အသိပညာ

အချိန်မရဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အဖေ့မေတ္တာကို မေ့မထားကြပါနဲ့ (ရင်ထဲထိတဲ့ ဖြစ်ရပ်လေးတစ်ခု)

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ဟယ်လို အဖေ အဆောင်ခနဲ့ ကျူ ရှင်ခ ပေးရမှာမို့ ၂ သိန်းလောက် ပို့ပေးပါအုံး သုံးစရာလဲပြတ်နေပြီ အေးအေး မနက်ဖြန် အဖေ ကားနဲ့ထည့်ပေးလိုက်မယ် ဟုတ် အဖေ ဒါပဲနော် သား ဘွဲ့ရအောင်…..တီတီတီ ဖုန်းချသွားလေပြီ

သားရီး မနက်ဖြန် ငဝိုင်းပို့ပေးဖို့ အဖေ့ကို ပြောလိုက်ပြီ ၂ဆက်ရှင်လောက်တော့ ဒိုးကြရအောင် လုပ်လိုက်လေ ကြာသလားလို့ ဟား

ငါ့သားလေး ဘွဲ့ရအောင်တော့ ဖျစ်ညှစ်ပြီး ထားပေးရမယ် ငါ့လိုတော့ အဖြစ်မခံနိုင်ဘူး အဲ့ဒါမှ သူ့ဘဝရှေ့ရေး သာယာ ဖြောင့်ဖြူးနိုင်မှာ…

ကိုဘမောင် ဘယ်ကနေဘယ်လို မျက်စိလည်လာတာလဲရှင် ဒီကိုပဲ သက်သက်လာခဲ့တာ အစ်မ ရှင့်သားဆီက ငွေတောင်းပြန်ပြီလား

ဟုတ်ပါတယ် အဲ့ဒါကြောင့် ကျွန်တော့်ဆိုင်ကယ်လေး အစ်မဆီမှာ ခဏ အပေါင်ထားချင်လို့ပါ

ရှင့်ဆိုင်ကယ်က ကောင်းရော ကောင်းသေးရဲ့လားရှင် ကျွန်မဆီပေါင်ထားပြီးမှ ပျက်နေပါအုံးမယ်

အကောင်းကြီးပါဗျာ ကျွန်တော့်သား ငွေလိုနေလို့ လက်ထဲမှာလဲ ပေးစရာငွေမလုံလောက်လို့ အစ်မဆီအကူအညီတောင်းရတာပါ

ဟုတ်ပါပြီရှင် ဟုတ်ပါပြီ ဒီလူနဲ့ ဒီလူ ပြောစရာ မလိုပါဘူး ဒါနဲ့ ရှင့်သားက ကျောင်းမပြီးသေးဘူးလား

ဒီနှစ်ပြီးရင်တော့ ပြီးပါပြီ

ရှင့်မလဲနော် အဖေတစ်ခု သားတစ်ခုမို့သာပဲ ဒီသားလေး ကျောင်းထားရတာနဲ့ကို ရှိသမျှကုန်နေပါပြီ ခုရော ဘယ်လောက်ယူမှာလဲ အားမနာပါနဲ့ လိုတဲ့ငွေကိုပြောပါ အတတ်နိုင်ဆုံး ကျွန်မ ကြည့်ကြပ်ပြီး ပေးမှာပေါ့

ခဏပဲ ပေါင်ထားမှာဆိုတော့ ၂ သိန်းလောက်ဆို အဆင်ပြေပါတယ် ရှင်လိုတဲ့ပိုက်ဆံ ကျွန်မပေးလိုက်မယ် လကြာသွားရင် အတိုးလေးတော့ ပေးပေါ့ ဟုတ် ပေးပါ့မယ်

ရှင်က ဆိုင်ကယ်ပေါင်လိုက်တော့ ဘယ်ဆိုင်ကယ်နဲ့ ကယ်ရီဆွဲမလဲ ကိုဘမောင်

တစ်ခြားအလုပ်လေး ဘာလေး ရှာလုပ်ရတော့မပေါ့ဗျာ

မဟုတ်တာ ရှင် ရှင့်ဆိုင်ကယ်ရှင် ပြန်ယူသွားပါ ကယ်ရီဆွဲလို့ ရတဲ့ငွေလေးတွေ စုပြီးမှ ကျွန်မဆီပေးစရာ ရှိတာ လာလာဆပ်ပါ

တစ်ကယ် တစ်ကယ် ပြောတာလား မမမော်

ရှင်…..

ဆောရီးပါဗျာ ကျွန်တော် အပျော်လွန်သွားလို့ ခေါ်မိလိုက်တာပါ

ရော့ရော့ ရှင်လိုတဲ့ ငွေ ၂ သိန်း

ဟုတ်ကဲ့ ပြန်ခွင့်ပြုပါအုံး ကျေးဇူးတင်ပါတယ် အစ်မ

ကောင်းပါပြီရှင် ကိုဘမောင်ရယ် အရင်တုန်းက ရှင်သာ ကျွန်မကို ငြင်းပယ်မထားခဲ့ဘူးဆိုရင်လေ….

ဒီလိုနဲ့ သားဖြစ်သူ BEဘွဲ့ရပြီး မကြာခင်မှာပဲ ဆောက်လုပ်ရေးတစ်ခုထဲမှာ site engineerအဖြစ် အလုပ်ရတယ် ရှေ့ဆင့် နောက်ဆင့်ဆိုသလို ဘဝလက်တွဲဖော်ပါ ထပ်ရပြန်ပါတယ်
ရလာတဲ့ မဟေသီကလဲ အဝေးကြီးကဆိုတော့ ဖခင်ကို ထားခဲ့ပြီး လိုက်သွားပါတော့တယ် နွေ မိုး ဆောင်း ရာသီစက်ဝန်းသာ အလီလီပြောင်းသွားခဲ့ရတယ်

ငါ့သားလေး အဖေ့ဆီကို ပြန်မလာတာ ခုဆို ၂နှစ်လောက်တောင် ရှိနေပြီ အဆင်မှပြေပါ့မလား အလုပ်တွေမအားလို့ နေမှာပါလေ ဟယ်လို အဖေ့ ပိုက်ဆံလွှဲပေးထားတယ် သွားထုတ်လို့ရပြီ

အေးအေး သား …. သီတင်းကျွတ်ရောက်တော့မယ် အဖေ့ဆီကို အလည်လေး ဘာလေးလာပါအုံးလား သား အလုပ်အားမှပါလေ အလုပ်တွေက ခုနောက်ပိုင်း အရမ်းများတယ်အဖေ

သားလာလို့ အဆင်မပြေဘူး ခွင့်ရက်ကလဲ သိပ်မရဘူး ပြီးတော့ အဖေ့ချွေးမကလဲ မပေါ့မပါးကြီးနဲ့ အေးပါ ကျန်းမာရေးကို ဂရုစိုက်နော်သား ဟုတ် အဖေ ဒါပဲနော်…

မောင်ရေ လာပါအုံး ချစ်ဗိုက်တွေ အရမ်းနာနေပြီ သူ့မိန်းမခေါ်သံကြားလိုက်ရတော့ estimate တွက်ရင်းကနေ ပြာပြာသလဲ ထသွားလိုက်တယ် ဆေးရုံကို သွားဖို့ ပြင်စရာရှိတာ ပြင်ရင်းနဲ့ Taxiသမားကို ခေါ်ပြီး သွားလိုက်တယ်

ခွဲခန်းရဲ့ရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်း နာ့စ်တစ်ယောက်ရဲ့ အသံကြားလိုက်မှပဲ ရင်အေးရပါတော့တယ် Congratulations ပါ အစ်ကို ကလေး အဖေ ဖြစ်ပါပြီ ဘာလေးလဲ ဆရာမ ယောက်ျားလေးပါရှင် ယောက်ျားလေးပါ

သားလေးတဲ့လား ဝမ်းသာလွန်းလို့ ထကမိမတတ်ပါပဲ ငါ့သားလေးအတွက် အရင်ကထက်ပိုပြီး အလုပ်တွေ ကြိုးစားရမယ် ငါ့သားလေးရှေ့ရေးအတွက်ဆိုတဲ့ အတွေးပေါင်းစုံနဲ့ …. မောင်ရေ့ ကလေးပဲ နှိုက်မနေနဲ့အုံး အလုပ်တွေ လစ်ဟင်းနေအုံးမယ်

အင်းပါ ချစ်ရဲ့ မောင်သိပါတယ် သားကို အရမ်းချစ်တာပဲလား မောင် ဘယ်လိုများ မေးလိုက်တာလဲ ချစ်ရယ်

သားလေးက မောင့်အသက် မောင့်ဘဝ သားလေးကို လူတစ်လုံး သူတစ်လုံးနဲ့ ပညာတတ်ကြီးဖြစ်အောင် မောင် ကြိုးစားထားမှာ မောင် ပြောလေချစ် မောင့်အဖေလဲ မောင့်ကို အရမ်းချစ်မှာပဲနော် ဟင်….

မောင့်ကို သူ့ရင်ခွင်ထဲက ဆွဲထုတ်လာတာ ချစ်သနားမိတယ်မောင် မောင့်ရဲ့အလုပ်ကို တစ်ရက်လောက်ဖျက်ပြီး အဖေ့ဆီကို ချစ်တို့ မိသားစု သွားပြီး ကန်တော့ရအောင်နော် မောင် ချစ်ပြောပြမှ အဖေ့ကို သတိရတဲ့စိတ်က ထိန်းချုပ်မရအောင် ဖြစ်လာမိတယ်

ကိုယ်ကိုယ်တိုင် ဖခင်နေရာရောက်မှ အဖေတစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်ကို ပိုပြီးနားလည်လာမိတယ် အဖေ အဖေ အဖေ… အဖေ ခုချိန်ဘာတွေများ လုပ်နေပါလိမ့်

နေလို့ရော ကောင်းလား အဖေတစ်ယောက်ထဲ ဘယ်လိုနေပြီး ဘယ်လိုများ စားနေရရှာပါလိမ့်နော် ချစ်ပြောတာ ကြားလားမောင်

ကြား ကြားပါတယ်ချစ်ရဲ့ လာမယ့် စနေနေ့မောင်တို့ သွားကြမယ်လေ မောင်တို့လာမယ့်အကြောင်း အဖေ့ကို ကြို ပြီးပြောပြမထားနဲ့နော်ချစ် ဘာလို့လဲ မောင်ရဲ့ ဘာရယ်မဟုတ်ပါဘူး

အဖေ့ကို ပိုပြီး ဝမ်းသာသွားစေချင်လို့ပါ ကောင်းပါပြီတဲ့ ရှင် ဒီလိုနဲ့ စနေနေ့မနက်ပိုင်း အဖေ့ဆီကို သွားခဲ့ကြတယ် အိမ်ကိုရောက်တော့ အဖေ မရှိဘူး

အဖေ ဆိုင်ကယ် ကယ်ရီများ ဆွဲနေလို့လား မသိဘူးဆိုပြီး Taxiဂိတ်ကို လိုက်သွားတော့ ကျွန်တော်တို့ကို ကျောပေးပြီး ဆိုင်ကယ်အအိုလေးကို ပြင်နေတဲ့ အဖေ အဖေ ပထမတစ်ခါခေါ်တယ်

အဖေ ဒုတိယ တစ်ခါခေါ်လိုက်တော့ အဖေ့လက်ထဲက ဆိုင်ကယ်ပြင်နေတဲ့ဂွကလေး လွတ်ကျသွားတယ် အဖေ တတိယတစ်ခါခေါ်လိုက်တော့မှ ကျွန်တော်တို့ ဘက်ကို လှည့်ကြည့်လာတဲ့ အဖေ့ရဲ့ မျက်ဝန်းမှာ

သား သား ငါ့သား အဖေ့ဆီ လာတယ်နော် အဖေရယ် အဖေ့ကို ကျွန်တော်ထွေးပွေ့ ထားလိုက်ပါတော့တယ် ဒီမှာ ဘယ်သူတွေပါလာလဲ ကြည့်ပါအုံး

အဖေ သမီးရော ပါလာတယ်လား အဖေ အရမ်းပျော်တယ် သားတို့ သမီးတို့ရယ် လက်ထဲက… အဖေ့မြေးလေ အဖေ ဘာလေးလဲ သမီး ယောက်ျားလေး အဖေ ငါ့မြေးလေး နေပူနေလိမ့်မယ်
အဖေတို့ အိမ်ပြန်ကြရအောင် အိမ်ရောက်မှ အေးဆေးစကားပြောကြတာပေါ့ အိမ်ရောက်တော့ အဖေ့ကို တစ်ခါထဲ ခေါ်ခဲ့ဖို့အတွက် မိန်းမကို တိုင်ပင်ခဲ့တယ် ကြည်ကြည်ဖြူဖြူပါပဲ ခွင့်ပြုပေးခဲ့တယ်

အဲ့ဒါနဲ့ အဖေ့ကို အတူလိုက်ခဲ့ဖို့ ဖွင့်ပြောလိုက်တော့….. ခဏတော့ အဖေတွေဝေ သွားတယ် ငါ့သားနဲ့သမီး အဖေ့ကြောင့် ဝန်ထုတ် ဝန်ပိုး ဖြစ်နေပါအုံးမယ်

မဖြစ်ပါဘူးအဖေ သမီးတို့နဲ့ အတူလိုက်နေလှည့်ပါ အဖေမလိုက်ရင် သမီးတို့ ဒီကနေ မပြန်တော့ဘူးနော် အဖေ လိုက်ခဲ့ပါမယ် သားတို့ သမီးတို့ရယ် လိုက်ခဲ့ပါမယ်

သွားရအောင် အဖေ ခဏလေးသား ဆိုပြီး ပြောပြောဆိုဆိုနဲ့ အပြင်ထွက်သွားလိုက်တယ် … ကိုဘမောင် သားနဲ့ချွေးမလာလို့ အရမ်းပျော်နေတဲ့ ပုံပဲ

လာလာ ဒီမှာ လာထိုင် ဘာကိစ္စပေါ်လာရပြန်တာတုန်း ကိစ္စပေါ်လာလို့ လာတာမဟုတ်ပါဘူး အစ်မကို လာနှုတ်ဆက်တာပါ ရှင်…. ကျွန်တော် သားနဲ့ချွေးမရှိတဲ့ဆီကို လိုက်သွားတော့မယ်

အစစ အရာရာ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါ အစ်မ အင်းပါ ကိုဘမောင်ရယ် ရှင့်အတွက် ကျွန်မ ဝမ်းသာပါတယ် သွားတော့မယ်နော် အစ်မ

ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ပါ ဪ ကိုဘမောင်ရယ် ရှင့်ဘဝလေး အဆင်ပြေပြေ နေရတော့မှာဆိုတော့ ဘာပဲဖြစ်ဖြစ် ကျွန်မ ပျော်ပါတယ်ရှင် ပျော်ပါတယ်…

ဖိုးဖိုးကြီး ဆင်ကြီးလုပ်ပေး သားစီးမယ် ဟေ ဖိုးဖိုး လုပ်ပေးမှာပေါ့ကွ သားလေး ဖိုးဖိုးကို အဲ့လို မလုပ်ခိုင်းရဘူးလေ ငရဲကြီးလိမ့်မယ် ရပါတယ် သမီးရဲ့ အဖေ ခွင့်လွှတ်ပြီးသားပါ ငါ့မြေးလေး ပျော်နေရင် ပြီးတာပဲ ဒီမြေးအဖိုးကတော့နော်…..

ကြည့်ပါအုံး ချစ်ရယ် အဖေနဲ့သူ့မြေး ပျော်နေကြတယ် ငယ်ငယ်ကတည်းက အဖေ့မေတ္တာငတ်နေတဲ့ချစ် ခုလိုလေးနေရတာ စိတ်ချမ်းသာတယ်မောင် အဖေတစ်ယောက် ကောက်ရလိုက်သလို

ချစ်လဲ အရမ်းပျော်မိတယ် သားနဲ့ ဆော့ကစားနေတဲ့ အဖေ့ကို ကြည့်ပြီး…… ရင်ထဲက စကားလုံးတစ်ချို့ ရေရွတ်မိတယ် ငယ်ငယ်က ဆိုးခဲ့မိုက်ခဲ့ မသိတတ်ခဲ့သမျှတွေ အတွက် တောင်းပန်ပါတယ်

အဖေ သား သမီးအပေါ်ထားရှိတဲ့ အဖေတစ်ယောက်ရဲ့မေတ္တာကို သားသိတဲ့အချိန် နောက်ကျခဲ့တယ်အဖေ ဒါပေမယ့် အဖေရယ် အဖေ့ရဲ့လက်ကျန်အချိန်တွေအတွက် သားတို့နဲ့အတူ အေးအေးချမ်းချမ်း

ပျော်ပျော်ရွှင်ရွှင်နေနိုင်အောင် သားတို့ ကြိုးစားထားပါ့မယ် အဖေ စိတ်ချမ်းသာစေရပါ့မယ် အဖေ့ရဲ့ အထီးကျန်ဆန်ဆန်ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေအတွက် အတိုးပါဆပ်လို့ နွေးထွေးစေရမယ်လို့ ကတိပေးပါတယ်

အဖေ… ဒီစာလေးဆုံးအောင်ဖတ်ပြီးရင် သင့်ရဲ့အဖေကို သွားပြီးထွေးပွေ့ပေးပါ မသေမချင်းလုပ်ရမယ့် အလုပ် မအားသေးဘူး အချိန်မရဘူးဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ အစားထိုးလို့မရတဲ့ အဖေ့မေတ္တာတွေကို လျစ်လျူ မရှုလိုက်ပါနဲ့ သူငယ်ချင်း၊

မရှိမှတောင့်တနေတာထက်စာရင် ရှိနေတဲ့အချိန် ဂရုတစိုက်ပြုစုပေးတာ လူသားဆန်တဲ့ လူတွေရဲ့ လုပ်ရက်ပါ သူငယ်ချင်းရေ ကမ္ဘာပေါ်မှာ ရှိရှိသမျှ အဖေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေ။

JunePyaeSone (Credit)

Zawgyi


ဟယ္လို အေဖ အေဆာင္ခနဲ႔ က်ဴ ရွင္ခ ေပးရမွာမို႔ ၂ သိန္းေလာက္ ပို႔ေပးပါအုံး သုံးစရာလဲျပတ္ေနၿပီ ေအးေအး မနက္ျဖန္ အေဖ ကားနဲ႔ထည့္ေပးလိုက္မယ္ ဟုတ္ အေဖ ဒါပဲေနာ္ သား ဘြဲ႕ရေအာင္…..တီတီတီ ဖုန္းခ်သြားေလၿပီ

သားရီး မနက္ျဖန္ ငဝိုင္းပို႔ေပးဖို႔ အေဖ့ကို ေျပာလိုက္ၿပီ ၂ဆက္ရွင္ေလာက္ေတာ့ ဒိုးၾကရေအာင္ လုပ္လိုက္ေလ ၾကာသလားလို႔ ဟား

ငါ့သားေလး ဘြဲ႕ရေအာင္ေတာ့ ဖ်စ္ညႇစ္ၿပီး ထားေပးရမယ္ ငါ့လိုေတာ့ အျဖစ္မခံႏိုင္ဘူး အဲ့ဒါမွ သူ႔ဘဝေရွ႕ေရး သာယာ ေျဖာင့္ျဖဴးႏိုင္မွာ…

ကိုဘေမာင္ ဘယ္ကေနဘယ္လို မ်က္စိလည္လာတာလဲရွင္ ဒီကိုပဲ သက္သက္လာခဲ့တာ အစ္မ ရွင့္သားဆီက ေငြေတာင္းျပန္ၿပီလား

ဟုတ္ပါတယ္ အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္ဆိုင္ကယ္ေလး အစ္မဆီမွာ ခဏ အေပါင္ထားခ်င္လို႔ပါ

ရွင့္ဆိုင္ကယ္က ေကာင္းေရာ ေကာင္းေသးရဲ႕လားရွင္ ကြၽန္မဆီေပါင္ထားၿပီးမွ ပ်က္ေနပါအုံးမယ္

အေကာင္းႀကီးပါဗ်ာ ကြၽန္ေတာ့္သား ေငြလိုေနလို႔ လက္ထဲမွာလဲ ေပးစရာေငြမလုံေလာက္လို႔ အစ္မဆီအကူအညီေတာင္းရတာပါ

ဟုတ္ပါၿပီရွင္ ဟုတ္ပါၿပီ ဒီလူနဲ႔ ဒီလူ ေျပာစရာ မလိုပါဘူး ဒါနဲ႔ ရွင့္သားက ေက်ာင္းမၿပီးေသးဘူးလား

ဒီႏွစ္ၿပီးရင္ေတာ့ ၿပီးပါၿပီ

ရွင့္မလဲေနာ္ အေဖတစ္ခု သားတစ္ခုမို႔သာပဲ ဒီသားေလး ေက်ာင္းထားရတာနဲ႔ကို ရွိသမွ်ကုန္ေနပါၿပီ ခုေရာ ဘယ္ေလာက္ယူမွာလဲ အားမနာပါနဲ႔ လိုတဲ့ေငြကိုေျပာပါ အတတ္ႏိုင္ဆုံး ကြၽန္မ ၾကည့္ၾကပ္ၿပီး ေပးမွာေပါ့

ခဏပဲ ေပါင္ထားမွာဆိုေတာ့ ၂ သိန္းေလာက္ဆို အဆင္ေျပပါတယ္ ရွင္လိုတဲ့ပိုက္ဆံ ကြၽန္မေပးလိုက္မယ္ လၾကာသြားရင္ အတိုးေလးေတာ့ ေပးေပါ့ ဟုတ္ ေပးပါ့မယ္

ရွင္က ဆိုင္ကယ္ေပါင္လိုက္ေတာ့ ဘယ္ဆိုင္ကယ္နဲ႔ ကယ္ရီဆြဲမလဲ ကိုဘေမာင္

တစ္ျခားအလုပ္ေလး ဘာေလး ရွာလုပ္ရေတာ့မေပါ့ဗ်ာ

မဟုတ္တာ ရွင္ ရွင့္ဆိုင္ကယ္ရွင္ ျပန္ယူသြားပါ ကယ္ရီဆြဲလို႔ ရတဲ့ေငြေလးေတြ စုၿပီးမွ ကြၽန္မဆီေပးစရာ ရွိတာ လာလာဆပ္ပါ

တစ္ကယ္ တစ္ကယ္ ေျပာတာလား မမေမာ္

ရွင္…..

ေဆာရီးပါဗ်ာ ကြၽန္ေတာ္ အေပ်ာ္လြန္သြားလို႔ ေခၚမိလိုက္တာပါ

ေရာ့ေရာ့ ရွင္လိုတဲ့ ေငြ ၂ သိန္း

ဟုတ္ကဲ့ ျပန္ခြင့္ျပဳပါအုံး ေက်းဇူးတင္ပါတယ္ အစ္မ

ေကာင္းပါၿပီရွင္ ကိုဘေမာင္ရယ္ အရင္တုန္းက ရွင္သာ ကြၽန္မကို ျငင္းပယ္မထားခဲ့ဘူးဆိုရင္ေလ….

ဒီလိုနဲ႔ သားျဖစ္သူ BEဘြဲ႕ရၿပီး မၾကာခင္မွာပဲ ေဆာက္လုပ္ေရးတစ္ခုထဲမွာ site engineerအျဖစ္ အလုပ္ရတယ္ ေရွ႕ဆင့္ ေနာက္ဆင့္ဆိုသလို ဘဝလက္တြဲေဖာ္ပါ ထပ္ရျပန္ပါတယ္
ရလာတဲ့ မေဟသီကလဲ အေဝးႀကီးကဆိုေတာ့ ဖခင္ကို ထားခဲ့ၿပီး လိုက္သြားပါေတာ့တယ္ ေႏြ မိုး ေဆာင္း ရာသီစက္ဝန္းသာ အလီလီေျပာင္းသြားခဲ့ရတယ္

ငါ့သားေလး အေဖ့ဆီကို ျပန္မလာတာ ခုဆို ၂ႏွစ္ေလာက္ေတာင္ ရွိေနၿပီ အဆင္မွေျပပါ့မလား အလုပ္ေတြမအားလို႔ ေနမွာပါေလ ဟယ္လို အေဖ့ ပိုက္ဆံလႊဲေပးထားတယ္ သြားထုတ္လို႔ရၿပီ

ေအးေအး သား …. သီတင္းကြၽတ္ေရာက္ေတာ့မယ္ အေဖ့ဆီကို အလည္ေလး ဘာေလးလာပါအုံးလား သား အလုပ္အားမွပါေလ အလုပ္ေတြက ခုေနာက္ပိုင္း အရမ္းမ်ားတယ္အေဖ

သားလာလို႔ အဆင္မေျပဘူး ခြင့္ရက္ကလဲ သိပ္မရဘူး ၿပီးေတာ့ အေဖ့ေခြၽးမကလဲ မေပါ့မပါးႀကီးနဲ႔ ေအးပါ က်န္းမာေရးကို ဂ႐ုစိုက္ေနာ္သား ဟုတ္ အေဖ ဒါပဲေနာ္…

ေမာင္ေရ လာပါအုံး ခ်စ္ဗိုက္ေတြ အရမ္းနာေနၿပီ သူ႔မိန္းမေခၚသံၾကားလိုက္ရေတာ့ estimate တြက္ရင္းကေန ျပာျပာသလဲ ထသြားလိုက္တယ္ ေဆး႐ုံကို သြားဖို႔ ျပင္စရာရွိတာ ျပင္ရင္းနဲ႔ Taxiသမားကို ေခၚၿပီး သြားလိုက္တယ္

ခြဲခန္းရဲ႕ေရွ႕မွာ ေခါက္တုံ႔ေခါက္ျပန္ေလွ်ာက္ေနရင္း နာ့စ္တစ္ေယာက္ရဲ႕ အသံၾကားလိုက္မွပဲ ရင္ေအးရပါေတာ့တယ္ Congratulations ပါ အစ္ကို ကေလး အေဖ ျဖစ္ပါၿပီ ဘာေလးလဲ ဆရာမ ေယာက္်ားေလးပါရွင္ ေယာက္်ားေလးပါ

သားေလးတဲ့လား ဝမ္းသာလြန္းလို႔ ထကမိမတတ္ပါပဲ ငါ့သားေလးအတြက္ အရင္ကထက္ပိုၿပီး အလုပ္ေတြ ႀကိဳးစားရမယ္ ငါ့သားေလးေရွ႕ေရးအတြက္ဆိုတဲ့ အေတြးေပါင္းစုံနဲ႔ …. ေမာင္ေရ႕ ကေလးပဲ ႏႈိက္မေနနဲ႔အုံး အလုပ္ေတြ လစ္ဟင္းေနအုံးမယ္

အင္းပါ ခ်စ္ရဲ႕ ေမာင္သိပါတယ္ သားကို အရမ္းခ်စ္တာပဲလား ေမာင္ ဘယ္လိုမ်ား ေမးလိုက္တာလဲ ခ်စ္ရယ္

သားေလးက ေမာင့္အသက္ ေမာင့္ဘဝ သားေလးကို လူတစ္လုံး သူတစ္လုံးနဲ႔ ပညာတတ္ႀကီးျဖစ္ေအာင္ ေမာင္ ႀကိဳးစားထားမွာ ေမာင္ ေျပာေလခ်စ္ ေမာင့္အေဖလဲ ေမာင့္ကို အရမ္းခ်စ္မွာပဲေနာ္ ဟင္….

ေမာင့္ကို သူ႔ရင္ခြင္ထဲက ဆြဲထုတ္လာတာ ခ်စ္သနားမိတယ္ေမာင္ ေမာင့္ရဲ႕အလုပ္ကို တစ္ရက္ေလာက္ဖ်က္ၿပီး အေဖ့ဆီကို ခ်စ္တို႔ မိသားစု သြားၿပီး ကန္ေတာ့ရေအာင္ေနာ္ ေမာင္ ခ်စ္ေျပာျပမွ အေဖ့ကို သတိရတဲ့စိတ္က ထိန္းခ်ဳပ္မရေအာင္ ျဖစ္လာမိတယ္

ကိုယ္ကိုယ္တိုင္ ဖခင္ေနရာေရာက္မွ အေဖတစ္ေယာက္ရဲ႕ ရင္ထဲက ခံစားခ်က္ကို ပိုၿပီးနားလည္လာမိတယ္ အေဖ အေဖ အေဖ… အေဖ ခုခ်ိန္ဘာေတြမ်ား လုပ္ေနပါလိမ့္

ေနလို႔ေရာ ေကာင္းလား အေဖတစ္ေယာက္ထဲ ဘယ္လိုေနၿပီး ဘယ္လိုမ်ား စားေနရရွာပါလိမ့္ေနာ္ ခ်စ္ေျပာတာ ၾကားလားေမာင္

ၾကား ၾကားပါတယ္ခ်စ္ရဲ႕ လာမယ့္ စေနေန႔ေမာင္တို႔ သြားၾကမယ္ေလ ေမာင္တို႔လာမယ့္အေၾကာင္း အေဖ့ကို ႀကိဳ ၿပီးေျပာျပမထားနဲ႔ေနာ္ခ်စ္ ဘာလို႔လဲ ေမာင္ရဲ႕ ဘာရယ္မဟုတ္ပါဘူး

အေဖ့ကို ပိုၿပီး ဝမ္းသာသြားေစခ်င္လို႔ပါ ေကာင္းပါၿပီတဲ့ ရွင္ ဒီလိုနဲ႔ စေနေန႔မနက္ပိုင္း အေဖ့ဆီကို သြားခဲ့ၾကတယ္ အိမ္ကိုေရာက္ေတာ့ အေဖ မရွိဘူး

အေဖ ဆိုင္ကယ္ ကယ္ရီမ်ား ဆြဲေနလို႔လား မသိဘူးဆိုၿပီး Taxiဂိတ္ကို လိုက္သြားေတာ့ ကြၽန္ေတာ္တို႔ကို ေက်ာေပးၿပီး ဆိုင္ကယ္အအိုေလးကို ျပင္ေနတဲ့ အေဖ အေဖ ပထမတစ္ခါေခၚတယ္

အေဖ ဒုတိယ တစ္ခါေခၚလိုက္ေတာ့ အေဖ့လက္ထဲက ဆိုင္ကယ္ျပင္ေနတဲ့ဂြကေလး လြတ္က်သြားတယ္ အေဖ တတိယတစ္ခါေခၚလိုက္ေတာ့မွ ကြၽန္ေတာ္တို႔ ဘက္ကို လွည့္ၾကည့္လာတဲ့ အေဖ့ရဲ႕ မ်က္ဝန္းမွာ

သား သား ငါ့သား အေဖ့ဆီ လာတယ္ေနာ္ အေဖရယ္ အေဖ့ကို ကြၽန္ေတာ္ေထြးေပြ႕ ထားလိုက္ပါေတာ့တယ္ ဒီမွာ ဘယ္သူေတြပါလာလဲ ၾကည့္ပါအုံး
အေဖ သမီးေရာ ပါလာတယ္လား အေဖ အရမ္းေပ်ာ္တယ္ သားတို႔ သမီးတို႔ရယ္ လက္ထဲက… အေဖ့ေျမးေလ အေဖ ဘာေလးလဲ သမီး ေယာက္်ားေလး အေဖ ငါ့ေျမးေလး ေနပူေနလိမ့္မယ္

အေဖတို႔ အိမ္ျပန္ၾကရေအာင္ အိမ္ေရာက္မွ ေအးေဆးစကားေျပာၾကတာေပါ့ အိမ္ေရာက္ေတာ့ အေဖ့ကို တစ္ခါထဲ ေခၚခဲ့ဖို႔အတြက္ မိန္းမကို တိုင္ပင္ခဲ့တယ္ ၾကည္ၾကည္ျဖဴျဖဴပါပဲ ခြင့္ျပဳေပးခဲ့တယ္

အဲ့ဒါနဲ႔ အေဖ့ကို အတူလိုက္ခဲ့ဖို႔ ဖြင့္ေျပာလိုက္ေတာ့….. ခဏေတာ့ အေဖေတြေဝ သြားတယ္ ငါ့သားနဲ႔သမီး အေဖ့ေၾကာင့္ ဝန္ထုတ္ ဝန္ပိုး ျဖစ္ေနပါအုံးမယ္

မျဖစ္ပါဘူးအေဖ သမီးတို႔နဲ႔ အတူလိုက္ေနလွည့္ပါ အေဖမလိုက္ရင္ သမီးတို႔ ဒီကေန မျပန္ေတာ့ဘူးေနာ္ အေဖ လိုက္ခဲ့ပါမယ္ သားတို႔ သမီးတို႔ရယ္ လိုက္ခဲ့ပါမယ္

သြားရေအာင္ အေဖ ခဏေလးသား ဆိုၿပီး ေျပာေျပာဆိုဆိုနဲ႔ အျပင္ထြက္သြားလိုက္တယ္ … ကိုဘေမာင္ သားနဲ႔ေခြၽးမလာလို႔ အရမ္းေပ်ာ္ေနတဲ့ ပုံပဲ

လာလာ ဒီမွာ လာထိုင္ ဘာကိစၥေပၚလာရျပန္တာတုန္း ကိစၥေပၚလာလို႔ လာတာမဟုတ္ပါဘူး အစ္မကို လာႏႈတ္ဆက္တာပါ ရွင္…. ကြၽန္ေတာ္ သားနဲ႔ေခြၽးမရွိတဲ့ဆီကို လိုက္သြားေတာ့မယ္

အစစ အရာရာ ကူညီေပးခဲ့တဲ့အတြက္ ေက်းဇူးပါ အစ္မ အင္းပါ ကိုဘေမာင္ရယ္ ရွင့္အတြက္ ကြၽန္မ ဝမ္းသာပါတယ္ သြားေတာ့မယ္ေနာ္ အစ္မ

ဟုတ္ကဲ့ပါရွင္ ဟုတ္ကဲ့ပါ ဪ ကိုဘေမာင္ရယ္ ရွင့္ဘဝေလး အဆင္ေျပေျပ ေနရေတာ့မွာဆိုေတာ့ ဘာပဲျဖစ္ျဖစ္ ကြၽန္မ ေပ်ာ္ပါတယ္ရွင္ ေပ်ာ္ပါတယ္…

ဖိုးဖိုးႀကီး ဆင္ႀကီးလုပ္ေပး သားစီးမယ္ ေဟ ဖိုးဖိုး လုပ္ေပးမွာေပါ့ကြ သားေလး ဖိုးဖိုးကို အဲ့လို မလုပ္ခိုင္းရဘူးေလ ငရဲႀကီးလိမ့္မယ္ ရပါတယ္ သမီးရဲ႕ အေဖ ခြင့္လႊတ္ၿပီးသားပါ ငါ့ေျမးေလး ေပ်ာ္ေနရင္ ၿပီးတာပဲ ဒီေျမးအဖိုးကေတာ့ေနာ္…..

ၾကည့္ပါအုံး ခ်စ္ရယ္ အေဖနဲ႔သူ႔ေျမး ေပ်ာ္ေနၾကတယ္ ငယ္ငယ္ကတည္းက အေဖ့ေမတၱာငတ္ေနတဲ့ခ်စ္ ခုလိုေလးေနရတာ စိတ္ခ်မ္းသာတယ္ေမာင္ အေဖတစ္ေယာက္ ေကာက္ရလိုက္သလို

ခ်စ္လဲ အရမ္းေပ်ာ္မိတယ္ သားနဲ႔ ေဆာ့ကစားေနတဲ့ အေဖ့ကို ၾကည့္ၿပီး…… ရင္ထဲက စကားလုံးတစ္ခ်ိဳ႕ ေရ႐ြတ္မိတယ္ ငယ္ငယ္က ဆိုးခဲ့မိုက္ခဲ့ မသိတတ္ခဲ့သမွ်ေတြ အတြက္ ေတာင္းပန္ပါတယ္

အေဖ သား သမီးအေပၚထားရွိတဲ့ အေဖတစ္ေယာက္ရဲ႕ေမတၱာကို သားသိတဲ့အခ်ိန္ ေနာက္က်ခဲ့တယ္အေဖ ဒါေပမယ့္ အေဖရယ္ အေဖ့ရဲ႕လက္က်န္အခ်ိန္ေတြအတြက္ သားတို႔နဲ႔အတူ ေအးေအးခ်မ္းခ်မ္း

ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနႏိုင္ေအာင္ သားတို႔ ႀကိဳးစားထားပါ့မယ္ အေဖ စိတ္ခ်မ္းသာေစရပါ့မယ္ အေဖ့ရဲ႕ အထီးက်န္ဆန္ဆန္ျဖတ္သန္းခဲ့ရတဲ့ ေန႔ရက္ေတြအတြက္ အတိုးပါဆပ္လို႔ ေႏြးေထြးေစရမယ္လို႔ ကတိေပးပါတယ္

အေဖ… ဒီစာေလးဆုံးေအာင္ဖတ္ၿပီးရင္ သင့္ရဲ႕အေဖကို သြားၿပီးေထြးေပြ႕ေပးပါ မေသမခ်င္းလုပ္ရမယ့္ အလုပ္ မအားေသးဘူး အခ်ိန္မရဘူးဆိုတဲ့ ေခါင္းစဥ္ေလးေအာက္မွာ အစားထိုးလို႔မရတဲ့ အေဖ့ေမတၱာေတြကို လ်စ္လ်ဴ မရႈလိုက္ပါနဲ႔ သူငယ္ခ်င္း၊

မရွိမွေတာင့္တေနတာထက္စာရင္ ရွိေနတဲ့အခ်ိန္ ဂ႐ုတစိုက္ျပဳစုေပးတာ လူသားဆန္တဲ့ လူေတြရဲ႕ လုပ္ရက္ပါ သူငယ္ခ်င္းေရ ကမာၻေပၚမွာ ရွိရွိသမွ် အေဖမ်ားအားလုံး စိတ္၏ခ်မ္းသာျခင္း ကိုယ္၏က်န္းမာျခင္းမ်ားႏွင့္ ျပည့္စုံႏိုင္ၾကပါေစ။

JunePyaeSone (Credit)