လာမယ့်ရက်ပိုင်းအတွင်း အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလကို နောက်ထပ် ခြောက်လ သက်တမ်းတိုးမယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက က ပြောဆိုကြောင်း ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။
‘ရွေးကောက်ပွဲကျင်းပဖို့ တည်ငြိမ်မှုရှိအောင်နဲ့ တခြားကိစ္စတွေဆောင်ရွက်ရဦးမှာဖြစ်ပါတယ်’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေအရ သမ္မတက တပ်ချုပ်ကို သက်တမ်း ၂ နှစ်အထိ အာဏာလွှဲပေးခွင့်ရှိပြီး တစ်နှစ် သက်တမ်းတစ်ခါနဲ့ ၆ လသက်တမ်းနှစ်ခါဖြစ်ပါတယ်။
၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်က ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေး
ဒုတိယသမ္မတ ဦးမြင့်ဆွေက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ ကာလုံခေါ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တစ်နှစ် အာဏာလွှဲပေးခဲ့ပါတယ်။
ဒီနှစ်ဖေဖော်ဝါရီမှာ ၆ လ ထပ်တိုးတဲ့အတွက် ဇူလိုင်လကုန်မှာ သက်တမ်းပြည့်ပြီ ဖြစ်ပါတယ်။
ဒါကြောင့် ကာလုံအစည်းအဝေးဟာ သြဂုတ် ၁ ရက်ထက် နောက်မကျဘဲ ခေါ်ယူနိုင်ချေရှိနေပါတယ်။
ဒီသက်တမ်းတိုးမှုက စစ်ကောင်စီအတွက် နောက်ဆုံး ၆ လ သက်တမ်းတိုးမှု ဖြစ်ပြီး ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်မှာ အဆုံးသတ်မှာဖြစ်ပါတယ်။
အဲ့ဒီနောက် ကာလုံက ၆ လအတွင်း ရွေးကောက်ပွဲလုပ်ပေးရမှာ ဖြစ်ပါတယ်။
ဒီအချိန်ဇယားအပေါ် မူတည်ပြီး စစ်ကောင်စီဥက္ကဋ္ဌက ၂၀၂၃ သြဂုတ်မှာ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ သူ့မိန်းခွန်းတွေမှာ ပြောထားပါတယ်။
အမျိုသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ သမ္မတ၊ဒုတိယသမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်ချုပ်၊ဒုတပ်ချုပ်၊ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ပါဝင်ပါတယ်။
Zawgyi