ဦး ဆိုတဲ့ ေခၚသံၾကားရင္ အခုထိ ၾကက္သီးတျဖန္းျဖန္း ထတုန္းဆိုတဲ့ ဦးေလးႀကီး ..
ဦးဆိုရင္ ေၾကာက္ေနရသည္ …. ဖုန္းဝင္လာလို႔ ေကာက္ကိုင္လိုက္တာ
ေဖ့ဘုတ္ေပၚမွာ မေန႔ကမွ ခ်စ္သူျဖစ္သြားတဲ့ ေခးေလးရဲ႕ ဖုန္းျဖစ္ေနေတာ့ က်ဳပ္ ေပ်ာ္သြားတယ္။
“ဦး”
“ေျပာ ခလိန္း”
“ဦး ေပ်ာ္လို႔ရၿပီ သိလား” ခ်ိန္းေတြ႕ေတာ့မယ္ ထင္တယ္လို႔ ေတြးမိၿပီး က်ဳပ္ ပီတိေတြ ဖ်ာေနမိတယ္ … ။
“အြန္း ဘာလို႔လဲ”
“ခလိန္းမွာ ဦးနဲ႔ရတဲ့ ကိုယ္ဝန္ ရွိေနၿပီေလ”
“ဖူးးးး း း ” ေသာက္ေနတဲ့ ေကာ္ဖီေတာင္ ပါးစပ္က ျပန္ထြက္ကုန္တယ္…။လခြမ္းမွပဲ…။
“ဟဲ့ ေနပါဦး ခလိန္း ဘာေျပာ”
“ခလိန္းမွာ ဦး နဲ႔ ရတဲ့ ကိုယ္ဝန္ရွိေနၿပီလို႔ ခစ္ခစ္”
“ဟယ္ ဘယ့္ႏွာလုပ္ ကိုယ္ဝန္ ရွိေနသတုန္း နင္နဲ႔ငါ အျပင္မွာလည္း တစ္ခါမွ မေတြ႕ဖူးပဲနဲ႔”
“ဦးေနာ္ ဘာလဲ ေခါင္းေရွာင္ခ်င္တာလား တရားစြဲလိုက္ရမလား ေျပာ”
တစ္ဖက္က ေလသံမာလာေတာ့ က်ဳပ္ ဘာေျပာရမွန္း မသိေတာ့ဘူး။ ဒါနဲ႔–
“ဟြာေလ ခလိန္းက ကိုယ္နဲ႔ဘယ္တုန္းက ဟြာျပဳမိလို႔ ဘယ္လို ကိုယ္ဝန္ရွိသြားတာလဲလို႔”
“ေၾသာ္ ဦးက စားၿပီးနားမလည္ ဝါးၿပီးေထြးထုတ္တတ္တဲ့ လူစားကိုး”
“ငင့္ ဘလိုလား
“မေန႔ညက cb မွာ ခလိန္းကို ဦးက ေျပာတယ္ေလ”
“ဘာကို”
“ခလိန္း နားမွာ ဦးအၿမဲရွိေနတယ္ဆို ၿပီးေတာ့ ခလိန္းေဘးနားမွာ ဦးရဲ႕လိပ္ျပာေလး အၿမဲရစ္ဝဲေနတယ္ဆို”
“အင္းေလ”
“ဦး အဲ့လိုေျပာေနတုန္း ညက ခလိန္းအခန္းမွာ မီးပ်က္သြားတယ္ ပန္းအိုးက်ကြဲတယ္ ပန္းအိုးထဲက ႏွင္းဆီပန္းေတြ ေၾကမြသြားတယ္”
“ငွယ္ ဘလိုေတာင္လား”
“အဲ့ဒါ မနက္ၾကေတာ့ ပ်ိဳ႕ခ်င္သလို ျဖစ္ေနလို႔ ေဆးခန္းသြားျပတာ ဆရာဝန္က ေျပာတယ္”
“အင္း ဘာေျပာသတုန္း”
“ခလိန္းမွာ ကိုယ္ဝန္ သုံးလ ရွိေနၿပီတဲ့”
“ဗုေဒါၶ”
“အဲ့ဒါ ဦးနဲ႔ရတာ မဟုတ္ရင္ ဘယ္သူနဲ႔ ရမတုန္း”
က်ဳပ္ မ်က္ရည္ပါ ဝိုင္းလာတယ္။ ေသာက္က်ိဳးနည္း ျဖစ္ပုံမ်ား … ။ ေဖ့ဘုတ္ေပၚ ရည္းစားထားတဲ့
တဏွာတစ္ေၾကာ ခုေတာ့ အဲ့ ကေလးမကို ဘေလာ့လိုက္ရတယ္။ ဖုန္းနံပတ္ကို ဘလက္လစ္ထဲ ထည့္ရတယ္ … ။
ဦး ဆိုတဲ့ ေခၚသံၾကားရင္ အခုထိ ၾကက္သီးတျဖန္းျဖန္း ထတုန္း။ နင့္ေမကလႊားမွပဲ။
25.4.2019 (ဤစာကို မ်က္ရည္စက္လက္ျဖင့္ ေရးသည္။)
#ကိုေကာင္း
Credit ခြက္ဒစ္ အိုးဒစ္ ဇလုံဒစ္ ပုဂံဒစ္ ဇြန္းဒစ္
Unicode Version
ဦး ဆိုတဲ့ ခေါ်သံကြားရင် အခုထိ ကြက်သီးတဖြန်းဖြန်း ထတုန်းဆိုတဲ့ ဦးလေးကြီး ..
ဦးဆိုရင် ကြောက်နေရသည် …. ဖုန်းဝင်လာလို့ ကောက်ကိုင်လိုက်တာ
ဖေ့ဘုတ်ပေါ်မှာ မနေ့ကမှ ချစ်သူဖြစ်သွားတဲ့ ခေးလေးရဲ့ ဖုန်းဖြစ်နေတော့ ကျုပ် ပျော်သွားတယ်။
“ဦး”
“ပြော ခလိန်း”
“ဦး ပျော်လို့ရပြီ သိလား” ချိန်းတွေ့တော့မယ် ထင်တယ်လို့ တွေးမိပြီး ကျုပ် ပီတိတွေ ဖျာနေမိတယ် …
“အွန်း ဘာလို့လဲ”
“ခလိန်းမှာ ဦးနဲ့ရတဲ့ ကိုယ်ဝန် ရှိနေပြီလေ”
“ဖူးးးး း း ” သောက်နေတဲ့ ကော်ဖီတောင် ပါးစပ်က ပြန်ထွက်ကုန်တယ်…။လခွမ်းမှပဲ…။
“ဟဲ့ နေပါဦး ခလိန်း ဘာပြော”
“ခလိန်းမှာ ဦး နဲ့ ရတဲ့ ကိုယ်ဝန်ရှိနေပြီလို့ ခစ်ခစ်”
“ဟယ် ဘယ့်နှာလုပ် ကိုယ်ဝန် ရှိနေသတုန်း နင်နဲ့ငါ အပြင်မှာလည်း တစ်ခါမှ မတွေ့ဖူးပဲနဲ့”
“ဦးနော် ဘာလဲ ခေါင်းရှောင်ချင်တာလား တရားစွဲလိုက်ရမလား ပြော”
တစ်ဖက်က လေသံမာလာတော့ ကျုပ် ဘာပြောရမှန်း မသိတော့ဘူး။ ဒါနဲ့–
“ဟွာလေ ခလိန်းက ကိုယ်နဲ့ဘယ်တုန်းက ဟွာပြုမိလို့ ဘယ်လို ကိုယ်ဝန်ရှိသွားတာလဲလို့”
“သြော် ဦးက စားပြီးနားမလည် ဝါးပြီးထွေးထုတ်တတ်တဲ့ လူစားကိုး”
“ငင့် ဘလိုလား”
“မနေ့ညက cb မှာ ခလိန်းကို ဦးက ပြောတယ်လေ”
“ဘာကို”
“ခလိန်း နားမှာ ဦးအမြဲရှိနေတယ်ဆို ပြီးတော့ ခလိန်းဘေးနားမှာ ဦးရဲ့လိပ်ပြာလေး အမြဲရစ်ဝဲနေတယ်ဆို”
“အင်းလေ”
“ဦး အဲ့လိုပြောနေတုန်း ညက ခလိန်းအခန်းမှာ မီးပျက်သွားတယ် ပန်းအိုးကျကွဲတယ် ပန်းအိုးထဲက နှင်းဆီပန်းတွေ ကြေမွသွားတယ်”
“ငှယ် ဘလိုတောင်လား”
“အဲ့ဒါ မနက်ကြတော့ ပျို့ချင်သလို ဖြစ်နေလို့ ဆေးခန်းသွားပြတာ ဆရာဝန်က ပြောတယ်”
“အင်း ဘာပြောသတုန်း”
“ခလိန်းမှာ ကိုယ်ဝန် သုံးလ ရှိနေပြီတဲ့”
“ဗုဒေါ္ဓ”
“အဲ့ဒါ ဦးနဲ့ရတာ မဟုတ်ရင် ဘယ်သူနဲ့ ရမတုန်း”
ကျုပ် မျက်ရည်ပါ ဝိုင်းလာတယ်။ သောက်ကျိုးနည်း ဖြစ်ပုံများ … ။ ဖေ့ဘုတ်ပေါ် ရည်းစားထားတဲ့
တဏှာတစ်ကြော ခုတော့ အဲ့ ကလေးမကို ဘလော့လိုက်ရတယ်။ ဖုန်းနံပတ်ကို ဘလက်လစ်ထဲ ထည့်ရတယ် … ။
ဦး ဆိုတဲ့ ခေါ်သံကြားရင် အခုထိ ကြက်သီးတဖြန်းဖြန်း ထတုန်း။ နင့်မေကလွှားမှပဲ။
25.4.2019 (ဤစာကို မျက်ရည်စက်လက်ဖြင့် ရေးသည်။)
#ကိုကောင်း
Credit ခွက်ဒစ် အိုးဒစ် ဇလုံဒစ် ပုဂံဒစ် ဇွန်းဒစ်



