ၾကားသိရသမွ်

႐ွမ္းျပည္နယ္အတြင္း အထက္တန္းေက်ာင္းခြဲတစ္ခု မီးေလာင္မႈျဖစ္ပြား/ ႐ိွဳ႕မီးဟုယူဆရၿပီးေငြက်ပ္ ၆၄ ဒသမ ၈သန္းေက်ာ္ဆံုး႐ႈံး

႐ွမ္းျပည္နယ္အတြင္း အထက္တန္းေက်ာင္းခြဲတစ္ခု မီးေလာင္မႈျဖစ္ပြား/ ႐ိွဳ႕မီးဟုယူဆရၿပီးေငြက်ပ္ ၆၄ ဒသမ ၈သန္းေက်ာ္ဆံုး႐ႈံး

ရွမ္းျပည္နယ္ေျမာက္ပိုင္း ၊ မဘိမ္းၿမိဳ႕နယ္၊ လ၀ါေက်းရြာတြင္ ေက်ာင္းျပန္လည္ဖြင့္လွစ္ခြင့္ ရရွိကာ စာသင္ၾကားေနေသာ အေျခခံပညာအထက္တန္းေက်ာင္းခြဲတစ္ခုတြင္ ယေန႔(ၾသဂုတ္လ ၂၅ )ရက္ နံနက္ တစ္နာရီအခ်ိန္ခန္႔က ရႈိ႕မီးဟုယူဆရသည့္ မီးေလာင္မႈတစ္ခုျဖစ္ပြားခဲ့ေၾကာင္း မဘိမ္းၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ညိဳက ျပည္ျမန္မာ ကိုေျပာၾကားသည္။

 

မီးေလာင္ကြ်မ္းမႈေၾကာင့္ အဆိုပါ အထက္တန္းေက်ာင္းခြဲရွိ ေက်ာင္းေဆာင္ႏွစ္ေဆာင္ျဖစ္သည့္ ခ်ယ္ရီ ေဆာင္ႏွင့္ အင္ၾကင္းေဆာင္ ႏွစ္ေဆာင္တို႔ မီးေလာင္ဆံုးရႈံးခဲ့ေၾကာင္း၊ ခ်ယ္ရီေဆာင္မွာ ၂၀၁၄-၂၀၁၅ ခုႏွစ္၌ ႏိုင္ငံေတာ္အစိုးရဘက္ဂ်က္ က်ပ္ေငြ ၆၄ ဒႆမ ၈ သန္းျဖင့္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ အင္ၾကင္းေဆာင္မွာ ရပ္ရြာလူထု၏ ပံ့ပိုးေငြ က်ပ္သိန္း သံုးရာ့ေလးဆယ္ ျဖင့္ ကုန္က်ခံေဆာက္လုပ္ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 

“ရိႈ႕မီးလို႔ယူဆရပါတယ္။ ရဲက စံုစမ္းေနပါတယ္။ ၾသဂုတ္ ၂၅ ရက္ တစ္နာရီ၀န္းက်င္ေလာက္မွာ ေလာင္တာပါ။ သက္ဆိုင္ရာ၀န္ႀကီး႒ာနေတြကို တင္ျပဖို႔ ကြ်န္ေတာ္တို႔ အစီအစဥ္ရွိပါတယ္။ မီးေလာင္ သြားတာက ကိုယ္ထူကိုယ္ထနဲ႔ ေဆာက္ထားတဲ့ ေက်ာင္းေဆာင္နဲ႔ ႏိုင္ငံေတာ္ ဘက္ဂ်က္နဲ႔ ေဆာက္ ထားတဲ့ ေက်ာင္းေဆာင္ႏွစ္ေဆာင္ပါ။ မီးေလာင္သြားတဲ့ ခ်ယ္ရီေဆာင္ကေတာ့ နည္းနည္း က်န္တယ္။

 

အင္ၾကင္းေဆာင္ကေတာ့ မက်န္ေတာ့ပါဘူး။ ႏွစ္ေဆာင္စလံုးအသံုးျပဳ မရေတာ့ပါဘူး။ ေက်ာင္းကဖြင့္ ေနပါၿပီ။ လ၀ါေက်းရြာ အထက္တန္းေက်ာင္းခြဲပါ။ ေက်ာင္းဖြင့္လိုက္တာမၾကာေသးပါဘူး” ဟု ၄င္းက ရွင္းျပသည္။

 

ယင္းသို႔ မီးေလာင္ကြ်မ္းမႈေၾကာင့္ အဆိုပါေက်ာင္းတြင္ ပညာသင္ၾကားေနသည့္ ေက်ာင္းသားေက်ာင္း သူမ်ား ဆက္လက္ပညာသင္ၾကားရန္ အခက္အခဲျဖစ္လ်က္ရွိၿပီး ေက်းရြာ ရပ္မိရပ္ဖမ်ားအေနျဖင့္ မည္သို႔ ေဆာင္ရြက္သြားမည္ကို မသိရွိရေသးေၾကာင္းႏွင့္ ေက်ာင္းသားေက်ာင္းသူမ်ား ပညာသင္ၾကား ေရး အတြက္ ပါ၀င္လွဴဒါန္းမႈမ်ားျပဳလုပ္ရန္ ေမတၱာရပ္ခံေၾကာင္း မဘိမ္းၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ညဳိက ဆိုသည္။

 

မင္းရန္ေနာင္

ဓာတ္ပံု – ဦးေမာင္ညိဳ

Unicode

ရှမ်းပြည်နယ်အတွင်း အထက်တန်းကျောင်းခွဲတစ်ခု မီးလောင်မှုဖြစ်ပွား/ ရှို့မီးဟုယူဆရပြီးငွေကျပ် ၆၄ ဒသမ ၈သန်းကျော်ဆုံးရှုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မဘိမ်းမြို့နယ်၊ လဝါကျေးရွာတွင် ကျောင်းပြန်လည်ဖွင့်လှစ်ခွင့် ရရှိကာ စာသင်ကြားနေသော အခြေခံပညာအထက်တန်းကျောင်းခွဲတစ်ခုတွင် ယနေ့(သြဂုတ်လ ၂၅ )ရက် နံနက် တစ်နာရီအချိန်ခန့်က ရှို့မီးဟုယူဆရသည့် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မဘိမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက ပြည်မြန်မာ ကိုပြောကြားသည်။

မီးလောင်ကျွမ်းမှုကြောင့် အဆိုပါ အထက်တန်းကျောင်းခွဲရှိ ကျောင်းဆောင်နှစ်ဆောင်ဖြစ်သည့် ချယ်ရီ ဆောင်နှင့် အင်ကြင်းဆောင် နှစ်ဆောင်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ချယ်ရီဆောင်မှာ ၂၀၁၄-၂၀၁၅ ခုနှစ်၌ နိုင်ငံတော်အစိုးရဘက်ဂျက် ကျပ်ငွေ ၆၄ ဒဿမ ၈ သန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အင်ကြင်းဆောင်မှာ ရပ်ရွာလူထု၏ ပံ့ပိုးငွေ ကျပ်သိန်း သုံးရာ့လေးဆယ် ဖြင့် ကုန်ကျခံဆောက်လုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရှို့မီးလို့ယူဆရပါတယ်။ ရဲက စုံစမ်းနေပါတယ်။ သြဂုတ် ၂၅ ရက် တစ်နာရီဝန်းကျင်လောက်မှာ လောင်တာပါ။ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနတွေကို တင်ပြဖို့ ကျွန်တော်တို့ အစီအစဉ်ရှိပါတယ်။ မီးလောင် သွားတာက ကိုယ်ထူကိုယ်ထနဲ့ ဆောက်ထားတဲ့ ကျောင်းဆောင်နဲ့ နိုင်ငံတော် ဘက်ဂျက်နဲ့ ဆောက် ထားတဲ့ ကျောင်းဆောင်နှစ်ဆောင်ပါ။ မီးလောင်သွားတဲ့ ချယ်ရီဆောင်ကတော့ နည်းနည်း ကျန်တယ်။

အင်ကြင်းဆောင်ကတော့ မကျန်တော့ပါဘူး။ နှစ်ဆောင်စလုံးအသုံးပြု မရတော့ပါဘူး။ ကျောင်းကဖွင့် နေပါပြီ။ လဝါကျေးရွာ အထက်တန်းကျောင်းခွဲပါ။ ကျောင်းဖွင့်လိုက်တာမကြာသေးပါဘူး” ဟု ၎င်းက ရှင်းပြသည်။

ယင်းသို့ မီးလောင်ကျွမ်းမှုကြောင့် အဆိုပါကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်း သူများ ဆက်လက်ပညာသင်ကြားရန် အခက်အခဲဖြစ်လျက်ရှိပြီး ကျေးရွာ ရပ်မိရပ်ဖများအနေဖြင့် မည်သို့ ဆောင်ရွက်သွားမည်ကို မသိရှိရသေးကြောင်းနှင့် ကျောင်းသားကျောင်းသူများ ပညာသင်ကြား ရေး အတွက် ပါဝင်လှူဒါန်းမှုများပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း မဘိမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက ဆိုသည်။

မင်းရန်နောင်

ဓာတ်ပုံ – ဦးမောင်ညို