ပရိသတ်ကြီးရေ ပြည်သူတွေနဲ့အတူ တစ်သားတည်းရှိနေတဲ့ သရုပ်ဆောင် မင်းမော်ကွန်းကတော့ သူချစ်ရတဲ့မိသားစုဝင်များကို ခေတ္တစွန့်ခွာပြီး နွေဦးတော်လှန်ရေးတွင် ပါဝင်နေသူပါနော်။

နည်းမျိုးစုံဖြင့် ခံဝန်ကတိထိုးဖို့တွန်းအားပေးခံခဲ့ရပေမယ့် နောက်မဆုတ်ဘဲ ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်းနေဆဲပါပဲနော်။
တော်လှန်ရေးအတွက် အုတ်တစ်ချက် သဲတစ်ပွင့် တာဝန်ထမ်းဆောင်နေတဲ့ မင်းမော်ကွန်းဟာ သူ့ရဲ့သားသမီးတွေကို သိပ်ချစ်တတ်တဲ့ ဖခင်တစ်ဦးပါနော်။

သားအငယ်ဆုံးလေးကလည်း ဖခင်နဲ့ ခွဲနေရတာ အချိန်ကြာပြီဖြစ်တာကြောင့် ဖေဖေ့ကို နစ်မေးထဲ မေးနေပါတယ်နော်။
မင်းမော်ကွန်းကလည်း သူ့ရဲ့ သားလေးနဲ့ အာဏာမသိမ်းခင်တုန်းက ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ ဗီဒီယ်ုတစ်ခုကိုပရိသတ်တွေ ကြည့်ရှုဖို့ တင်ပေးလိုက်ပါတယ်နော်။

ဗီဒီယိုဖိုင်လေးကို ကြည့်ရှုပြီး စိတ်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်များကိုလည်း ပြောပေးသွားကြပါဦး ပရိသတ်ကြီးရေ….
&;
Credit
Zawgyi


Credit



