အာရုံကြောအားနည်းနေပြီဆိုတာ ပြသနေတဲ့လက္ခဏာ (၇) မျိုး
လူ့ခန်ဓါကိုယျရဲ့အာရုံကွောစနဈဟာ တကိုယ်လုံးကိုဖြန့်ကြက်ထားတာမို့ အရမ်းကိုအရေးပါပါတယ်။
သူ့ရဲ့လုပ်ဆောင်ချက်ကလည်း လှုပ်ရှားမှုကအစ ဦးနှောက်ဉာဏ်ရည်တွေအထိကို သက်ရောက်မှုကြီးမားတာမို့ အာရုံကြောစနစ်ကျန်းမာနေဖို့ လိုပါတယ်။အာရုံကြောအားနည်းနေပြီဆို လူက တကယ်ကိုပေါက်ကရတွေဖြစ်ပြီး အလုပ်လုပ်နိင်စွမ်းတွေထိခိုက်ပါလိမ့်မယ်။
အာရုံကြောအားနည်းရင်ဘယ်လိုလက္ခဏာတွေဖြစ်လာတတ်လဲ
ထုံကျဉ်တာ
ခြေတွေ၊လက်တွေ ထုံကျဉ်တာဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်းမဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာနေရခက်ပါတယ်။ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
Crohnsရောဂါ သို့မဟုတ် တခြားအူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
ပိုချမ်းတတ်တာ
အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓါတ်လောက်ကို အခုမှအရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆိုသွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။
ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓါတ်မလုံလောက်လို့သွေးနီဥတွေ နည်းတာဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေအေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။
ဦးနှောက်လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်တာစိတ်ဓါတ်ကျတာ၊ အာရုံရှုပ်ထွေးတာ ၊မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေကB12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။
အားနည်းတာ
လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်းတာဖြစ်နိုင်ပါတယ်။ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။
နှလုံးခုန်မြန်တာ
နှလုံးခုန်မြန်တာလည်း အာရုံကြောအားနည်းတဲ့လက္ခဏာထဲမှာပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။
B12 ချို့တဲ့တယ်ဆိုရင်သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့တခြားပြင်းထန်တဲ့ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။
ပါးစပ်အနာ
သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေဖြစ်လာတယ်ဆိုရင်B12 အားနည်းတာ၊သွေးအားနည်းခြင်း သို့မဟုတ် တခြားရောဂါအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်နေနိုင်ပါတယ်။
ဗိုက်ပြဿနာ
ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေထိုးသင့်ထိုးရပါမည်။
Crd
Zawgyi
အာ႐ုံေၾကာအားနည္းေနၿပီဆိုတာ ျပသေနတဲ့လကၡဏာ (၇) မ်ိဳး
လူ႔ခန္ဓါကိုယ်ရဲ႕အာ႐ုံေကြာစနဈဟာ တကိုယ္လုံးကိုျဖန္႔ၾကက္ထားတာမို႔ အရမ္းကိုအေရးပါပါတယ္။
သူ႔ရဲ႕လုပ္ေဆာင္ခ်က္ကလည္း လႈပ္ရွားမႈကအစ ဦးေႏွာက္ဉာဏ္ရည္ေတြအထိကို သက္ေရာက္မႈႀကီးမားတာမို႔ အာ႐ုံေၾကာစနစ္က်န္းမာေနဖို႔ လိုပါတယ္။အာ႐ုံေၾကာအားနည္းေနၿပီဆို လူက တကယ္ကိုေပါက္ကရေတြျဖစ္ၿပီး အလုပ္လုပ္နိင္စြမ္းေတြထိခိုက္ပါလိမ့္မယ္။
အာ႐ုံေၾကာအားနည္းရင္ဘယ္လိုလကၡဏာေတြျဖစ္လာတတ္လဲ
ထုံက်ဥ္တာ
ေျခေတြ၊လက္ေတြ ထုံက်ဥ္တာျဖစ္ဖူးတယ္မလား။ ရာသီဥတုေအးလို႔လည္းမဟုတ္ပါဘဲ မၾကာခဏ ထုံက်ဥ္တာေနရခက္ပါတယ္။ဗီတာမင္ B12 အားနည္းျခင္းက အာ႐ုံေၾကာေတြကိုဖုံးအုပ္ေပးထားတဲ့ အကာအကြယ္အလႊာကို ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။
Crohnsေရာဂါ သို႔မဟုတ္ တျခားအူလမ္းေၾကာင္းေရာဂါေတြေၾကာင့္လည္း ဗီတာမင္စုပ္ယူႏိုင္စြမ္းကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္ပါတယ္။
ပိုခ်မ္းတတ္တာ
အရင္ကဆို မႈေလာက္မွာမဟုတ္တဲ့ အေအးဓါတ္ေလာက္ကို အခုမွအရမ္းခ်မ္းတတ္ေနတာမ်ိဳး။ နည္းနည္းေအးတာနဲ႔ ကိုယ္က ခိုက္ခိုက္တုန္ေနတာမ်ိဳး ခံစားရတယ္ဆိုေသြးအားနည္းေနတာျဖစ္ႏိုင္ပါတယ္။
ဒီလိုျဖစ္ရတဲ့ အေၾကာင္းရင္းထဲမွာ B12 ဓါတ္မလုံေလာက္လို႔ေသြးနီဥေတြ နည္းတာျဖစ္ေစႏိုင္ပါတယ္။ ဒါဆို ေျခဖ်ား၊ လက္ဖ်ားေတြေအးစက္ၿပီး တဆတ္ဆတ္တုန္ၿပီး ခ်မ္းတတ္တာေပါ့။
ဦးေႏွာက္လုပ္ေဆာင္ခ်က္ေတြ ကေမာက္ကမျဖစ္တာစိတ္ဓါတ္က်တာ၊ အာ႐ုံရႈပ္ေထြးတာ ၊ေမ့တတ္လာတာ၊ အာ႐ုံစူးစိုက္မရတာေတြကB12 အားနည္းရာကေန ျဖစ္လာတဲ့လကၡဏာေတြပါ။
အားနည္းတာ
လူကအားနည္းသလိုျဖစ္ေနတယ္၊ ႂကြက္သားေတြအားမရွိဘူး၊ ပင္ပန္းႏုံးခ်ိေနမယ္၊ေခါင္းမူးတယ္ဆိုရင္ အာ႐ုံေၾကာအားနည္းတာျဖစ္ႏိုင္ပါတယ္။ဒီလကၡဏာေတြ ပိုဆိုးလာတယ္၊ ၾကာလာတယ္ဆိုရင္ ဆရာဝန္ျပၿပီး အားေဆးေသာက္သင့္ေသာက္ရပါမယ္။
ႏွလုံးခုန္ျမန္တာ
ႏွလုံးခုန္ျမန္တာလည္း အာ႐ုံေၾကာအားနည္းတဲ့လကၡဏာထဲမွာပါဝင္ပါတယ္။ ၾကက္သား၊ ၾကက္ဥ၊ ငါး တို႔ကေန ဗီတာမင္B12 ရရွိႏိုင္ပါတယ္။
B12 ခ်ိဳ႕တဲ့တယ္ဆိုရင္ေသြးအားနည္းျခင္း၊ စိတ္အတက္အက်ျမန္ျခင္း၊ အာ႐ုံေၾကာထိခိုက္ျခင္းနဲ႔တျခားျပင္းထန္တဲ့ေရာဂါေတြျဖစ္လာေစႏိုင္ပါတယ္။
ပါးစပ္အနာ
သြားဖုံး သို႔မဟုတ္ လွ်ာမွာ အနာေလးေတြျဖစ္လာတယ္ဆိုရင္B12 အားနည္းတာ၊ေသြးအားနည္းျခင္း သို႔မဟုတ္ တျခားေရာဂါအေၾကာင္းရင္းတစ္ခုခုေၾကာင့္ျဖစ္ေနႏိုင္ပါတယ္။
ဗိုက္ျပႆနာ
ခံတြင္းပ်က္တာ၊ အရမ္းပိန္သြားတာ၊ ဝမ္းခ်ဳပ္တာ စတဲ့ အစာအိမ္နဲ႔အူလမ္းေၾကာင္းျပႆနာေတြျဖစ္လာႏိုင္ပါတယ္။ ကိုယ္ထဲမွာ B12 ပမာဏခ်ိဳ႕တဲ့လြန္းရင္ ဆရာဝန္ျပၿပီး အားေဆထိုးသင့္ထိုးရပါမည္။
Crd