒါပေမယ့် မိဘတွေက တားမြစ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။
သူတို့သားဟာ အခုမှ ဖုန်းစကိုင်တာဖြစ်လို့၊ တဖြည်းဖြည်း ပြောလည်းရတယ်လို့ တွေးမိကြလို့ပါ။
ဒါပေမယ့် ကလေးဟာ မျက်လုံးတွေ လည်သလိုလို၊ စွေသလိုလို ဖြစ်လာခဲ့တာကို
သူတို့ ထိတ်လန့်စွာ သတိထားလိုက်မိပါတယ်။ ဒေါက်တာနဲ့ ပြသစဉ်မှာ ဒေါက်တာက တစ်ပတ်လောက် ဖုန်းမဆော့ဖို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ကောင်လေးက မရပ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဖခင်ဖြစ်သူက သားကို ပိုအလိုလိုက်သူမို့ တစ်ခြားနည်းနဲ့ ကုသလို့မရဘူးလား မေးတော့၊
ဒေါက်တာက မဟုတ်ရင် မျက်လုံးကွယ်နိုင်တယ်လို့ ပြောခဲ့ပါသတဲ့။ ကောင်လေး ခံစားနေရတဲ့ ရောဂါဟာ-
Myopia – nearsightedness ဖြစ်ပြီး၊ သူ့အခြေအနေ တိုးတက်ဖို့ ဒေါက်တာတွေ ဘယ်လိုကုမလဲဆိုတာ စိတ်ဝင်စားစရာပါ။
သူ့ကို မိဘတွေက ဖုန်းမသုံးနိုင်အောင် တားဆီးနိုင်လေမလား၊ ဒါမှမဟုတ်၊ ကောင်လေးက ခေါင်းမာစွာပဲ
ဆက်ပြီး ဆိုးနေဦးမလားဆိုတာတော့ သူ့ အနာဂတ်အပေါ် မူတည်နေပါတယ်။
ခရက်ဒစ်



