အခ်စ္ေရး

မင္းကိုအဖက္မလုပ္တဲ့ လူကိုမွ ႏွလံုးသားထဲထည့္ထားရတာ မပင္ပန္းဘူးလား?

မင္းကိုအဖက္မလုပ္တဲ့ လူကိုမွ ႏွလံုးသားထဲထည့္ထားရတာ မပင္ပန္းဘူးလား?
သူ႕စိတ္ထဲမွာ မင္းကို ႐ွိတယ္လို႔ေတာင္ သတ္မွတ္မထားထားတဲ့ လူကိုမွ အေတြးထဲမွာ ထည့္ထားရတာ မပင္ပန္းဘူးလား . . .?

အဖက္မလုပ္တဲ့ လူကိုမွ ႏွလံုးသားထဲ ထည့္ထားရတာ မြန္းၾကပ္ၿပီး ပူေလာင္မေနဘူးလား ? မင္းကိုယ္မင္း သနားညႇာတာ သင့္ပါၿပီ . . .။

သူ႕စိတ္နဲ႔ ကုန္လြန္ခဲ့တဲ့ ခ်ိန္ေတြကို လက္ခ်ိဳး ေရတြက္ၾကည့္ပါအံုးလား . . .။

စားလည္း ဒီစိတ္ သြားလည္း ဒီစိတ္ နဲ႔ မင္းဘဝရဲ႕ တန္ဖိုး႐ွိတဲ့ အခ်ိန္ေတြကို အဲ့ဒီ စိတ္ေအာက္မွာပဲ ကုန္ဆံုးေစေတာ့မွာလား . . .?

အဲ့ဒီ ခံစားခ်က္က မင္းတစ္ေယာက္ထဲ ခံစားဖူးတာမွ မဟုတ္တာကြာ … လူတိုင္း ခံစား ဖူးတာေပါ့ . . .။

ဒါေပမယ့္ လူတိုင္းေတာ့ မင္းလို ျဖစ္မေနဘူး။ အရမ္းႀကီး စြဲလမ္းၿပီး ခံစားမေနပါဘူး။ အလြန္ဆံုး ခံစားရမွ အခ်ိန္အတိုင္းအတာ တစ္ခု အ ထိေပါ့ . . .။

ဒါ့ေၾကာင့္ မင္းရဲ႕ မရပ္ႏိုင္ေသးတဲ့ ႏွလံုးသားထဲက ႐ိႈက္သံေတြကို ျပည္ဖံုး ကားခ် သင့္ပါၿပီ . . .။

မ်က္ရည္ ေတြ သုတ္ လိုက္ပါေတာ့ … ငါတို႔ တေတြရဲ႕ ဘ ဝ ေလ်ွာက္ ရ မယ့္ လမ္း ၊ ႏႊဲရ မယ့္ ဘဝတိုက္ ပြဲ ေတြ အမ်ားႀကီး ႐ွိ ေသး တယ္ ေလ သူငယ္ခ်င္း . . .။

ခုမွ အစ႐ွိပါေသးတယ္ ကြာ … ဘဝကို လြယ္လြယ္နဲ႔ လက္ေျမႇာက္ အ႐ွံုးေပးဖို ႔အတြက္ အေမက ေမြးခဲ့တာမွ မဟုတ္ပဲ ၊ အသက္နဲ႔ရင္းၿပီး ေမြးခဲ့တဲ့ အေမနဲ႔ ေကြၽးခဲ့တဲ့ အေဖ့ကို အားနာပါအံုး သူငယ္ခ်င္း . . .။

တန္ဖိုး႐ွိလွတဲ့ လူငယ္ဘဝရဲ႕ အခ်ိန္ေတြကို အက်ိဳးမဲ့တဲ့ လုပ္ရပ္ေတြေၾကာင့္ ကုန္ဆံုး မသြားေစ ခ်င္ဘူး ကြာ . . ။

ေလ့လာသင္ ယူစရာေတြ မ်ားလွ တဲ့ လူ႕ဘဝမွာ အစမ္း အသပ္ခံ တစ္ခ်ိဳ႕ေၾကာင့္ နစ္မြန္းသြားတဲ့လူေတြ ႐ွိသလို ျဖစ္ထြန္းသြားတဲ့ လူေတြလည္း အမ်ားႀကီးပါ . . .။

မင္းကိုေတာ့ နစ္မြန္းသြားတဲ့အထဲ မပါေစခ်င္ဘူး သူငယ္ခ်င္း ေရ . . .။ ။

Fighting !

Thaw Lin Paing

Unicode Version ဖြင့်ဖတ်ရန်

မင်းကိုအဖက်မလုပ်တဲ့ လူကိုမှ နှလုံးသားထဲထည့်ထားရတာ မပင်ပန်းဘူးလား?
သူ့စိတ်ထဲမှာ မင်းကို ရှိတယ်လို့တောင် သတ်မှတ်မထားထားတဲ့ လူကိုမှ အတွေးထဲမှာ ထည့်ထားရတာ မပင်ပန်းဘူးလား . . .?

အဖက်မလုပ်တဲ့ လူကိုမှ နှလုံးသားထဲ ထည့်ထားရတာ မွန်းကြပ်ပြီး ပူလောင်မနေဘူးလား ? မင်းကိုယ်မင်း သနားညှာတာ သင့်ပါပြီ . . .။

သူ့စိတ်နဲ့ ကုန်လွန်ခဲ့တဲ့ ချိန်တွေကို လက်ချိုး ရေတွက်ကြည့်ပါအုံးလား . . .။

စားလည်း ဒီစိတ် သွားလည်း ဒီစိတ် နဲ့ မင်းဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အဲ့ဒီ စိတ်အောက်မှာပဲ ကုန်ဆုံးစေတော့မှာလား . . .?

အဲ့ဒီ ခံစားချက်က မင်းတစ်ယောက်ထဲ ခံစားဖူးတာမှ မဟုတ်တာကွာ … လူတိုင်း ခံစား ဖူးတာပေါ့ . . .။

ဒါပေမယ့် လူတိုင်းတော့ မင်းလို ဖြစ်မနေဘူး။ အရမ်းကြီး စွဲလမ်းပြီး ခံစားမနေပါဘူး။ အလွန်ဆုံး ခံစားရမှ အချိန်အတိုင်းအတာ တစ်ခု အ ထိပေါ့ . . .။

ဒါ့ကြောင့် မင်းရဲ့ မရပ်နိုင်သေးတဲ့ နှလုံးသားထဲက ရှိုက်သံတွေကို ပြည်ဖုံး ကားချ သင့်ပါပြီ . . .။

မျက်ရည် တွေ သုတ် လိုက်ပါတော့ … ငါတို့ တတွေရဲ့ ဘ ဝ လျှောက် ရ မယ့် လမ်း ၊ နွှဲရ မယ့် ဘဝတိုက် ပွဲ တွေ အများကြီး ရှိ သေး တယ် လေ သူငယ်ချင်း . . .။

ခုမှ အစရှိပါသေးတယ် ကွာ … ဘဝကို လွယ်လွယ်နဲ့ လက်မြှောက် အရှုံးပေးဖို့အတွက် အမေက မွေးခဲ့တာမှ မဟုတ်ပဲ ၊ အသက်နဲ့ရင်းပြီး မွေးခဲ့တဲ့ အမေနဲ့ ကျွေးခဲ့တဲ့ အဖေ့ကို အားနာပါအုံး သူငယ်ချင်း . . .။

တန်ဖိုးရှိလှတဲ့ လူငယ်ဘဝရဲ့ အချိန်တွေကို အကျိုးမဲ့တဲ့ လုပ်ရပ်တွေကြောင့် ကုန်ဆုံး မသွားစေ ချင်ဘူး ကွာ . . ။

လေ့လာသင် ယူစရာတွေ များလှ တဲ့ လူ့ဘဝမှာ အစမ်း အသပ်ခံ တစ်ချို့ကြောင့် နစ်မွန်းသွားတဲ့လူတွေ ရှိသလို ဖြစ်ထွန်းသွားတဲ့ လူတွေလည်း အများကြီးပါ . . .။

မင်းကိုတော့ နစ်မွန်းသွားတဲ့အထဲ မပါစေချင်ဘူး သူငယ်ချင်း ရေ . . .။ ။

Fighting !

Thaw Lin Paing