က်မၼာေရး ဗဟုသုတ

ဘယ်ဘက်စောင်းပြီးအိပ်ကြမယ်

ဘယ်ဘက်စောင်းပြီးအိပ်ကြမယ်

သင် … ညအိပ်ရင်ခန္ဓာကိုယ် ဘယ်ဘက်စောင်းပြီးအိပ်ခြင်း၏ ကျန်းမာရေး ကောင်းကျိုးများခန္ဓာကိုယ်ကို ဘယ်ဘက်သို့ စောင်းအိပ်ခြင်းကခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေနဲ့မလိုလားအပ်တဲ့ အခြားသော အရာဝတ္ထုတွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှားသွားအောင် အကူအညီပေးနိုင်လို့ပါပဲ ။

ဒီလို ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေ သာမကဦးနှောက်ထဲက ဓာတု အညစ်အကြေး တွေကိုလည်း ဘယ်ဘက် စောင်းအိပ်ခြင်းဖြင့် ဖယ်ရှားပေးနိုင်ပါတယ် ။သင့်ဆီမှာ နှလုံးပြဿနာ ရှိနေမယ်ဆိုရင်ဘယ်ဘက်ကို စောင်းအိပ်ခြင်းက သင့်ကိုကူညီပေးနိုင်ပါတယ် ။

ဘာကြောင့်လဲဆိုတော့ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက နှလုံးသွေးလည်ပတ်မှုကိုပိုမို ကောင်းမွန်စေနိုင်တာကြောင့် ဖြစ်ပါတယ် ။

ရင်ပူခြင်း ဝေဒနာ ခံစားနေရသူတွေ အနေနဲ့လည်းဘယ်ဘက်ကို စောင်းအိပ်ဖို့ လိုအပ်ပါလိမ့်မယ် ။

ဘာကြောင့်လဲဆိုတော့ ညာဘက်ကို စောင်းအိပ်ပါကဒီဝေဒနာကို ပိုမိုဆိုးရွားစေနိုင်ပြီး ဘယ်ဘက်ကိုဆယ်မိနစ်ခန့်လောက် စောင်းအိပ်လိုက်ရုံနဲ့တင် ရင်ပူခြင်းမှ သက်သာသွားစေနိုင်ပါတယ် ။

ဒါ့အပြင် ဘယ်ဘက်ကို စောင်းအိပ်ခြင်းကအစာခြေစနစ်ကိုပါ ကောင်းမွန်စေနိုင်ပါတယ် ။ဒီလို ကောင်းကျိုးတွေ များစွာ ရရှိစေနိုင်တဲ့ဘယ်ဘက်ကို စောင်းအိပ်ခြင်းကို ညတိုင်းပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ ။

လူတွေအတွက် အိပ်စက်တာက အရေးပါတဲ့အားသွင်းမှုဖြစ်တယ် ။သင်အိပ်တဲ့ အနေအထားကသင့်အထွေထွေ ကျန်းမာရေးကိုသက်ရောက်မှုရှိတယ် ဆိုတာ သင်သိပါသလား ။

လတ်တလော လေ့လာမှုအရ ခန္ဓာကိုယ်ကိုဘယ်ဘက် စောင်းအိပ်တာကြောင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အများစုရဲ့ ကျန်းမာရေးကိုကောင်းမွန်စေတယ်လို့ သိရပါတယ် ။

–ပြန်ရည်ကြောစနစ်လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ် ။ပြန်ရည်ကြောစနစ်ဟာ ကိုယ်တွင်းစနစ်ကနေစွန့်ပစ်ပစ္စည်းတွေနဲ့ အဆိပ်အတောက်တွေစွန့်ထုတ်တဲ့ နည်းနဲ့ ခန္ဓာကိုယ်မှာ အရေးပါတဲ့လုပ်ငန်းဆောင်တာကို လုပ်ပါတယ် ။ပြန်ရည်ကြော စနစ်ထဲက အကြီးဆုံးသွေးကြောက ခန္ဓာကိုယ် ဘယ်ဘက်အခြမ်းမှာရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ် ။ပြန်ရည်ကြောစနစ်က အဆီ ၊ ပရိုတင်းဓာတ်နဲ့တစ်သျှူးထဲက တခြားအရေးကြီးတဲ့ အရာတွေသယ်ယူ ပို့ဆောင်ရာမှာ အရေးပါပြီး ဆဲလ်တွေထဲကို အာဟာရဓာတ်တွေမြန်မြန် ရောက်ရှိစေပါတယ် ။

–သရက်ရွက်ကို ကောင်းကောင်း လုပ်ဆောင်စေနိုင်ပါတယ် ။သရက်ရွက်ဟာ ပြန်ရည်ကြောစနစ်ထဲကအကြီးဆုံးအင်္ဂါ အစိတ်အပိုင်းဖြစ်ပြီးခန္ဓာကိုယ်ရဲ့ ဘယ်ဘက် အခြမ်းမှာရှိပါတယ် ။ခန္ဓာကိုယ်ကို ဘယ်ဘက် စောင်းအိပ်တဲ့အခါ သရက်ရွက်က ပိုပြီးထိထိရောက်ရောက် အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ် ။သရက်ရွက်ထဲ သွေးစီးဆင်းမှု အားကောင်းစေပြီးစွန့်ပစ်ပစ္စည်းတွေကို ပိုပြီး မြန်မြန် စွန့်ထုတ်ပေးနိုင်ပါတယ် ။

–စွန့်ပစ်ပစ္စည်းတွေကို ကောင်းကောင်းစွန့်ထုတ်နိုင်ပါတယ် ။ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်အခြမ်းမှာ အူသိမ်နဲ့အူမကြီး ကြားဆက်တဲ့နေရာ( Ileocecal valve ) ရှိပါတယ် ။ဘယ်ဘက် စောင်းအိပ်တဲ့အခါ ကမ္ဘာမြေဆွဲအားကြောင့် အူသိမ်ကနေ အူမကြီးဆီကိုစွန့်ပစ်ပစ္စည်းတွေ အလွယ်တကူ ထွက်ရှိသွားပါတော့တယ် ။အဲဒီအခါ အူမကြီးကနေ စွန့်ပစ်ပစ္စည်းတွေကိုမြန်မြန် စွန့်ထုတ်နိုင်စေပါတယ် ။

–ညဘက် ရင်ပူဝေဒနာ လျော့ပါးစေပါတယ် ။မကြာခဏ ရင်ပူဝေဒနာ ခံစားနေရရင်ခန္ဓာကိုယ်ကို ဘယ်ဘက် စောင်းအိပ်ပေးပါ ။အဲ့ဒီ အခြေအနေမှာ သင့်အစာအိမ်ကနေအစာ ရေမျိုပြွန်ဆီ အစာတွေ ဆန်တက်မှုမဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ် ။

–အသည်း ဝန်ပိမှု မဖြစ်အောင်ကာကွယ်ပေးပါတယ် ။အသည်းက ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်းမှာရှိတာကြောင့် ညာဘက် စောင်းအိပ်ရင်အသည်းပေါ် ဝန်ပိစေပါတယ် ။ဘယ်ဘက်စောင်းအိပ်ရင် အသည်း ဆီကို အဆိပ်အတောက်နဲ့ တခြားအန္တရာယ်ရှိတဲ့ ဓာတ်တွေ မရောက်ရှိစေပါဘူး ။

–နှလုံးကို ကျန်းမာစေပါတယ် ။နှလုံးရဲ့ ဘယ်ဘက်အခြမ်းဟာ အဆုတ်ကနေသွေးတွေ လက်ခံပါတယ် ။ဒါကြောင့် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းအိပ်တာက နှလုံးကို ပိုပြီးအလွယ်တကူ အလုပ် ဖြစ်စေပါတယ် ။

ဘယ်ဘက် စောင်းအိပ်ရင်အသက်ရှူ လမ်းကြောင်းစနစ်ကိုကောင်းမွန်စေပြီး နှလုံးကျန်းမာစေပါတယ် ။

Credit

ဘယ္ဘက္ေစာင္းၿပီးအိပ္ၾကမယ္

သင္ … ညအိပ္ရင္ခႏၶာကိုယ္ ဘယ္ဘက္ေစာင္းၿပီးအိပ္ျခင္း၏ က်န္းမာေရး ေကာင္းက်ိဳးမ်ားခႏၶာကိုယ္ကို ဘယ္ဘက္သို႔ ေစာင္းအိပ္ျခင္းကခႏၶာကိုယ္အတြင္းမွာရွိတဲ့ အဆိပ္အေတာက္ေတြနဲ႔မလိုလားအပ္တဲ့ အျခားေသာ အရာဝတၳဳေတြကို ခႏၶာကိုယ္ကေန ဖယ္ရွားသြားေအာင္ အကူအညီေပးနိုင္လို႔ပါပဲ ။

ဒီလို ခႏၶာကိုယ္ထဲက အညစ္အေၾကးေတြ သာမကဦးေႏွာက္ထဲက ဓာတု အညစ္အေၾကး ေတြကိုလည္း ဘယ္ဘက္ ေစာင္းအိပ္ျခင္းျဖင့္ ဖယ္ရွားေပးနိုင္ပါတယ္ ။သင့္ဆီမွာ ႏွလုံးျပႆနာ ရွိေနမယ္ဆိုရင္ဘယ္ဘက္ကို ေစာင္းအိပ္ျခင္းက သင့္ကိုကူညီေပးနိုင္ပါတယ္ ။

ဘာေၾကာင့္လဲဆိုေတာ့ ဘယ္ဘက္ကိုေစာင္းအိပ္ျခင္းက ႏွလုံးေသြးလည္ပတ္မႈကိုပိုမို ေကာင္းမြန္ေစနိုင္တာေၾကာင့္ ျဖစ္ပါတယ္ ။

ရင္ပူျခင္း ေဝဒနာ ခံစားေနရသူေတြ အေနနဲ႔လည္းဘယ္ဘက္ကို ေစာင္းအိပ္ဖို႔ လိုအပ္ပါလိမ့္မယ္ ။

ဘာေၾကာင့္လဲဆိုေတာ့ ညာဘက္ကို ေစာင္းအိပ္ပါကဒီေဝဒနာကို ပိုမိုဆိုးရြားေစနိုင္ၿပီး ဘယ္ဘက္ကိုဆယ္မိနစ္ခန႔္ေလာက္ ေစာင္းအိပ္လိုက္႐ုံနဲ႔တင္ ရင္ပူျခင္းမွ သက္သာသြားေစနိုင္ပါတယ္ ။

ဒါ့အျပင္ ဘယ္ဘက္ကို ေစာင္းအိပ္ျခင္းကအစာေျခစနစ္ကိုပါ ေကာင္းမြန္ေစနိုင္ပါတယ္ ။ဒီလို ေကာင္းက်ိဳးေတြ မ်ားစြာ ရရွိေစနိုင္တဲ့ဘယ္ဘက္ကို ေစာင္းအိပ္ျခင္းကို ညတိုင္းျပဳလုပ္ၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္ ခင္ဗ်ာ ။

လူေတြအတြက္ အိပ္စက္တာက အေရးပါတဲ့အားသြင္းမႈျဖစ္တယ္ ။သင္အိပ္တဲ့ အေနအထားကသင့္အေထြေထြ က်န္းမာေရးကိုသက္ေရာက္မႈရွိတယ္ ဆိုတာ သင္သိပါသလား ။

လတ္တေလာ ေလ့လာမႈအရ ခႏၶာကိုယ္ကိုဘယ္ဘက္ ေစာင္းအိပ္တာေၾကာင့္ ကိုယ္တြင္းအဂၤါအစိတ္အပိုင္း အမ်ားစုရဲ့ က်န္းမာေရးကိုေကာင္းမြန္ေစတယ္လို႔ သိရပါတယ္ ။

–ျပန္ရည္ေၾကာစနစ္လုပ္ငန္းေဆာင္တာကို ေကာင္းမြန္ေစပါတယ္ ။ျပန္ရည္ေၾကာစနစ္ဟာ ကိုယ္တြင္းစနစ္ကေနစြန႔္ပစ္ပစၥည္းေတြနဲ႔ အဆိပ္အေတာက္ေတြစြန႔္ထုတ္တဲ့ နည္းနဲ႔ ခႏၶာကိုယ္မွာ အေရးပါတဲ့လုပ္ငန္းေဆာင္တာကို လုပ္ပါတယ္ ။ျပန္ရည္ေၾကာ စနစ္ထဲက အႀကီးဆုံးေသြးေၾကာက ခႏၶာကိုယ္ ဘယ္ဘက္အျခမ္းမွာရွိတယ္လို႔ ကၽြမ္းက်င္သူေတြက ဆိုပါတယ္ ။ျပန္ရည္ေၾကာစနစ္က အဆီ ၊ ပရိုတင္းဓာတ္နဲ႔တစ္သၽွဴးထဲက တျခားအေရးႀကီးတဲ့ အရာေတြသယ္ယူ ပို႔ေဆာင္ရာမွာ အေရးပါၿပီး ဆဲလ္ေတြထဲကို အာဟာရဓာတ္ေတြျမန္ျမန္ ေရာက္ရွိေစပါတယ္ ။

–သရက္ရြက္ကို ေကာင္းေကာင္း လုပ္ေဆာင္ေစနိုင္ပါတယ္ ။သရက္ရြက္ဟာ ျပန္ရည္ေၾကာစနစ္ထဲကအႀကီးဆုံးအဂၤါ အစိတ္အပိုင္းျဖစ္ၿပီးခႏၶာကိုယ္ရဲ့ ဘယ္ဘက္ အျခမ္းမွာရွိပါတယ္ ။ခႏၶာကိုယ္ကို ဘယ္ဘက္ ေစာင္းအိပ္တဲ့အခါ သရက္ရြက္က ပိုၿပီးထိထိေရာက္ေရာက္ အလုပ္လုပ္နိုင္မွာ ျဖစ္ပါတယ္ ။သရက္ရြက္ထဲ ေသြးစီးဆင္းမႈ အားေကာင္းေစၿပီးစြန႔္ပစ္ပစၥည္းေတြကို ပိုၿပီး ျမန္ျမန္ စြန႔္ထုတ္ေပးနိုင္ပါတယ္ ။

–စြန႔္ပစ္ပစၥည္းေတြကို ေကာင္းေကာင္းစြန႔္ထုတ္နိုင္ပါတယ္ ။ခႏၶာကိုယ္ရဲ့ ဘယ္ဘက္အျခမ္းမွာ အူသိမ္နဲ႔အူမႀကီး ၾကားဆက္တဲ့ေနရာ( Ileocecal valve ) ရွိပါတယ္ ။ဘယ္ဘက္ ေစာင္းအိပ္တဲ့အခါ ကမၻာေျမဆြဲအားေၾကာင့္ အူသိမ္ကေန အူမႀကီးဆီကိုစြန႔္ပစ္ပစၥည္းေတြ အလြယ္တကူ ထြက္ရွိသြားပါေတာ့တယ္ ။အဲဒီအခါ အူမႀကီးကေန စြန႔္ပစ္ပစၥည္းေတြကိုျမန္ျမန္ စြန႔္ထုတ္နိုင္ေစပါတယ္ ။

–ညဘက္ ရင္ပူေဝဒနာ ေလ်ာ့ပါးေစပါတယ္ ။မၾကာခဏ ရင္ပူေဝဒနာ ခံစားေနရရင္ခႏၶာကိုယ္ကို ဘယ္ဘက္ ေစာင္းအိပ္ေပးပါ ။အဲ့ဒီ အေျခအေနမွာ သင့္အစာအိမ္ကေနအစာ ေရမ်ိဳႁပြန္ဆီ အစာေတြ ဆန္တက္မႈမျဖစ္ေအာင္ ကာကြယ္နိုင္မွာ ျဖစ္ပါတယ္ ။

–အသည္း ဝန္ပိမႈ မျဖစ္ေအာင္ကာကြယ္ေပးပါတယ္ ။အသည္းက ခႏၶာကိုယ္ရဲ့ ညာဘက္အျခမ္းမွာရွိတာေၾကာင့္ ညာဘက္ ေစာင္းအိပ္ရင္အသည္းေပၚ ဝန္ပိေစပါတယ္ ။ဘယ္ဘက္ေစာင္းအိပ္ရင္ အသည္း ဆီကို အဆိပ္အေတာက္နဲ႔ တျခားအႏၲရာယ္ရွိတဲ့ ဓာတ္ေတြ မေရာက္ရွိေစပါဘူး ။

–ႏွလုံးကို က်န္းမာေစပါတယ္ ။ႏွလုံးရဲ့ ဘယ္ဘက္အျခမ္းဟာ အဆုတ္ကေနေသြးေတြ လက္ခံပါတယ္ ။ဒါေၾကာင့္ ခႏၶာကိုယ္ကို ဘယ္ဘက္ေစာင္းအိပ္တာက ႏွလုံးကို ပိုၿပီးအလြယ္တကူ အလုပ္ ျဖစ္ေစပါတယ္ ။

ဘယ္ဘက္ ေစာင္းအိပ္ရင္အသက္ရႉ လမ္းေၾကာင္းစနစ္ကိုေကာင္းမြန္ေစၿပီး ႏွလုံးက်န္းမာေစပါတယ္ ။

Credit