Rain (For Ialinks)
Unicode
အသက်၁၀၄နှစ်ရှိပြီး မလုပ်နိုင်မကိုင်နိုင်ဖြစ်သွားသည့် မိခင်ဖြစ်သူကို အမှိုက်ကောက်ရင်း ရှာကျွေးနေသော အသက်၆၅နှစ်အရွယ် သားဖြစ်သူ
တရုတ်နိုင်ငံ Shandongပြည်နယ်တွင် နေထိုင်သော အသက်၆၅နှစ်အရွယ် အဖိုးအိုတစ်ဦးသည် အရွယ်ကောင်းချိန်ကပင် အိမ်ထောင်မပြုခဲ့ပဲ ကြင်ဖော်မဲ့ဖြစ်သွားသော မိခင်ဖြစ်သူနှင့်သာ အတူနေထိုင်ခဲ့သည်။
လက်ရှိတွင် အဖိုးအိုဧ။်မိခင်ဖြစ်သူမှာ အသက်၁၀၄နှစ်အရွယ် ရှိပြီဖြစ်ပြီး မလုပ်နိုင်မကိုင်နိုင်တော့ပဲ အိပ်ရာထဲ၌သာ လှဲအိပ်နေရပြီး တစ်ဦးတည်းသော သားဖြစ်သူအဖိုးအိုမှ ပြုစုစောင့်ရှောက် ပေးလျက်ရှိသည်။
အဖိုးအိုသည် စားဝတ်နေရေးအတွက် မိခင်ဖြစ်သူကို အိမ်မှာတစ်ယောက်တည်း ချန်ထားခဲ့ပြီး နေ့စဥ်လမ်းမပေါ်ထွက်ကာ အမှိုက်ပုံတွေမှာ ပြန်ရောင်းလို့ရနိုင်မည့် ပစ္စည်းအဟောင်းလေးတွေနှင့် ဘူးခွံလေးတွေကို လိုက်ကောက်ရင်း ဝင်ငွေရှာခဲ့သည်။
အဖိုးအိုသည် နေ့လည်ခင်း ထမင်းစားချိန်တွင် မိခင်ဖြစ်သူမှ ဗိုက်ဆာနေမည်စိုး၍ အိမ်သို့အမှီပြန်ကာ မိခင်အတွက် နို့ဘူးလေးအားပြန်နွေးကာ တိုက်ကျွေးခဲ့ခြင်းဖြင့် သူ့ဘဝတွင် မိခင်ဖြစ်သူရှိနေခြင်းဖြင့် ဘယ်လိုအခြေအနေပဲရောက်ရောက် အထီးမကျန်ရပဲ ပျော်ရွှင်ရကြောင်း ဆိုခဲ့သည်။
Rain (For Ialinks)