8.7.2021 ရက်မှစတင်ပြီး တပတ်အတွင်းကားလမ်းရေကျော်ခြင်း တောင်များ ပြိုကျခြင်းမြစ်ရေများလျှံပြီးရေကြီးခြင်းရေစီးဆင်းမှု့မကောင်းသောနေရာများတွင် ပြည့်လျှံရေကြီးခြင်းဖြစ်စဉ်များမြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေမှာ တပတ်အတွင်းဖြစ်လာနိုင်သည်ကိုကြိုတင်အသိပေးခြင်း
သဘာဝဘေးဆိုတာ ကြိုတင်သိရှိကာကွယ်နိုင်ရင် ဆုံးရှုံးမှု့လည်းနည်းနိုင်ပါတယ်
လေထုက တသတ်မတ်ထဲသွားနေတာမဟုတ်ပါအမြဲပြောင်းလည်းနေပါတယ်ဒါပေမဲ့ လက်ရှိလေထု အနေအထားနဲ့တွက်ချက် ပြီးဖြစ်နိုင်ခြေကိုခန့်မှန်းတာပါ

ဒါကြောင့် ကြိုတင်အသိပေးတော့မယ်လို့ဆုံးဖြတ်ပြီး ဒီသတိပေးချက်ကိုရေးသားလိုက်တာပါ
အဓိကဖြစ်စဉ်က ဟိုင်နန်ကျွန်းက 97wပါသူရဲ့ ရွေ့လျှားမှု့က မြောက်ဘက်ကိုပါများရင်တရုတ်ပြည်ထဲကိုဝင်နိုင်ပြီးအနောက်ဘက်ကို အားများလာရင် ဗီယက်နန်နိုင်ငံ မြောက်ဘက်ဟနွိုန်းမြို့ဘက်ဝင်နိုင်တယ်
ဗီယက်နန်ပင်လယ်ဘက်ကို ဝင်တာနဲ့လေဖိအားနည်းလည်း လေထုဖိအားတွေဆက်တိုက်ကျဆင်းပြီး မုန်တိုင်ငယ်အဆင့်လေတိုက်နှုန် 30mphကျော်သွားနိုင်တယ်အနောက်ဘက်ကို အားပြုပြီးရွှေလာနိုင်တယ်

ဒါဆိုရင် လက်ရှိ ဆွဲခေါ်နေတဲ့ မုတ်သုန်လေကိုပြန်ပြီး သက်ရောက်မှု့တွေရှိလာမယ်နောက်ပြိုကွဲးထွက်လာမယ့် တိမ်ဆိုင်တွေလည်းသက်ရောက်မှု့ရှိလာမယ်
ဒါတွေနဲ့ သက်ရောက်မှု့အနီးဆုံးဖြစ်တဲ့နိုင်ငံတွေ ခံစားရပြီးမုတ်သုန် ထုတ်ကုန်နဲ့အနီးဆုံးဖြစ်တဲ့မြန်မာနိုင်ငံတောင်ပိုင်းမှာ ပိုပြီးခံစားရတတ်တယ်
အထူးသဖြင့် တနင်္သာရီ တိုင်းဒေတွေမှာပိုပြီးဖြစ်ပွားနိုင်တယ်
မွန်ပြည်နယ်တို့ ကရင်ပြည်နယ်ဘက်လည်း ပေါ့ဆလို့ မရတဲ့အတွက်သတိရှိကြပါ
မဖြစ်ခဲ့လျှင် ဝမ်းသာစရာပါဖြစ်ခဲ့သော် ကြိုတင်သိရှိကာကွယ်ထားနိုင်သည့်အတွက်ဆုံးရှုံးမှု့နည်းစေပါတယ် ကျေးဇူးပါ
HtayAung
———————
8.7.2021 ရက္မွစတင္ၿပီး တပတ္အတြင္းကားလမ္းေရေက်ာ္ျခင္း ေတာင္မ်ား ၿပိဳက်ျခင္းျမစ္ေရမ်ားလၽွံၿပီးေရႀကီးျခင္းေရစီးဆင္းမွု့မေကာင္းေသာေနရာမ်ားတြင္ ျပည့္လၽွံေရႀကီးျခင္းျဖစ္စဥ္မ်ားျမန္မာနိုင္ငံေတာင္ပိုင္း ေဒသေတြမွာ တပတ္အတြင္းျဖစ္လာနိုင္သည္ကိုႀကိဳတင္အသိေပးျခင္း
သဘာဝေဘးဆိုတာ ႀကိဳတင္သိရွိကာကြယ္နိုင္ရင္ ဆုံးရွုံးမွု့လည္းနည္းနိုင္ပါတယ္
ေလထုက တသတ္မတ္ထဲသြားေနတာမဟုတ္ပါအျမဲေျပာင္းလည္းေနပါတယ္ဒါေပမဲ့ လက္ရွိေလထု အေနအထားနဲ႔တြက္ခ်က္ ၿပီးျဖစ္နိုင္ေျခကိုခန႔္မွန္းတာပါ
ဒါေၾကာင့္ ႀကိဳတင္အသိေပးေတာ့မယ္လို့ဆုံးျဖတ္ၿပီး ဒီသတိေပးခ်က္ကိုေရးသားလိုက္တာပါ

အဓိကျဖစ္စဥ္က ဟိုင္နန္ကၽြန္းက 97wပါသူရဲ့ ေရြ႕လၽွားမွု့က ေျမာက္ဘက္ကိုပါမ်ားရင္တ႐ုတ္ျပည္ထဲကိုဝင္နိုင္ၿပီးအေနာက္ဘက္ကို အားမ်ားလာရင္ ဗီယက္နန္နိုင္ငံ ေျမာက္ဘက္ဟႏြိဳန္းၿမိဳ့ဘက္ဝင္နိုင္တယ္
ဗီယက္နန္ပင္လယ္ဘက္ကို ဝင္တာနဲ႔ေလဖိအားနည္းလည္း ေလထုဖိအားေတြဆက္တိုက္က်ဆင္းၿပီး မုန္တိုင္ငယ္အဆင့္ေလတိုက္ႏွုန္ 30mphေက်ာ္သြားနိုင္တယ္အေနာက္ဘက္ကို အားျပဳၿပီးေရႊလာနိုင္တယ္
ဒါဆိုရင္ လက္ရွိ ဆြဲေခၚေနတဲ့ မုတ္သုန္ေလကိုျပန္ၿပီး သက္ေရာက္မွု့ေတြရွိလာမယ္ေနာက္ၿပိဳကြဲးထြက္လာမယ့္ တိမ္ဆိုင္ေတြလည္းသက္ေရာက္မွု့ရွိလာမယ္

ဒါေတြနဲ႔ သက္ေရာက္မွု့အနီးဆုံးျဖစ္တဲ့နိုင္ငံေတြ ခံစားရၿပီးမုတ္သုန္ ထုတ္ကုန္နဲ႔အနီးဆုံးျဖစ္တဲ့ျမန္မာနိုင္ငံေတာင္ပိုင္းမွာ ပိုၿပီးခံစားရတတ္တယ္
အထူးသျဖင္႔ တနသၤာရီ တိုင္းေဒေတြမွာပိုၿပီးျဖစ္ပြားနိုင္တယ္
မြန္ျပည္နယ္တို့ ကရင္ျပည္နယ္ဘက္လည္း ေပါ့ဆလို့ မရတဲ့အတြက္သတိရွိၾကပါ
မျဖစ္ခဲ့လၽွင္ ဝမ္းသာစရာပါျဖစ္ခဲ့ေသာ္ ႀကိဳတင္သိရွိကာကြယ္ထားနိုင္သည့္အတြက္ဆုံးရွုံးမွု့နည္းေစပါတယ္ ေက်းဇူးပါ
HtayAung



