က်မၼာေရး ဗဟုသုတ

ခန္ဓါကိုယ်မှာ ဗီတာမင် A ချို့တဲ့လာတဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြလာတတ်လဲ

ခန္ဓါကိုယ်မှာ ဗီတာမင် A ချို့တဲ့လာတဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြလာတတ်လဲ

ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်လည်ပတ်နိုင်ဖို့အတွက် ဗီတာမင်တွေက မရှိမဖြစ်လိုအပ်ပါတယ်။ အမြင်အားကောင်းဖို့၊ ကျန်းမာတဲ့အသားအရေအတွက် ဗီတာမင်အေ လိုအပ်ပါတယ်။ အစားအစာအများစုမှာတော့ ဗီတာမင်အေတွေ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်၊ ကြီးထွားဖို့ အရှိန်ယူနေတဲ့ကလေးတွေမှာ ဗီတာမင်အေ ချို့တဲ့လို့မဖြစ်ပါဘူး။ ခန္ဓါကိုယ်မှာ ဗီတာမင်အေ ချို့တဲ့လာပြီ ဆိုရင်တော့ လက္ခဏာတွေ ပြလာတတ်ပါတယ်။

၁။ အသားအရေခြောက်လာခြင်း

အရေပြားက တစ်ရှူးတွေကို ပြန်လည်ပြုပြင်ဖို့အတွက် ဗီတာမင်အေကို လိုအပ်ပါတယ်။ အသားအရေစိုပြည်ဖို့ဆိုရင် ရေဓါတ်ပြည့်နေဖို့လည်း လိုပါသေးတယ်။ ဗီတာမင်အေ ချို့တဲ့ပြီဆိုရင် အသားအရေက ခြောက်လာပြီး ယားလာတတ်ပါတယ်။

၂။ အမြင်အာရုံဝါးလာခြင်း

ညအမှောင်ချိန်မှာ အရာဝတ္ထုတွေကို ပုံမှန် ထက်ပိုပြီး ဝါးဝါးပဲမြင်ရတာကလည်း ဗီတာမင်အေ ချို့တဲ့ခြင်းရဲ့ လက္ခဏာပါပဲ။

၃။ ဝက်ခြံ

ဗီတာမင်အေ ချို့တဲ့လာတဲ့အခါ အသားအရေတွေ ခြောက်လာတဲ့အပြင် ဝက်ခြံတွေကိုပါ ဖြစ်လာစေပါတယ်။

၄။ ကိုယ်ဝန်ဆောင်ချိန်မှာ အခက်အခဲတွေ့နိုင်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာလည်း ဗီတာမင်အေချို့တဲ့တာက အန္တရာယ်များပါတယ်။ ဗီတာမင်အေပါဝင်တဲ့ အစားအစာကို စားပေးခြင်းက သန္ဓေသားအတွက် အကျိုးရှိစေပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ဗီတာမင်အေ ချို့တဲ့ခြင်းက ဆက်စပ်နေပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေက ဗီတာမင်အေပါဝင်တဲ့ အစားအသောက်တွေကို စားပေးဖို့ လိုပါတယ်။

၅။ အနာမကျက်လွယ်ခြင်း

ခန္ဓါကိုယ်မှာ ကော်လဂျင်ထုတ်လုပ်မှုကြောင့် အနာတွေက အချိန်တိုအတွင်း ကျက်သွားတာပါ။ ဗီတာမင်အေက ကော်လဂျင်ထုတ်လုပ်မှုကို ကူညီပေးပါတယ်။ ဗီတာမင်အေ ကြွယ်ဝတဲ့အစားအစာတွေကတော့ မုန်လာဥနီ၊ လိမ္မော်သီး၊ နွားနို့နဲ့ အနီရောင်အသားတွေပါ။

၆။ ကြီးထွားမှု နှေးကွေးခြင်း

ဗီတာမင်အေက ကလေးတွေရဲ့ အမြင်အာရုံတိုးတက်မှု၊ ခန္ဓါကိုယ်ကြီးထွားမှု၊ ကိုယ်ခံအားစနစ်ကောင်းမွန်မှုအတွက် အရေးပါတာကြောင့် ဗီတာမင်အေပါဝင်တဲ့ အစားအစာတွေကို ကျွေးသင့်ပါတယ်။ ဗီတာမင်အေ ချို့တဲ့တဲ့အခါ ကလေးက ကြီးထွားဖို့ အားမယူနိုင်ဘဲ ညှက်သွားတတ်ပါတယ်။

၇။ မျက်ရည်ခမ်းခြောက်ခြင်း

ဗီတာမင်အေ ချို့တဲ့အခါ အရေးကြီးဆုံး လက္ခဏာတစ်ခုကတော့ မျက်ရည်မထုတ်နိုင်တော့တာပါ။ မျက်ရည်ခမ်းခြောက်ခြင်းက မျက်ကြည်လွှာခမ်းခြောက်ပြီး အမြင်အာရုံဆုံးရှုံးနိုင်ပါတယ်။

ဗီတာမင်အေ ပါဝင်တဲ့အစားအစာများ

ကြက်ဥ – ကြက်ဥပြုတ်မှာ ဗီတာမင်အေ ၈% ပါဝင်လို့ နေ့စဉ်စားပေးသင့်ပါတယ်။

ဆော်လမွန်ငါး – ဆော်လမွန်ငါး ၁၀၀ ဂရမ်မှာ ဗီတာမင်အေ ၁၄၉% ရာခိုင်နှုန်းပါဝင်ပြီး ဒီပမာဏက တစ်နေ့တာလိုအပ်တဲ့ ပမာဏပါ။

ဟင်းနုနွယ်ရွက် – ဟင်းနုနွယ်ရွက်ဟင်းတစ်ခွက်မှာ ဗီတာမင်အေ ၁၀၅% ပါဝင်ပါတယ်။

ကန်စွန်းဥ – ခန္ဓါကိုယ်မှာ ဗီတာမင်အေပြည့်ဝနေဖို့အတွက် ကန်စွန်းဥကို မကြာခဏစားပေးသင့်ပါတယ်။

မုန်လာဥနီ – မုန်လာဥနီမှာ ဗီတာမင်အေ ၁၄၈ % ပါဝင်ပါတယ်။

Credit:Zombie (Love Media)

ခႏၶါကိုယ္မွာ ဗီတာမင္ A ခ်ိဳ႕တဲ့လာတဲ့အခါ ဘယ္လိုလကၡဏာေတြ ျပလာတတ္လဲ

ခႏၶါကိုယ္ရဲ႕ လုပ္ငန္းေဆာင္တာေတြ ပုံမွန္လည္ပတ္ႏိုင္ဖို႔အတြက္ ဗီတာမင္ေတြက မရွိမျဖစ္လိုအပ္ပါတယ္။ အျမင္အားေကာင္းဖို႔၊ က်န္းမာတဲ့အသားအေရအတြက္ ဗီတာမင္ေအ လိုအပ္ပါတယ္။ အစားအစာအမ်ားစုမွာေတာ့ ဗီတာမင္ေအေတြ ပါဝင္ပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္၊ ႀကီးထြားဖို႔ အရွိန္ယူေနတဲ့ကေလးေတြမွာ ဗီတာမင္ေအ ခ်ိဳ႕တဲ့လို႔မျဖစ္ပါဘူး။ ခႏၶါကိုယ္မွာ ဗီတာမင္ေအ ခ်ိဳ႕တဲ့လာၿပီ ဆိုရင္ေတာ့ လကၡဏာေတြ ျပလာတတ္ပါတယ္။

၁။ အသားအေရေျခာက္လာျခင္း

အေရျပားက တစ္ရႉးေတြကို ျပန္လည္ျပဳျပင္ဖို႔အတြက္ ဗီတာမင္ေအကို လိုအပ္ပါတယ္။ အသားအေရစိုျပည္ဖို႔ဆိုရင္ ေရဓါတ္ျပည့္ေနဖို႔လည္း လိုပါေသးတယ္။ ဗီတာမင္ေအ ခ်ိဳ႕တဲ့ၿပီဆိုရင္ အသားအေရက ေျခာက္လာၿပီး ယားလာတတ္ပါတယ္။

၂။ အျမင္အာ႐ုံဝါးလာျခင္း

ညအေမွာင္ခ်ိန္မွာ အရာဝတၳဳေတြကို ပုံမွန္ ထက္ပိုၿပီး ဝါးဝါးပဲျမင္ရတာကလည္း ဗီတာမင္ေအ ခ်ိဳ႕တဲ့ျခင္းရဲ႕ လကၡဏာပါပဲ။

၃။ ဝက္ၿခံ

ဗီတာမင္ေအ ခ်ိဳ႕တဲ့လာတဲ့အခါ အသားအေရေတြ ေျခာက္လာတဲ့အျပင္ ဝက္ၿခံေတြကိုပါ ျဖစ္လာေစပါတယ္။

၄။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အခက္အခဲေတြ႕ႏိုင္ျခင္း

ကိုယ္ဝန္ေဆာင္ခ်ိန္မွာလည္း ဗီတာမင္ေအခ်ိဳ႕တဲ့တာက အႏၲရာယ္မ်ားပါတယ္။ ဗီတာမင္ေအပါဝင္တဲ့ အစားအစာကို စားေပးျခင္းက သေႏၶသားအတြက္ အက်ိဳးရွိေစပါတယ္။ ကိုယ္ဝန္ပ်က္က်ျခင္းနဲ႔ ဗီတာမင္ေအ ခ်ိဳ႕တဲ့ျခင္းက ဆက္စပ္ေနပါတယ္။ အဲဒါေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္ေတြက ဗီတာမင္ေအပါဝင္တဲ့ အစားအေသာက္ေတြကို စားေပးဖို႔ လိုပါတယ္။

၅။ အနာမက်က္လြယ္ျခင္း

ခႏၶါကိုယ္မွာ ေကာ္လဂ်င္ထုတ္လုပ္မႈေၾကာင့္ အနာေတြက အခ်ိန္တိုအတြင္း က်က္သြားတာပါ။ ဗီတာမင္ေအက ေကာ္လဂ်င္ထုတ္လုပ္မႈကို ကူညီေပးပါတယ္။ ဗီတာမင္ေအ ႂကြယ္ဝတဲ့အစားအစာေတြကေတာ့ မုန္လာဥနီ၊ လိေမၼာ္သီး၊ ႏြားႏို႔နဲ႔ အနီေရာင္အသားေတြပါ။

၆။ ႀကီးထြားမႈ ေႏွးေကြးျခင္း

ဗီတာမင္ေအက ကေလးေတြရဲ႕ အျမင္အာ႐ုံတိုးတက္မႈ၊ ခႏၶါကိုယ္ႀကီးထြားမႈ၊ ကိုယ္ခံအားစနစ္ေကာင္းမြန္မႈအတြက္ အေရးပါတာေၾကာင့္ ဗီတာမင္ေအပါဝင္တဲ့ အစားအစာေတြကို ေကြၽးသင့္ပါတယ္။ ဗီတာမင္ေအ ခ်ိဳ႕တဲ့တဲ့အခါ ကေလးက ႀကီးထြားဖို႔ အားမယူႏိုင္ဘဲ ညႇက္သြားတတ္ပါတယ္။

၇။ မ်က္ရည္ခမ္းေျခာက္ျခင္း

ဗီတာမင္ေအ ခ်ိဳ႕တဲ့အခါ အေရးႀကီးဆုံး လကၡဏာတစ္ခုကေတာ့ မ်က္ရည္မထုတ္ႏိုင္ေတာ့တာပါ။ မ်က္ရည္ခမ္းေျခာက္ျခင္းက မ်က္ၾကည္လႊာခမ္းေျခာက္ၿပီး အျမင္အာ႐ုံဆုံးရႈံးႏိုင္ပါတယ္။

ဗီတာမင္ေအ ပါဝင္တဲ့အစားအစာမ်ား

ၾကက္ဥ – ၾကက္ဥျပဳတ္မွာ ဗီတာမင္ေအ ၈% ပါဝင္လို႔ ေန႔စဥ္စားေပးသင့္ပါတယ္။

ေဆာ္လမြန္ငါး – ေဆာ္လမြန္ငါး ၁၀၀ ဂရမ္မွာ ဗီတာမင္ေအ ၁၄၉% ရာခိုင္ႏႈန္းပါဝင္ၿပီး ဒီပမာဏက တစ္ေန႔တာလိုအပ္တဲ့ ပမာဏပါ။

ဟင္းႏုႏြယ္႐ြက္ – ဟင္းႏုႏြယ္႐ြက္ဟင္းတစ္ခြက္မွာ ဗီတာမင္ေအ ၁၀၅% ပါဝင္ပါတယ္။

ကန္စြန္းဥ – ခႏၶါကိုယ္မွာ ဗီတာမင္ေအျပည့္ဝေနဖို႔အတြက္ ကန္စြန္းဥကို မၾကာခဏစားေပးသင့္ပါတယ္။

မုန္လာဥနီ – မုန္လာဥနီမွာ ဗီတာမင္ေအ ၁၄၈ % ပါဝင္ပါတယ္။

Credit:Zombie (Love Media)