က်မၼာေရး ဗဟုသုတ

နှလုံးကျန်းမာရေးအပြင် အခြားရောဂါတွေအတွက်ပါ ဆေးဖက်ဝင်အကျိုးများတဲ့ အာတာလွတ်ဥ

နှလုံးကျန်းမာရေးအပြင် အခြားရောဂါတွေအတွက်ပါ ဆေးဖက်ဝင်အကျိုးများတဲ့ အာတာလွတ်ဥ

အာဟာရနဲ့ ဆေးဖက်ဝင်အာနိသင်များတဲ့ အာတာလွတ်

အာတာလွတ်ဥလေးကိုပြုတ်၊ ဆီလေးဆားလေးနဲ့ စားရတာ အရသာဆိမ့်ဆိမ့်လေးရယ်။ မြန်မာ့အစားအစာတွေထဲမှာ နေရာတစ်နေရာယူထားတဲ့ အာတာလွတ်က ဆေးဖက်ဝင်တယ်လို့လည်း လူကြီးတွေပြောဖူးပါတယ်။ အာတာလွတ်မှာပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ဆေးဖက်ဝင်အာနိသင်တွေကို သိပ္ပံပညာလေ့လာမှုအထောက်အထားတွေလည်း တွေ့ရှိထားပါတယ်။

အာတာလွတ်မှာ ကာဗိုဟိုက်ဒရိတ်၊ဗီတာမင် ဘီတွေ အပြင် ကယ်လ်စီယမ်၊ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဖော့စ်ဖရပ်စ်တို့လိုသတ္တုဓာတ်တွေကြွယ်ဝတယ်။ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တွေလည်း ပါဝင်တော့ အာဟာရအတော်ပြည့်စုံပါတယ်။ဆေးဖက်ဝင်အကျိုးကျေးဇူးတွေက ဘာတွေလဲ။

အစာကြေတယ်

အစာခြေစနစ်မှာ အမျှင်ဓာတ်က အရေးပါဆုံးထဲပါဝင်ပါတယ်။ အမျှင်ဓာတ်က အူလမ်းကြောင်းထဲမှာ အစာတွေရွေ့လျားမှုကောင်းမွန်စေပြီး အာဟာရဓာတ်တွေစုပ်ယူနိုင်အောင်နှိုးဆွပေးပါတယ်။ သူက ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေကို ပျောက်ကင်းစေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ အမျှင်ဓာတ်ကြောင့်ပဲ ပိုလျှံနေတဲ့ ကိုလက်စထရောတွေကို ရှင်းလင်းပေးပြီး နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

နှလုံးကျန်းမာရေးအတွက်ကောင်းတယ်

ပိုတက်စီယမ်ပါဝင်မှုပမာဏများလို့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါဝေဒနာတွေရန်က အကာအကွယ်ဖြစ်စေပါတယ်။ ပိုတက်စီယမ်က နှလုံးသွေးလွှတ်ကြောတွေနဲ့ သွေးပြန်ကြောတွေကို ပြေလျော့စေပြီး သွေးဖိအားကိုကျစေတယ်၊ နှလုံးရောဂါနဲ့လေဖြတ်ခြင်း အန္တရာယ်ကို လျော့နည်းစေပါတယ်။

သန္ဓေသားအတွက်ကောင်းတယ်

ဖောလိတ်ဓာတ်ပါဝင်မှုများလို့ ကိုယ်ဝန်ဆောင်တွေစားရင် မွေးလာမယ့်ကလေးမှာ ချို့ယွင်းချက်ပါလာနိုင်ခြေနည်းစေပါတယ်။ ဖောလိတ်ဓာတ်က ဒီအင်န်အေဖြစ်တည်မှုနဲ့ ဆဲလ်ကျန်းမာရေးတွေမှာအရေးကြီးတဲ့ဓာတ်ဖြစ်ပြီး ဖွံ့ဖြိုးမှုကိုလည်း မြှင့်တင်ပေးပါတယ်။

ကြီးထွားဖွံ့ဖြိုးမှုကို အားပေးတယ်

အာတာလွတ်ဥမှာ ပရိုတင်းက ထိုက်သင့်သလောက်ပါရှိပါတယ်။ အသားကရတဲ့ပရိုတင်းတွေထက် အသီးအနှံ၊သစ်ဥသစ်ဖုကရတဲ့ ပရိုတင်းကို ခန္ဓာကိုယ်က စုပ်ယူချက်လုပ်ရတာပိုလွယ်တာမို့ အဆင်ပြေပါတယ်။ ဒါ့ကြောင့် ဒီလိုပရိုတင်းမျိုးစားပေးခြင်းဖြင့် ကျန်းမာတဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုရနိုင်မှာပါ။

ကိုယ်အလေးချိန်ကျစေတယ်

အာလူး၊ ပီလောပီနံ တို့လို တခြားဥတွေထက် ကယ်လိုရီနည်းတဲ့ အာတာလွတ်က diet လုပ်တဲ့နေရာမှာပိုသင့်တော်ပါတယ်။ အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်ပါတဲ့ အာတာလွတ်ကိုတွဲစားရင်ပဲ ဝိတ်ချအစားလျှော့တဲ့အစီအစဉ်မှာ ပိုအကျိုးထူးနိုင်ပါတယ်။ အဆာပြေအနေနဲ့ စားလည်းရတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုကုသပေးတယ်

အာတာလွတ်ရဲ့ဆေးဖက်ဝင်အာနိသင်ကြောင့် ဆီးအိမ်ပိုးဝင်ခြင်းနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသပေးနိူင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း မကြာခဏဖြစ်တတ်တဲ့အမျိုးသမီးတွေ အာတာလွတ်စားပေးသင့်ပါတယ်။

ကိုယ်ခံအားမြင့်စေတယ်

အာတာလွတ်မှာပါတဲ့ သတ္တုဓာတ်တွေက အားနည်းခြင်း၊ နွမ်းနယ်ခြင်းနဲ့ ဦးနှောက်ဉာဏ်ရည်ဆိုင်ရာပြဿနာတွေကို တွန်းလှန်ရာမှာ အများဆုံးအကျိုးပြုပါတယ်။ ကိုယ်တွင်းအင်္ဂါစနစ်တွေအတွင်း အောက်စီဂျင်ပေးပို့မှုပိုကောင်းစေပြီး ခွန်အားလည်းမြင့်တက်စေပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကို ပိုကောင်းစေတယ်

ဗီတာမင်ဘီ ပါဝင်မှုမြင့်မားလို့ အင်ဇိုင်းနဲ့ဇီဝကမ္မဖြစ်စဉ်အတွက် အရေးပါလှပါတယ်။ ဗီတာမင်ဘီအုပ်စုဟာ ဟော်မုန်းတွေကအစ နှလုံးခုန်နှုန်းအထိ ခန္ဓာကိုယ်အနှံ့ လုပ်ဆောင်ချက်ဖြစ်စဉ်တွေကို ထိန်းညှိရာမှာအရမ်းကိုအရေးပါတာဖြစ်ပါတယ်။ ကယ်လ်စီယမ်ကြွယ်ဝတာကြောင့်လည်း ခန္ဓာကိုယ်ထဲက အယ်ကာလိုင်းအက်စစ်ထိန်းညှိမှုအတွက် အရေးပါပါတယ်။

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Thura Htayaung

via: ဖေအောင် / Hello ဆရာဝန်

photo – credit

ႏွလံုးက်န္းမာေရးအျပင္ အျခားေရာဂါေတြအတြက္ပါ ေဆးဖက္ဝင္အက်ိဳးမ်ားတဲ့ အာတာလြတ္ဥ

အာဟာရနဲ႔ ေဆးဖက္ဝင္အာနိသင္မ်ားတဲ့ အာတာလြတ္

အာတာလြတ္ဥေလးကိုျပဳတ္၊ ဆီေလးဆားေလးနဲ႔ စားရတာ အရသာဆိမ့္ဆိမ့္ေလးရယ္။ ျမန္မာ့အစားအစာေတြထဲမွာ ေနရာတစ္ေနရာယူထားတဲ့ အာတာလြတ္က ေဆးဖက္ဝင္တယ္လို႔လည္း လူႀကီးေတြေျပာဖူးပါတယ္။ အာတာလြတ္မွာပါဝင္တဲ့ အာဟာရဓာတ္ေတြနဲ႔ ေဆးဖက္ဝင္အာနိသင္ေတြကို သိပၸံပညာေလ့လာမႈအေထာက္အထားေတြလည္း ေတြ႕ရွိထားပါတယ္။

အာတာလြတ္မွာ ကာဗိုဟိုက္ဒရိတ္၊ဗီတာမင္ ဘီေတြ အျပင္ ကယ္လ္စီယမ္၊ပိုတက္စီယမ္၊ မဂၢနီဆီယမ္၊ ဆိုဒီယမ္၊ ေဖာ့စ္ဖရပ္စ္တို႔လိုသတၱဳဓာတ္ေတြႂကြယ္ဝတယ္။ အမၽွင္ဓာတ္နဲ႔ ပရိုတင္းဓာတ္ေတြလည္း ပါဝင္ေတာ့ အာဟာရအေတာ္ျပည့္စုံပါတယ္။ေဆးဖက္ဝင္အက်ိဳးေက်းဇူးေတြက ဘာေတြလဲ။

အစာေၾကတယ္

အစာေျခစနစ္မွာ အမၽွင္ဓာတ္က အေရးပါဆုံးထဲပါဝင္ပါတယ္။ အမၽွင္ဓာတ္က အူလမ္းေၾကာင္းထဲမွာ အစာေတြေရြ႕လ်ားမႈေကာင္းမြန္ေစၿပီး အာဟာရဓာတ္ေတြစုပ္ယူနိုင္ေအာင္ႏွိုးဆြေပးပါတယ္။ သူက ဝမ္းခ်ဳပ္တာ၊ ဝမ္းေလၽွာတာေတြကို ေပ်ာက္ကင္းေစၿပီး ေသြးတြင္းသၾကားဓာတ္ကိုလည္း ထိန္းညႇိေပးပါတယ္။ အမၽွင္ဓာတ္ေၾကာင့္ပဲ ပိုလၽွံေနတဲ့ ကိုလက္စထေရာေတြကို ရွင္းလင္းေပးၿပီး ႏွလုံးေသြးေၾကာက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။

ႏွလုံးက်န္းမာေရးအတြက္ေကာင္းတယ္

ပိုတက္စီယမ္ပါဝင္မႈပမာဏမ်ားလို႔ ႏွလုံးနဲ႔ပတ္သက္တဲ့ေရာဂါေဝဒနာေတြရန္က အကာအကြယ္ျဖစ္ေစပါတယ္။ ပိုတက္စီယမ္က ႏွလုံးေသြးလႊတ္ေၾကာေတြနဲ႔ ေသြးျပန္ေၾကာေတြကို ေျပေလ်ာ့ေစၿပီး ေသြးဖိအားကိုက်ေစတယ္၊ ႏွလုံးေရာဂါနဲ႔ေလျဖတ္ျခင္း အႏၲရာယ္ကို ေလ်ာ့နည္းေစပါတယ္။

သေႏၶသားအတြက္ေကာင္းတယ္

ေဖာလိတ္ဓာတ္ပါဝင္မႈမ်ားလို႔ ကိုယ္ဝန္ေဆာင္ေတြစားရင္ ေမြးလာမယ့္ကေလးမွာ ခ်ိဳ႕ယြင္းခ်က္ပါလာနိုင္ေျခနည္းေစပါတယ္။ ေဖာလိတ္ဓာတ္က ဒီအင္န္ေအျဖစ္တည္မႈနဲ႔ ဆဲလ္က်န္းမာေရးေတြမွာအေရးႀကီးတဲ့ဓာတ္ျဖစ္ၿပီး ဖြံ့ၿဖိဳးမႈကိုလည္း ျမႇင့္တင္ေပးပါတယ္။

ႀကီးထြားဖြံ့ၿဖိဳးမႈကို အားေပးတယ္

အာတာလြတ္ဥမွာ ပရိုတင္းက ထိုက္သင့္သေလာက္ပါရွိပါတယ္။ အသားကရတဲ့ပရိုတင္းေတြထက္ အသီးအႏွံ၊သစ္ဥသစ္ဖုကရတဲ့ ပရိုတင္းကို ခႏၶာကိုယ္က စုပ္ယူခ်က္လုပ္ရတာပိုလြယ္တာမို႔ အဆင္ေျပပါတယ္။ ဒါ့ေၾကာင့္ ဒီလိုပရိုတင္းမ်ိဳးစားေပးျခင္းျဖင့္ က်န္းမာတဲ့ ခႏၶာကိုယ္ဖြံ့ၿဖိဳးမႈကိုရနိုင္မွာပါ။

ကိုယ္အေလးခ်ိန္က်ေစတယ္

အာလူး၊ ပီေလာပီနံ တို႔လို တျခားဥေတြထက္ ကယ္လိုရီနည္းတဲ့ အာတာလြတ္က diet လုပ္တဲ့ေနရာမွာပိုသင့္ေတာ္ပါတယ္။ အာဟာရဓာတ္ေတြနဲ႔ အမၽွင္ဓာတ္ပါတဲ့ အာတာလြတ္ကိုတြဲစားရင္ပဲ ဝိတ္ခ်အစားေလၽွာ့တဲ့အစီအစဥ္မွာ ပိုအက်ိဳးထူးနိုင္ပါတယ္။ အဆာေျပအေနနဲ႔ စားလည္းရတယ္။

ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းကိုကုသေပးတယ္

အာတာလြတ္ရဲ့ေဆးဖက္ဝင္အာနိသင္ေၾကာင့္ ဆီးအိမ္ပိုးဝင္ျခင္းနဲ႔ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းကို ကုသေပးနိူင္ပါတယ္။ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း မၾကာခဏျဖစ္တတ္တဲ့အမ်ိဳးသမီးေတြ အာတာလြတ္စားေပးသင့္ပါတယ္။

ကိုယ္ခံအားျမင့္ေစတယ္

အာတာလြတ္မွာပါတဲ့ သတၱဳဓာတ္ေတြက အားနည္းျခင္း၊ ႏြမ္းနယ္ျခင္းနဲ႔ ဦးေႏွာက္ဥာဏ္ရည္ဆိုင္ရာျပႆနာေတြကို တြန္းလွန္ရာမွာ အမ်ားဆုံးအက်ိဳးျပဳပါတယ္။ ကိုယ္တြင္းအဂၤါစနစ္ေတြအတြင္း ေအာက္စီဂ်င္ေပးပို႔မႈပိုေကာင္းေစၿပီး ခြန္အားလည္းျမင့္တက္ေစပါတယ္။

ဇီဝကမၼျဖစ္စဥ္ကို ပိုေကာင္းေစတယ္

ဗီတာမင္ဘီ ပါဝင္မႈျမင့္မားလို႔ အင္ဇိုင္းနဲ႔ဇီဝကမၼျဖစ္စဥ္အတြက္ အေရးပါလွပါတယ္။ ဗီတာမင္ဘီအုပ္စုဟာ ေဟာ္မုန္းေတြကအစ ႏွလုံးခုန္ႏႈန္းအထိ ခႏၶာကိုယ္အႏွံ့ လုပ္ေဆာင္ခ်က္ျဖစ္စဥ္ေတြကို ထိန္းညႇိရာမွာအရမ္းကိုအေရးပါတာျဖစ္ပါတယ္။ ကယ္လ္စီယမ္ႂကြယ္ဝတာေၾကာင့္လည္း ခႏၶာကိုယ္ထဲက အယ္ကာလိုင္းအက္စစ္ထိန္းညႇိမႈအတြက္ အေရးပါပါတယ္။

ေရးသားသူ Yun Sandi Nan Mon

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

Thura Htayaung

via: ေဖေအာင္ / Hello ဆရာ၀န္

photo – credit