ကြွက်နို့ပေါက်လို့ စိတ်ညစ်နေပါသလား
အောက်ပါနည်းလမ်းဟာ ကြွက်နို့ပေါက်တာကို အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။
ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ကြွက်နို့နဲ့ တိုက်ရိုက်ကပ်ကာ အပေါ်မှ ပလတ်စတာနဲ့ ကပ်ထားပေးပါ။ ကြွက်နို့မှ အရည်ကြည်ဖုတွေ ထွက်လာပြီး တစ်ပတ်အတွင်း ကွာကျသွားနိုင်ပါတယ်။ နေ့စဉ်နေ့တိုင်း ကြက်သွန်ဖြူကို အသစ်လဲလှယ်ရမှာဖြစ်ပြီး ကျန်တဲ့အသားတွေကို မထိမိအောင် ဂရုစိုက်ရပါမယ်။ ကြွက်နို့ပေါက်တဲ့နေရာနားတစ်ဝိုက် ကြက်သွန်နံ့နံနေရင် ရေနံဂျယ်လီကို လိမ်းပေးနိုင်ပါတယ်။
ဒေါက်တာခင်မိုးမိုး
(Good Health Journal 583)
ဒေါက်တာခင်မိုးမိုး