ပိတ်ဆို့နေသော သွေးလွတ်ကြောများ၊သွေးအတွင်းရှိ အဆီများ၊ အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါများနှင့်အအေးမိခြင်းတို့ကို
ပျောက်ကင်းသက်သာစေရန်စေရန်အတွက် သဘာဝ အသီးအနှံများကို အသုံးပြု၍ သောက်သုံးခြင်း ဖြစ်ပါတယ်။
ယင်းနည်းကို ဂျာမဏီနိုင်ငံတွင် လက်ခံသုံးစွဲကြတယ်လို့ ဆိုပါတယ်။
မိမိအနီးနားတွင်ရှိသော နေ့စဉ်ထိတွေ့နေရသည့်အစားအသောက် ၃မျိုးကို ရောစပ်လိုက်ခြင်းဖြင့် ကျန်းမာရေးအတွက် အလွန်တန်ဖိုးရှိတဲ့ အရာဖြစ်လာပါတယ်။
အဲဒီဖျော်ရည်မှာ လူအများသိထားပြီးဖြစ်တဲ့ သံပရိုသီး၊ချင်း(ဂျင်း)၊ ကြက်သွန်ဖြူနှင့်ရေ တို့ပဲဖြစ်ပါတယ်။
ဒီသဘာဝ ဆေးဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ ထူးခြား စုံလင် များပြားလှပါတယ်။
အထူးအလေးပေး သုံးစွဲနိုင်တာကတော့ သွေးလွတ်ကြောများ ဆို့ပိတ်ခြင်းကို ကာကွယ်ခြင်းနှင့်ကုသခြင်းတို့မှာ အသုံးပြုနိုင်သည်။
ထို့ပြင် အသက်ရှုလမ်းကြောင်း ဆိုင်ရာကူးဆက်မှုများနှင့် အအေးပတ်ခြင်းများကို ကုသခြင်းနှင့်ကာကွယ်ပေးနိုင်ခြင်း၊
ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း၊အသဲနှင် အသဲအင်ဇိုင်းများ တိုးတက်ကောင်းမွန် သန့်ရှင်းအောင် ပြုလုပ်ပေးရာတွင် အခန်း၊ကဏ္ဍတခုမှ ပါဝင်ဆောင်ရွက်ပေးခြင်း၊
သွေးလှည့်ပတ်မှု မြှင့်တင်ပေးနိုင်ခြင်းနှင့်အထွေထွေ ပင်ပန်း နွမ်းနယ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါသည်။
သွေးလှည့်ပတ်မှု စနစ်နှင့်ပက်သက်သော ရောဂါများ၊နှလုံးနှင့် ပက်သက်သော ရောဂါများ ဖြစ်ပွားနိုင်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါသည်။
ပါဝင် ပစ္စည်းများကတော့ရေသန့် ၂လီတာသံပရိုသီး ၄လုံး အခွံနွာရန် မလို။ကြက်သွန်ဖြူ ၄လုံး (၄မွာ မဟုတ်ပါ၊)ချင်းတက် ၄ဆင်တီမီတာခန့်တို့ လိုအပ်ပါတယ်။
သံပရိုသီးကို ရေဆေး၍ ထက်ခြမ်းခွဲပါ။ကြက်သွန်ဖြူများကို အခွံနွာပါ။ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူနှင့်သံပရိုသီး အားလုံးကို မွှေစက်ထဲထည့်၍ မွှေပါ။
ထိုမွေထားပြီးသား အရောအနှောကို ဒန်အိုးတခုခုတွင် ရေ ၂လီတာနှင့်အတူ ထည့်၍ ဆူလာသည်အထိ ကျိုချက်ပါ။
ဆူလာသည်နှင့် တပြိုင်နက် ကျိုချက်ခြင်းကို ရပ်တန့်လိုက်ပြီး အအေးခံပါ။
ပြီးလျှင် အစိတ်အကျဲ အနေတော်ရှိသော စစ်စရာတခုခုနှင့် စစ်လိုက်ပြီး လေလုံဗူးများအတွင်း ထည့်သွင်း ထား၍ ရေခဲသေတ္တာတွင်း သိမ်းပြီး သောက်သုံးနိုင်ပါတယ်။
ယင်းကျိုချက်ထားသော ဖျော်ရည်ကို နေ့စဉ် ၁ဖန်ခွက်(250-300ML) အစာမစားမှီ အနည်းဆုံး ၂နာရီစော၍
သော်၎င်း အစာအိမ်တွင်း အစာမရှိသောအချိန် နံနက် စောစောတွင်သော်၎င်း သောက်သုံးနိုင်ပါသည်။
မသောက်မှီ ပုလင်း၊ဗူးအောက်တွင် အနယ်ထိုင်နေသော သံပရိုနှင့် ကြက်သွန်ဖြူများပါ ပါဝင်စေရန်အတွက် သေချာစွာ လှုပ်ပြီးမှ သောက်သုံးပါ။
အလွယ်တကူနဲ့ ထိရောက်တဲ့ဆေးမို့ ကိုယ်တိုင်သောက်သုံး နေရာကနေ ပြန်လည် ဝေငှလိုက်ရပါတယ်။
ကျန်းမာရေးလအသိမျှဝေသည်….
Crd
ဂ်ာမဏီႏိုင္ငံမွလက္ေတြ႕ အသုံးဝင္ ေနေသာအသက္ရႈလမ္းေၾကာင္းဆိုင္ရာေရာဂါမ်ားကိုသက္သာေစတဲ့သဘာဝေဆးနည္း
ပိတ္ဆို႔ေနေသာ ေသြးလြတ္ေၾကာမ်ား၊ေသြးအတြင္းရွိ အဆီမ်ား၊ အသက္ရႈလမ္းေၾကာင္း ကူးစက္ေရာဂါမ်ားႏွင့္အေအးမိျခင္းတို႔ကို
ေပ်ာက္ကင္းသက္သာေစရန္ေစရန္အတြက္ သဘာဝ အသီးအႏွံမ်ားကို အသုံးျပဳ၍ ေသာက္သုံးျခင္း ျဖစ္ပါတယ္။
ယင္းနည္းကို ဂ်ာမဏီႏိုင္ငံတြင္ လက္ခံသုံးစြဲၾကတယ္လို႔ ဆိုပါတယ္။
မိမိအနီးနားတြင္ရွိေသာ ေန႔စဥ္ထိေတြ႕ေနရသည့္အစားအေသာက္ ၃မ်ိဳးကို ေရာစပ္လိုက္ျခင္းျဖင့္ က်န္းမာေရးအတြက္ အလြန္တန္ဖိုးရွိတဲ့ အရာျဖစ္လာပါတယ္။
အဲဒီေဖ်ာ္ရည္မွာ လူအမ်ားသိထားၿပီးျဖစ္တဲ့ သံပ႐ိုသီး၊ခ်င္း(ဂ်င္း)၊ ၾကက္သြန္ျဖဴႏွင့္ေရ တို႔ပဲျဖစ္ပါတယ္။
ဒီသဘာဝ ေဆးေဖ်ာ္ရည္ကို ေသာက္သုံးျခင္းျဖင့္ ရရွိႏိုင္တဲ့ အက်ိဳးေက်းဇူးမ်ားကေတာ့ ထူးျခား စုံလင္ မ်ားျပားလွပါတယ္။
အထူးအေလးေပး သုံးစြဲႏိုင္တာကေတာ့ ေသြးလြတ္ေၾကာမ်ား ဆို႔ပိတ္ျခင္းကို ကာကြယ္ျခင္းႏွင့္ကုသျခင္းတို႔မွာ အသုံးျပဳႏိုင္သည္။
ထို႔ျပင္ အသက္ရႈလမ္းေၾကာင္း ဆိုင္ရာကူးဆက္မႈမ်ားႏွင့္ အေအးပတ္ျခင္းမ်ားကို ကုသျခင္းႏွင့္ကာကြယ္ေပးႏိုင္ျခင္း၊
ကိုယ္ခံစြမ္းအားစနစ္ကို တိုးတက္ေကာင္းမြန္ေစျခင္း၊အသဲႏွင္ အသဲအင္ဇိုင္းမ်ား တိုးတက္ေကာင္းမြန္ သန႔္ရွင္းေအာင္ ျပဳလုပ္ေပးရာတြင္ အခန္း၊က႑တခုမွ ပါဝင္ေဆာင္႐ြက္ေပးျခင္း၊
ေသြးလွည့္ပတ္မႈ ျမႇင့္တင္ေပးႏိုင္ျခင္းႏွင့္အေထြေထြ ပင္ပန္း ႏြမ္းနယ္ျခင္းတို႔ကို ကာကြယ္ေပးႏိုင္ပါသည္။
ေသြးလွည့္ပတ္မႈ စနစ္ႏွင့္ပက္သက္ေသာ ေရာဂါမ်ား၊ႏွလုံးႏွင့္ ပက္သက္ေသာ ေရာဂါမ်ား ျဖစ္ပြားႏိုင္ျခင္းကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါသည္။
ပါဝင္ ပစၥည္းမ်ားကေတာ့ေရသန႔္ ၂လီတာသံပ႐ိုသီး ၄လုံး အခြံႏြာရန္ မလို။ၾကက္သြန္ျဖဴ ၄လုံး (၄မြာ မဟုတ္ပါ၊)ခ်င္းတက္ ၄ဆင္တီမီတာခန႔္တို႔ လိုအပ္ပါတယ္။
သံပ႐ိုသီးကို ေရေဆး၍ ထက္ျခမ္းခြဲပါ။ၾကက္သြန္ျဖဴမ်ားကို အခြံႏြာပါ။ၿပီးလွ်င္ ခ်င္း၊ ၾကက္သြန္ျဖဴႏွင့္သံပ႐ိုသီး အားလုံးကို ေမႊစက္ထဲထည့္၍ ေမႊပါ။
ထိုေမြထားၿပီးသား အေရာအေႏွာကို ဒန္အိုးတခုခုတြင္ ေရ ၂လီတာႏွင့္အတူ ထည့္၍ ဆူလာသည္အထိ က်ိဳခ်က္ပါ။
ဆူလာသည္ႏွင့္ တၿပိဳင္နက္ က်ိဳခ်က္ျခင္းကို ရပ္တန႔္လိုက္ၿပီး အေအးခံပါ။
ၿပီးလွ်င္ အစိတ္အက်ဲ အေနေတာ္ရွိေသာ စစ္စရာတခုခုႏွင့္ စစ္လိုက္ၿပီး ေလလုံဗူးမ်ားအတြင္း ထည့္သြင္း ထား၍ ေရခဲေသတၱာတြင္း သိမ္းၿပီး ေသာက္သုံးႏိုင္ပါတယ္။
ယင္းက်ိဳခ်က္ထားေသာ ေဖ်ာ္ရည္ကို ေန႔စဥ္ ၁ဖန္ခြက္(250-300ML) အစာမစားမွီ အနည္းဆုံး ၂နာရီေစာ၍
ေသာ္၎ အစာအိမ္တြင္း အစာမရွိေသာအခ်ိန္ နံနက္ ေစာေစာတြင္ေသာ္၎ ေသာက္သုံးႏိုင္ပါသည္။
မေသာက္မွီ ပုလင္း၊ဗူးေအာက္တြင္ အနယ္ထိုင္ေနေသာ သံပ႐ိုႏွင့္ ၾကက္သြန္ျဖဴမ်ားပါ ပါဝင္ေစရန္အတြက္ ေသခ်ာစြာ လႈပ္ၿပီးမွ ေသာက္သုံးပါ။
အလြယ္တကူနဲ႔ ထိေရာက္တဲ့ေဆးမို႔ ကိုယ္တိုင္ေသာက္သုံး ေနရာကေန ျပန္လည္ ေဝငွလိုက္ရပါတယ္။
က်န္းမာေရးလအသိမွ်ေဝသည္….
Crd