က်မၼာေရး ဗဟုသုတ

ဘယ္ေဆး႐ုံမွမသြားပဲအံ့ၾသစရာေကာင္းေအာင္ ကိုဗစ္လူနာ၃၈ဦးလုံးေပ်ာင္ကင္းခဲ့တဲ့ ေ႐ႊဆံပင္းေက်ာင္းကကုထုံး

ရွှေဆံပင်ကျောင်းမှ ကိုဗစ်လူနာအားလုံး နေကောင်းကျန်းမာသွားကြပြီဖြစ်ကြောင်း သိရ”ရွှေဆံပင်ကျောင်းမှ ကိုဗစ်လူနာအားလုံးနေကောင်းကျန်းမာသွားကြပြီလို့ သိရပါတယ်။

ကိုဗစ်လူနာ၃၈ဦးလုံးဘယ်ဆေးရုံမှမသွားပဲဆရာဝန်များအတွေ့ကြုံရှိသူများ၏အကြံပေးမှုကိုအခြေခံပြီးဆရာတော်နဲ့ယျောဝစ္စအဖွဲ့၏အနီးကပ်ကြည့်ကြပ်စောင့်ရှောက်မှုရွှေဆံပင်ဒကာဒကာမများ၏ဝိုင်းဝန်းပံ့ပိုးမှု တို့ကြောင့်အားလုံးအဆင်ပြေခဲ့တာပါ။

ကိုဗစ်တိုက်ပွဲအတွေ့ကြုံလေးကို စိတ်ဝင်စားသူများအတွက် ပြန်လည်မျှဝေပေးထားတာကို ဖော်ပြပေးလိုက်ရပါတယ်။နေထိုင်မှုစနစ်ကိုဗစ်စတွေ့ပြီဆိုတာနဲ့ ပိုးတွေ့သူသံသယရှိသူ နေကောင်းသူများကိုသုံးအုပ်စုခွဲလိုက်ပြီးကျောင်းဆောင်၁၀ဆောင်လောက်မှာခပ်ကျဲကျဲနေစေပြီး ကုဋီတွေကစ ခွဲနိုင်သမျှ ခွဲပြီးနေထိုင်လိုက်ကြပါတယ်။Maskတပ်ခြင်း လက်ဆေးခြင်းများတောက်လျောက်လုပ်ခိုင်းပါတယ်။

ဆေးဝါးကိုဗစ်တွေ့ပြီလို့ကြားတာနဲ့ရန်ကုန်က ဆွေတော်မျိုးတော်များကလိုလေးသေးမရှိပို့လှူပေးကြသောဆေးဝါးများ ရောက်ရှိလာပြီးပိုးတွေ့သူများကိုVITAMIN C 500နှစ်ပြားနှင့် အားဆေးတလုံးကျန်သူများကို အားဆေးနှင့် V C500တပြားကျွေးပေးလိုက်ပါတယ်။

နှာစေးချောင်းဆိုးဖျားလျင် LOCKOနှစ်ကြိမ်ကိုက်ခဲလင်paragesic လေးနာရီခြားတိုက်ပေးခဲ့ပါတယ်။လည်ချောင်းနာရင်ZINCငုံခိုင်းထားလိုက်ပါတယ်။နှာစေးချောင်းဆိုးနှစ်ယောက်လောက်နဲ့လည်ချောင်းနာကိုက်ခဲသုံးယောက်လောက်ပဲဖြစ်ပြီးသုံးရက်အတွင်း အာလုံးပျောက်ခဲ့ပါတယ်။

တိုင်းရင်းဆေးနဲ့ဓာတ်စာဖြစ်တဲ့နေ့ကစပြီး ကွမ်းရွက်ရှောက်ရွက်ဂျင်းထန်းလျက်ကြိုပြီးကိုဗစ်ရှိသူတွေဓာတ်ဗူးတလုံးစီကျန်သူတွေမတ်ခွက်တလုံးစီသောက်ခိုင်းပြီးနာနတ်သီးသရက်သီးနဲ့ရှောက်သီးသုပ်တလှည့်စီကျွေးပြီး(နာနတ်သီးအများဆုံးကျွေးဖြစ်)တကျောင်းလုံးကြက်ဥပြုတ်နှစ်လုံးစီနဲ့ နွားနို့သို့မဟုတ်ကွေကာအုပ်နဲ့ ဓာတ်ဆားများတိုက်ပါတယ်။

ထမင်းစားပျက်တဲ့သူလည်းတစ်ယောက်မျှ မရှိပါ။ကြက်သွန်နီစားဖြစ်အောင်ထမင်းစားတဲ့နေရာအနီးတွေမှာတောင်းလိုက်ချပေးထားပါတယ်။လင်းလွန်းတစ်ထောင်ဆရာတော်ကြီးရဲ့သစ္စာမေတ္တာ ကိုဗစ်ကာကွယ်ဆေးများလည်းတိုက်ပေးထားပါတယ်။

စိတ်ဓာတ်မြင့်တင်ရေးနှင့်ကိုယ်လက်လှုပ်ရှားမှုကျောင်းစည်းကမ်းအရ ဖုန်းကိုင်ခွင့်မရှိပေမယ့်ဒီရက်ပိုင်း ဖုန်းကိုင်ခွင့်ပေးထားပြီးအိမ်နဲ့လည်းပြောခိုင်းဆရာတော်ကိုယ်တိုင်လည်းဖုန်းဆက်ပြီးကိုဗစ်ကကြောက်စရာမဟုတ်ကြောင်းခဏနဲ့ပျောက်မယ့်အကြောင်းစားချင်တာလိုအပ်တာပြောခိုင်းပြီးတယောက်ချင်းစီဖုန်းနဲ့စကားလိုက်ပြောကာ စာကြည့်တိုက်က ဖတ်ချင်တဲ့စာအုပ်တွေ ထုတ်ပေးထားပြီးပန်းချီဆွဲဖို့လည်းစီစဉ်ပေးပါတယ်။

အားကစားလှုပ်ရှားမှုလုပ်ရန် ကြက်တောင်နဲ့ ခြင်းလုံးများ ပေးထားလိုက်ပါတယ်။သင်ပေးထားတဲ့အကများလည်းအဆင်ပြေသလိုကခိုင်းထားပါတယ်။ဖုန်းလေးပြောလိုက် တခုပြီးတခုစားလိုက်ကစားလိုက် ဘုရားရှိခိုးပရိတ်ရွတ်လိုက်အိပ်လိုက်နဲ့ပျင်းချိန်စိတ်ညစ်ချိန်တောင်မရှိတော့ပါဘူး။(အိပ်ချိန်မအိတ်ဘဲဖုန်းသုံးရင်ဖုန်းသိမ်းမှာပြောထားတာ)

ဘာသာတရားအများစုကဗုဒ္ဓဘာသာတွေမို့ဘာသာတရားကလည်း မလုပ်လို့မရပါဘူး။မနက် ၈နာရီမှ ၉နာရီထိနေ့လည် ၃နာရီမှ ၄နာရီထိည၈နာရီမှ ၉နာရီထိကိုယ့်နေရာကနဲ့ကိုယ်

ဘုရားရှိခိုးပြီးရတနသုတ်မေတ္တသုတ်ဗောဇ္ဈင်သုတ်တစ်ကြိမ်ကိုသုံးခေါက်စီ၄၅မိနစ်ရွတ်ပြီး၁၅မိနစ်အာနာပါန ဝငလေထွက်လေလုပ်ပြီး ကုသိုလ်လည်းရ အဆုတ်လေ့ကျင့်ခန်းလည်းပြုပြီးသားရအောင် နေ့စဉ်လုပ်နိုင်ခဲ့ပါတယ်။

တပတ်လောက်ကတည်းကအနံ့ပျောက်သူတွေပြန်ရလာကာအားလုံးကောင်းနေပြီးနှစ်ပတ်ပြည့်နေပြီမို့စိတ်ချလက်ချကောင်းနေကြပါပြီ။

ဖျားနာတဲ့အဆင့်လည်းမရောက်ကြဘဲအသက်ရှူကြပ်တဲ့အဆင့်လည်းဘယ်သူမှမဖြစ်လို့ကိုဗစ်ကလည်းဘာမှဟုတ်ပါဘူးလို့ပြောနေပြီး ခပ်ပေါ့ပေါ့လုပ်နေကြလွန်းလို့သူတို့ကြောက်အောင်ခြောက်လိုက်ငေါက်လိုက်ပြန်လုပ်ပေးနေရပါတယ်။ပိုပြီး စိတ်ချရအောင်နောက်တပတ်အထိတော့ ဒီအတိုင်းဆက်နေသွားပါဦးမယ်။

အခုဆိုရင် ကိုယ့်ကျောင်းမှာကိုဗစ်ကင်းစင်စိတ်ချရပြီးအပြင်မှာစိတ်မချရလို့လော့ဒေါင်းချထားပြီးအပြင်ကရိက္ခာပစ္စည်းများသွင်းရင်တောင်ဆေးဖြန်းပြီးမှအသွင်းခံပါတယ်။တခြားသူတွေကို ပြန်လည်ကူညီပေးဖို့လည်း ပြင်နေပါပြီ။

Credit

zawgyi

​ေ႐ႊဆံပင္ေက်ာင္းမွ ကိုဗစ္လူနာအားလုံး ေနေကာင္းက်န္းမာသြားၾကၿပီျဖစ္ေၾကာင္း သိရ”ေ႐ႊဆံပင္ေက်ာင္းမွ ကိုဗစ္လူနာအားလုံးေနေကာင္းက်န္းမာသြားၾကၿပီလို႔ သိရပါတယ္။

ကိုဗစ္လူနာ၃၈ဦးလုံးဘယ္ေဆး႐ုံမွမသြားပဲဆရာ၀န္မ်ားအေတြ႕ႀကဳံရွိသူမ်ား၏အႀကံေပးမႈကိုအေျခခံၿပီးဆရာေတာ္နဲ႔ေယ်ာ၀စၥအဖြဲ႕၏အနီးကပ္ၾကည့္ၾကပ္ေစာင့္ေရွာက္မႈေ႐ႊဆံပင္ဒကာဒကာမမ်ား၏ဝိုင္း၀န္းပံ့ပိုးမႈ တို႔ေၾကာင့္အားလုံးအဆင္ေျပခဲ့တာပါ။

ကိုဗစ္တိုက္ပြဲအေတြ႕ႀကဳံေလးကို စိတ္၀င္စားသူမ်ားအတြက္ ျပန္လည္မွ်ေဝေပးထားတာကို ေဖာ္ျပေပးလိုက္ရပါတယ္။ေနထိုင္မႈစနစ္ကိုဗစ္စေတြ႕ၿပီဆိုတာနဲ႔ ပိုးေတြ႕သူသံသယရွိသူ ေနေကာင္းသူမ်ားကိုသုံးအုပ္စုခြဲလိုက္ၿပီးေက်ာင္းေဆာင္၁၀ေဆာင္ေလာက္မွာခပ္က်ဲက်ဲေနေစၿပီး ကုဋီေတြကစ ခြဲႏိုင္သမွ် ခြဲၿပီးေနထိုင္လိုက္ၾကပါတယ္။Maskတပ္ျခင္း လက္ေဆးျခင္းမ်ားေတာက္ေလ်ာက္လုပ္ခိုင္းပါတယ္။

ေဆးဝါးကိုဗစ္ေတြ႕ၿပီလို႔ၾကားတာနဲ႔ရန္ကုန္က ေဆြေတာ္မ်ိဳးေတာ္မ်ားကလိုေလးေသးမရွိပို႔လႉေပးၾကေသာေဆးဝါးမ်ား ေရာက္ရွိလာၿပီးပိုးေတြ႕သူမ်ားကိုVITAMIN C 500ႏွစ္ျပားႏွင့္ အားေဆးတလုံးက်န္သူမ်ားကို အားေဆးႏွင့္ V C500တျပားေကြၽးေပးလိုက္ပါတယ္။

ႏွာေစးေခ်ာင္းဆိုးဖ်ားလ်င္ LOCKOႏွစ္ႀကိမ္ကိုက္ခဲလင္paragesic ေလးနာရီျခားတိုက္ေပးခဲ့ပါတယ္။လည္ေခ်ာင္းနာရင္ZINCငုံခိုင္းထားလိုက္ပါတယ္။ႏွာေစးေခ်ာင္းဆိုးႏွစ္ေယာက္ေလာက္နဲ႔လည္ေခ်ာင္းနာကိုက္ခဲသုံးေယာက္ေလာက္ပဲျဖစ္ၿပီးသုံးရက္အတြင္း အာလုံးေပ်ာက္ခဲ့ပါတယ္။

တိုင္းရင္းေဆးနဲ႔ဓာတ္စာျဖစ္တဲ့ေန႔ကစၿပီး ကြမ္း႐ြက္ေရွာက္႐ြက္ဂ်င္းထန္းလ်က္ႀကိဳၿပီးကိုဗစ္ရွိသူေတြဓာတ္ဗူးတလုံးစီက်န္သူေတြမတ္ခြက္တလုံးစီေသာက္ခိုင္းၿပီးနာနတ္သီးသရက္သီးနဲ႔ေရွာက္သီးသုပ္တလွည့္စီေကြၽးၿပီး(နာနတ္သီးအမ်ားဆုံးေကြၽးျဖစ္)တေက်ာင္းလုံးၾကက္ဥျပဳတ္ႏွစ္လုံးစီနဲ႔ ႏြားႏို႔သို႔မဟုတ္ေကြကာအုပ္နဲ႔ ဓာတ္ဆားမ်ားတိုက္ပါတယ္။

ထမင္းစားပ်က္တဲ့သူလည္းတစ္ေယာက္မွ် မရွိပါ။ၾကက္သြန္နီစားျဖစ္ေအာင္ထမင္းစားတဲ့ေနရာအနီးေတြမွာေတာင္းလိုက္ခ်ေပးထားပါတယ္။လင္းလြန္းတစ္ေထာင္ဆရာေတာ္ႀကီးရဲ႕သစၥာေမတၱာ ကိုဗစ္ကာကြယ္ေဆးမ်ားလည္းတိုက္ေပးထားပါတယ္။

စိတ္ဓာတ္ျမင့္တင္ေရးႏွင့္ကိုယ္လက္လႈပ္ရွားမႈေက်ာင္းစည္းကမ္းအရ ဖုန္းကိုင္ခြင့္မရွိေပမယ့္ဒီရက္ပိုင္း ဖုန္းကိုင္ခြင့္ေပးထားၿပီးအိမ္နဲ႔လည္းေျပာခိုင္းဆရာေတာ္ကိုယ္တိုင္လည္းဖုန္းဆက္ၿပီးကိုဗစ္ကေၾကာက္စရာမဟုတ္ေၾကာင္းခဏနဲ႔ေပ်ာက္မယ့္အေၾကာင္းစားခ်င္တာလိုအပ္တာေျပာခိုင္းၿပီးတေယာက္ခ်င္းစီဖုန္းနဲ႔စကားလိုက္ေျပာကာ စာၾကည့္တိုက္က ဖတ္ခ်င္တဲ့စာအုပ္ေတြ ထုတ္ေပးထားၿပီးပန္းခ်ီဆြဲဖို႔လည္းစီစဥ္ေပးပါတယ္။

အားကစားလႈပ္ရွားမႈလုပ္ရန္ ၾကက္ေတာင္နဲ႔ ျခင္းလုံးမ်ား ေပးထားလိုက္ပါတယ္။သင္ေပးထားတဲ့အကမ်ားလည္းအဆင္ေျပသလိုကခိုင္းထားပါတယ္။ဖုန္းေလးေျပာလိုက္ တခုၿပီးတခုစားလိုက္ကစားလိုက္ ဘုရားရွိခိုးပရိတ္႐ြတ္လိုက္အိပ္လိုက္နဲ႔ပ်င္းခ်ိန္စိတ္ညစ္ခ်ိန္ေတာင္မရွိေတာ့ပါဘူး။(အိပ္ခ်ိန္မအိတ္ဘဲဖုန္းသုံးရင္ဖုန္းသိမ္းမွာေျပာထားတာ)

ဘာသာတရားအမ်ားစုကဗုဒၶဘာသာေတြမို႔ဘာသာတရားကလည္း မလုပ္လို႔မရပါဘူး။မနက္ ၈နာရီမွ ၉နာရီထိေန႔လည္ ၃နာရီမွ ၄နာရီထိည၈နာရီမွ ၉နာရီထိကိုယ့္ေနရာကနဲ႔ကိုယ္

ဘုရားရွိခိုးၿပီးရတနသုတ္ေမတၱသုတ္ေဗာဇၩင္သုတ္တစ္ႀကိမ္ကိုသုံးေခါက္စီ၄၅မိနစ္႐ြတ္ၿပီး၁၅မိနစ္အာနာပါန ၀ငေလထြက္ေလလုပ္ၿပီး ကုသိုလ္လည္းရ အဆုတ္ေလ့က်င့္ခန္းလည္းျပဳၿပီးသားရေအာင္ ေန႔စဥ္လုပ္ႏိုင္ခဲ့ပါတယ္။

တပတ္ေလာက္ကတည္းကအနံ႔ေပ်ာက္သူေတြျပန္ရလာကာအားလုံးေကာင္းေနၿပီးႏွစ္ပတ္ျပည့္ေနၿပီမို႔စိတ္ခ်လက္ခ်ေကာင္းေနၾကပါၿပီ။

ဖ်ားနာတဲ့အဆင့္လည္းမေရာက္ၾကဘဲအသက္ရႉၾကပ္တဲ့အဆင့္လည္းဘယ္သူမွမျဖစ္လို႔ကိုဗစ္ကလည္းဘာမွဟုတ္ပါဘူးလို႔ေျပာေနၿပီး ခပ္ေပါ့ေပါ့လုပ္ေနၾကလြန္းလို႔သူတို႔ေၾကာက္ေအာင္ေျခာက္လိုက္ေငါက္လိုက္ျပန္လုပ္ေပးေနရပါတယ္။ပိုၿပီး စိတ္ခ်ရေအာင္ေနာက္တပတ္အထိေတာ့ ဒီအတိုင္းဆက္ေနသြားပါဦးမယ္။

အခုဆိုရင္ ကိုယ့္ေက်ာင္းမွာကိုဗစ္ကင္းစင္စိတ္ခ်ရၿပီးအျပင္မွာစိတ္မခ်ရလို႔ေလာ့ေဒါင္းခ်ထားၿပီးအျပင္ကရိကၡာပစၥည္းမ်ားသြင္းရင္ေတာင္ေဆးျဖန္းၿပီးမွအသြင္းခံပါတယ္။တျခားသူေတြကို ျပန္လည္ကူညီေပးဖို႔လည္း ျပင္ေနပါၿပီ။

Credit