ခြေဖျားအေးတာဘာကြောင့်လဲ
ခြေဖျားတွေအေးတယ်ဆိုတာဟာ ခြေထောက်တွေဆီကို အောက်ဆီဂျင်နဲ့ သွေးကောင်းကောင်း မရောက်တဲ့အတွက် ဖြစ်လေ့ရှိတဲ့ပြဿနာတစ်ခုပါ။
ဒီလို သာမန်ပြဿနာလေးလို့ ဆိုပေမယ့်လည်း သွေးအားနည်းရောဂါ၊ နာတာရှည် ပင်ပန်းနွမ်းနယ်မှု၊ အာရုံကြောထိခိုက်မှု၊ ဆီးချိုရောဂါနဲ့ ကိုယ်အပူရှိန် အလွန်အမင်းကျဆင်းမှု စတာတွေရဲ့လက္ခဏာဆိုတာလည်း သိထားသင့်ပါတယ်။
ဒါ ကြောင့်မို့ ခြေဖျားတွေအေးလာရင် သက်သာအောင်လုပ်နိုင်တဲ့ နည်းလမ်း တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
သံလွင်ဆီ၊ အုန်းဆီ၊ နှမ်းဆီ တစ်မျိုးမျိုးကို နွေးသွားအောင် အပူလေးပေးပြီး ခြေဖဝါးကိုလိမ်းပြီး နှိပ်နယ်ပေးတာမျိုး အိပ်ရာ မဝင်ခင်မှာ နေ့စဉ် လုပ်ဆောင်နိုင်ပါတယ်။
နောက်တစ်နည်းကတော့ ရေနွေးစိမ်တာဖြစ်ပြီး ဇလုံနှစ်လုံးထဲမှာ ရေအေး၊ ရေခပ်နွေးနွေး တစ်မျိုးစီထည့်ကာ တစ်လှည့်စီ ၁၀ မိနစ်လောက် စိမ်နေတုန်းမှာ ခြေချင်းဝတ်လှည့် လေ့ကျင့်ခန်း လုပ်ပေးနိုင်ပါတယ်။
ဒါတင်မက ရေနွေးထဲကို ဆားထည့်ပြီးတော့လည်း စိမ်လို့ရသလို ချင်းပြုတ်ရည်နဲ့ စိမ်တာမျိုးလည်း လုပ်နိုင်ပါတယ်။
ချင်းကိုရေနွေးနဲ့ကျို၊ ပျားရည်အနည်းငယ် ခတ်ပြီး သောက်ပေးခြင်းဖြင့် အနွေးဓာတ် ယူနိုင်ပါတယ်။
ခေါင်းအစခြေအဆုံး သွေးလည်ပတ်မှုကောင်းအောင် ကူညီပေးနိုင်တဲ့ နောက်တစ်ခုကတော့ လက်ဖက်စိမ်းပါ။ ဂရင်းတီးထဲကို ပျားရည်လေးနည်းနည်း ထည့်ပြီး သောက်လို့ရသလို
အသင့်သောက် ဂရင်းတီးအိတ်ငယ် လေးအိတ်လောက်ကို ရေနွေးအိုးကြီးထဲမှာ ပွက်ပွက်ဆူအောင် ကြိုပြီး နွေးသွားတဲ့အခါမှာ ခြေထောက်စိမ်ပေးနိုင်ပါတယ်။
ငရုတ်သီးမှုန့်ကို ခြေအိတ်ခပ်ထူထူထဲ ထည့်ပြီး ခြေထောက်ကို စွပ်ကာ နှိပ်နယ်မယ်ဆိုရင်လည်း ခြေထောက်ကို အလျင်အမြန် နွေးသွားစေမှာပါ။
နောက်တစ်ခုက မနက်စောစောမှာ ခြေဗလာနဲ့ မြက်ခင်းပေါ် လမ်းလျှောက် ပေးတာကလည်း ခြေထောက်သွေး လည်ပတ်မှုကောင်းပြီး ခြေထောက်ကြွက်သားတွေ၊ ခြေချင်း ဝတ်တွေ သန်မာဖို့အတွက် အထောက်အကူပြုပါတယ်။
ခြေအေးလက်အေးဖြစ်တာက သံဓာတ်ချို့တဲ့မှု၊ မဂ္ဂနီဆီယမ် ချို့တဲ့မှုနဲ့လည်း ဆက်စပ်နိုင်တာကြောင့် သံဓာတ်၊ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေအပြင် ဆေးပညာရှင်နှင့် တိုင်ပင်ပြီး ဖြည့်စွက်ဆေးတွေ သောက်ပေးဖို့ လိုအပ်ပါတယ်။
ကျန်းမာရေး
Zawgyi
ေျခဖ်ားေအးတာဘာေၾကာင့္လဲ
ေျခဖ်ားေတြေအးတယ္ဆိုတာဟာ ေျခေထာက္ေတြဆီကို ေအာက္ဆီဂ်င္နဲ႔ ေသြးေကာင္းေကာင္း မေရာက္တဲ့အတြက္ ျဖစ္ေလ့ရွိတဲ့ျပႆနာတစ္ခုပါ။
ဒီလို သာမန္ျပႆနာေလးလို႔ ဆိုေပမယ့္လည္း ေသြးအားနည္းေရာဂါ၊ နာတာရွည္ ပင္ပန္းႏြမ္းနယ္မႈ၊ အာ႐ုံေၾကာထိခိုက္မႈ၊ ဆီးခ်ိဳေရာဂါနဲ႔ ကိုယ္အပူရွိန္ အလြန္အမင္းက်ဆင္းမႈ စတာေတြရဲ႕လကၡဏာဆိုတာလည္း သိထားသင့္ပါတယ္။
ဒါ ေၾကာင့္မို႔ ေျခဖ်ားေတြေအးလာရင္ သက္သာေအာင္လုပ္ႏိုင္တဲ့ နည္းလမ္း တခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။
သံလြင္ဆီ၊ အုန္းဆီ၊ ႏွမ္းဆီ တစ္မ်ိဳးမ်ိဳးကို ေႏြးသြားေအာင္ အပူေလးေပးၿပီး ေျခဖဝါးကိုလိမ္းၿပီး ႏွိပ္နယ္ေပးတာမ်ိဳး အိပ္ရာ မဝင္ခင္မွာ ေန႔စဥ္ လုပ္ေဆာင္ႏိုင္ပါတယ္။
ေနာက္တစ္နည္းကေတာ့ ေရေႏြးစိမ္တာျဖစ္ၿပီး ဇလုံႏွစ္လုံးထဲမွာ ေရေအး၊ ေရခပ္ေႏြးေႏြး တစ္မ်ိဳးစီထည့္ကာ တစ္လွည့္စီ ၁၀ မိနစ္ေလာက္ စိမ္ေနတုန္းမွာ ေျခခ်င္းဝတ္လွည့္ ေလ့က်င့္ခန္း လုပ္ေပးႏိုင္ပါတယ္။
ဒါတင္မက ေရေႏြးထဲကို ဆားထည့္ၿပီးေတာ့လည္း စိမ္လို႔ရသလို ခ်င္းျပဳတ္ရည္နဲ႔ စိမ္တာမ်ိဳးလည္း လုပ္ႏိုင္ပါတယ္။
ခ်င္းကိုေရေႏြးနဲ႔က်ိဳ၊ ပ်ားရည္အနည္းငယ္ ခတ္ၿပီး ေသာက္ေပးျခင္းျဖင့္ အေႏြးဓာတ္ ယူႏိုင္ပါတယ္။
ေခါင္းအစေျခအဆုံး ေသြးလည္ပတ္မႈေကာင္းေအာင္ ကူညီေပးႏိုင္တဲ့ ေနာက္တစ္ခုကေတာ့ လက္ဖက္စိမ္းပါ။ ဂရင္းတီးထဲကို ပ်ားရည္ေလးနည္းနည္း ထည့္ၿပီး ေသာက္လို႔ရသလို
အသင့္ေသာက္ ဂရင္းတီးအိတ္ငယ္ ေလးအိတ္ေလာက္ကို ေရေႏြးအိုးႀကီးထဲမွာ ပြက္ပြက္ဆူေအာင္ ႀကိဳၿပီး ေႏြးသြားတဲ့အခါမွာ ေျခေထာက္စိမ္ေပးႏိုင္ပါတယ္။
င႐ုတ္သီးမႈန္႔ကို ေျခအိတ္ခပ္ထူထူထဲ ထည့္ၿပီး ေျခေထာက္ကို စြပ္ကာ ႏွိပ္နယ္မယ္ဆိုရင္လည္း ေျခေထာက္ကို အလ်င္အျမန္ ေႏြးသြားေစမွာပါ။
ေနာက္တစ္ခုက မနက္ေစာေစာမွာ ေျခဗလာနဲ႔ ျမက္ခင္းေပၚ လမ္းေလွ်ာက္ ေပးတာကလည္း ေျခေထာက္ေသြး လည္ပတ္မႈေကာင္းၿပီး ေျခေထာက္ႂကြက္သားေတြ၊ ေျခခ်င္း ဝတ္ေတြ သန္မာဖို႔အတြက္ အေထာက္အကူျပဳပါတယ္။
ေျခေအးလက္ေအးျဖစ္တာက သံဓာတ္ခ်ိဳ႕တဲ့မႈ၊ မဂၢနီဆီယမ္ ခ်ိဳ႕တဲ့မႈနဲ႔လည္း ဆက္စပ္ႏိုင္တာေၾကာင့္ သံဓာတ္၊ မဂၢနီဆီယမ္ ႂကြယ္ဝတဲ့ အစားအစာေတြအျပင္ ေဆးပညာရွင္ႏွင့္ တိုင္ပင္ၿပီး ျဖည့္စြက္ေဆးေတြ ေသာက္ေပးဖို႔ လိုအပ္ပါတယ္။
က်န္းမာေရး