ၾကားသိရသမွ်

အေမစုနဲ႔ျမန္မာျပည္သူေတြရဲ႕အေရးအတြက္ လမ္းေပၚထြက္ၿပီး အားမာန္အျပည့္နဲ႔ ေႂကြးေၾကာ္ေပးခဲ့ၾကတဲ့ ဆြစ္ဇာလန္ျပည္သူေတြရဲ႕ဆႏၵထုတ္ေဖာ္ပြဲဗီဒီယိုဖိုင္

Zawgyi

အေမစုနဲ႔ျမန္မာျပည္သူေတြရဲ႕အေရးအတြက္ လမ္းေပၚထြက္ၿပီး အားမာန္အျပည့္နဲ႔ ေႂကြးေၾကာ္ေပးခဲ့ၾကတဲ့ ဆြစ္ဇာလန္ျပည္သူေတြရဲ႕ဆႏၵထုတ္ေဖာ္ပြဲဗီဒီယိုဖိုင္

ေဖေဖာ္ဝါရီလ (၁) ရက္ေန႔ကတည္းက ေျပာင္းလဲမႈေတြ စတင္ျဖစ္ေပၚခဲ့တဲ့ ျမန္မာႏိုင္ငံရဲ႕အေျခအေနကို ႏိုင္ငံတကာအသိုင္းအဝိုင္းကလည္း စိတ္ဝင္တစား ေစာင့္ၾကည့္ေနၾကဆဲ ျဖစ္ပါတယ္ ။

ျမန္မာႏိုင္ငံမွာ အျပစ္မဲ့တဲ့ျပည္သူေတြ အသက္ဆုံးရႈံးေနရတာကို စာနာနားလည္တဲ့ ျပည္ပႏိုင္ငံေတြကေတာ့ ျမန္မာျပည္သူေတြဘက္ကေန ရပ္တည္ေပးခဲ့တာ ျဖစ္ပါတယ္ ။

သူတို႔က ျမန္မာျပည္သူေတြနဲ႔အတူ တစ္သားတည္းရွိေနေၾကာင္း နည္းလမ္းမ်ိဳးစုံနဲ႔ အားေပးခဲ့ၾကတာ ျဖစ္ပါတယ္ ။

ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ဆြစ္ဇာလန္ႏိုင္ငံ၊ Basel ၿမိဳ႕မွာ ျမန္မာ့အေရးအတြက္ ဆႏၵထုတ္ေဖာ္ပြဲတစ္ခု ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္ ။

ဆြစ္ဇာလန္ျပည္သူေတြက ျမန္မာ့အေရးအတြက္ လမ္းေပၚထြက္ၿပီး အားမာန္အျပည့္နဲ႔ ေႂကြးေၾကာ္ေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္ ။

သူတို႔က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို လႊတ္ေပးဖို႔အတြက္ပါ ဆႏၵျပေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

ဆြစ္ဇာလန္ျပည္သူေတြက “Save Myanmar, Save Burma, Free Aung San Su Kyi” ဆိုၿပီး ေႂကြးေၾကာ္ရင္း ဆႏၵေဖာ္ထုတ္ခဲ့ၾကတာ ျဖစ္ပါတယ္ ။

အမ်ားစုက ဆိုင္းဘုတ္ေတြ၊ပိုစတာေတြ ကိုင္ေဆာင္ၿပီး လမ္းေလွ်ာက္ခ်ီတက္လာၾကသလို တစ္ခ်ိဳ႕ကလည္း သံပုံးတီးရင္း လိုက္ပါလာၾကတာ ျဖစ္ပါတယ္ ။

ျမန္မာႏိုင္ငံအေပၚမွာထားရွိတဲ့ ဆြစ္ဇာလန္ျပည္သူေတြရဲ႕ေစတနာကို ျမန္မာျပည္သူေတြကလည္း ေလးစားခ်ီးက်ဴးၿပီး ေက်းဇူးတင္ေနၾကတာ ျဖစ္ပါတယ္ ။

ျမန္မာ့အေရးအတြက္ ဆႏၵျပခဲ့ၾကတဲ့ ဆြစ္ဇာလန္ျပည္သူေတြရဲ႕ဗီဒီယိုကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Unicode

အမေစုနဲ့မြန်မာပြည်သူတွေရဲ့အရေးအတွက် လမ်းပေါ်ထွက်ပြီး အားမာန်အပြည့်နဲ့ ကြွေးကြော်ပေးခဲ့ကြတဲ့ ဆွစ်ဇာလန်ပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်ပွဲဗီဒီယိုဖိုင်

ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ် ။

မြန်မာနိုင်ငံမှာ အပြစ်မဲ့တဲ့ပြည်သူတွေ အသက်ဆုံးရှုံးနေရတာကို စာနာနားလည်တဲ့ ပြည်ပနိုင်ငံတွေကတော့ မြန်မာပြည်သူတွေဘက်ကနေ ရပ်တည်ပေးခဲ့တာ ဖြစ်ပါတယ် ။

သူတို့က မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်းရှိနေကြောင်း နည်းလမ်းမျိုးစုံနဲ့ အားပေးခဲ့ကြတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဆွစ်ဇာလန်နိုင်ငံ၊ Basel မြို့မှာ မြန်မာ့အရေးအတွက် ဆန္ဒထုတ်ဖော်ပွဲတစ်ခု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။

ဆွစ်ဇာလန်ပြည်သူတွေက မြန်မာ့အရေးအတွက် လမ်းပေါ်ထွက်ပြီး အားမာန်အပြည့်နဲ့ ကြွေးကြော်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။

သူတို့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့အတွက်ပါ ဆန္ဒပြတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်ပြည်သူတွေက “Save Myanmar, Save Burma, Free Aung San Su Kyi” ဆိုပြီး ကြွေးကြော်ရင်း ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ် ။

အများစုက ဆိုင်းဘုတ်တွေ၊ပိုစတာတွေ ကိုင်ဆောင်ပြီး လမ်းလျှောက်ချီတက်လာကြသလို တစ်ချို့ကလည်း သံပုံးတီးရင်း လိုက်ပါလာကြတာ ဖြစ်ပါတယ် ။

မြန်မာနိုင်ငံအပေါ်မှာထားရှိတဲ့ ဆွစ်ဇာလန်ပြည်သူတွေရဲ့စေတနာကို မြန်မာပြည်သူတွေကလည်း လေးစားချီးကျူးပြီး ကျေးဇူးတင်နေကြတာ ဖြစ်ပါတယ် ။ မြန်မာ့အရေးအတွက် ဆန္ဒပြခဲ့ကြတဲ့ ဆွစ်ဇာလန်ပြည်သူတွေရဲ့ဗီဒီယိုကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။