credit – မူရင်း
Unicode Version
အသည်းမှာအနာဖြစ်တာ ကိုယ်တွေ့ပျောက်တဲ့ ရွာမှာပေါတဲ့ ထိနံပင်အစွမ်း
အသဲရောဂါ အသဲမှာအနာဖြစ်တာတွေကို ကိုယ်တွေ့သက်သာပျောက်ကင်းခဲ့တဲ့ ထိနံပင် အစွမ်း
စာရေးသူ HTYT အသဲတွင် အနာငါးခုဖြစ်နေပြီး ပြည်ပါတည်နေ၍ သီရိစန္ဒာဆေးရုံ ဆရာဝန်မှ ဆေးဆယ်ရက်သောက်ပါ အနာမချပ်ပါကပြည်စုပ်ထုတ် ရမည် ဆိုသော အခြေအနေတွင် ပုံမှန်ဆိုထိုအရွက်လက် တစ်ဆုပ်ခန့်ကို သုံးခွက်တစ်ခွက်တင်ကြိုသောက်ရမှာကို မကြိုတော့ပဲမနက် / ည ငါးရွက်ခန့်ကို ဝါးစားပြီး အရွက်ဖတ်တွေပါ ရေနဲ့ရောသောက်လိုက်ပါတယ်။ အင်္ဂလိပ်ဆေးလည်းသောက် ပါတယ်။
ဆယ်ရက်ပြည်လို့ ဆေးခန်းသွားပြန်ပြတဲ့အခါ အနာကပြည် မရှိတော့ပဲ ချောက်ပြီးကျက်နေပြီ ဘာဆေးတွေ သောက်သေးလည်းဟုဆရာဝန်တောင်အံသြပြီးမေးတော့ ထိနံရွက်နဲနဲစားပါတယ် လိုပြောလိုက် တယ်လေ။
ကျွန်တော်တို ပတ်ဝန်းကျင်က အရက်တော်တော်သောက်တဲ့ လူဆို မျက်နှာတွေ ခြေခုံတွေဖောရောင်နေတာ ဒီထိနံပင်အရွက်ကို သုံးခွက်တစ်ခွက်တင်တစ်နေ့သုံးခွက်သောက်တာ နှစ်ရက်နဲ့ဖောတာတွေ အကုန်ပျောက်တယ်။အပင်ဆေးဆိုင်ကအကိုတစ်ယောက် လက်ကောက်ဝတ်မှာအဖုကြိတ်တည်တာ ဆေးခန်းစုံ ဆရာဝန်စုံ အခါခါခွဲပြန်ဖြစ်တာပဲ ဆယ်နှစ်ကျော်ခံစားလာရတဲ့ အဲ့ဒီအကြိတ် ထိနံရွက်ကိုထုထောင်းအကြိတ်ပေါ် အုံထားပြီး ပတ်တီးပါးပါး စီးထား လုပ်တာ ဆယ်ငါးရက်လောက်ကြာတော့ သေးပြီးပျောက်သွားတာ အခုထိပြန် မဖြစ်တော့ပါ။
ကင်ဆာဆေးရုံက လူနာတော်တော်များများ ဒီထိနံရွက်ပင်ကို ကြိုသောက်တာ ရောဂါတော်တော်သက်သာလို့ အငှါးကားသမားတွေနဲ့နယ်ဖက်တွေကို မှာယူကြ ပါတယ်။ ဒီအပင်က ထိလိုက်တာနဲ ့ကို စိမ်းရွှေရွှေ နံ့တော်တော်နံလို့ ကျွန်တော်တို့ ဖက်မှာတော့ ထိနံလို့လူသိများပါတယ်။
ထိရင်သာတော်တော်နံတာ ဝါးစားရင် အနံမဆိုးတော့ ဘူးဗျ။ ဒါကတော့ ကိုယ်တွေ့ဆေးတစ်လက်ဖြစ်လို့ ကျန်းမာစေရန် ရည်ရွယ် မျှဝေ လိုက်ပါတယ်။
ဟိန်းသူရထွန်း@TYT11363 ၏ကိုယ်တွေ့ဆေး တစ်လက်ဖြစ် ပါသည်။
ဤထိနံပင်ခေါ် ပြည့်စုံပင် လိုအပ်ပါက ရန်ကုန်တိုင်း မှော်ဘီမြို့ မြောင်းတကာကျေးရွာတွင် အခမဲ့ လာယူ နိုင်ပါသည်။
credit – မူရင်း