အသိပညာ

သတ္တိရှိစမ်းပါ မိန်းကလေး

”’ ခဏတာနာကျင်မှုလေးကိုကြောက်ပြီး တဘဝလုံး မျက်ရည်တွေနဲ့ မဖြတ်သန်းလိုက်ပါနဲ့ ”’သူ့အတွက်ကိုယ်မလိုအပ်တာသေချာရင်နောက်ဆုတ်ပေးလိုက်ပါ ။

သူလည်း စိတ်ချမ်းသာရသလို ကိုယ်လည်း တဖြည်းဖြည်းနဲ့ နေသားကျသွားလိမ့်မယ် ။ကိုယ့်ကိုလိုအပ်တဲ့သူအနားမှာပဲ နေနိုင်အောင်ကြိုးစားပါ ။သူလည်း ပျော်ရွှင်ရသလို ကိုယ်လည်းတဖြည်းဖြည်းနဲ့ စိတ်ချမ်းသာရလိမ့်မယ်

ကိုယ့်ကိုတန်ဖိုးမထားတဲ့သူလက်ထဲမှာ နာကျင်နေရမယ့်အစား ..ကိုယ့်ကို တန်ဖိုးထားတတ်တဲ့သူဆီမှာ ကလေးတစ်ယောက်လို အပူအပင်ကင်းစွာ နေပစ်လိုက်စမ်းပါ ။

မိန်းကလေးတွေက အချစ်တစ်ခုပေါ် ပေးဆပ်မှုတွေ အရင်းအနှီးတွေ ပုံအောတတ်လွန်းတယ် ။ဒါကပဲ သူမတို့ရဲ့အားနည်းချက်ဖြစ်နေတတ်တယ် ။ပြောချင်တာက .. လောကကြီးမှာ ယောက်ျားကောင်းတွေရှိပါသေးတယ် .. ကိုယ့်ကိုအနိုင်ယူပြီး ဒဏ်ရာတွေပဲပေးတဲ့လူအနားမှာ တွယ်ကပ်နေဖို့မလိုဘူး ။

ဘာဖြစ်လဲ ပြတ်သားပစ်စမ်းပါ .. နာကျင်ရလည်း ခံစားပစ် .. ငိုချပစ် .. (၁)ပတ်အပြင်ပိုမခံစားရဘူး ဘဝအသစ်ကို စ ပစ်လိုက်စမ်းပါ ။

အရာရာကိုခေါင်းမော့ပြီး ရင်ဆိုင်ပစ်လိုက် ..
ထက်မြက်တဲ့ မိန်းမဖြစ်လာတဲ့အချိန် ခုနက ကိုယ့်အချစ်ကို အလေးမထား တန်ဖိုးထားရကောင်းမှန်း မသိတဲ့လူက “ကိုယ်မှားခဲ့ပါတယ် တောင်းပန်ပါတယ်´´ လာလုပ်မှာ အသေအချာပဲ

အဲ့အချိန်ကျ ပညာသားပါပါနဲ့ “ဟင့်အင်း´´ လို့ငြင်းပစ်လိုက် .. အဲ့ဒီလူ နောင်တတွေ တသီကြီးနဲ့ ကိုယ့်ကို တမ်းတနေလိမ့်မယ် ။

မိန်းမတွေ သတ္တိရှိကြစမ်းပါ .. ခဏတာနာကျင်မှုလေးကိုကြောက်ပြီး တဘဝလုံး မျက်ရည်တွေနဲ့ မဖြတ်သန်းလိုက်ပါနဲ့ ။

Credit- Original Writer
Daily Diary page မှ
ပြန်လည်မျှဝေသည်။

”’ ခဏတာနာက်င္မႈေလးကိုေၾကာက္ၿပီး တဘဝလံုး မ်က္ရည္ေတြနဲ႔ မျဖတ္သန္းလိုက္ပါနဲ႔ ”’သူ႔အတြက္ကိုယ္မလိုအပ္တာေသခ်ာရင္ေနာက္ဆုတ္ေပးလိုက္ပါ ။

သူလည္း စိတ္ခ်မ္းသာရသလို ကိုယ္လည္း တျဖည္းျဖည္းနဲ႔ ေနသားက်သြားလိမ့္မယ္ ။ကိုယ့္ကိုလိုအပ္တဲ့သူအနားမွာပဲ ေနႏိုင္ေအာင္ႀကိဳးစားပါ ။သူလည္း ေပ်ာ္ရႊင္ရသလို ကိုယ္လည္းတျဖည္းျဖည္းနဲ႔ စိတ္ခ်မ္းသာရလိမ့္မယ္

ကိုယ့္ကိုတန္ဖိုးမထားတဲ့သူလက္ထဲမွာ နာက်င္ေနရမယ့္အစား ..ကိုယ့္ကို တန္ဖိုးထားတတ္တဲ့သူဆီမွာ ကေလးတစ္ေယာက္လို အပူအပင္ကင္းစြာ ေနပစ္လိုက္စမ္းပါ ။

မိန္းကေလးေတြက အခ်စ္တစ္ခုေပၚ ေပးဆပ္မႈေတြ အရင္းအႏွီးေတြ ပံုေအာတတ္လြန္းတယ္ ။ဒါကပဲ သူမတို႔ရဲ့အားနည္းခ်က္ျဖစ္ေနတတ္တယ္ ။ေျပာခ်င္တာက .. ေလာကႀကီးမွာ ေယာက္်ားေကာင္းေတြရိွပါေသးတယ္ .. ကိုယ့္ကိုအႏိုင္ယူၿပီး ဒဏ္ရာေတြပဲေပးတဲ့လူအနားမွာ တြယ္ကပ္ေနဖို႔မလိုဘူး ။

ဘာျဖစ္လဲ ျပတ္သားပစ္စမ္းပါ .. နာက်င္ရလည္း ခံစားပစ္ .. ငိုခ်ပစ္ .. (၁)ပတ္အျပင္ပိုမခံစားရဘူး ဘဝအသစ္ကို စ ပစ္လိုက္စမ္းပါ ။

အရာရာကိုေခါင္းေမာ့ၿပီး ရင္ဆိုင္ပစ္လိုက္ ..ထက္ျမက္တဲ့ မိန္းမျဖစ္လာတဲ့အခ်ိန္ ခုနက ကိုယ့္အခ်စ္ကို အေလးမထား တန္ဖိုးထားရေကာင္းမွန္း မသိတဲ့လူက “ကိုယ္မွားခဲ့ပါတယ္ ေတာင္းပန္ပါတယ္´´ လာလုပ္မွာ အေသအခ်ာပဲ

အဲ့အခ်ိန္က် ပညာသားပါပါနဲ႔ “ဟင့္အင္း´´ လို႔ျငင္းပစ္လိုက္ .. အဲ့ဒီလူ ေနာင္တေတြ တသီႀကီးနဲ႔ ကိုယ့္ကို တမ္းတေနလိမ့္မယ္ ။

မိန္းမေတြ သတၲိရိွၾကစမ္းပါ .. ခဏတာနာက်င္မႈေလးကိုေၾကာက္ၿပီး တဘဝလံုး မ်က္ရည္ေတြနဲ႔ မျဖတ္သန္းလိုက္ပါနဲ႔ ။

Credit- Original Writer