အခ်စ္ေရး

သင်တကယ်ချစ်တဲ့သူနဲ့ တွေ့နေပြီဆိုတာ ဖော်ပြနေတဲ့အချက်များ

ချစ်တဲ့သူကို ရှာတွေ့ဖို့မလွယ်သလို ချစ်သူတွေ့ပြီဆိုရင်တောင် ချစ်ခြင်းနှစ်ခု ထပ်တူကျဖို့ကလည်း မလွယ် ပါဘူးနော်။

ပိုပြီးမလွယ်တာက ချစ်သူနှစ်ဦး ဆက်ဆံရေး တည်မြဲဖို့ဆိုတာပါပဲ။ ချစ်သူနှစ်ဦး ချစ်တာထက် နားလည်မှုရှိမှသာ ရေရှည်လက်တွဲသွားနိုင်မှာ ဖြစ်တယ်။

ချစ်သူနှစ်ဦးရေရှည်တည်မြဲပြီး သင့်အတွက်ရော သူ့ အတွက်ပါ ကောင်းမွန်တဲ့လက်တွဲဖော်ချစ်သူအစစ် အမှန်ကို ရှာတွေ့နေပြီဆိုတဲ့ လက္ခဏာရပ်တွေကို စာဖတ်ပရိသတ်တို့အတွက် မျှဝေပေးချင်ပါတယ်။

သူ့ကို မြင်မြင်ချင်း သတိထားမိတယ်။

သူ့ကို ပထမဆုံး စတွေ့တုန်းက သူက သင့်ကို တစ်ခုခု ခံစားရစေတယ်။ သူ့ရဲ့ အပြုအမူတွေက သင့် အတွက် ထူးခြားနေတယ်။

စွဲဆောင်ထားတယ်ဆိုရင် သင့်ချစ်ရမယ့် ကောင်မလေးတစ်ယောက်ကို သင် ရှာတွေ့နေပါပြီ။ သူ့ရဲ့ ပြောဆိုဆက်ဆံပုံတွေကို သင် စွဲလန်းမိနေတယ်ဆိုရင် သင်သူ့ကို ချစ်မိတော့မှာဖြစ်သလို ချက်ချင်းလည်း ချစ်သွားနိုင်ပါတယ်

သင်ရဲ့ ချစ်ခြင်းတွေက တဆထက်တဆ ကြီးထွားလာတယ်။

သူနဲ့တွေ့နေရင်းနဲ့ ပိုပြီးတွေ့ချင်လာတယ်။ အခုတွေ့ပြီးရင်ခဏနေ တွေ့ချင်လာတယ်။ တစ်ရက်ပြီးတစ်ရက် တစ်လပြီးတစ်လ တစ်နှစ်ပြီးတစ်နှစ် ပိုပြီး တွေ့ချင် မြင်ချင်လာတယ်ဆိုရင် သင့်ရဲ့အချစ်တွေ တဖြည်းဖြည်း ခိုင်မာ ကြီးထွားလာနေပါပြီ။

အတူတူ ရယ်ကြတယ်။

ဆိုလိုချင်တာက သင်တို့နှစ်ယောက်ရဲ့ အချစ်ရေးမှာ ရယ်စရာမောစရာ ပျော်ရွှင်စရာတွေနဲ့ ပြည့်နေရင် သင့်ဟာ ချစ်သူကောင်းတစ်ယောက်ကို ရှာတွေ့ထားရုံသာမက မှန်ကန်တဲ့ သူတစ်ယောက်နဲ့ သင်ဆုံတွေ့ရနေပြီဖြစ်ပါတယ်။

တစ်ယောက်ကိုယ်တစ်ယောက် လေးစားမှုရှိတယ်။
ချစ်သူနှစ်ဦးဆက်ဆံရေးမှာ တကယ်ကို လိုအပ်တဲ့ အရာပါ

တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လေးစားမှုရှိမှ တစ်ယောက်ဆန္ဒကို တစ်ယောက်က ဖြည့်ဆည်း လိုက်လျောပေးမှာ အချစ်ဆိုတာ ခိုင်မြဲမှာဖြစ်ပါတယ်။

သင်ဦးစားပေးလုပ်ဆောင်ထားတဲ့အရာတွေ ပြောင်းလဲသွားတယ်။

ချစ်သူကောင်းတစ်ယောက်ဆိုရင် သင့်မိတ်ဆွေ သူငယ်ချင်းတွေနဲ့ သင့်ကို ဝေးကွာစေမှာမဟုတ်ပါဘူး။ ဒါပေမယ့် သင့်နှလုံးသားကိုတော့ သူတိတ်တိတ်လေးခိုးယူသွားပါပြီ။

သင့်အရင်က နံပါတ်၁ ငွေ နံပါတ် ၂ ရည်ရွယ်ချက် စသဖြင့် ဦးစားပေးခဲ့တဲ့အရာတွေက သင့်ချစ်သူ ဖြစ်လာမှာပါ။

စိတ္တူကိုယ္တူပဲ။

နှစ်ယောက်သား အကြိုက်ချင်းတူတာများတယ်။ စိတ် ချင်းနီးစပ်တယ်ဆိုတာ သိပ်ကိုကောင်းပါတယ်။ မတူတာလေးတွေကိုတော့ ညှိယူလို့ရပါတယ်။

မတူတာထက် တူတာများနေတာဟာ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ပိုပြီး ခိုင်မြဲစေမှာပါ။

Unicode

သင်တကယ်ချစ်တဲ့သူနဲ့ တွေ့နေပြီဆိုတာ ဖော်ပြနေတဲ့အချက်များ

ချစ်တဲ့သူကို ရှာတွေ့ဖို့မလွယ်သလို ချစ်သူတွေ့ပြီဆိုရင်တောင် ချစ်ခြင်းနှစ်ခု ထပ်တူကျဖို့ကလည်း မလွယ်ပါဘူးနော်။ ပိုပြီးမလွယ်တာက ချစ်သူနှစ်ဦး ဆက်ဆံရေး တည်မြဲဖို့ဆိုတာပါပဲ။ ချစ်သူနှစ်ဦး ချစ်တာထက် နားလည်မှုရှိမှသာ ရေရှည်လက်တွဲသွားနိုင်မှာ ဖြစ်တယ်။

ချစ်သူနှစ်ဦးရေရှည်တည်မြဲပြီး သင့်အတွက်ရော သူ့အတွက်ပါ ကောင်းမွန်တဲ့လက်တွဲဖော်ချစ်သူအစစ်အမှန်ကို ရှာတွေ့နေပြီဆိုတဲ့ လက္ခဏာရပ်တွေကို စာဖတ်ပရိသတ်တို့အတွက် မျှဝေပေးချင်ပါတယ်။

သူ့ကို မြင်မြင်ချင်း သတိထားမိတယ်။

သူ့ကို ပထမဆုံး စတွေ့တုန်းက သူက သင့်ကို တစ်ခုခု ခံစားရစေတယ်။ သူ့ရဲ့ အပြုအမူတွေက သင့်အတွက် ထူးခြားနေတယ်။ စွဲဆောင်ထားတယ်ဆိုရင် သင့်ချစ်ရမယ့် ကောင်မလေးတစ်ယောက်ကို သင်ရှာတွေ့နေပါပြီ။ သူ့ရဲ့ ပြောဆိုဆက်ဆံပုံတွေကို သင်စွဲလန်းမိနေတယ်ဆိုရင် သင်သူ့ကို ချစ်မိတော့မှာဖြစ်သလို ချက်ချင်းလည်း ချစ်သွားနိုင်ပါတယ်
သင်ရဲ့ ချစ်ခြင်းတွေက တဆထက်တဆ ကြီးထွားလာတယ်။

သူနဲ့တွေ့နေရင်းနဲ့ ပိုပြီးတွေ့ချင်လာတယ်။ အခုတွေ့ပြီးရင်ခဏနေ တွေ့ချင်လာတယ်။ တစ်ရက်ပြီးတစ်ရက် တစ်လပြီးတစ်လ တစ်နှစ်ပြီးတစ်နှစ် ပိုပြီး တွေ့ချင် မြင်ချင်လာတယ်ဆိုရင် သင့်ရဲ့အချစ်တွေ တဖြည်းဖြည်း ခိုင်မာ ကြီးထွားလာနေပါပြီ။

အတူတူ ရယ်ကြတယ်။

ဆိုလိုချင်တာက သင်တို့နှစ်ယောက်ရဲ့ အချစ်ရေးမှာ ရယ်စရာမောစရာ ပျော်ရွှင်စရာတွေနဲ့ ပြည့်နေရင် သင့်ဟာ ချစ်သူကောင်းတစ်ယောက်ကို ရှာတွေ့ထားရုံသာမက မှန်ကန်တဲ့ သူတစ်ယောက်နဲ့ သင်ဆုံတွေ့ရနေပြီဖြစ်ပါတယ်။

တစ်ယောက်ကိုယ်တစ်ယောက် လေးစားမှုရှိတယ်။

ချစ်သူနှစ်ဦးဆက်ဆံရေးမှာ တကယ်ကို လိုအပ်တဲ့ အရာပါ။ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လေးစားမှုရှိမှ တစ်ယောက်ဆန္ဒကို တစ်ယောက်က ဖြည့်ဆည်း လိုက်လျောပေးမှာ အချစ်ဆိုတာ ခိုင်မြဲမှာဖြစ်ပါတယ်။
သင်ဦးစားပေးလုပ်ဆောင်ထားတဲ့အရာတွေ ပြောင်းလဲသွားတယ်။

ချစ်သူကောင်းတစ်ယောက်ဆိုရင် သင့်မိတ်ဆွေ သူငယ်ချင်းတွေနဲ့ သင့်ကို ဝေးကွာစေမှာမဟုတ်ပါဘူး။ ဒါပေမယ့် သင့်နှလုံးသားကိုတော့ သူတိတ်တိတ်လေးခိုးယူသွားပါပြီ။ သင့်အရင်က နံပါတ်၁ ငွေ နံပါတ် ၂ ရည်ရွယ်ချက် စသဖြင့် ဦးစားပေးခဲ့တဲ့အရာတွေက သင့်ချစ်သူ ဖြစ်လာမှာပါ။

စိတ်တူကိုယ်တူပဲ။

နှစ်ယောက်သား အကြိုက်ချင်းတူတာများတယ်။ စိတ်ချင်းနီးစပ်တယ်ဆိုတာ သိပ်ကိုကောင်းပါတယ်။ မတူတာလေးတွေကိုတော့ ညှိယူလို့ရပါတယ်။ မတူတာထက် တူတာများနေတာဟာ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို ပိုပြီး ခိုင်မြဲစေမှာပါ။