အဆစ်တွေ၊ ကြွက်သားတွေနာတဲ့အခါ နာကျင်မှုကို သက်သာစေဖို့ ရေနွေးအိတ် ကပ်မလား၊ ရေခဲကပ်မလား…?
ရေနွေးအိတ် ကပ်မလား၊ ရေခဲကပ်မလား…?
ခန္ဓာကိုယ်မှာ ထိခိုက်မိတဲ့ ဒဏ်တွေ၊ အားကစားလုပ်တာကြောင့် အဆစ်တွေ၊ ကြွက်သားတွေနာတဲ့အခါ နာကျင်မှုကို သက်သာစေဖို့ ရေနွေးအိတ် ကပ်ရမလား၊ ရေခဲဝတ်ပဲ ကပ်ရမလားဆိုပြီး ဇဝေဇဝါဖြစ်ဖူးကြလား။ ဒီတစ်ခါတော့ လုံးဝဇဝေဇဝါ မဖြစ်စေဖို့
ပရိသတ်ကြီးကို ရေခဲအိတ်ကပ်ရမယ့် အခြေအနေတွေနဲ့ ရေနွေးအိတ် ကပ်ရမယ့်အခြေအနေကို ပြောပြပေးချင်ပါတယ်နော်။
ရေခဲသုံးမလား၊ ရေနွေးအိတ် ကပ်မလား
အရှင်းဆုံးပြောပြရရင် နာကျင်မှုက ရောင်ရမ်းမှုနဲ့အတူ ဖြစ်မယ်ဆိုရင်ရေနွေးအိတ် မကပ်သင့်ပါဘူး။ ရေခဲဝတ်ကပ်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ရေခဲက အရောင်ကျစေနိုင်သလို အဆစ်တွေ နာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။
ရေနွေးအိတ် ကပ်တာကတော့ တစ်ရှူးတွေကို ပြေလျော့သက်သာစေနိုင်ပြီး အဆစ်တွေ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ နာကျင်တဲ့နေရာကို လိုက်ပြီးတော့လည်း ရေခဲအိတ်ကပ်ရမလား၊ ရေနွေးအိတ်ကပ်ရမလားဆိုပြီး ကွာခြားနိုင်ပါတယ်နော်။
အဆစ်တွေ ကြွက်သားတွေ နာကျင်မှုက ဒူးခေါင်း၊ ပခုံး၊ လက်မောင်း နဲ့ လက်ချောင်းလေးတွေမှာဖြစ်မယ်၊ အရိုးနုကို ထိခိုက်တာမျိုးဖြစ်မယ်၊ အဆစ်ရောင်နာကြောင့် နာကျင်ရောင်ရမ်းတာမျိုးဖြစ်မယ်ဆိုရင်တော့ ရေခဲအိတ် မကပ်သင့်ပါဘူး။
ရေနွေးအိတ် ကပ်ပေးတာက အဆင်ပြေမှာပါ။ တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး နာတာရှည်အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်တာကို သက်သာစေနိုင်ပါတယ်။
ခြေမအဆစ်၊ ခြေခုံ၊ ခြေချင်းဝတ်၊ ခြေဖနောင့်၊ ဒူး၊ လက်ကောက်ဝတ်၊ လက်မောင်းနဲ့ လက်ချောင်းလေးတွေမှာ ထိခိုက်မယ်။ ဂေါက်ရောဂါကြောင့် နာကျင်ရောင်ရမ်းတာမျိုးဖြစ်မယ်ဆိုရင် ရေခဲအိတ်ကပ်ပေးပါ။ နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေမှာပါ။
ခေါင်းကိုက်တာကြောင့် ဦးခေါင်းနဲ့ ဇက်တဝိုက်က ကြွက်သားတွေ တင်းပြီး ခေါင်းကိုက်နေတာကို သက်သာစေဖို့ဆိုရင်တော့ အကောင်းဆုံးကတော့ ဦးခေါင်းက အကြောလေးတွေပြေလျော့စေဖို့ ရေခဲဝတ်ကပ်ပေးပါ။ ဇက်ကြောတွေ တင်းနေမယ်ဆိုရင်တော့ ရေနွေးဝတ်ကပ်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။
ပေါင်၊ ခြေသလုံး နဲ့ ခါးက ကြွက်သားတွေ တောင့်တင်းနေမယ်။ အရွတ်တွေမှာ ထိခိုက်မိမယ်၊ လှုပ်ရှားမှုမရှိလို့ ညောင်းညာကိုက်ခဲတာမျိုးဖြစ်ဖြစ် လှုပ်ရှားမှုနည်းလို့ တောင့်တင်းနေရင်ဖြစ်ဖြစ် ရေနွေးအိတ် လေးကပ်ပေးတာက သက်သာစေမှာပါ။
နာကျင်မှုနဲ့အတူ တောင့်တင်းနေမယ်၊ ရောင်ရမ်းနီမြန်းနေမယ်ဆိုရင်တော့ အရောင်ကျစေဖို့ရော၊ နာကျင်မှုသက်သာစေဖို့အတွက် အကောင်းဆုံးက ရေခဲဝတ်ကပ်တာပါ။
ဒူး၊ တံတောင်ဆစ်၊ ခြေချင်းဝတ်တို့မှာ ပြင်းထန်စွာ ထိခိုက်မိတာကြောင့် အရွတ်စုတ်တာမျိုးဖြစ်မယ်ဆိုရင်တော့ အရောင်မကျခင် အပိုင်းအခြားမှာ ရေခဲဝတ်ကပ်ပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ဒါပေမယ့် အရောင်ကျသွားပြီ၊ အနာကျက်ဖို့လိုမယ်ဆိုရင်တော့ ရေနွေးအိတ်လေးကပ်ပေးပါ။
ပခုံး၊ တံတောင်ဆစ်၊ ဒူး၊ လက်ကောက်ဝတ်၊ခြေဖနောင့်က အရွတ်တွေထိခိုက်မိပြီး နာကျင်နေတာကို သက်သာစေဖို့ဆိုရင်တော့ ရေခဲဝတ်ကပ်ပေးတာက အသင့်တော်ဆုံးပါ။
အဆစ်တွေကို တွယ်ဆက်ထားတဲ့ အရွတ်တွေမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ ရောင်ရမ်းမှုကို သက်သာစေဖို့ ရေနွေးအိတ်ကပ်ပေးလို့ရပါတယ်။
ရေခဲဝတ်နဲ့ ရေနွေးအိတ်တို့ရဲ့ အားသာချက်
ရေခဲဝတ်ကပ်တာက သွေးကြောတွေကို ကျုံ့သွားစေပြီး ရောင်ရမ်းမှုကို လျော့ပါးစေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။
ရေနွေးအိတ် ကတော့ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ကြွက်သားတွေကို ပြေလျော့စေတယ်။ အဆစ်တွေ နာကျင်မှုကို သက်သာစေနိုင်တယ်။
သတိထားရမယ့် အချက်လေးတွေက
ပူလွန်းရင်ပဲဖြစ်ဖြစ်၊အေးလွန်းရင်ပဲဖြစ်ဖြစ် အသားအရေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ရေနွေးအိတ်ကပ်ရင်ဖြစ်ဖြစ်၊ ရေခဲဝတ်ကပ်ရင်ဖြစ်ဖြစ် သတိထားဖို့ လိုမှာအသေအချာပါ။
ရေနွေးအိတ်ကပ်မယ်ဆိုရင်
အပူချိန်အရမ်းပြင်းမနေစေဖို့ သတိထားပါ။ အသားအရေကို အပူလောင်တာမျိုးမဖြစ်စေဖို့ပါ။
ရေနွေးအိတ်ကို တဘက်နဲ့ ထုပ်ပြီးမှာ အသားမှာကပ်ပေးပါ။
ထိခိုက်ဒဏ်ရာ၊ ပြတ်ရှဒဏ်ရာတွေကို ရေနွေးအိတ်မကပ်ပါနဲ့။
ရေနွေးအိတ်ကို တစ်ခါကပ်ရင် မိနစ် ၂၀ ပဲကပ်ပေးပါ။
ရေခဲဝတ်ကပ်မယ်ဆိုရင် ရေခဲက အေးလွန်းတာကြောင့် အသားအရေ ကျိန်းစပ်တာမျိုးမဖြစ်စေဖို့ ရေခဲတွေကို တဘက်နဲ့ သေချာထုတ်ပြီးမှ ကပ်ပေးပါ။
သွေးစီးဆင်းမှုနည်းတဲ့သူတွေအနေနဲ့ ရေခဲဝတ်မကပ်သင့်ပါဘူး။ အရေပြားကို အရမ်းအေးတဲ့အထိ မကပ်ပါနဲ့။ ရေခဲဝတ်ကို တစ်ခါကပ်ရင် မိနစ် ၂၀ ပဲကပ်ပေးပါ။
ရေခဲဝတ်ကပ်တဲ့အချိန်မှာ ထုံလာရင်၊ အရေပြားနီလာရင်၊ အရည်ကြည်ဖုလေးတွေဖြစ်လာမယ်ဆိုရင် ဆက်မကပ်ပါနဲ့။
ကိုယ်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုအလိုက် ရေနွေးအိတ်နဲ့ ရေခဲဝတ်ကို သင့်တော်သလို ကပ်ကြပါနော်။ နေ့ရက်တိုင်းမှာ နာကျင်ကိုက်ခဲမှုကင်းကြပါစေကြောင်း……………။ ။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Aye Thi Mon
အဆစ္ေတြ၊ ႂကြက္သားေတြနာတဲ့အခါ နာက်င္မႈကို သက္သာေစဖို႔ ေရေႏြးအိတ္ ကပ္မလား၊ ေရခဲကပ္မလား…?
ေရေႏြးအိတ္ ကပ္မလား၊ ေရခဲကပ္မလား…?
ခႏၶာကိုယ္မွာ ထိခိုက္မိတဲ့ ဒဏ္ေတြ၊ အားကစားလုပ္တာေၾကာင့္ အဆစ္ေတြ၊ ႂကြက္သားေတြနာတဲ့အခါ နာက်င္မႈကို သက္သာေစဖို႔ ေရေႏြးအိတ္ ကပ္ရမလား၊ ေရခဲဝတ္ပဲ ကပ္ရမလားဆိုၿပီး ဇေဝဇဝါျဖစ္ဖူးၾကလား။ ဒီတစ္ခါေတာ့ လုံးဝဇေဝဇဝါ မျဖစ္ေစဖို႔
ပရိသတ္ႀကီးကို ေရခဲအိတ္ကပ္ရမယ့္ အေျခအေနေတြနဲ႔ ေရေႏြးအိတ္ ကပ္ရမယ့္အေျခအေနကို ေျပာျပေပးခ်င္ပါတယ္ေနာ္။
ေရခဲသုံးမလား၊ ေရေႏြးအိတ္ ကပ္မလား
အရွင္းဆုံးေျပာျပရရင္ နာက်င္မႈက ေရာင္ရမ္းမႈနဲ႔အတူ ျဖစ္မယ္ဆိုရင္ေရေႏြးအိတ္ မကပ္သင့္ပါဘူး။ ေရခဲဝတ္ကပ္ေပးတာက အဆင္ေျပဆုံးျဖစ္မွာပါ။ ေရခဲက အေရာင္က်ေစနိုင္သလို အဆစ္ေတြ နာက်င္မႈကိုလည္း သက္သာေစနိုင္ပါတယ္။
ေရေႏြးအိတ္ ကပ္တာကေတာ့ တစ္ရႉးေတြကို ေျပေလ်ာ့သက္သာေစနိုင္ၿပီး အဆစ္ေတြ နာက်င္မႈကို သက္သာေစနိုင္ပါတယ္။ နာက်င္တဲ့ေနရာကို လိုက္ၿပီးေတာ့လည္း ေရခဲအိတ္ကပ္ရမလား၊ ေရေႏြးအိတ္ကပ္ရမလားဆိုၿပီး ကြာျခားနိုင္ပါတယ္ေနာ္။
အဆစ္ေတြ ႂကြက္သားေတြ နာက်င္မႈက ဒူးေခါင္း၊ ပခုံး၊ လက္ေမာင္း နဲ႔ လက္ေခ်ာင္းေလးေတြမွာျဖစ္မယ္၊ အရိုးႏုကို ထိခိုက္တာမ်ိဳးျဖစ္မယ္၊ အဆစ္ေရာင္နာေၾကာင့္ နာက်င္ေရာင္ရမ္းတာမ်ိဳးျဖစ္မယ္ဆိုရင္ေတာ့ ေရခဲအိတ္ မကပ္သင့္ပါဘူး။
ေရေႏြးအိတ္ ကပ္ေပးတာက အဆင္ေျပမွာပါ။ တင္းေနတဲ့ ႂကြက္သားေတြကို ေျပေလ်ာ့ေစၿပီး နာတာရွည္အဆစ္အျမစ္ေတြ ေရာင္ရမ္းနာက်င္တာကို သက္သာေစနိုင္ပါတယ္။
ေျခမအဆစ္၊ ေျခခုံ၊ ေျခခ်င္းဝတ္၊ ေျခဖေနာင့္၊ ဒူး၊ လက္ေကာက္ဝတ္၊ လက္ေမာင္းနဲ႔ လက္ေခ်ာင္းေလးေတြမွာ ထိခိုက္မယ္။ ေဂါက္ေရာဂါေၾကာင့္ နာက်င္ေရာင္ရမ္းတာမ်ိဳးျဖစ္မယ္ဆိုရင္ ေရခဲအိတ္ကပ္ေပးပါ။ နာက်င္ေရာင္ရမ္းမႈကို ေလ်ာ့ပါးသက္သာေစမွာပါ။
ေခါင္းကိုက္တာေၾကာင့္ ဦးေခါင္းနဲ႔ ဇက္တဝိုက္က ႂကြက္သားေတြ တင္းၿပီး ေခါင္းကိုက္ေနတာကို သက္သာေစဖို႔ဆိုရင္ေတာ့ အေကာင္းဆုံးကေတာ့ ဦးေခါင္းက အေၾကာေလးေတြေျပေလ်ာ့ေစဖို႔ ေရခဲဝတ္ကပ္ေပးပါ။ ဇက္ေၾကာေတြ တင္းေနမယ္ဆိုရင္ေတာ့ ေရေႏြးဝတ္ကပ္ေပးတာက အဆင္ေျပဆုံးျဖစ္မွာပါ။
ေပါင္၊ ေျခသလုံး နဲ႔ ခါးက ႂကြက္သားေတြ ေတာင့္တင္းေနမယ္။ အရြတ္ေတြမွာ ထိခိုက္မိမယ္၊ လႈပ္ရွားမႈမရွိလို႔ ေညာင္းညာကိုက္ခဲတာမ်ိဳးျဖစ္ျဖစ္ လႈပ္ရွားမႈနည္းလို႔ ေတာင့္တင္းေနရင္ျဖစ္ျဖစ္ ေရေႏြးအိတ္ ေလးကပ္ေပးတာက သက္သာေစမွာပါ။
နာက်င္မႈနဲ႔အတူ ေတာင့္တင္းေနမယ္၊ ေရာင္ရမ္းနီျမန္းေနမယ္ဆိုရင္ေတာ့ အေရာင္က်ေစဖို႔ေရာ၊ နာက်င္မႈသက္သာေစဖို႔အတြက္ အေကာင္းဆုံးက ေရခဲဝတ္ကပ္တာပါ။
ဒူး၊ တံေတာင္ဆစ္၊ ေျခခ်င္းဝတ္တို႔မွာ ျပင္းထန္စြာ ထိခိုက္မိတာေၾကာင့္ အရြတ္စုတ္တာမ်ိဳးျဖစ္မယ္ဆိုရင္ေတာ့ အေရာင္မက်ခင္ အပိုင္းအျခားမွာ ေရခဲဝတ္ကပ္ေပးတာက အဆင္ေျပဆုံးျဖစ္မွာပါ။ ဒါေပမယ့္ အေရာင္က်သြားၿပီ၊ အနာက်က္ဖို႔လိုမယ္ဆိုရင္ေတာ့ ေရေႏြးအိတ္ေလးကပ္ေပးပါ။
ပခုံး၊ တံေတာင္ဆစ္၊ ဒူး၊ လက္ေကာက္ဝတ္၊ေျခဖေနာင့္က အရြတ္ေတြထိခိုက္မိၿပီး နာက်င္ေနတာကို သက္သာေစဖို႔ဆိုရင္ေတာ့ ေရခဲဝတ္ကပ္ေပးတာက အသင့္ေတာ္ဆုံးပါ။
အဆစ္ေတြကို တြယ္ဆက္ထားတဲ့ အရြတ္ေတြမွာ ထိခိုက္ဒဏ္ရာရတဲ့အခါ ေရာင္ရမ္းမႈကို သက္သာေစဖို႔ ေရေႏြးအိတ္ကပ္ေပးလို႔ရပါတယ္။
ေရခဲဝတ္နဲ႔ ေရေႏြးအိတ္တို႔ရဲ့ အားသာခ်က္
ေရခဲဝတ္ကပ္တာက ေသြးေၾကာေတြကို က်ဳံ႕သြားေစၿပီး ေရာင္ရမ္းမႈကို ေလ်ာ့ပါးေစၿပီး နာက်င္မႈကို သက္သာေစနိုင္ပါတယ္။
ေရေႏြးအိတ္ ကေတာ့ ေသြးစီးဆင္းမႈကို ေကာင္းမြန္ေစၿပီး ႂကြက္သားေတြကို ေျပေလ်ာ့ေစတယ္။ အဆစ္ေတြ နာက်င္မႈကို သက္သာေစနိုင္တယ္။
သတိထားရမယ့္ အခ်က္ေလးေတြက
ပူလြန္းရင္ပဲျဖစ္ျဖစ္၊ေအးလြန္းရင္ပဲျဖစ္ျဖစ္ အသားအေရကို ထိခိုက္နိုင္ပါတယ္။ ဒါေၾကာင့္ ေရေႏြးအိတ္ကပ္ရင္ျဖစ္ျဖစ္၊ ေရခဲဝတ္ကပ္ရင္ျဖစ္ျဖစ္ သတိထားဖို႔ လိုမွာအေသအခ်ာပါ။
ေရေႏြးအိတ္ကပ္မယ္ဆိုရင္
အပူခ်ိန္အရမ္းျပင္းမေနေစဖို႔ သတိထားပါ။ အသားအေရကို အပူေလာင္တာမ်ိဳးမျဖစ္ေစဖို႔ပါ။
ေရေႏြးအိတ္ကို တဘက္နဲ႔ ထုပ္ၿပီးမွာ အသားမွာကပ္ေပးပါ။
ထိခိုက္ဒဏ္ရာ၊ ျပတ္ရွဒဏ္ရာေတြကို ေရေႏြးအိတ္မကပ္ပါနဲ႔။
ေရေႏြးအိတ္ကို တစ္ခါကပ္ရင္ မိနစ္ ၂၀ ပဲကပ္ေပးပါ။
ေရခဲဝတ္ကပ္မယ္ဆိုရင္ ေရခဲက ေအးလြန္းတာေၾကာင့္ အသားအေရ က်ိန္းစပ္တာမ်ိဳးမျဖစ္ေစဖို႔ ေရခဲေတြကို တဘက္နဲ႔ ေသခ်ာထုတ္ၿပီးမွ ကပ္ေပးပါ။
ေသြးစီးဆင္းမႈနည္းတဲ့သူေတြအေနနဲ႔ ေရခဲဝတ္မကပ္သင့္ပါဘူး။ အေရျပားကို အရမ္းေအးတဲ့အထိ မကပ္ပါနဲ႔။ ေရခဲဝတ္ကို တစ္ခါကပ္ရင္ မိနစ္ ၂၀ ပဲကပ္ေပးပါ။
ေရခဲဝတ္ကပ္တဲ့အခ်ိန္မွာ ထုံလာရင္၊ အေရျပားနီလာရင္၊ အရည္ၾကည္ဖုေလးေတြျဖစ္လာမယ္ဆိုရင္ ဆက္မကပ္ပါနဲ႔။
ကိုယ္ျဖစ္တဲ့ နာက်င္ကိုက္ခဲမႈအလိုက္ ေရေႏြးအိတ္နဲ႔ ေရခဲဝတ္ကို သင့္ေတာ္သလို ကပ္ၾကပါေနာ္။ ေန႔ရက္တိုင္းမွာ နာက်င္ကိုက္ခဲမႈကင္းၾကပါေစေၾကာင္း……………။ ။
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win | ေရးသားသူ Aye Thi Mon