အခ်စ္ေရး

အချစ်ရေးမှာ ဆရာကျချင်ရင် ဒီ(၉)ချက်ကို သိထားဖို့လိုမယ်

အချစ်ရေးကိစ္စတွေကို အထာကျကျ ဆရာကျကျ ရင်ဆိုင်ကျော်ဖြတ်နိုင်စေဖို့…။

၁။ အကန့်အသတ်မရှိတဲ့ ချစ်ခြင်းတွေကို ထုတ်ဖော်ပြသပါ။

နေ့ရက်တိုင်းမှာ အကောင်းဆုံးချစ်ပါ။

၂။ နှလုံးသားကို မကစားမယ့် ကတိသစ္စာတည်တဲ့ လူမျိုးအပေါ်မှာပဲ

ခံစားချက်တွေကို ရင်းနှီးမြှုပ်နှံပါ။

၃။ ကိုယ့်ကို တကယ်ချစ်မြတ်နိုးပြီး

အလေးပေးဂရုစိုက်တဲ့သူတွေအတွက် ဘဝအတွက်အချိန်ပေးပါ။

၄။ အခြားလူတွေရဲ့ အချစ်ရေးနဲ့ ကိုယ့်ရဲ့အချစ်ရေးကို နှိုင်းယှဉ်နေတာမျိုးကို ရှောင်ကြဉ်ပါ။

ချစ်သူရဲ့ကောင်းကွက်လေးတွေကို မြင်အောင်ကြည့်ပါ။

၅။ မာနကို Relationship ထက်ပိုပြီး နေရာပေးတာမျိုးကို ရှောင်ကြဉ်ပါ။

ပြဿနာဖြစ်လာတဲ့အခါ မေတ္တာတရားကို ရှေ့ထားပြီး ဖြေရှင်းပါ။

၆။ ချစ်သူရဲ့ လိုအပ်ချက်တွေကို မြင်ပြီး ကူညီပေးနိုင်ဖို့ ကြိုးစားပါ။

အလိုက်သိတတ်ခြင်းဟာ ချစ်ခြင်းရဲ့ အခြေခံသဘောတရားဖြစ်တယ်ဆိုတာကို သိထားပါ။

၇။ ကိုယ့်ဆီမှာရှိနေတဲ့ ခံစားချက်တွေ၊ အကြောက်တရားတွေ၊

စိတ်မလုံခြုံမှုတွေကို ချစ်သူကို ဖွင့်ဟပြောပြပါ။

၈။ ချစ်သူကိုအရာရာ ပြီးပြည့်စုံစေချင်တဲ့ စိတ်ကို ထိန်းချုပ်ပါ။

ကိုယ့်မှာအားနည်းချက်တွေ ရှိသလို ချစ်သူဆီမှာလည်း အားနည်းချက်တွေရှိတယ်ဆိုတာကို နားလည်ပါ။

၉။ အတူတူရှိနေချိန်တွေကို တန်ဖိုးထားသလို ကိုယ်ပိုင်အချိန်တွေလည်းထားပါ။

အချိန်ပြည့် အနားမှာပဲနေခြင်းဟာ တစ်ယောက်အပေါ်တစ်ယောက် ညည်းငွေ့သွားစေပါတယ်။

ဂန္တဝင် မဂ္ဂဇင်း

Zawgyi Version