ၾကားသိရသမွ်

ကရင္ျပည္နယ္ အာရွလမ္းမႀကီးေပၚတြင္ မ်က္ႏွာခ်င္းဆိုင္ ယာဥ္တိုက္မႈျဖစ္ပြား၍ ႏွစ္ဦး ျပင္းထန္ဒဏ္ရာရ

ကရင္ျပည္နယ္ အာရွလမ္းမႀကီးေပၚတြင္ မ်က္ႏွာခ်င္းဆိုင္ ယာဥ္တိုက္မႈျဖစ္ပြား၍ ႏွစ္ဦး ျပင္းထန္ဒဏ္ရာရ

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ခရိုင္အတြင္း အာရွလမ္းမႀကီးေပၚရွိ နတ္စင္ေကြ႕ႏွင့္ ရင္ကြဲေတာင္ၾကား၌ ျမ၀တီဘက္မွ ေကာ့ကရိတ္ဘက္သို႔ ေမာင္းႏွင္လာေသာ VIGO ေမာ္ေတာ္ယာဥ္ႏွင့္ ေကာ့ကရိတ္မွ ျမ၀တီဘက္သို႔ ေမာင္းႏွင္လာေသာ HONDA Fit ေမာ္ေတာ္ယာဥ္တို႔ ယေန႕(ၾသဂုတ္၂၅) ရက္ နံနက္ ၁၁ နာရီအခ်ိန္ခန္႔က မ်က္ႏွာခ်င္းဆိုင္တိုက္မႈ ျဖစ္ပြားခဲ့ေၾကာင္း ပုလဲျဖဴလူမႈကယ္ဆယ္ေရးအဖြဲ႕မွ သိရသည္။

 

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ HONDA Fit ေမာ္ေတာ္ယာဥ္ ပါလာသည့္သူႏွစ္ဦးအနက္ တစ္ဦးမွာ ညာဘက္ ေပါင္းရိုးက်ိဳးၿပီး က်န္တစ္တစ္ဦးမွာ ညာဘက္ေျခသလံုးထိခိုက္ဒဏ္ရာရရွိခဲ့သည့္အတြက္ ပုလဲျဖဴလူမႈ ကယ္ ဆယ္ေရးအဖြဲ႕က ေကာ့ကရိတ္ေဆးရံုႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။

 

“ျမ၀တီက ဆင္းလာတဲ့ VOGO ကားက အဆင္းေကြ႕မွာ အရွိန္မ်ားၿပီး တစ္ဖက္ယာဥ္ေၾကာေပၚေရာက္ၿပီး ျဖစ္သြားတာထင္တယ္။ လူနာေတြကိုေတာ့ ေကာ့ကရိတ္ခရိုင္ျပည္သူ႕ေဆးရံုကို ပို႔ေဆာင္ေပးခဲ့ၿပီးပါၿပီ။ ျဖစ္တဲ့ေနရာက ေကာ့ကရိတ္ခရိုင္ အာရွလမ္းမႀကီးအလယ္မွာျဖစ္တာပါ” ဟု ပုလဲျဖဴလူမႈကယ္ဆယ္ေရးအဖြဲ႕မွ ကိုထိုက္က ဆိုသည္။

 

မင္းရန္ေနာင္

ဓာတ္ပံု ကိုထိုက္(ပုလဲျဖဴ လူမႈကူညီေရးအဖြဲ႕)

Unicode

ကရင်ပြည်နယ် အာရှလမ်းမကြီးပေါ်တွင် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွား၍ နှစ်ဦး ပြင်းထန်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်း အာရှလမ်းမကြီးပေါ်ရှိ နတ်စင်ကွေ့နှင့် ရင်ကွဲတောင်ကြား၌ မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ မောင်းနှင်လာသော VIGO မော်တော်ယာဉ်နှင့် ကော့ကရိတ်မှ မြဝတီဘက်သို့ မောင်းနှင်လာသော HONDA Fit မော်တော်ယာဉ်တို့ ယနေ့(သြဂုတ်၂၅) ရက် နံနက် ၁၁ နာရီအချိန်ခန့်က မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် HONDA Fit မော်တော်ယာဉ် ပါလာသည့်သူနှစ်ဦးအနက် တစ်ဦးမှာ ညာဘက် ပေါင်းရိုးကျိုးပြီး ကျန်တစ်တစ်ဦးမှာ ညာဘက်ခြေသလုံးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ပုလဲဖြူလူမှု ကယ် ဆယ်ရေးအဖွဲ့က ကော့ကရိတ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“မြဝတီက ဆင်းလာတဲ့ VOGO ကားက အဆင်းကွေ့မှာ အရှိန်များပြီး တစ်ဖက်ယာဉ်ကြောပေါ်ရောက်ပြီး ဖြစ်သွားတာထင်တယ်။ လူနာတွေကိုတော့ ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီးပါပြီ။ ဖြစ်တဲ့နေရာက ကော့ကရိတ်ခရိုင် အာရှလမ်းမကြီးအလယ်မှာဖြစ်တာပါ” ဟု ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုထိုက်က ဆိုသည်။

မင်းရန်နောင်

ဓာတ်ပုံ ကိုထိုက်(ပုလဲဖြူ လူမှုကူညီရေးအဖွဲ့)