Non-CDM ဆရာမက အသက် ၁၅ နှစ် အရွယ်ကျောင်းသားကို လိပ်စာပေးပြီး ဖမ်းဆီးခိုင်း
ရန်ကုန်၊ နို၀င်ဘာ ၄
Non-CDM ဆရာမတစ်ဦးက အသက် ၁၅ နှစ် အရွယ်ကျောင်းသားတစ်ဦးကို ဓါတ်တိုင်မှာ စာကပ်တယ်လို့စွပ်စွဲကာ လိပ်စာပေးပြီး ဖမ်းဆီးခိုင်းတယ်လို့သိရပါတယ်။
နို၀င်ဘာ ၁ရက်နေ့ ညသန်းခေါင်မှာ လုံခြုံရေးအင်အား ၂၀ နဲ့ သင်္ကန်းကျွန်း၊ ငမိုးရိပ် ၂ လမ်းက နေအိမ်ကို ၀င်ရောက်ပြီး အဲဒီကျောင်းသားကို ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့သူမှာ မောင်အောင်ချမ်းမြေ့ဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် သင်္ကန်းကျွန်း အ.ထ.က ၄ က ကျောင်းသားတစ်ယောက်ဖြစ်ကာ ပရဟိတလူငယ်တစ်ယောက်ဖြစ်ပါတယ်။
မောင်အောင်ချမ်းမြေ့တက်နေတဲ့ ကျောင်းက Non-CDM ဆရာမ ဒေါ်အေးမြင့်နဲ့အတူ စာရေးမဒေါ်ကေသီ၊ ကျောင်းစောင့် မောင်ချစ်ကိုတို့က လိပ်စာပေးပြီး ဖမ်းဆီးခိုင်းတာလို့ သိရပါတယ်။
မောင်အောင်ချမ်းမြေ့ကို သင်္ကန်းကျွန်းစခန်း ၁၉ မှာ ထိန်းသိမ်းထားပြီး ခုထိမိဘတွေနဲ့တွေ့ခွင့်မပေးဘဲ ပိုက်ဆံပေးမှ ပစ္စည်းပို့ခွင့်ရတယ်လိုလည်း သိရပါတယ်။
ကျောင်းသားသမဂ္ဂနဲ့ ဖောက်ခွဲရေးတွေလုပ်တဲ့ထဲပါထားတယ်ဆိုရင် သေဒဏ်ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်တယ်လို့လည်း သိရပါတယ်။
ပုံစာ-ဖမ်းဆီးခံရတဲ့ အသက် ၁၅ နှစ်အရွယ်ကျောင်းသား မောင်အောင်ချမ်းမြေ့။
———————-
Non-CDM ဆရာမက အသက္ ၁၅ ႏွစ္ အ႐ြယ္ေက်ာင္းသားကို လိပ္စာေပးၿပီး ဖမ္းဆီးခိုင္း
ရန္ကုန္၊ ႏို၀င္ဘာ ၄
Non-CDM ဆရာမတစ္ဦးက အသက္ ၁၅ ႏွစ္ အ႐ြယ္ေက်ာင္းသားတစ္ဦးကို ဓါတ္တိုင္မွာ စာကပ္တယ္လို႔စြပ္စြဲကာ လိပ္စာေပးၿပီး ဖမ္းဆီးခိုင္းတယ္လို႔သိရပါတယ္။
ႏို၀င္ဘာ ၁ရက္ေန႔ ညသန္းေခါင္မွာ လုံၿခဳံေရးအင္အား ၂၀ နဲ႔ သကၤန္းကြၽန္း၊ ငမိုးရိပ္ ၂ လမ္းက ေနအိမ္ကို ၀င္ေရာက္ၿပီး အဲဒီေက်ာင္းသားကို ႐ိုက္ႏွက္ဖမ္းဆီးသြားတာျဖစ္ပါတယ္။
ဖမ္းဆီးခံရတဲ့သူမွာ ေမာင္ေအာင္ခ်မ္းေျမ့ျဖစ္ၿပီး အသက္ ၁၅ ႏွစ္အ႐ြယ္ သကၤန္းကြၽန္း အ.ထ.က ၄ က ေက်ာင္းသားတစ္ေယာက္ျဖစ္ကာ ပရဟိတလူငယ္တစ္ေယာက္ျဖစ္ပါတယ္။
ေမာင္ေအာင္ခ်မ္းေျမ့တက္ေနတဲ့ ေက်ာင္းက Non-CDM ဆရာမ ေဒၚေအးျမင့္နဲ႔အတူ စာေရးမေဒၚေကသီ၊ ေက်ာင္းေစာင့္ ေမာင္ခ်စ္ကိုတို႔က လိပ္စာေပးၿပီး ဖမ္းဆီးခိုင္းတာလို႔ သိရပါတယ္။
ေမာင္ေအာင္ခ်မ္းေျမ့ကို သကၤန္းကြၽန္းစခန္း ၁၉ မွာ ထိန္းသိမ္းထားၿပီး ခုထိမိဘေတြနဲ႔ေတြ႕ခြင့္မေပးဘဲ ပိုက္ဆံေပးမွ ပစၥည္းပို႔ခြင့္ရတယ္လိုလည္း သိရပါတယ္။
ေက်ာင္းသားသမဂၢနဲ႔ ေဖာက္ခြဲေရးေတြလုပ္တဲ့ထဲပါထားတယ္ဆိုရင္ ေသဒဏ္ဆိုၿပီး ၿခိမ္းေျခာက္တာေတြ လုပ္တယ္လို႔လည္း သိရပါတယ္။
ပုံစာ-ဖမ္းဆီးခံရတဲ့ အသက္ ၁၅ ႏွစ္အ႐ြယ္ေက်ာင္းသား ေမာင္ေအာင္ခ်မ္းေျမ့။



