အခ်စ္ေရး

ချစ်ခြင်းဖြင့်သာ ချည်ခဲ့တာပါ

ချစ်ခြင်းဖြင့်သာ ချည်ခဲ့တာပါ

လူတစ်ယောက်ကို ချစ်မိလာတာနဲ့အမျှ အနောက်မှာ

ပိုင်ဆိုင်ချင်တဲ့ အတ္တတွေ ကပ်ပြီးပါလာတတ်တာ သဘာဝတွေထဲက သဘာဝတစ်ခုပါ ။

ဒီအထဲမှာမှ ပိုပြီး ချစ်မိတဲ့သူ ပိုပြီး အဆုံးရှုံးမခံနိုင်တာက ပိုပြီးသာတာပေါ့

အချစ် . . . ပေးဆပ်ခြင်းလို့ အဓိပ္ပါယ်ဖြစ်ကြတဲ့ သူတွေလဲ ရှိတယ် ။

သူ သိသည်ဖြစ်စေမသိဘူးဖြစ်စေ ချစ်နေရခြင်းကသာ အချစ် လို့ ခေါင်းစဉ်တပ်ကြတဲ့ သူတွေလဲ ရှိတယ် ။

ကျွန်မ ခံယူချက်တော့ အတ္တ နဲနဲဆန်ကော ဆန်နိုင်ပါတယ် ။

သို့သော် . . . ကိုယ်ချစ်ရ ကြင်နာရတဲ့ သူကို ဘဝထဲက ထွက်မသွားစေချင်တာတော့ လူတိုင်းနဲ့ ခံစားချက်ချင်းတူမှာပါ ။

ဒါပေမယ့် ကျွန်မ သူ့အပေါ် ချစ်ခြင်းမေတ္တာ တစ်ခုတည်းနဲ့ ချည်ခဲ့မိတာပါ ။

မိန်းမ မာယာဆိုတဲ့ အရာကို ကျွန်မ မသိနားမလည်ခဲ့သလို ကျွန်မ ထုတ်ပြီးတော့လဲ မသုံးတတ်ခဲ့ဘူး ။

စိတ်ထဲမှာ ရှိတဲ့အတိုင်း ကိုယ်ခံစားခဲ့ရတဲ့အတိုင်း ဘာမုသားမှ မပါပဲ အရိုးသားဆုံးလေး ဝန်ခံခဲ့မိတာပါ ။

ကျွန်မမှာ အားနည်းချက်တွေ ရှိလာတဲ့အခါ လမ်းပြလေမလားဆိုတဲ့ စိတ်လေးနဲ့ ဝန်ခံခဲ့မိတယ် ။

ကျွန်မမှာ အမှားတွေ ရှိလာတဲ့အခါ မာနတွေမထားပဲ တောင်းပန်ခဲ့မိတယ် ။

အချစ်ကို ကိုးကွယ်တတ်တဲ့ မိန်းမ မဟုတ်ပေမယ့် အချစ်နဲ့ ပတ်သက်ရင် နဲနဲလေးတော့ အကဲပိုတတ်ပါတယ်

စိတ်ပူတာ စိတ်မချတာ တွေလဲ ပိုတယ် ။

ဒါပေမယ့် . . .အဲ့ဒီစိတ်ပူတာတွေ စိတ်မချတာတွေအနောက်မှာ

ဆုံးရှုံးရမှာကြောက်တဲ့ စိတ်လေးတစ်ခုတည်းပဲ ရှိခဲ့တာ ကျန်တဲ့ အရာတွေ ဘာဆိုဘာမှ မရှိခဲ့ဘူး ။

ကျွန်မ . . . ချစ်ခြင်းနဲ့ပဲ ချည်ခဲ့တာပါ ။

ဒါပေမယ့် ကျွန်မ ချစ်ခြင်းတွေကို နားမလည်ခဲ့တဲ့ လူနဲ့ပဲ ဆုံခဲ့တာကလဲ ကံကြမ္မာပါ ။

အတ္တ ကြီးလိုက်တာ နေရာတကာ ပါတယ်ဆိုတဲ့ ခေါင်းစဉ်တွေတပ်ပြီး

မင်းကိုတော့ နားမလည်နိုင်တော့ဘူးဆိုတဲ့ စကားလုံးတွေ အနောက်မှာ

အမြဲ အချစ်ရေးကံမကောင်းတတ်တဲ့ ကောင်မလေးတစ်ယောက်ပေါ့ ။

ဒီအတွက် ဝမ်းမနည်းမိသလို ဘာနောင်တမှ လဲ မရှိခဲ့ပါဘူး ။

ကျွန်မ ဘဝမှာ ကိုယ့်ဘက်က တတ်နိုင်သလောက် ဖြူစင်ခဲ့သလို ကိုယ်ပေးနိုင်တဲ့ မေတ္တာတွေလဲ ပေးခဲ့ဖူးပါတယ်

တစ္ဖက္က . . . နားလည္တာ နားမလည္တာ ယူတတ္တာ မယူတတ္တာကေတာ့ . . .

ကျွန်မနဲ့ သက်ဆိုင်တဲ့အရာ မဟုတ်တော့ဘူးလေ ။

မိန်းမသားတို့အတွက်

Credit သျှင်ယွန်း

Unicode

ချစ်ခြင်းဖြင့်သာ ချည်ခဲ့တာပါ

လူတစ်ယောက်ကို ချစ်မိလာတာနဲ့အမျှ အနောက်မှာ

ပိုင်ဆိုင်ချင်တဲ့ အတ္တတွေ ကပ်ပြီးပါလာတတ်တာ သဘာ၀တွေထဲက သဘာဝတစ်ခုပါ ။

ဒီအထဲမှာမှ ပိုပြီး ချစ်မိတဲ့သူ ပိုပြီး အဆုံးရှုံးမခံနိုင်တာက ပိုပြီးသာတာပေါ့

အချစ် . . . ပေးဆပ်ခြင်းလို့ အဓိပ္ပါယ်ဖြစ်ကြတဲ့ သူတွေလဲ ရှိတယ် ။

သူ သိသည်ဖြစ်စေမသိဘူးဖြစ်စေ ချစ်နေရခြင်းကသာ အချစ် လို့ ခေါင်းစဉ်တပ်ကြတဲ့ သူတွေလဲ ရှိတယ် ။

ကျွန်မ ခံယူချက်တော့ အတ္တ နဲနဲဆန်ကော ဆန်နိုင်ပါတယ် ။

သို့သော် . . . ကိုယ်ချစ်ရ ကြင်နာရတဲ့ သူကို ဘဝထဲက ထွက်မသွားစေချင်တာတော့ လူတိုင်းနဲ့ ခံစားချက်ချင်းတူမှာပါ ။

ဒါပေမယ့် ကျွန်မ သူ့အပေါ် ချစ်ခြင်းမေတ္တာ တစ်ခုတည်းနဲ့ ချည်ခဲ့မိတာပါ ။

မိန်းမ မာယာဆိုတဲ့ အရာကို ကျွန်မ မသိနားမလည်ခဲ့သလို ကျွန်မ ထုတ်ပြီးတော့လဲ မသုံးတတ်ခဲ့ဘူး ။

စိတ်ထဲမှာ ရှိတဲ့အတိုင်း ကိုယ်ခံစားခဲ့ရတဲ့အတိုင်း ဘာမုသားမှ မပါပဲ အရိုးသားဆုံးလေး ဝန်ခံခဲ့မိတာပါ ။

ကျွန်မမှာ အားနည်းချက်တွေ ရှိလာတဲ့အခါ လမ်းပြလေမလားဆိုတဲ့ စိတ်လေးနဲ့ ဝန်ခံခဲ့မိတယ် ။

ကျွန်မမှာ အမှားတွေ ရှိလာတဲ့အခါ မာနတွေမထားပဲ တောင်းပန်ခဲ့မိတယ် ။

အချစ်ကို ကိုးကွယ်တတ်တဲ့ မိန်းမ မဟုတ်ပေမယ့် အချစ်နဲ့ ပတ်သက်ရင် နဲနဲလေးတော့ အကဲပိုတတ်ပါတယ်

စိတ်ပူတာ စိတ်မချတာ တွေလဲ ပိုတယ် ။

ဒါပေမယ့် . . .အဲ့ဒီစိတ်ပူတာတွေ စိတ်မချတာတွေအနောက်မှာ

ဆုံးရှုံးရမှာကြောက်တဲ့ စိတ်လေးတစ်ခုတည်းပဲ ရှိခဲ့တာ ကျန်တဲ့ အရာတွေ ဘာဆိုဘာမှ မရှိခဲ့ဘူး ။

ကျွန်မ . . . ချစ်ခြင်းနဲ့ပဲ ချည်ခဲ့တာပါ ။

ဒါပေမယ့် ကျွန်မ ချစ်ခြင်းတွေကို နားမလည်ခဲ့တဲ့ လူနဲ့ပဲ ဆုံခဲ့တာကလဲ ကံကြမ္မာပါ ။

အတ္တ ကြီးလိုက်တာ နေရာတကာ ပါတယ်ဆိုတဲ့ ခေါင်းစဉ်တွေတပ်ပြီး

မင်းကိုတော့ နားမလည်နိုင်တော့ဘူးဆိုတဲ့ စကားလုံးတွေ အနောက်မှာ

အမြဲ အချစ်ရေးကံမကောင်းတတ်တဲ့ ကောင်မလေးတစ်ယောက်ပေါ့ ။

ဒီအတွက် ဝမ်းမနည်းမိသလို ဘာနောင်တမှ လဲ မရှိခဲ့ပါဘူး ။

ကျွန်မ ဘဝမှာ ကိုယ့်ဘက်က တတ်နိုင်သလောက် ဖြူစင်ခဲ့သလို ကိုယ်ပေးနိုင်တဲ့ မေတ္တာတွေလဲ ပေးခဲ့ဖူးပါတယ်

တစ်ဖက်က . . . နားလည်တာ နားမလည်တာ ယူတတ်တာ မယူတတ်တာကတော့ . . .