အနံ့ပျောက်ရင် ဘာလုပ်မယ်၊ကိုယ့်ဟာကိုယ် Home Q မယ်

မနေ့က သူငယ်ချင်းတစ်ယောက် အနံ့ပျောက်လို့ ဆေးရုံကို သွားစစ်နေတယ်ပြောတယ်(ခုတော့ P ထွက်သွားပါပြီ )
ပြဿနာက အနံ့ပျောက်တာ P ထွက်တာမဟုတ်ဘူး။ ဘာကပြဿနာလဲဆို အိမ်မှာကြိတ်ကုကြတာ။ သူတောင်ကြိတ်မှိတ်ပြီး သွားမစစ်ဘဲနေသေးတယ်တဲ့။ တူတူနေတဲ့ သူ့အဖေ လူကြီးကိုသနားလို့ ကူးမှာစိုးလို့ ဆေးရုံကို ရောက်သွားတာတဲ့။
ပြောချင်တာက သူသူကိုယ်ကိုယ် ကြိတ်ကုတဲ့သူ ပေါမယ်ဆိုတာ သေချာနေပြီ။
ဆေးရုံရောက်ရင် တော်တော်နဲ့ပြန်မဆင်းရမှာ ကြောက်တာရယ်၊ အိမ်ကို ဝတ်ဖြူစင်ကြယ်တွေ ချိတ်လာပိတ်မှာရယ်၊ ပတ်ဝန်းကျင်ရဲ့ ဘာလားညာလားတွေမခံချင်တာရယ် စတဲ့ စတဲ့ အချက်တွေနဲ့ မသွားကြဘဲ ကြိတ်ဆော်နေကြတာ မနည်းလောက်တော့ဘူး။
ဆရာဝန်တွေကိုယ်တိုင်က Positive သမားကို ဆေးရုံမတင်ဖို့ Home Q ထားဖို့ ဝိုင်းပြောနေချိန်၊ ကိုယ်ကလဲ ထောက်ခံတဲ့ဖက်ကဆိုတော့ ဆေးရုံကို ဝန်မပိစေဘဲ ကိုယ့်ဟာကိုယ်နေချင်တယ်ဆို ဘယ်လိုလုပ်သင့်တယ် ရေးပေးပါမယ်။
ဘယ်လိုအနေအထားတွေမှာလုပ်ရမလဲ ….
အနံ့ပျောက်မယ် ဖျားမယ် Positive သမားနဲ့Contact နီးနီးစပ်စပ်ရှိခဲ့မယ်၊ ၅ မိနစ်အထက်ရှိခဲ့မယ်
(Contact က အစိုးရ အပြည့်အစုံမလိုက်နိုင်ပါ၊ ကိုယ်သာအသိဆုံးမို့ပါ) ဒီလိုအနေအထား တစ်ခုရှိရင်ဘာပဲဖြစ်ဖြစ် ကိုယ်ဟာကိုယ် ၁၄ ရက် Q ပါ။
ဘယ်လို Q မလဲ ….
– အိမ်မှာ အခန်းသတ်သတ်ရှိရင် ခွဲနေပါ၊ တခြားဘယ်သူမှ အခန်းထဲမဝင်ပါစေနဲ့။
– အခန်းသတ်သတ်မရှိရင် လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ကန့်ပြီးနေပါ။ ပြတင်းပေါက်အမြဲဖွင့်ထားပါ။ အနီးကို ဘယ်သူမှ မလာပါစေနဲ့။
– ကိုယ်တိုင် Mask ကိုဖြစ်နိုင်ရင် အမြဲတပ်ထားပါ။ အနားကို ဘယ်သူမှ မလာရင်၊ အလုံပိတ်အခန်းဆိုရင် မတပ်လို့ ရပါတယ်။
– နေ့စဉ်စားသောက်စရာကို အခန်းဝ ချထားခိုင်းပြီး လူကိုပြန်သွားခိုင်းပါ။ လူမရှိမှ ထွက်ယူပါ။ အခြားပစ္စည်းများယူလျှင်လဲ တူတူပါပဲ
– စားပြီးပန်းကန်ထည့်ရန် အခန်းဝတွင် ဆပ်ပြာရည်ထည့်ကာ အမြုပ်ထအောင်လုပ်ထားသော ဇလုံတစ်ခုထားပေးပါ။ ဇလုံထဲသို့ စားပြီး ပန်းကန်ခွက်ယောက်များကို တန်းထည့်ပါ။ နာရီဝက်ကျော်မှာ အိမ်မှသူများ လာယူပါစေ
– ဝတ်ထားသောအဝတ်များကိုထည့်ရန် နှစ်ရက်တစ်ခါခန့် အခန်းဝတွင် ဆပ်ပြာရည်ထည့်ကာ အမြုပ်ထအောင်လုပ်ထားသော ပုံးတစ်ခုထားပေးပြီး အဆိုပါပုံးအတွင်းသို့ အဝတ်များ တန်းထည့်ပါ။ နာရီဝက်ကျော်မှ အိမ်မှသူများ လာယူပါစေ
– အိမ်သာ ရေချိုးခန်းသွားမယ်ဆို အိမ်သားတွေကို အကုန်ရှောင်နေခိုင်းပါ။ ကိုယ်ဖြတ်သွားချိန် ဘယ်သူမှ အနားမလာပါစေနဲ့။ Mask တပ်သွားပါ။ လမ်းတွင် ဟိုကိုင်ဒီကိုင်မလုပ်ပါနှင့်
– နေ့စဉ် စီဗစ် 500mg (MPF BPI ဆိုလျှင် ၅ လုံး) အထိ သောက်နိုင်ပါသည်။
– အားဆေးများအား ကြောက်လန့်တကြား အလွန်အကျွံမသောက်ပါနှင့်။ အရမ်းသောက်ချင်လျှင် ကြိုက်ရာတစ်မျိုးကိုသာ တစ်နေ့တစ်လုံးသာ သောက်ပါ။ အမျိုးစုံ ၄-၅မျိုးကို တစ်လုံးစီမသောက်ပါနဲ့၊ တစ်မျိုးတည်းကိုလဲ တစ်နေ့ ၂လုံး ၃ လုံးမသောက်ပါနဲ့။ အားဆေးသောက်ခြင်းကို အားမပေးပါ။
(ဘာလို့ပြောလဲဆို သူငယ်ချင်းသောက်တဲ့အားဆေးရဲ့ ဗူးပေါ်မှာ တစ်နေ့နှစ်ကြိမ်သောက်ပါလို့ရေးထားလို့ပဲ၊ ပြီးတော့ သူ့အားဆေးက Vit C ကို တစ်လုံးမှာ 1000 mg နဲ့ အခြားဟာတွေပါတယ်တဲ့၊ မလိုတာကြီးကို Vit C တစ်နေ့ 2000 mg သောက်ခိုင်းနေတာ ဆေးများများရောင်းရအောင်ပဲဖြစ်မယ်။ မလွယ်ဘူး ဆေးကုမ္ပဏီတွေလဲ)
– ပါရာစီတမော ဖြစ်နိုင်လျှင် မသောက်ဖို့ တိုက်တွန်းပါသည်။
အဖျားရှိလျှင်တောင် အဖျားမကြီးလျှင်မသောက်ပါနှင့်။ ပါရာစီတမောဝင်လျှင် အသည်းက ပိုအလုပ်လုပ်ရပါသည်၊ အစာအိမ်ထိပါသည်။ ကိုဗစ်ကြောင့် ခန္ဓာကိုယ် ဗျာများနေချိန်တွင် အခြားအလုပ်များ ဖြစ်နိုင်သလောက်မပေးပါနှင့်။ ပါရာစီတမောသည် ကိုယ်ပူ ခေတ္တကျစေတာဖြစ်ပြီး ကိုဗစ်ကိုမပျောက်စေ မသက်သာစေနိုင်ပါ။(ဘာလို့ပြောလဲဆို ကိုဗစ်ကြောက်လို့ဆိုပြီး နေတိုင်းပါရာစီတမော သောက်တယ်ဆိုသည့်သူပါ ကြုံခဲ့ဖူးလို့ဖြစ်သည်။ သိပ်သောက်ချင်ရင် နေ့စဉ်စီဗစ်ပြောင်းသောက်ပါ ပြောလိုက်ရသည်)
– အခြားဘာဆေးလိုလဲဆို ဘာဆေးမှ မလိုပါ။ ၇၀ ရာခိုင်နှုန်းကျော်မှာ လုံးဝမဖျားဘဲ လူကောင်းအတိုင်းသာ ကိုဗစ်ပျောက်သွားသောကြောင့်ဖြစ်သည်။
– အားရှိစေရန်အတွက် ကြက်ဥ၊ အသားငါး၊ ဟင်းသီးဟင်းရွက် မျှတစွာစားသုံးပါ။ ကိုယ်အလေးချိန်တက်လောက်အောင် မစားပါနှင့်။ အသီးအရွက်များများစားပါ၊ ကိုယ်ခံအားတက်စေမည့် ဗီတာမင်နှင့် အခြားဓါတ်များသည် အသီးအရွက်များတွင်အဓိကပါသည် အားဆေးမလိုပါ။ရေများများသောက်ပါ
– နေ့စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။ ၂နာရီခန့်ကြာအောင် နားလိုက် လုပ်လိုက်ဖြင့် ချွေးပြိုက်ပြိုက်ထွက်သည်အထိလုပ်ပါ။ လေ့ကျင့်ခန်းသည် ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်သော ကိုယ်ခံအားပိုကောင်းလာစေသည်။
– အသက်ရှူလေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ အဆုံးအထိ ရှူသွင်းပြီး ဖြေးညှင်းစွာ ရှူထုတ်သည်ကို ၁၅ မိနစ် နာရီဝက်ခန့် နေ့စဉ်လုပ်ပေးပါ။
– ဆေးလိပ်အရက်သောက်သူများ ဖြတ်ထားပါ။
– နွေးနွေးထွေးထွေးနေပါ။ အအေးမခံပါနှင့်၊ အဲကွန်းရှေ့ ပန်ကာရှေ့ တိုက်ရိုက်လေထိသည့်နေရာ မနေပါနှင့်၊ မအိပ်ပါနှင့်။ အေးစက်ခြင်းသည် ကိုယ်ခံအားကိုကျစေသည်။ ရေချိုးလျှင် ရေနွေးဖြင့်ချိုးလျှင်ပိုကောင်းသည်။ ညအိပ်လျှင် ရင်ဘတ်ကို စောင်တင်ပြီးအိပ်လျှင် နွေးနွေးထွေးထွေးထားလျှင်ပိုကောင်းသည်။
– ဖျားလျှင် တန်းပြီး ဆေးရုံသွားရမလားဆို မလိုပါဘူးခင်ဗျာ။
– ဘယ်အချိန် ဆေးရုံသွားရမလဲဆို ကိုယ်ပူချိန် အရမ်းတက်သွားလျှင်၊ အသက်ရှူကြပ်လာရင်ဆေးရုံကို ဖုန်းဆက်ခေါ်ပါ။ အနံ့ပျောက်သည် ဘာညာဆိုလျှင် ဝတ်ဖြူစင်ကြယ်များရောက်လာပါလိမ့်မည်။ (ကိုယ်ပူချိန်အရမ်းတက်သည်ကို ဘယ်လိုသိမလဲဆိုလျှင် အိပ်လျှင် ညဉ်းပါသည်၊ ကယောင်ကတမ်းတွေပြောပါသည်)
– အသက်ရှူကြပ်လျှင် ဆေးရုံကားမလာခင် ဘာမှ လျှောက်မလုပ်ပါနှင့် မှောက်ရက် နေပါ။ မှောက်နေလျှင် သက်သာပါသည် တကမ္ဘာလုံး ထိုနည်းသာသုံးပါသည်။
– မိမိမှာ ဆီးချို သွေးတိုး နှလုံး အသည်း ကင်ဆာ စသည့်ရောဂါကြီးများ အခံရှိလျှင်၊ ဆေးလိပ်အလွန်အကျွန်သောက်သူဖြစ်လျှင်၊ အသက် ၇၀ အထက်ဖြစ်လျှင် အိမ်မှာ မနေသင့်ပါ၊ အနံ့ပျောက်သည်နှင့် ဆေးရုံသို့ တန်းသွားပါ။
– အိမ်မှာ အသက်ရ၀ အထက် လူကြီး၊ ရောဂါအခံရှိသည့်လူကြီးရှိလျှင် မကူးစေရန် ပိုပြီးသတိထားပါ
– အနံ့ပျောက်ပြီး ၁၄ ရက်ပြည့်လို့ အိမ်မှာ Q နေစဉ် ဘာမှမဖြစ်ဘူးဆိုလျှင် ထွက်လို့ရပါပြီ။ မိမိအခန်းကို နေရောင်ပြပါ။ လေဝင်လေထွက်ကောင်းအောင် ၁ ရက်ထားပါ (အေးသောဒေသဆိုလျှင် ၃ ရက်ထားပါ)။ သိပ်လုပ်ချင်ရင် အိပ်ယာခင်း ခေါင်းအုံးစသည်ကို လျှော်ပြီး အခန်းကို Dettol စသည့် ဆပ်ပြာဖြင့် သန့်ရှင်းရေးလုပ်ပါ။ ကိုယ်တိုင်လုပ်ပါ။ အခြားသူကို မခိုင်းပါနှင့်။
အဲကွန်းရှိလျှင် အဲကွန်း လေစစ်ဇကာကို သေချာဆေးရန် အရေးကြီးသည်
ဘာလို့ ဒါကိုရေးရလဲဆိုရင် ကူးခံရလို့ ခိုးပြီး ကြိတ် Q နေတဲ့သူတွေ တကယ်ရှိလာပါပြီ။ ပြဿနာက ကြိတ်ပြီး ပုန်းနေစဉ်မှာ မြန်မြန်ပျောက်အောင်ဆိုပြီး မဟုတ်တဲ့ ဆေးတွေလျှောက်သောက်နေတာပါ။ နောက်ပြီး ဘယ်လိုနေရထိုင်ရမယ်မသိရင် အကုန်လျှောက်ကူးကုန်ပါလိမ့်မယ်။ ဒါကြောင့် ကြိတ်ကုမယ့်သူများ အတွက်ရော ဆေးကုသရေး ဝန်ထမ်းများ မနိုင်ဝန်ထမ်းနေရခြင်းမှ ဝန်ထုတ်ဝန်ပိုးလျော့ကျစေရေးအတွက် အထောက်အကူဖြစ်စေရေးရောကြောင့် ရေးရခြင်းဖြစ်ပါသည်။
လူတိုင်း ကိုယ့်အသိစိတ်နဲ့ကိုယ် ထိန်းသိမ်းနိုင်ပါစေ။ ကိုယ့်ကြောင့် ရောဂါမပြန့်ပါစေနှင့်။
ကိုဗစ်ရောဂါ ကိုယ့်ဆီကို ကူးလာခြင်းသည် ဘယ်သူ့အပြစ်မှမဟုတ်ပေ။ ကိုယ်လဲ သိလိုက်မည်မဟုတ်ပေ။ ဒါပေမယ့် သူများကို များများပြန်မကူးအောင် ထိန်းသိမ်းနိုင်ခြင်းသည် သင့်လက်ထဲတွင်ရှိသည်။
ဒေါက်တာကျော်ကျော်စိုင်း (M.B.,B.S. IM1)
အနံ့ေပ်ာက္ရင္ ဘာလုပ္မယ္၊ကိုယ့္ဟာကိုယ္ Home Q မယ္

မေန႔က သူငယ္ခ်င္းတစ္ေယာက္ အနံ့ေပ်ာက္လို႔ ေဆး႐ုံကို သြားစစ္ေနတယ္ေျပာတယ္(ခုေတာ့ P ထြက္သြားပါၿပီ )
ျပႆနာက အနံ့ေပ်ာက္တာ P ထြက္တာမဟုတ္ဘူး။ ဘာကျပႆနာလဲဆို အိမ္မွာႀကိတ္ကုၾကတာ။ သူေတာင္ႀကိတ္မွိတ္ၿပီး သြားမစစ္ဘဲေနေသးတယ္တဲ့။ တူတူေနတဲ့ သူ႔အေဖ လူႀကီးကိုသနားလို႔ ကူးမွာစိုးလို႔ ေဆး႐ုံကို ေရာက္သြားတာတဲ့။
ေျပာခ်င္တာက သူသူကိုယ္ကိုယ္ ႀကိတ္ကုတဲ့သူ ေပါမယ္ဆိုတာ ေသခ်ာေနၿပီ။
ေဆး႐ုံေရာက္ရင္ ေတာ္ေတာ္နဲ႔ျပန္မဆင္းရမွာ ေၾကာက္တာရယ္၊ အိမ္ကို ဝတ္ျဖဴစင္ၾကယ္ေတြ ခ်ိတ္လာပိတ္မွာရယ္၊ ပတ္ဝန္းက်င္ရဲ့ ဘာလားညာလားေတြမခံခ်င္တာရယ္ စတဲ့ စတဲ့ အခ်က္ေတြနဲ႔ မသြားၾကဘဲ ႀကိတ္ေဆာ္ေနၾကတာ မနည္းေလာက္ေတာ့ဘူး။
ဆရာဝန္ေတြကိုယ္တိုင္က Positive သမားကို ေဆး႐ုံမတင္ဖို႔ Home Q ထားဖို႔ ဝိုင္းေျပာေနခ်ိန္၊ ကိုယ္ကလဲ ေထာက္ခံတဲ့ဖက္ကဆိုေတာ့ ေဆး႐ုံကို ဝန္မပိေစဘဲ ကိုယ့္ဟာကိုယ္ေနခ်င္တယ္ဆို ဘယ္လိုလုပ္သင့္တယ္ ေရးေပးပါမယ္။
ဘယ္လိုအေနအထားေတြမွာလုပ္ရမလဲ ….
အနံ့ေပ်ာက္မယ္ ဖ်ားမယ္ Positive သမားနဲ႔Contact နီးနီးစပ္စပ္ရွိခဲ့မယ္၊ ၅ မိနစ္အထက္ရွိခဲ့မယ္
(Contact က အစိုးရ အျပည့္အစုံမလိုက္နိုင္ပါ၊ ကိုယ္သာအသိဆုံးမို႔ပါ) ဒီလိုအေနအထား တစ္ခုရွိရင္ဘာပဲျဖစ္ျဖစ္ ကိုယ္ဟာကိုယ္ ၁၄ ရက္ Q ပါ။
ဘယ္လို Q မလဲ ….
– အိမ္မွာ အခန္းသတ္သတ္ရွိရင္ ခြဲေနပါ၊ တျခားဘယ္သူမွ အခန္းထဲမဝင္ပါေစနဲ႔။
– အခန္းသတ္သတ္မရွိရင္ ေလဝင္ေလထြက္ေကာင္းတဲ့ေနရာမွာ ကန္႔ၿပီးေနပါ။ ျပတင္းေပါက္အျမဲဖြင့္ထားပါ။ အနီးကို ဘယ္သူမွ မလာပါေစနဲ႔။
– ကိုယ္တိုင္ Mask ကိုျဖစ္နိုင္ရင္ အျမဲတပ္ထားပါ။ အနားကို ဘယ္သူမွ မလာရင္၊ အလုံပိတ္အခန္းဆိုရင္ မတပ္လို႔ ရပါတယ္။
– ေန႔စဥ္စားေသာက္စရာကို အခန္းဝ ခ်ထားခိုင္းၿပီး လူကိုျပန္သြားခိုင္းပါ။ လူမရွိမွ ထြက္ယူပါ။ အျခားပစၥည္းမ်ားယူလၽွင္လဲ တူတူပါပဲ
– စားၿပီးပန္းကန္ထည့္ရန္ အခန္းဝတြင္ ဆပ္ျပာရည္ထည့္ကာ အျမဳပ္ထေအာင္လုပ္ထားေသာ ဇလုံတစ္ခုထားေပးပါ။ ဇလုံထဲသို႔ စားၿပီး ပန္းကန္ခြက္ေယာက္မ်ားကို တန္းထည့္ပါ။ နာရီဝက္ေက်ာ္မွာ အိမ္မွသူမ်ား လာယူပါေစ
– ဝတ္ထားေသာအဝတ္မ်ားကိုထည့္ရန္ ႏွစ္ရက္တစ္ခါခန္႔ အခန္းဝတြင္ ဆပ္ျပာရည္ထည့္ကာ အျမဳပ္ထေအာင္လုပ္ထားေသာ ပုံးတစ္ခုထားေပးၿပီး အဆိုပါပုံးအတြင္းသို႔ အဝတ္မ်ား တန္းထည့္ပါ။ နာရီဝက္ေက်ာ္မွ အိမ္မွသူမ်ား လာယူပါေစ
– အိမ္သာ ေရခ်ိဳးခန္းသြားမယ္ဆို အိမ္သားေတြကို အကုန္ေရွာင္ေနခိုင္းပါ။ ကိုယ္ျဖတ္သြားခ်ိန္ ဘယ္သူမွ အနားမလာပါေစနဲ႔။ Mask တပ္သြားပါ။ လမ္းတြင္ ဟိုကိုင္ဒီကိုင္မလုပ္ပါႏွင့္
– ေန႔စဥ္ စီဗစ္ 500mg (MPF BPI ဆိုလၽွင္ ၅ လုံး) အထိ ေသာက္နိုင္ပါသည္။
– အားေဆးမ်ားအား ေၾကာက္လန္႔တၾကား အလြန္အကၽြံမေသာက္ပါႏွင့္။ အရမ္းေသာက္ခ်င္လၽွင္ ႀကိဳက္ရာတစ္မ်ိဳးကိုသာ တစ္ေန႔တစ္လုံးသာ ေသာက္ပါ။ အမ်ိဳးစုံ ၄-၅မ်ိဳးကို တစ္လုံးစီမေသာက္ပါနဲ႔၊ တစ္မ်ိဳးတည္းကိုလဲ တစ္ေန႔ ၂လုံး ၃ လုံးမေသာက္ပါနဲ႔။ အားေဆးေသာက္ျခင္းကို အားမေပးပါ။
(ဘာလို႔ေျပာလဲဆို သူငယ္ခ်င္းေသာက္တဲ့အားေဆးရဲ့ ဗူးေပၚမွာ တစ္ေန႔ႏွစ္ႀကိမ္ေသာက္ပါလို႔ေရးထားလို႔ပဲ၊ ၿပီးေတာ့ သူ႔အားေဆးက Vit C ကို တစ္လုံးမွာ 1000 mg နဲ႔ အျခားဟာေတြပါတယ္တဲ့၊ မလိုတာႀကီးကို Vit C တစ္ေန႔ 2000 mg ေသာက္ခိုင္းေနတာ ေဆးမ်ားမ်ားေရာင္းရေအာင္ပဲျဖစ္မယ္။ မလြယ္ဘူး ေဆးကုမၸဏီေတြလဲ)
– ပါရာစီတေမာ ျဖစ္နိုင္လၽွင္ မေသာက္ဖို႔ တိုက္တြန္းပါသည္။
အဖ်ားရွိလၽွင္ေတာင္ အဖ်ားမႀကီးလၽွင္မေသာက္ပါႏွင့္။ ပါရာစီတေမာဝင္လၽွင္ အသည္းက ပိုအလုပ္လုပ္ရပါသည္၊ အစာအိမ္ထိပါသည္။ ကိုဗစ္ေၾကာင့္ ခႏၶာကိုယ္ ဗ်ာမ်ားေနခ်ိန္တြင္ အျခားအလုပ္မ်ား ျဖစ္နိုင္သေလာက္မေပးပါႏွင့္။ ပါရာစီတေမာသည္ ကိုယ္ပူ ေခတၱက်ေစတာျဖစ္ၿပီး ကိုဗစ္ကိုမေပ်ာက္ေစ မသက္သာေစနိုင္ပါ။(ဘာလို႔ေျပာလဲဆို ကိုဗစ္ေၾကာက္လို႔ဆိုၿပီး ေနတိုင္းပါရာစီတေမာ ေသာက္တယ္ဆိုသည့္သူပါ ၾကဳံခဲ့ဖူးလို႔ျဖစ္သည္။ သိပ္ေသာက္ခ်င္ရင္ ေန႔စဥ္စီဗစ္ေျပာင္းေသာက္ပါ ေျပာလိုက္ရသည္)
– အျခားဘာေဆးလိုလဲဆို ဘာေဆးမွ မလိုပါ။ ၇၀ ရာခိုင္ႏႈန္းေက်ာ္မွာ လုံးဝမဖ်ားဘဲ လူေကာင္းအတိုင္းသာ ကိုဗစ္ေပ်ာက္သြားေသာေၾကာင့္ျဖစ္သည္။
– အားရွိေစရန္အတြက္ ၾကက္ဥ၊ အသားငါး၊ ဟင္းသီးဟင္းရြက္ မၽွတစြာစားသုံးပါ။ ကိုယ္အေလးခ်ိန္တက္ေလာက္ေအာင္ မစားပါႏွင့္။ အသီးအရြက္မ်ားမ်ားစားပါ၊ ကိုယ္ခံအားတက္ေစမည့္ ဗီတာမင္ႏွင့္ အျခားဓါတ္မ်ားသည္ အသီးအရြက္မ်ားတြင္အဓိကပါသည္ အားေဆးမလိုပါ။ေရမ်ားမ်ားေသာက္ပါ
– ေန႔စဥ္ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းလုပ္ပါ။ ၂နာရီခန္႔ၾကာေအာင္ နားလိုက္ လုပ္လိုက္ျဖင့္ ေခၽြးၿပိဳက္ၿပိဳက္ထြက္သည္အထိလုပ္ပါ။ ေလ့က်င့္ခန္းသည္ ဗိုင္းရပ္စ္ကို တိုက္ထုတ္နိုင္ေသာ ကိုယ္ခံအားပိုေကာင္းလာေစသည္။
– အသက္ရႉေလ့က်င့္ခန္းမွန္မွန္လုပ္ပါ။ အဆုံးအထိ ရႉသြင္းၿပီး ေျဖးညႇင္းစြာ ရႉထုတ္သည္ကို ၁၅ မိနစ္ နာရီဝက္ခန္႔ ေန႔စဥ္လုပ္ေပးပါ။
– ေဆးလိပ္အရက္ေသာက္သူမ်ား ျဖတ္ထားပါ။
– ေႏြးေႏြးေထြးေထြးေနပါ။ အေအးမခံပါႏွင့္၊ အဲကြန္းေရွ႕ ပန္ကာေရွ႕ တိုက္ရိုက္ေလထိသည့္ေနရာ မေနပါႏွင့္၊ မအိပ္ပါႏွင့္။ ေအးစက္ျခင္းသည္ ကိုယ္ခံအားကိုက်ေစသည္။ ေရခ်ိဳးလၽွင္ ေရေႏြးျဖင့္ခ်ိဳးလၽွင္ပိုေကာင္းသည္။ ညအိပ္လၽွင္ ရင္ဘတ္ကို ေစာင္တင္ၿပီးအိပ္လၽွင္ ေႏြးေႏြးေထြးေထြးထားလၽွင္ပိုေကာင္းသည္။
– ဖ်ားလၽွင္ တန္းၿပီး ေဆး႐ုံသြားရမလားဆို မလိုပါဘူးခင္ဗ်ာ။
– ဘယ္အခ်ိန္ ေဆး႐ုံသြားရမလဲဆို ကိုယ္ပူခ်ိန္ အရမ္းတက္သြားလၽွင္၊ အသက္ရႉၾကပ္လာရင္ေဆး႐ုံကို ဖုန္းဆက္ေခၚပါ။ အနံ့ေပ်ာက္သည္ ဘာညာဆိုလၽွင္ ဝတ္ျဖဴစင္ၾကယ္မ်ားေရာက္လာပါလိမ့္မည္။ (ကိုယ္ပူခ်ိန္အရမ္းတက္သည္ကို ဘယ္လိုသိမလဲဆိုလၽွင္ အိပ္လၽွင္ ညဥ္းပါသည္၊ ကေယာင္ကတမ္းေတြေျပာပါသည္)
– အသက္ရႉၾကပ္လၽွင္ ေဆး႐ုံကားမလာခင္ ဘာမွ ေလၽွာက္မလုပ္ပါႏွင့္ ေမွာက္ရက္ ေနပါ။ ေမွာက္ေနလၽွင္ သက္သာပါသည္ တကမၻာလုံး ထိုနည္းသာသုံးပါသည္။
– မိမိမွာ ဆီးခ်ိဳ ေသြးတိုး ႏွလုံး အသည္း ကင္ဆာ စသည့္ေရာဂါႀကီးမ်ား အခံရွိလၽွင္၊ ေဆးလိပ္အလြန္အကၽြန္ေသာက္သူျဖစ္လၽွင္၊ အသက္ ၇၀ အထက္ျဖစ္လၽွင္ အိမ္မွာ မေနသင့္ပါ၊ အနံ့ေပ်ာက္သည္ႏွင့္ ေဆး႐ုံသို႔ တန္းသြားပါ။
– အိမ္မွာ အသက္၇၀ အထက္ လူႀကီး၊ ေရာဂါအခံရွိသည့္လူႀကီးရွိလၽွင္ မကူးေစရန္ ပိုၿပီးသတိထားပါ
– အနံ့ေပ်ာက္ၿပီး ၁၄ ရက္ျပည့္လို႔ အိမ္မွာ Q ေနစဥ္ ဘာမွမျဖစ္ဘူးဆိုလၽွင္ ထြက္လို႔ရပါၿပီ။ မိမိအခန္းကို ေနေရာင္ျပပါ။ ေလဝင္ေလထြက္ေကာင္းေအာင္ ၁ ရက္ထားပါ (ေအးေသာေဒသဆိုလၽွင္ ၃ ရက္ထားပါ)။ သိပ္လုပ္ခ်င္ရင္ အိပ္ယာခင္း ေခါင္းအုံးစသည္ကို ေလၽွာ္ၿပီး အခန္းကို Dettol စသည့္ ဆပ္ျပာျဖင့္ သန္႔ရွင္းေရးလုပ္ပါ။ ကိုယ္တိုင္လုပ္ပါ။ အျခားသူကို မခိုင္းပါႏွင့္။
အဲကြန္းရွိလၽွင္ အဲကြန္း ေလစစ္ဇကာကို ေသခ်ာေဆးရန္ အေရးႀကီးသည္
ဘာလို႔ ဒါကိုေရးရလဲဆိုရင္ ကူးခံရလို႔ ခိုးၿပီး ႀကိတ္ Q ေနတဲ့သူေတြ တကယ္ရွိလာပါၿပီ။ ျပႆနာက ႀကိတ္ၿပီး ပုန္းေနစဥ္မွာ ျမန္ျမန္ေပ်ာက္ေအာင္ဆိုၿပီး မဟုတ္တဲ့ ေဆးေတြေလၽွာက္ေသာက္ေနတာပါ။ ေနာက္ၿပီး ဘယ္လိုေနရထိုင္ရမယ္မသိရင္ အကုန္ေလၽွာက္ကူးကုန္ပါလိမ့္မယ္။ ဒါေၾကာင့္ ႀကိတ္ကုမယ့္သူမ်ား အတြက္ေရာ ေဆးကုသေရး ဝန္ထမ္းမ်ား မနိုင္ဝန္ထမ္းေနရျခင္းမွ ဝန္ထုတ္ဝန္ပိုးေလ်ာ့က်ေစေရးအတြက္ အေထာက္အကူျဖစ္ေစေရးေရာေၾကာင့္ ေရးရျခင္းျဖစ္ပါသည္။
လူတိုင္း ကိုယ့္အသိစိတ္နဲ႔ကိုယ္ ထိန္းသိမ္းနိုင္ပါေစ။ ကိုယ့္ေၾကာင့္ ေရာဂါမျပန္႔ပါေစႏွင့္။
ကိုဗစ္ေရာဂါ ကိုယ့္ဆီကို ကူးလာျခင္းသည္ ဘယ္သူ႔အျပစ္မွမဟုတ္ေပ။ ကိုယ္လဲ သိလိုက္မည္မဟုတ္ေပ။ ဒါေပမယ့္ သူမ်ားကို မ်ားမ်ားျပန္မကူးေအာင္ ထိန္းသိမ္းနိုင္ျခင္းသည္ သင့္လက္ထဲတြင္ရွိသည္။
ေဒါက္တာေက်ာ္ေက်ာ္စိုင္း (M.B.,B.S. IM1)



