ဗဟုသုတ

ကြမ္းစားတဲ့ သူေတြ ေက်ာက္ကပ္ ေရာဂါမျဖစ္ေအာင္ မုန္လာဥျဖဴ နဲ႔ ေက်ာက္ကပ္ေဆးတဲ့ နည္းလမ္းေလး

ကြမ္းစားျခင္းဟာ အာရွႏိုင္ငံေတြမွာ ေတာ္ေတာ္မ်ားမ်ားက စားသုံးၾကပါတယ္။ ျမန္မာႏိုင္ငံဟာလည္း ဟိုးေရွးယခင္ေတြကတည္းက ကြမ္းစားျခင္းဟာ ႐ိုးရာဓေလ့ တစ္ခုလိုျဖစ္ခဲ့ပါတယ္။ ဧည့္သည္လာရင္ ကြမ္းနဲ႔ဧည့္ခံျခင္းဟာလည္း ထုံးတမ္းအစဥ္အလာဆိုရင္မမွားပါဘူး။ အခုေနာက္ပိုင္းမွာလည္း အာရွအျပင္ ဥေရာပနဲ႔ အေနာက္အေမရိကေတြမွာပါ အသင့္စားကြမ္းထုပ္ေလးေတြလည္း ပ်ံ႕ႏွံ႔လာခဲ့ၿပီျဖစ္ပါတယ္။ ကြမ္းဟာ အရက္၊ နီကိုတင္းနဲ႔ ကဖင္းတို႔ၿပီးရင္ စတိုတၳေျမာက္ စြဲလန္းမႈအျဖစ္ဆုံးလို႔ ဆိုရမွာျဖစ္ပါတယ္။ ကြမ္းစားျခင္းဟာ က်န္းမာေရးကို ထိခိုက္ေစႏိုင္တာ ပရိတ္သတ္ႀကီးလည္း အသိပဲျဖစ္ပါတယ္။ ကြမ္းဟာ သြားနဲ႔သြားဖုံးကို ေရာဂါျဖစ္စႏိုင္ပါတယ္။ ခံတြင္းမွာ ၾကာျမင့္စြာ ငုံထားျခင္းေၾကာင့္လည္း ခံတြင္းအေျမႇးပါးေတြဟာ ပ်က္စီရပါတယ္။ ဒါ့အျပင္ ေက်ာက္ကပ္ကိုလည္း ထိခိုက္ပ်က္စီးေစပါတယ္။

ကြမ္းစားျခင္းေၾကာင့္ ေက်ာက္ကပ္ကို ထိခိုက္လာၿပီဆိုရင္ ကုသႏိုင္မယ့္ ေဆးစြမ္းေကာင္းတစ္လက္ကို လူမႈကြန္ယက္ကတစ္ဆင့္ ရွာေဖြေတြ႕ရွိတဲ့အတြက္ ပရိတ္သတ္ႀကီးကို ဒီေဆးနည္းေကာင္းေလးကို မွ်ေဝေပးလိုက္ပါတယ္။ ေက်ာက္ကပ္ဟာလည္း အေရးပါတဲ့ ခႏၶာအစိတ္အပိုင္းျဖစ္လို႔ အထူးဂ႐ုျပဳသင့္ပါတယ္။ ေက်ာက္ကပ္ေရာင္ျခင္း၊ ေက်ာက္တည္ျခင္းေတြဟာ ေတာ္ေတာ္ကို ဆိုး႐ြားတဲ့ ေဝဒါနာတစ္ခုလည္းျဖစ္ပါတယ္။ ဒီလိုေဝဒါနာေတြ မခံစားဖို႔အတြက္ ေဆးနည္းေလးကေတာ့ ေက်ာက္ကပ္ကို ေဆးျခင္းျဖစ္ပါတယ္။ မုန္လာဥျဖဴ တစ္လုံးကို ေရနဲ႔ သန႔္စင္ေအာင္ ေဆးေက်ာၿပီး ေရနည္းနည္းနဲ႔ ထည့္ၿပီး ႀကိတ္လိုက္ပါ။ အဖက္ေတြကို ထုတ္ၿပီး အရည္ကို ေသာက္ပါ။ ဒီႀကိတ္ထားတဲ့ အရည္ေလးဟာ ဝမ္းထဲေရာက္တာနဲ႔ ခါးနာျခင္းဟာ ယူပစ္သလို ေပ်ာက္ကင္းသြားပါလိမ့္မယ္။ ဒီႀကိတ္ရည္ဟာ ေက်ာက္ကပ္ကို ခ်က္ျခင္း ေဆးေပးတာျဖစ္တာေၾကာင့္ ခ်က္ျခင္း အာနိသင္ ျဖစ္ေပၚေစပါတယ္။

ကြမ္းစားျခင္း ဥေရာပ အာရွ

ေက်ာက္ကပ္အျပင္ အူက်တဲ့ ေရာဂါကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ တစ္ပါတ္တစ္ခါ မုန္လာဥျဖဴ ကို ဟင္းအျဖစ္ခ်က္ျပဳတ္ၿပီး စားသုံးသင့္ပါတယ္။ ဒါမွလည္း ေက်ာက္ကပ္ကို ထိန္းသိမ္းမႈ ျပဳလုပ္ႏိုင္မွာပါ။ ဒါ့အျပင္ မုန္လာဥျဖဴကို အစိမ္းလိုက္ သံပုရာသီးေလးနဲ႔ သုတ္စားတာဟာလည္း ေဆးဖက္ဝင္ပါတယ္။ ဒီလိုမုန္လာဥျဖဴကို စားသုံးျခင္းေၾကာင့္ ကင္ဆာေရာဂါကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ေသြးေပါင္ခ်ိန္ကိုလည္း မွန္ေစပါတယ္။ အသားအရည္လည္း စိုေျပေစပါတယ္။ အ႐ြယ္တင္ႏုပ်ိဳခ်င္ရင္ေတာ့ ပုံမွန္ စားသုံးေပးသင့္ပါတယ္။ အထူးသတိျပဳရမည့္အခ်က္ကေတာ့ မုန္လာဥျဖဴကို ေရနဲ႔ စင္ၾကယ္စြာ ေဆးေၾကာဖို႔ပါပဲ။ စိုက္ပ်ိဳးခ်ိန္မွာ ပိုးသတ္ေဆးေတြ အသုံးျပဳထားႏိုင္တာေၾကာင့္ ေသခ်ာစြာ ေဆးေၾကာေပးသင့္ပါတယ္။ ပရိတ္သတ္ႀကီးေရ မုန္လာဥျဖဴရဲ႕ အက်ိဳးေက်းဇူးေတြကို သိၿပီဆိုရင္ စားသုံးေပးဖို႔ မေမ့ၾကနဲ႔ေနာ္ …..။

Writer – ME( Shwe Yaung Lan )

Unicode

ကွမ်းစားတဲ့ သူတွေ ကျောက်ကပ် ရောဂါမဖြစ်အောင် မုန်လာဥဖြူ နဲ့ ကျောက်ကပ်ဆေးတဲ့ နည်းလမ်းလေး

ကွမ်းစားခြင်းဟာ အာရှနိုင်ငံတွေမှာ တော်တော်များများက စားသုံးကြပါတယ်။ မြန်မာနိုင်ငံဟာလည်း ဟိုးရှေးယခင်တွေကတည်းက ကွမ်းစားခြင်းဟာ ရိုးရာဓလေ့ တစ်ခုလိုဖြစ်ခဲ့ပါတယ်။ ဧည့်သည်လာရင် ကွမ်းနဲ့ဧည့်ခံခြင်းဟာလည်း ထုံးတမ်းအစဉ်အလာဆိုရင်မမှားပါဘူး။ အခုနောက်ပိုင်းမှာလည်း အာရှအပြင် ဥရောပနဲ့ အနောက်အမေရိကတွေမှာပါ အသင့်စားကွမ်းထုပ်လေးတွေလည်း ပျံ့နှံ့လာခဲ့ပြီဖြစ်ပါတယ်။ ကွမ်းဟာ အရက်၊ နီကိုတင်းနဲ့ ကဖင်းတို့ပြီးရင် စတိုတ္ထမြောက် စွဲလန်းမှုအဖြစ်ဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။ ကွမ်းစားခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာ ပရိတ်သတ်ကြီးလည်း အသိပဲဖြစ်ပါတယ်။ ကွမ်းဟာ သွားနဲ့သွားဖုံးကို ရောဂါဖြစ်စနိုင်ပါတယ်။ ခံတွင်းမှာ ကြာမြင့်စွာ ငုံထားခြင်းကြောင့်လည်း ခံတွင်းအမြှေးပါးတွေဟာ ပျက်စီရပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။

ကွမ်းစားခြင်းကြောင့် ကျောက်ကပ်ကို ထိခိုက်လာပြီဆိုရင် ကုသနိုင်မယ့် ဆေးစွမ်းကောင်းတစ်လက်ကို လူမှုကွန်ယက်ကတစ်ဆင့် ရှာဖွေတွေ့ရှိတဲ့အတွက် ပရိတ်သတ်ကြီးကို ဒီဆေးနည်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်။ ကျောက်ကပ်ဟာလည်း အရေးပါတဲ့ ခန္ဓာအစိတ်အပိုင်းဖြစ်လို့ အထူးဂရုပြုသင့်ပါတယ်။ ကျောက်ကပ်ရောင်ခြင်း၊ ကျောက်တည်ခြင်းတွေဟာ တော်တော်ကို ဆိုးရွားတဲ့ ဝေဒါနာတစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုဝေဒါနာတွေ မခံစားဖို့အတွက် ဆေးနည်းလေးကတော့ ကျောက်ကပ်ကို ဆေးခြင်းဖြစ်ပါတယ်။ မုန်လာဥဖြူ တစ်လုံးကို ရေနဲ့ သန့်စင်အောင် ဆေးကျောပြီး ရေနည်းနည်းနဲ့ ထည့်ပြီး ကြိတ်လိုက်ပါ။ အဖက်တွေကို ထုတ်ပြီး အရည်ကို သောက်ပါ။ ဒီကြိတ်ထားတဲ့ အရည်လေးဟာ ဝမ်းထဲရောက်တာနဲ့ ခါးနာခြင်းဟာ ယူပစ်သလို ပျောက်ကင်းသွားပါလိမ့်မယ်။ ဒီကြိတ်ရည်ဟာ ကျောက်ကပ်ကို ချက်ခြင်း ဆေးပေးတာဖြစ်တာကြောင့် ချက်ခြင်း အာနိသင် ဖြစ်ပေါ်စေပါတယ်။

ကျောက်ကပ်အပြင် အူကျတဲ့ ရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။ တစ်ပါတ်တစ်ခါ မုန်လာဥဖြူ ကို ဟင်းအဖြစ်ချက်ပြုတ်ပြီး စားသုံးသင့်ပါတယ်။ ဒါမှလည်း ကျောက်ကပ်ကို ထိန်းသိမ်းမှု ပြုလုပ်နိုင်မှာပါ။ ဒါ့အပြင် မုန်လာဥဖြူကို အစိမ်းလိုက် သံပုရာသီးလေးနဲ့ သုတ်စားတာဟာလည်း ဆေးဖက်ဝင်ပါတယ်။ ဒီလိုမုန်လာဥဖြူကို စားသုံးခြင်းကြောင့် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကိုလည်း မှန်စေပါတယ်။ အသားအရည်လည်း စိုပြေစေပါတယ်။ အရွယ်တင်နုပျိုချင်ရင်တော့ ပုံမှန် စားသုံးပေးသင့်ပါတယ်။ အထူးသတိပြုရမည့်အချက်ကတော့ မုန်လာဥဖြူကို ရေနဲ့ စင်ကြယ်စွာ ဆေးကြောဖို့ပါပဲ။ စိုက်ပျိုးချိန်မှာ ပိုးသတ်ဆေးတွေ အသုံးပြုထားနိုင်တာကြောင့် သေချာစွာ ဆေးကြောပေးသင့်ပါတယ်။ ပရိတ်သတ်ကြီးရေ မုန်လာဥဖြူရဲ့ အကျိုးကျေးဇူးတွေကို သိပြီဆိုရင် စားသုံးပေးဖို့ မမေ့ကြနဲ့နော် …..။

Writer – ME( Shwe Yaung Lan )