ခုချိန်မှာ ကျန်းမာရေးကို အထူးအလေးထား ဂရုစိုက်ရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ နည်းနည်းလေး နေထိုင်မကောင်းဖြစ် ရုံလောက်က ဘာမှာ ကြီးကြီးမားမား မဖြစ်နိုင်ပေမယ့် ဒီလိုအချိန်မျိုးမှာ ဆေးရုံဆေးခန်းတွေ သွားဖို့ကို လူတိုင်း ငြင်းဆန်ချင်ကြမှာပါ။ ဒီတော့ ကိုယ့်ကိုယ်ကို အထူးဂရုစိုက် ဖို့ လိုအပ်ပြီးတော့ ကျန်းမာရေးကောင်းအောင် နေထိုင်ခြင်း က အကောင်းဆုံးပါပဲနော်။ ဒီအချက်တွေက ခန္ဓာကိုယ် ကျန်းမာရေးကို အများကြီးအထောက်အကူပြုပေးပါတယ်။
၁။ အဟာရဖြစ်စေမယ့် အစားအစာတွေစားပါ
ကိုယ်ခံအားကောင်းနေမှ ရောဂါပိုးတွေဟာ အလွယ်တကူ မဝင်ရောက်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ကိုယ်ခံအားကောင်းဖို့အတွက်ဆို မျှတတဲ့ အဟာရတွေလို အပ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အစားအသောက်ကို ဂရု စိုက်ပါ။ အဟာရဖြစ်စေမယ့် အစားအစာတွေကို စားပေးဖို့ လိုအပ်ပြီး ဒါတွေက ရောဂါတိုက်ဖျက်ဖို့အတွက် အထောက် အကူပြုစေမှာ ဖြစ်ပါတယ်။
၂။ အစိမ်းရောင် အသီးအရွက်တွေစားပါ
အစိမ်းရောင် အသီးအရွက်တွေမှာ များစွာသော vitamin, mineral, fiber ဓာတ်တွေများစွာ ပါဝင်တဲ့ အတွက် ခန္ဓာကိုယ်အတွက် အရမ်းကိုကောင်းမွန်ပါတယ်။ နောက်ပြီး အစိမ်းအရောင်အသီးအရွက်တွေကများစွာသော ရောဂါတွေ မဖြစ်အောင် တားဆီးပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ကိုယ် နေ့စဉ် စားသောက်တဲ့ အစားအသောက်ထဲ မှာ အစိမ်းရောင် အသီးအရွက်တွေ ပါအောင်စားပါ။
၃။ Vitamin C ပါဝင်တဲ့ အသီးအနှံတွေစားပါ
Vitamin C ကရောဂါတိုက်ဖျက်ဖို့ကို ဆောင်ရွက်ပေး ပြီးတော့ ရောဂါခုခံစနစ်ကို တိုးမြှင့်ပေးပါတယ်။ ဒါကြောင့် ရောဂါပိုးတွေမဝင်ရအောင် ခန္ဓာကိုယ်ရဲ့ ရောဂါတိုက်ဖျက် နိုင်စွမ်း မြှင့်မားတဲ့ vitamin C ပါဝင်တဲ့ အသီးအနှံတွေ၊ အစားအသောက်တွေကို စားသောက်ပေးသင့်တာပါပဲ။ လိမ္မော်သီး၊ မာလကာသီး၊ စတော်ဘယ်ရီ၊ သံပုရိုသီး၊ သင်္ဘောသီး၊ ကီဝီသီး၊ lychees စတဲ့အသီးတွေမှာ vitamin C ဓာတ်မြှင့်မားစွာ ပါဝင်ပါတယ်။ နောက်ပြီး ပန်းကော်ဖီစိမ်း၊ မုန်ညှင်းထုပ်၊ ဟင်းနုနွယ်စတာတွေက လည်း vitamin C မြှင့်မားတဲ့ အစားအစာတွေ ဖြစ်ပါတယ်။
၄။ အိပ်ရေးဝဝအိပ်ပါ
ကိုယ်ခံအားကောင်းဖို့ဆိုရင် အိပ်ရေးဝဝအိပ်စက်ဖို့ လိုအပ် ပါတယ်။ အိပ်ရေးဝဝအိပ်မှ ကိုယ်ခံအားကို ကောင်းပြီး ရောဂါခုခံနိုင်စွမ်း မြှင့်မားမှာ ဖြစ်ပါတယ်။ တစ်နေ့ကို ရှစ်နာရီပြည့်ဝအောင် ကောင်းစွာအိပ်စက်ပါ။ အိပ်ရေးဝတဲ့ အခါ သင့်စိတ်ကို လန်းဆန်းအားပြည့်နေမှာ ဖြစ်ပါတယ်။ မလိုအပ်ပဲ ကိုယ့်ရဲ့စွမ်းအင်တွေကို အကုန်မခံပါနဲ့။ ကျန်းမာ ရေးကို အထူးဂရုစိုက်ပြီး ကိုယ်ခံအားကောင်းအောင် နေခြင်းက သင့်ကို နေမကောင်းမဖြစ်စေနိုင်ပါဘူး။ ဒါကြောင့် ကိုယ်ရော၊ ကိုယ့်မိသားစုရောပါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လုပ်ဆောင်သင့်ပါ တယ်။
Credit: Original Uploader
Sharing By: #One daily Media
#Zawgyi Version
ကိုယ္ခံအားေကာင္းေစၿပီး က်န္းမာေရးအတြက္ ျပဳလုပ္သင့္တဲ့ နည္းလမ္း(၄)ခု
ခုခ်ိန္မွာ က်န္းမာေရးကို အထူးအေလးထား ဂ႐ုစိုက္ရမယ့္ အခ်ိန္ပဲ ျဖစ္ပါတယ္။ နည္းနည္းေလး ေနထိုင္မေကာင္းျဖစ္ ႐ုံေလာက္က ဘာမွာ ႀကီးႀကီးမားမား မျဖစ္ႏိုင္ေပမယ့္ ဒီလိုအခ်ိန္မ်ိဳးမွာ ေဆး႐ုံေဆးခန္းေတြ သြားဖို႔ကို လူတိုင္း ျငင္းဆန္ခ်င္ၾကမွာပါ။ ဒီေတာ့ ကိုယ့္ကိုယ္ကို အထူးဂ႐ုစိုက္ ဖို႔ လိုအပ္ၿပီးေတာ့ က်န္းမာေရးေကာင္းေအာင္ ေနထိုင္ျခင္း က အေကာင္းဆုံးပါပဲေနာ္။ ဒီအခ်က္ေတြက ခႏၶာကိုယ္ က်န္းမာေရးကို အမ်ားႀကီးအေထာက္အကူျပဳေပးပါတယ္။
၁။ အဟာရျဖစ္ေစမယ့္ အစားအစာေတြစားပါ
ကိုယ္ခံအားေကာင္းေနမွ ေရာဂါပိုးေတြဟာ အလြယ္တကူ မဝင္ေရာက္ႏိုင္ပါဘူး။ ဒါေၾကာင့္ ကိုယ့္ရဲ႕ခႏၶာကိုယ္မွာ ကိုယ္ခံအားေကာင္းဖို႔အတြက္ဆို မွ်တတဲ့ အဟာရေတြလို အပ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ အစားအေသာက္ကို ဂ႐ု စိုက္ပါ။ အဟာရျဖစ္ေစမယ့္ အစားအစာေတြကို စားေပးဖို႔ လိုအပ္ၿပီး ဒါေတြက ေရာဂါတိုက္ဖ်က္ဖို႔အတြက္ အေထာက္ အကူျပဳေစမွာ ျဖစ္ပါတယ္။
၂။ အစိမ္းေရာင္ အသီးအ႐ြက္ေတြစားပါ
အစိမ္းေရာင္ အသီးအ႐ြက္ေတြမွာ မ်ားစြာေသာ vitamin, mineral, fiber ဓာတ္ေတြမ်ားစြာ ပါဝင္တဲ့ အတြက္ ခႏၶာကိုယ္အတြက္ အရမ္းကိုေကာင္းမြန္ပါတယ္။ ေနာက္ၿပီး အစိမ္းအေရာင္အသီးအ႐ြက္ေတြကမ်ားစြာေသာ ေရာဂါေတြ မျဖစ္ေအာင္ တားဆီးေပးႏိုင္စြမ္း ရွိပါတယ္။ ဒါေၾကာင့္ ကိုယ္ ေန႔စဥ္ စားေသာက္တဲ့ အစားအေသာက္ထဲ မွာ အစိမ္းေရာင္ အသီးအ႐ြက္ေတြ ပါေအာင္စားပါ။
၃။ Vitamin C ပါဝင္တဲ့ အသီးအႏွံေတြစားပါ
Vitamin C ကေရာဂါတိုက္ဖ်က္ဖို႔ကို ေဆာင္႐ြက္ေပး ၿပီးေတာ့ ေရာဂါခုခံစနစ္ကို တိုးျမႇင့္ေပးပါတယ္။ ဒါေၾကာင့္ ေရာဂါပိုးေတြမဝင္ရေအာင္ ခႏၶာကိုယ္ရဲ႕ ေရာဂါတိုက္ဖ်က္ ႏိုင္စြမ္း ျမႇင့္မားတဲ့ vitamin C ပါဝင္တဲ့ အသီးအႏွံေတြ၊ အစားအေသာက္ေတြကို စားေသာက္ေပးသင့္တာပါပဲ။ လိေမၼာ္သီး၊ မာလကာသီး၊ စေတာ္ဘယ္ရီ၊ သံပု႐ိုသီး၊ သေဘၤာသီး၊ ကီဝီသီး၊ lychees စတဲ့အသီးေတြမွာ vitamin C ဓာတ္ျမႇင့္မားစြာ ပါဝင္ပါတယ္။ ေနာက္ၿပီး ပန္းေကာ္ဖီစိမ္း၊ မုန္ညႇင္းထုပ္၊ ဟင္းႏုႏြယ္စတာေတြက လည္း vitamin C ျမႇင့္မားတဲ့ အစားအစာေတြ ျဖစ္ပါတယ္။
၄။ အိပ္ေရးဝဝအိပ္ပါ
ကိုယ္ခံအားေကာင္းဖို႔ဆိုရင္ အိပ္ေရးဝဝအိပ္စက္ဖို႔ လိုအပ္ ပါတယ္။ အိပ္ေရးဝဝအိပ္မွ ကိုယ္ခံအားကို ေကာင္းၿပီး ေရာဂါခုခံႏိုင္စြမ္း ျမႇင့္မားမွာ ျဖစ္ပါတယ္။ တစ္ေန႔ကို ရွစ္နာရီျပည့္ဝေအာင္ ေကာင္းစြာအိပ္စက္ပါ။ အိပ္ေရးဝတဲ့ အခါ သင့္စိတ္ကို လန္းဆန္းအားျပည့္ေနမွာ ျဖစ္ပါတယ္။ မလိုအပ္ပဲ ကိုယ့္ရဲ႕စြမ္းအင္ေတြကို အကုန္မခံပါနဲ႔။ က်န္းမာ ေရးကို အထူးဂ႐ုစိုက္ၿပီး ကိုယ္ခံအားေကာင္းေအာင္ ေနျခင္းက သင့္ကို ေနမေကာင္းမျဖစ္ေစႏိုင္ပါဘူး။ ဒါေၾကာင့္ ကိုယ္ေရာ၊ ကိုယ့္မိသားစုေရာပါ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ ေနထိုင္စားေသာက္မႈပုံစံကို လုပ္ေဆာင္သင့္ပါ တယ္။
Credit: Original Uploader