အလိုက္သိစြာ ေျပာေစ၊ လုပ္ေစခ်င္တဲ့ အရာေတြ ျဖစ္ပါတယ္။
မိန္းကေလးေတြရဲ႕ ရင္ထဲမွာ ခ်စ္သူရဲ႕ အလုိက္တသိ ျပဳလုပ္တဲ့ အျပဳအမူေလးေတြနဲ႔ ေျပာစကားေလးေတြကို အျမဲလိုခ်င္တာေလးေတြ ရွိပါတယ္။
၁။ ဟင္းခ်က္ေပးမယ္
ကိုယ္က ဘယ္ေလာက္ပဲ ဟင္းခ်က္ေကာင္းပါေစ၊ ေယာက္်ားေလးတစ္ေယာက္ ဟင္းခ်က္ေနတာေလာက္ ခ်စ္စရာေကာင္းတာ မရွိပါဘူး။
၂။ ဒီပိတ္ရက္မွာ ကိုယ္တုိ႔ႏွစ္ေယာက္အတြက္ အစီအစဥ္ေလးေတြ လုပ္ထားတယ္
မ်ားေသာအားျဖင့္ ဘာလုပ္မယ္၊ ဘယ္သြားမယ္ဆုိတာ မိန္းကေလးေတြကသာ ေျပာဆုိ ပူဆာရတာပါ။ ဒါေပမဲ့ ခ်စ္သူက အရာရာစီစဥ္ထားေပးတယ္ဆုိတာမ်ဳိးက မိန္းကေလးေတြရဲ႕ရင္ထဲမွာ အျမဲေတာင့္တတဲ့အရာပါ။
၃။ မင္းမွန္ပါတယ္
ေယာက္်ားတစ္ေယာက္အတြက္ မွားတယ္လို႔ ဝန္ခံရတာ အခက္ခဲဆံုးအရာတစ္ခုပါ။ ဒါေပမဲ့ မွားတာကို မွားတယ္လို႔ ဝန္ခံေစခ်င္တာ မိန္းကေလးေတြရဲ႕ ဆႏၵပါ။
၄။ ေတာင္းပန္ပါတယ္
မိန္းကေလးေတြက ႏွလံုးသားႏူးညံ့ပါတယ္။ ခ်စ္သူဆီက ေတာင္းပန္ပါတယ္ဆုိတဲ့ စကားတစ္ခြန္းၾကားရင္ ဘာပဲလုပ္လုပ္ အရာရာကို ခြင့္လႊတ္ေပးဖို႔ အသင့္ျဖစ္ေနတတ္ပါတယ္။
၅။ လွတယ္
ခ်စ္သူဆီက လွတယ္ဆုိတဲ့စကားကို ဘယ္ႏွႀကိမ္ၾကားၾကား မိန္းကေလးေတြဟာ ႐ိုးမသြားတတ္ၾကပါဘူး။
၆။ မင္းလုပ္သမွ် ကိုယ္ေက်နပ္တယ္
မိန္းကေလးတုိင္းဟာ သူတို႔ႀကိဳးစားသမွ်ကို ခ်စ္သူက သတိမထားမိလိုက္တာမ်ဳိး မျဖစ္ေစခ်င္ၾကပါဘူး။ တစ္ခါတစ္ရံမွာ ဘာေမွ်ာ္လင့္ခ်က္မွ မထားဘဲ ခ်စ္သူအတြက္ လုပ္ေပးတတ္ၾကတယ္။ အဲဒီအခ်ိန္မွာ သူတုိ႔လုပ္သမွ်ကို ေက်နပ္ေနရင္ကို လုပ္ေပးရက်ဳိး နပ္လွပါၿပီ။
၇။ ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ အနာဂတ္အေၾကာင္း စဥ္းစားေနတာ
ခ်စ္သူသက္တမ္း ၾကာသည္ျဖစ္ေစ မၾကာသည္ျဖစ္ေစ ခ်စ္သူေကာင္ေလးက သူ႔ရဲ႕အနာဂတ္္ကို စဥ္းစားရာမွာ ကိုယ့္အေၾကာင္းပါတာကို မိန္းကေလးေတြ ႏွစ္သက္ၾကပါတယ္။ ကိုယ့္ရည္းစားက ကိုယ့္ကို အေပ်ာ္တြဲ႐ံုသက္သက္ မဟုတ္ဘူးဆိုတာ မိန္းကေလးတုိင္း ေသခ်ာခ်င္ၾကတာပဲေလ။
၈။ ခ်စ္တယ္
ဒီစကားေလးဟာ အဓိပၸာယ္အားလံုးကို ျပည့္ဝေစပါတယ္။ ကိုယ္ခ်စ္တဲ့သူဆီက ဘယ္ေလာက္ပဲ ၾကားရပါေစ၊ ဘယ္ေတာ့မွ ႐ိုးမသြားတဲ့ စကားပါပဲ။
Source Photos : Life – Duwun
unicode
အလိုက်သိစွာ ပြောစေ၊ လုပ်စေချင်တဲ့ အရာတွေ ဖြစ်ပါတယ်။
မိန်းကလေးတွေရဲ့ ရင်ထဲမှာ ချစ်သူရဲ့ အလိုက်တသိ ပြုလုပ်တဲ့ အပြုအမူလေးတွေနဲ့ ပြောစကားလေးတွေကို အမြဲလိုချင်တာလေးတွေ ရှိပါတယ်။
၁။ ဟင်းချက်ပေးမယ်
ကိုယ်က ဘယ်လောက်ပဲ ဟင်းချက်ကောင်းပါစေ၊ ယောက်ျားလေးတစ်ယောက် ဟင်းချက်နေတာလောက် ချစ်စရာကောင်းတာ မရှိပါဘူး။
၂။ ဒီပိတ်ရက်မှာ ကိုယ်တို့နှစ်ယောက်အတွက် အစီအစဉ်လေးတွေ လုပ်ထားတယ်
များသောအားဖြင့် ဘာလုပ်မယ်၊ ဘယ်သွားမယ်ဆိုတာ မိန်းကလေးတွေကသာ ပြောဆို ပူဆာရတာပါ။ ဒါပေမဲ့ ချစ်သူက အရာရာစီစဉ်ထားပေးတယ်ဆိုတာမျိုးက မိန်းကလေးတွေရဲ့ရင်ထဲမှာ အမြဲတောင့်တတဲ့အရာပါ။
၃။ မင်းမှန်ပါတယ်
ယောက်ျားတစ်ယောက်အတွက် မှားတယ်လို့ ဝန်ခံရတာ အခက်ခဲဆုံးအရာတစ်ခုပါ။ ဒါပေမဲ့ မှားတာကို မှားတယ်လို့ ဝန်ခံစေချင်တာ မိန်းကလေးတွေရဲ့ ဆန္ဒပါ။
၄။ တောင်းပန်ပါတယ်
မိန်းကလေးတွေက နှလုံးသားနူးညံ့ပါတယ်။ ချစ်သူဆီက တောင်းပန်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကြားရင် ဘာပဲလုပ်လုပ် အရာရာကို ခွင့်လွှတ်ပေးဖို့ အသင့်ဖြစ်နေတတ်ပါတယ်။
၅။ လှတယ်
ချစ်သူဆီက လှတယ်ဆိုတဲ့စကားကို ဘယ်နှကြိမ်ကြားကြား မိန်းကလေးတွေဟာ ရိုးမသွားတတ်ကြပါဘူး။
၆။ မင်းလုပ်သမျှ ကိုယ်ကျေနပ်တယ်
မိန်းကလေးတိုင်းဟာ သူတို့ကြိုးစားသမျှကို ချစ်သူက သတိမထားမိလိုက်တာမျိုး မဖြစ်စေချင်ကြပါဘူး။ တစ်ခါတစ်ရံမှာ ဘာမျှော်လင့်ချက်မှ မထားဘဲ ချစ်သူအတွက် လုပ်ပေးတတ်ကြတယ်။ အဲဒီအချိန်မှာ သူတို့လုပ်သမျှကို ကျေနပ်နေရင်ကို လုပ်ပေးရကျိုး နပ်လှပါပြီ။
၇။ ကိုယ်တို့နှစ်ယောက်ရဲ့ အနာဂတ်အကြောင်း စဉ်းစားနေတာ
ချစ်သူသက်တမ်း ကြာသည်ဖြစ်စေ မကြာသည်ဖြစ်စေ ချစ်သူကောင်လေးက သူ့ရဲ့အနာဂတ်ကို စဉ်းစားရာမှာ ကိုယ့်အကြောင်းပါတာကို မိန်းကလေးတွေ နှစ်သက်ကြပါတယ်။ ကိုယ့်ရည်းစားက ကိုယ့်ကို အပျော်တွဲရုံသက်သက် မဟုတ်ဘူးဆိုတာ မိန်းကလေးတိုင်း သေချာချင်ကြတာပဲလေ။
၈။ ချစ်တယ်
ဒီစကားလေးဟာ အဓိပ္ပာယ်အားလုံးကို ပြည့်ဝစေပါတယ်။ ကိုယ်ချစ်တဲ့သူဆီက ဘယ်လောက်ပဲ ကြားရပါစေ၊ ဘယ်တော့မှ ရိုးမသွားတဲ့ စကားပါပဲ။
Photos : Life – Duwun