ရှောင်ကျဉ်သင့်သော ကင်ဆာဖြစ်စေတဲ့ အိမ်တွင်းသုံးပစ္စည်းများ…
စားဝတ်နေရေးအတွက် အပြင်မှာ အလုပ်လုပ်နေကြသူတွေဟာ အလုပ်ကပြန်လာရင် မိမိနားခိုရာအိမ်မှာပဲ အနားယူကြတာ ထုံးစံပါပဲ။
အိမ်ဟာ အနားယူအပန်းဖြေနေရာ တစ်ခုသာဖြစ်သင့်ရာက အခုနောက်ပိုင်းမှာ အန္တရာယ်ပေးနိုင်တဲ့ လူသုံးကုန်ပစ္စည်းတွေ ဝိုင်းရံလာနေတာ တွေ့လာရပါတယ်။
လူသုံးကုန်တွေ ခေတ်မီဆန်းပြားလာတာနဲ့အတူ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုပိုများလာကာ ကျန်းမာရေး ထိခိုက်လာစေပါတယ်။
အောက်ပါအိမ်သုံးပစ္စည်းတွေဟာ အမေရိကန်နိုင်ငံ ကင်ဆာကာကွယ်ရေးအဖွဲ့မှ ကြေညာထားတဲ့ ကင်ဆာဖြစ်စေတဲ့
ကာစီနိုဂျင်တွေဖြစ်ကြတာမို့ စာဖတ်သူများ ရှောင်ကြဉ်သုံးစွဲကြဖို့ ဖော်ပြပေးလိုက်ပါတယ်။

1. ကင်ဆာဖြစ်စေတဲ့၊ မကောင်းတဲ့ ဖော်မယ်ဒီဟိုက်၊ နိုက်ထရိုဘင်ဇင်းနဲ့ မီသိုင်လင်းကလိုရိုက် စတာတွေဟာ နေ့စဉ်အသုံးများတဲ့ ရာဘာလူသုံးကုန်ပစ္စည်းတွေ၊ ပလတ်စတစ်၊ အရောင်ဆိုးဆေး၊
အမွှေးအကြိုင်ထွက်ကုန်တွေ၊ အလှကုန်ပစ္စည်း ရေမွှေးတွေ ဘော်ဒီလိုးရှင်းလိမ်းဆေးတွေနဲ့ ခေါင်းလျှော်ရည်တွေမှာ ပါဝင်နေတာဆိုတော့ အဲဒါတွေကို နေ့စဉ်ရက်ဆက် အသုံးများလေလေ ကင်ဆာဖြစ်ဖို့ အခွင့်အလမ်း များလေလေဖြစ်ပါတယ်။
ဒါကြောင့် အဲဒီလိုကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ အထိအတွေ့နည်းအောင် စီစဉ်နိုင်ပါမှ မိမိရော မိမိ မိသားစုပါ ကျန်းမာရေးဘေးကင်းမှာဖြစ်တယ်။
2. လေသန့်အောင်ဖျန်းတဲ့ အနံ့ဖျောက်တဲ့ Air Freshener
အနံ့ဖျောက် ဆေးဖျန်းဘူးအများစုမှာ အငွေ့ပျံစေတဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ အတွက် ဖြစ်နိုင်ရင် မသုံးတာအကောင်းဆုံးပါ။
အခန်းကိုအလင်းရောင်နဲ့ လေကောင်းလေသန့်ရရှိအောင် စနစ် တကျ ထားသိုခြင်း၊ ပြတင်းပေါက်တွေ ဖွင့်ထားခြင်း၊ ပန်ကာနဲ့
လေမှုတ်ပန်ကာတွေ တပ်ဆင်ဖွင့်ထားခြင်း စတာတွေက အနံ့ဖျောက်ဆေးတွေ သုံးစရာမလိုဘဲ အခန်းကို အနံ့အ သက်ကင်းစေပါတယ်။
3. အလှပြင်ပစ္စည်းတွေနဲ့၊ တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းမျာ
လူတိုင်းနေ့စဉ် စွဲမြဲစွာသုံးကြတဲ့ အောက်ပါတို့က လူတွေအထူးသဖြင့် မလှချင်၊ ကိုအကောင်းကြိုက်တို့ကို ကင်ဆာဖြစ်စေတာတွေနဲ့ နေ့စဉ်အထိအတွေ့များစေပါတယ်။
3.(1) ကော့စမက်တစ် မှန် မိတ်ကပ်များ၊ အောက်ခံမိတ်ကပ် Foundation များ
အဲဒီအလှပြင်မိတ်ကပ်တွေမှာပါတဲ့ BHA နဲ့ TALC ပေါင်ဒါက ကာစီနိုဂျင်တွေဖြစ်ကြတယ်။ TALC က အဆုတ်တွေကို ဓာတ်မတည့်မှုဖြစ်စေတယ်။
ကလေးပေါင်ဒါတွေမှာပါတဲ့ TALC ကြောင့် အသက်ကြီးလာတဲ့အခါ မျိုးဥအိမ်ကင်ဆာတွေ ဖြစ်လာစေတာတွေ့ကြရတယ်။ TEA ခေါ်
Triethanolamine က နိုက်ထရိုက်တွေ ဓာတ်ပြုပြီး ကာစီနိုဂျင်နိုက်ထရိုဆမင်း Nitrosamines တွေအဖြစ် ပြောင်းလဲသွားစေတယ်။
လာနိုလင် Lanolin ဆိုတဲ့ အရာဝတ္ထုက DDT ပိုးသတ်ဆေးနဲ့ ကင်ဆာဖြစ်စေတဲ့ တခြားအင်းဆက်နဲ့ ပိုးမွှားသတ်ဆေးတွေနဲ့ ထိ
တွေ့ရောနှောနေတတ်ကြတယ်။ ပါရာဘင် Parabens ဆိုတဲ့ ရေနံထွက်ဓာတု ပစ္စည်းတစ်မျိုးက ထိတွေ့တဲ့ အရေပြားတွေကို
ရောင်ရမ်း Contact Dermatitis ဖြစ်လာစေတယ်။
Fragrance (သင်းရနံ့) ဆိုတာတွေက အရေပြားတွေကို အဆိပ်အတောက်ဖြစ်စေပြီး ရောင်ရမ်းလာစေတယ်။ ဒါကြောင့် ပွဲနေပွဲထိုင်
သွားတဲ့ အချိန်ကလွဲပြီး ကျန်အချိန်တွေမှာတော့ မိတ်ကပ်တွေမသုံးတာ အကောင်းဆုံးပါပဲ။ မဖြစ်မနေ လိမ်းကျံပြီဆိုရင်လည်း၊ ပြီးတာ
နဲ့ ချက်ချင်းသန့်စင်ပစ်သင့်တယ်။
3.(2) ကတ္တရာပါတဲ့ သွားတိုက်ဆေးများ (Crest Tartar Controls Toothpaste)
သွားတိုက်ဆေးတွေမှာပါတဲ့ FD & BLUE တွေက ကာစီနိုဂျင်တွေဖြစ်ကြတယ်။ ဆက်ကရင် Sacchrin ကလည်း ကင်ဆာဖြစ်စေနိုင်
သလို သွားတွေကြံ့ခိုင်စေတယ်ဆိုတဲ့ ဖလူအိုရိုက်
Fluoride ကလည်း ကင်ဆာဖြစ်နိုင်ခြေရှိတာ တွေ့ရတယ်။
3.(3) ဆံပင်ပျော့ဆေး ဥပမာ VO5 Conditioner (Essence of Neutral Henna)
ဆံပင်ပျော့ဆေးတွေမှာပါတဲ့ ဖော်မယ်ဒီဟိုက်ဒြပ်ပေါင်းတွေက ကင်ဆာဖြစ်စေတယ်။ အာရုံကြောတွေကို အဆိပ်သင့်စေပြီး ထိမိတဲ့
အရေပြားတွေ ရောင်ရမ်းစေတယ်။ ဓာတ်မတည့်ယားယံတာတွေ ဖြစ်စေတယ်။ Polysorbate 80 ဆိုတဲ့ ပစ္စည်းကြောင့်လည်း ကင်ဆာတွေဖြစ်လာစေတယ်။
FD & RED4 ကလည်း ကာစီနိုဂျင်ပဲဖြစ်တယ်။ Fragrance ဆိုတဲ့ပစ္စည်း ကလည်း ကာစီနိုဂျင်ပဲဖြစ်တယ်။ ခေါင်းလျှော်ရည်ဘူးတွေ
မှာလည်း ဓာတုပစ္စည်းတွေပဲ အများစုသုံးထားတာမို့ တစ်ချိန်လုံး အဲဒါတွေသုံးနေမယ့်အစား ရိုးရာတရော်ကင်မွန်းသီး နဲ့ ခေါင်းလျှော်ပေးသင့်ပါတယ်။
3.(4) ဆံပင်ဆိုးဆေးများ Permanent Hair Color
ဆံပင်ဖြူသူတွေသာမက လူငယ်တွေကပါ ဖြူနီကြောင်ကြားကာလာစုံ ဆံပင်ဆိုးဆေးအမျိုးမျိုး သုံးစွဲမှုများလာကြတယ်။ မိမိခေါင်းပေါ်
အဆိပ်တွေ၊ ကာစီနိုဂျင်တွေတင်ထားပြီး ကင်ဆာအဖြစ်ခံနေကြတာ သတိထားဖို့ ကောင်းပါတယ်။ အဲဒါတွေမှာပါတဲ့ ကွာတားနီယံ
Quaternium 15, Fomaldehyde Releaser တွေက ကာစီနိုဂျင်တွေ၊ အာရုံကြောအဆိပ်တွေ၊ အရေပြားရောင်ရမ်းစေတာတွေနဲ့
အလာဂျီထစေတဲ့ပစ္စည်းတွေဖြစ်ကြတယ်။
Diethanolamine (DEA) က ကာစီနိုဂျင်ဖြစ်တဲ့အပြင် နိုက်ထရိုဂျင်တွေနဲ့ ထိတွေ့တဲ့အခါ၊ ကင်ဆာဖြစ်စေတဲ့ နိုက်ထရိုဂျင်ဆမင်းတွေ
အဖြစ်ပြောင်းကာ ကင်ဆာတွေဖြစ်လာစေတယ်။ Phenylenediamine ပါဝင်မှုကြောင့် ကင်ဆာနဲ့ အရေပြားရောင်ရမ်းနာတွေဖြစ်စေတယ်။
Propylene Gycol နဲ့ Fragrance ပါဝင်တာကြောင့် ထိ
တွေ့တဲ့အရေပြားတွေ ရောင်ရမ်းလာစေတယ်။ သြင်္ကန်အချိန်ရောက်ရင် လူငယ်လေးတွေသာမက ကလေးပေါက်စနတွေကိုပါ
ဖြူနီကြောင်ကျားရောင်စုံ ဆံပင်ဆိုးဆေးဆိုးတာမလုပ်သင့်ပါဘူး။ ဆံပင်ပေါ်မှာ လချီနေတတ်တဲ့ အဲဒီဆိုးဆေးတွေရဲ့အန္တရာယ်ကို
ထည့်စဉ်းစား ဆင်ခြင်သင့်တယ်။
ဆိုးဆေးတွေ အသုံးပြုတာတွေကြောင့် NHL လင့်ဖိုးမား၊ မိုင်လိုမား Multiple Myeloma နဲ့ တခြားကင်ဆာအမျိုးမျိုး ဖြစ်ပေါ်လာစေတဲ့
အထောက်အထားတွေ တွေ့လာရပါပြီ။ ဒါ့ကြောင့် အလှအပအတွက် ကင်ဆာအဖြစ်ခံပြီး ဆံပင်ရောင်စုံ ဆိုးမယ့်အစား သဘာဝအတိုင်းထားတာက ကောင်းပါတယ်။
4. အိမ်တွင်းသုံးပစ္စည်းများ
အချို့သော တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများမှာ ဓာတုပစ္စည်းတွေဖြစ်တဲ့ Crystaline Silica တွေက ကာစီနိုဂျင်တွေဖြစ်တဲ့
အပင် မျက်စိအရေပြားနဲ့အဆုတ်ကို ဒုက္ခပေးပါတယ်။ အလာဂျီလည်းထစေတယ်။
အပြင်းစား ကြေးချွတ်ပစ္စည်းတွေဖြစ်တဲ့ Heavy duty Cleanser တွေမှာပါတဲ့ Crystaline Silica တွေကလည်း အလားတူပဲ ကင်ဆာ
အမျိုးမျိုးဖြစ်စေသလို မျက်စိအရေပြားနဲ့ အဆုတ်တွေကို အလာဂျီဖြစ်စေတယ်။ ရိုးရိုးဆပ်ပြာနဲ့ ရေများများသုံး သန့်ရှင်းတာကပဲ ဘေး
ကင်းစေပါတယ်။
5. လိုင်ဇောပါတဲ့ ပိုးသေစေတဲ့ ဖျန်းဆေး (Lysol disinfected spray)
Orthophenylphenol (OPP) တွေပါဝင်တဲ့အတွက် ကင်ဆာဖြစ်စေတဲ့အပြင် ဓာတ်မတည့်တာတွေပါ ဖြစ်စေ တယ်။
6. ကြောင်သန်း၊ ခွေးသန်းနဲ့ မွှား ပပျောက်စေတဲ့ လည်ပတ်
အဲဒီမှာပါတဲ့ ပရိုပိုဆာ Propoxur ဆိုတဲ့ ပစ္စည်းက ကာစီနိုဂျင်နဲ့ အာရုံကြော အဆိပ်ဖြစ်စေတဲ့ ဓာတုပစ္စည်းဖြစ်တယ်။ အဲဒါတွေနဲ့ ထိတွေ့မိရင် ချက်ချင်းရေဆေးဖို့ လိုအပ်တယ်။
7. ရေညှိပျောက်ဆေး (Ortho Weed B Gon Lawn Weed Killer)
အဲဒီမှာပါတဲ့ ဆိုဒီယမ်ဒိုင် ကလိုရိုဖီ နောက်ဆီအက်ဆီတိတ် Sodium dichlorophenoxyacetate ဆိုတာက ကင်ဆာဖြစ်စေတဲ့
ပစ္စည်းဖြစ်ပြီး လင်ဖိုးမား၊ တစ်သျှူးပျော့တွေရဲ့ ဆာကိုးမားနဲ့ တခြားကင်ဆာတွေဖြစ်လာစေတယ်။ ဒါ့ပြင် အာရုံကြောနဲ့ မျိုးပွားအင်္ဂါတွေမှာ အဆိပ်ဖြစ်လာစေတယ်။
8. အမဲသားချောင်း (Beef Franks)
အမဲသားချောင်းမှာပါဝင်တာတွေက ဘင်ဇိုင်းဟက်ဆာကလိုရိုက်ဆိုတဲ့ ကာစီနိုဂျင်နဲ့ dacthal ဆိုတာက ကင်ဆာဖြစ်စေတဲ့အပြင်၊
အလာဂျီနဲ့ ဓာတ်မတည့်တာတွေပါ ဖြစ်လာစေတယ်။ DDT, Dieldrin တွေကလည်း ကာစီနိုဂျင်နဲ့ တိရစ္ဆာန်ထွက် အီစထရိုဂျင်တွေဖြစ်ကြတယ်။
တခြားပါတဲ့ ဟော်မုန်းတွေကလည်း ကာစီနိုဂျင်နဲ့ မိန်းမအသွင်အပြင်ပိုဖြစ်စေတဲ့ ဆိုးကျိုးတွေပေးကြတယ်။ တိရစ္ဆာန်မွေးမြူရေးမှာ
သုံးတဲ့ ပဋိဇီဝဆေးတွေက လူတွေမှာ ဆေးယဉ်ပါးတာအပြင် အလာဂျီနဲ့ ကင်ဆာတွေဖြစ်လာစေတယ်။
မပုပ်သိုးအောင်ထည့်တဲ့ ယမ်းစိမ်းနိုက်ထရိုက်တွေကြောင့်လည်း အသားထဲကပါတဲ့ အေမင်း Amine နဲ့ ပေါင်းပြီး ကင်ဆာဖြစ်စေတဲ့
နိုက်ထရိုဆမင်းတွေအဖြစ် ပြောင်းလဲသွားကာ လူကိုဒုက္ခပေးပါတယ်။
9. အဆီမထုတ်ထားတဲ့ နွားနို့ (Whole milk)
အဲဒါတွေမှာပါတဲ့ DDT, Dieldrin တွေက အထက်ကပြောသလို ဆိုးကျိုးဖြစ်စေတယ်။ ဟက်ဆာကလိုရိုဘင်ဇင်းက ကင်ဆာအပြင်
အာရုံကြောနဲ့ မျိုးပွားအင်္ဂါတွေကို အဆိပ်သင့်စေတယ်။ ပါလာတဲ့ ပဋိဇီဝဆေးတွေကလည်း အထက်ပါအတိုင်း ဒုက္ခပေးတယ်။ ကြီး
ထွားဟော်မုန်းတွေပါလာတဲ့အတွက် အဲဒါတွေက ရင်သားကင်ဆာ၊ အူမကြီးနဲ့ ဆီးကျိတ်ကင်ဆာတွေ ဖြစ်လာစေတာတွေ့ရတယ်။
10. အဝတ်လျှော်ဆပ်ပြာများ (Laundry Detergents)
အဲဒီ ဒီတားဂျင့်တွေမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေအများစုပါဝင် တယ်။ ရေလျှော်တာမပြောင်ရင် အဝတ်တွေပေါ်
ကပ်ကျန်ခဲ့တဲ့ ဆပ်ပြာတွေက အရေပြားထဲစုပ်ဝင်သွားသလို အငွေ့ပျံသွားတာတွေက လေထဲက တစ်ဆင့် အသက်ရှူလမ်းကြောင်းထဲ
ရောက်သွားတယ်။
အဲဒါတွေမှာလည်း ကင်ဆာဖြစ်စေတာတွေနဲ့ မျိုးပွားအင်္ဂါတွေပေါ်မှာ အဆိပ်ဖြစ်စေတာတွေပါဝင်တယ်။ အဆုတ်ကိုထိခိုက်စေတာ၊
အဆုတ်အမြှေးပါး ရောင်ရမ်းစေတာတွေ ပါဝင်တယ်။ နှလုံးနဲ့ သွေးကြောအဖွဲ့၊ ကျောက်ကပ်နဲ့ အာရုံကြောအဖွဲ့ကို ထိခိုက်စေတဲ့ဖီနော
တွေလည်း ပါဝင်တယ်။
အထက်ပါတွေကို လေ့လာကြည့်ရင် အိမ်တွင်းသုံးပစ္စည်းတွေက နေ့စဉ်သုံးဖြစ်နေတော့ ကင်ဆာဖြစ်စေဖို့၊ အလာဂျီထစေဖို့ လမ်းစ
ပိုများနေစေတယ်။ တချို့ လူသုံးကုန်တွေပေါ်မှာ အန္တရာယ်သတိပေးအဖြစ် ကင်ဆာဖြစ်စေတယ်ဆိုတာ ထည့်ရေးမထားကြပါဘူး။
စားသောက်ကုန်တွေပေါ်မှာလည်း ကိုလက်စထရောလ် အကြောင်းလောက်ပဲရေးပြီး ကာစီနိုဂျင် ဖြစ်တယ်ဆိုတာမပါဘူး။ အလှပြင်
ပစ္စည်းတွေမှာလည်း အလားတူပါပဲ။ ပါဝင်ပစ္စည်းလောက်ပဲ ဖော်ပြထားကြတယ်။အင်းဆက် ပိုးနှိမ်နင်းဆေးတွေ၊ ပိုးသတ်ဆေး
တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။
အခုလို အဲဒီပစ္စည်းတွေက ကင်ဆာဖြစ်စေတယ်လို့ ဖော်ပြပေးနိုင်တာကလည်း သိပ္ပံပညာရှင်တွေ နှိုက်နှိုက်ချွတ်ချွတ်လေ့လာမှု
ကြောင့်သိရှိရတာပါ။
ကမ္ဘာအနှံ့မှာ ကင်ဆာဖြစ်ပွာနှုန်းက ဒုံးပျံနှုန်းနဲ့တစ်ဟုန်ထိုးမြင့်တက်နေပါတယ်။ အခုလောလောဆယ်မှာ လူသားအားလုံးရဲ့ သုံးပုံ
တစ်ပုံက သက်တမ်းတစ်လျှောက်လုံး တစ်ချိန်ချိန်မှာ ကင်ဆာရောဂါခံစားလာရပြီး လေးပုံ တစ်ပုံကတော့ အဲဒီရောဂါနဲ့ပဲ သေဆုံးရတယ်။
အဲဒီကင်ဆာအတော်များများက အထက်ဖော်ပြပါ အိမ်တွင်းသုံး ပစ္စည်းတွေ၊ အလှပြင်ပစ္စည်းတွေ၊ မွေးမြူရေးထုတ်အစားအစာတွေ
အားလုံးကို ရှောင်ကြဉ်လိုက်မယ်ဆိုရင် ကင်ဆာဖြစ်နှုန်းလျှော့ချနိုင်ပါတယ်။
မြန်မာပြည်မှာတော့ စစ်ဆေးအရေးယူမှုနဲ့ နည်းပညာအားနည်း ချက်တွေကြောင့် ကင်ဆာဖြစ်ပွားနှုန်းဟာ အခုနောက်ပိုင်း ဆယ်စုနှစ်
တွေအတွင်း အတော်ကြီး မြင့်တက်နေတယ်။ ကမ္ဘာမှာ ကင်ဆာအဖြစ်ဆုံး ဆယ်နိုင်ငံထဲမှာ ဒုတိယ ချိတ်နေတာဆိုတော့ မြန်မာ
ပြည်သူပြည်သားတိုင်း မိမိကိုယ်တိုင် အထက်ပါလူသုံးပစ္စည်းတွေကို နေ့စဉ်မသုံးဖြစ်အောင် ပိုမို ကောင်းမွန်တဲ့ ပစ္စည်းရွေးချယ်
သုံးစွဲနိုင်အောင် အထူးသတိထားသင့်ပါတယ်။
ပတ်ဝန်းကျင် လူသုံးကုန်ပစ္စည်းတွေမှာ ကင်ဆာဖြစ်စေတာတွေက အနှံ့အပြားဖြစ်နေတာဆိုတော့ အထူးသတိထားပြီး ရွေးချယ်သုံးစွဲ
ပါမှ၊ သဘာဝပစ္စည်းများကိုသာ ရွေးချယ်သုံးစွဲပါမှ ကင်ဆာဖြစ်ပွားမှုမှ အထိုက်အလျှောက် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါကြောင်း ရှာဖွေ
ဖော်ပြပေးလိုက်ပါတယ်
crd
ေရွာင္က်ဥ္သင့္ေသာ ကင္ဆာျဖစ္ေစတဲ့ အိမ္တြင္းသုံးပစၥည္းမ်ား…

စားဝတ္ေနေရးအတြက္ အျပင္မွာ အလုပ္လုပ္ေနၾကသူေတြဟာ အလုပ္ကျပန္လာရင္ မိမိနားခိုရာအိမ္မွာပဲ အနားယူၾကတာ ထုံးစံပါပဲ။
အိမ္ဟာ အနားယူအပန္းေျဖေနရာ တစ္ခုသာျဖစ္သင့္ရာက အခုေနာက္ပိုင္းမွာ အႏၲရာယ္ေပးနိုင္တဲ့ လူသုံးကုန္ပစၥည္းေတြ ဝိုင္းရံလာေနတာ ေတြ႕လာရပါတယ္။
လူသုံးကုန္ေတြ ေခတ္မီဆန္းျပားလာတာနဲ႔အတူ ကင္ဆာျဖစ္ေစတဲ့ ဓာတုပစၥည္းေတြနဲ႔ ထိေတြ႕မႈပိုမ်ားလာကာ က်န္းမာေရး ထိခိုက္လာေစပါတယ္။
ေအာက္ပါအိမ္သုံးပစၥည္းေတြဟာ အေမရိကန္နိုင္ငံ ကင္ဆာကာကြယ္ေရးအဖြဲ႕မွ ေၾကညာထားတဲ့ ကင္ဆာျဖစ္ေစတဲ့
ကာစီနိုဂ်င္ေတြျဖစ္ၾကတာမို႔ စာဖတ္သူမ်ား ေရွာင္ၾကဥ္သုံးစြဲၾကဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။
1. ကင္ဆာျဖစ္ေစတဲ့၊ မေကာင္းတဲ့ ေဖာ္မယ္ဒီဟိုက္၊ နိုက္ထရိုဘင္ဇင္းနဲ႔ မီသိုင္လင္းကလိုရိုက္ စတာေတြဟာ ေန႔စဥ္အသုံးမ်ားတဲ့ ရာဘာလူသုံးကုန္ပစၥည္းေတြ၊ ပလတ္စတစ္၊ အေရာင္ဆိုးေဆး၊
အေမႊးအႀကိဳင္ထြက္ကုန္ေတြ၊ အလွကုန္ပစၥည္း ေရေမႊးေတြ ေဘာ္ဒီလိုးရွင္းလိမ္းေဆးေတြနဲ႔ ေခါင္းေလၽွာ္ရည္ေတြမွာ ပါဝင္ေနတာဆိုေတာ့ အဲဒါေတြကို ေန႔စဥ္ရက္ဆက္ အသုံးမ်ားေလေလ ကင္ဆာျဖစ္ဖို႔ အခြင့္အလမ္း မ်ားေလေလျဖစ္ပါတယ္။
ဒါေၾကာင့္ အဲဒီလိုကင္ဆာျဖစ္ေစတဲ့ ဓာတုပစၥည္းေတြနဲ႔ အထိအေတြ႕နည္းေအာင္ စီစဥ္နိုင္ပါမွ မိမိေရာ မိမိ မိသားစုပါ က်န္းမာေရးေဘးကင္းမွာျဖစ္တယ္။
2. ေလသန္႔ေအာင္ဖ်န္းတဲ့ အနံ့ေဖ်ာက္တဲ့ Air Freshener
အနံ့ေဖ်ာက္ ေဆးဖ်န္းဘူးအမ်ားစုမွာ အေငြ႕ပ်ံေစတဲ့ ကင္ဆာျဖစ္ေစတဲ့ ဓာတုပစၥည္းေတြပါဝင္တဲ့ အတြက္ ျဖစ္နိုင္ရင္ မသုံးတာအေကာင္းဆုံးပါ။
အခန္းကိုအလင္းေရာင္နဲ႔ ေလေကာင္းေလသန္႔ရရွိေအာင္ စနစ္ တက် ထားသိုျခင္း၊ ျပတင္းေပါက္ေတြ ဖြင့္ထားျခင္း၊ ပန္ကာနဲ႔
ေလမႈတ္ပန္ကာေတြ တပ္ဆင္ဖြင့္ထားျခင္း စတာေတြက အနံ့ေဖ်ာက္ေဆးေတြ သုံးစရာမလိုဘဲ အခန္းကို အနံ့အ သက္ကင္းေစပါတယ္။
3. အလွျပင္ပစၥည္းေတြနဲ႔၊ တစ္ကိုယ္ေရသုံး သန္႔ရွင္းေရးပစၥည္းမ်ာ
လူတိုင္းေန႔စဥ္ စြဲျမဲစြာသုံးၾကတဲ့ ေအာက္ပါတို႔က လူေတြအထူးသျဖင့္ မလွခ်င္၊ ကိုအေကာင္းႀကိဳက္တို႔ကို ကင္ဆာျဖစ္ေစတာေတြနဲ႔ ေန႔စဥ္အထိအေတြ႕မ်ားေစပါတယ္။
3.(1) ေကာ့စမက္တစ္ မွန္ မိတ္ကပ္မ်ား၊ ေအာက္ခံမိတ္ကပ္ Foundation မ်ား
အဲဒီအလွျပင္မိတ္ကပ္ေတြမွာပါတဲ့ BHA နဲ႔ TALC ေပါင္ဒါက ကာစီနိုဂ်င္ေတြျဖစ္ၾကတယ္။ TALC က အဆုတ္ေတြကို ဓာတ္မတည့္မႈျဖစ္ေစတယ္။
ကေလးေပါင္ဒါေတြမွာပါတဲ့ TALC ေၾကာင့္ အသက္ႀကီးလာတဲ့အခါ မ်ိဳးဥအိမ္ကင္ဆာေတြ ျဖစ္လာေစတာေတြ႕ၾကရတယ္။ TEA ေခၚ
Triethanolamine က နိုက္ထရိုက္ေတြ ဓာတ္ျပဳၿပီး ကာစီနိုဂ်င္နိုက္ထရိုဆမင္း Nitrosamines ေတြအျဖစ္ ေျပာင္းလဲသြားေစတယ္။
လာနိုလင္ Lanolin ဆိုတဲ့ အရာဝတၳဳက DDT ပိုးသတ္ေဆးနဲ႔ ကင္ဆာျဖစ္ေစတဲ့ တျခားအင္းဆက္နဲ႔ ပိုးမႊားသတ္ေဆးေတြနဲ႔ ထိ
ေတြ႕ေရာေႏွာေနတတ္ၾကတယ္။ ပါရာဘင္ Parabens ဆိုတဲ့ ေရနံထြက္ဓာတု ပစၥည္းတစ္မ်ိဳးက ထိေတြ႕တဲ့ အေရျပားေတြကို
ေရာင္ရမ္း Contact Dermatitis ျဖစ္လာေစတယ္။
Fragrance (သင္းရနံ့) ဆိုတာေတြက အေရျပားေတြကို အဆိပ္အေတာက္ျဖစ္ေစၿပီး ေရာင္ရမ္းလာေစတယ္။ ဒါေၾကာင့္ ပြဲေနပြဲထိုင္
သြားတဲ့ အခ်ိန္ကလြဲၿပီး က်န္အခ်ိန္ေတြမွာေတာ့ မိတ္ကပ္ေတြမသုံးတာ အေကာင္းဆုံးပါပဲ။ မျဖစ္မေန လိမ္းက်ံၿပီဆိုရင္လည္း၊ ၿပီးတာ
နဲ႔ ခ်က္ခ်င္းသန္႔စင္ပစ္သင့္တယ္။
3.(2) ကတၱရာပါတဲ့ သြားတိုက္ေဆးမ်ား (Crest Tartar Controls Toothpaste)
သြားတိုက္ေဆးေတြမွာပါတဲ့ FD & BLUE ေတြက ကာစီနိုဂ်င္ေတြျဖစ္ၾကတယ္။ ဆက္ကရင္ Sacchrin ကလည္း ကင္ဆာျဖစ္ေစနိုင္
သလို သြားေတြႀကံ့ခိုင္ေစတယ္ဆိုတဲ့ ဖလူအိုရိုက္
Fluoride ကလည္း ကင္ဆာျဖစ္နိုင္ေျခရွိတာ ေတြ႕ရတယ္။
3.(3) ဆံပင္ေပ်ာ့ေဆး ဥပမာ VO5 Conditioner (Essence of Neutral Henna)
ဆံပင္ေပ်ာ့ေဆးေတြမွာပါတဲ့ ေဖာ္မယ္ဒီဟိုက္ျဒပ္ေပါင္းေတြက ကင္ဆာျဖစ္ေစတယ္။ အာ႐ုံေၾကာေတြကို အဆိပ္သင့္ေစၿပီး ထိမိတဲ့
အေရျပားေတြ ေရာင္ရမ္းေစတယ္။ ဓာတ္မတည့္ယားယံတာေတြ ျဖစ္ေစတယ္။ Polysorbate 80 ဆိုတဲ့ ပစၥည္းေၾကာင့္လည္း ကင္ဆာေတြျဖစ္လာေစတယ္။
FD & RED4 ကလည္း ကာစီနိုဂ်င္ပဲျဖစ္တယ္။ Fragrance ဆိုတဲ့ပစၥည္း ကလည္း ကာစီနိုဂ်င္ပဲျဖစ္တယ္။ ေခါင္းေလၽွာ္ရည္ဘူးေတြ
မွာလည္း ဓာတုပစၥည္းေတြပဲ အမ်ားစုသုံးထားတာမို႔ တစ္ခ်ိန္လုံး အဲဒါေတြသုံးေနမယ့္အစား ရိုးရာတေရာ္ကင္မြန္းသီး နဲ႔ ေခါင္းေလၽွာ္ေပးသင့္ပါတယ္။
3.(4) ဆံပင္ဆိုးေဆးမ်ား Permanent Hair Color
ဆံပင္ျဖဴသူေတြသာမက လူငယ္ေတြကပါ ျဖဴနီေၾကာင္ၾကားကာလာစုံ ဆံပင္ဆိုးေဆးအမ်ိဳးမ်ိဳး သုံးစြဲမႈမ်ားလာၾကတယ္။ မိမိေခါင္းေပၚ
အဆိပ္ေတြ၊ ကာစီနိုဂ်င္ေတြတင္ထားၿပီး ကင္ဆာအျဖစ္ခံေနၾကတာ သတိထားဖို႔ ေကာင္းပါတယ္။ အဲဒါေတြမွာပါတဲ့ ကြာတားနီယံ
Quaternium 15, Fomaldehyde Releaser ေတြက ကာစီနိုဂ်င္ေတြ၊ အာ႐ုံေၾကာအဆိပ္ေတြ၊ အေရျပားေရာင္ရမ္းေစတာေတြနဲ႔
အလာဂ်ီထေစတဲ့ပစၥည္းေတြျဖစ္ၾကတယ္။
Diethanolamine (DEA) က ကာစီနိုဂ်င္ျဖစ္တဲ့အျပင္ နိုက္ထရိုဂ်င္ေတြနဲ႔ ထိေတြ႕တဲ့အခါ၊ ကင္ဆာျဖစ္ေစတဲ့ နိုက္ထရိုဂ်င္ဆမင္းေတြ
အျဖစ္ေျပာင္းကာ ကင္ဆာေတြျဖစ္လာေစတယ္။ Phenylenediamine ပါဝင္မႈေၾကာင့္ ကင္ဆာနဲ႔ အေရျပားေရာင္ရမ္းနာေတြျဖစ္ေစတယ္။
Propylene Gycol နဲ႔ Fragrance ပါဝင္တာေၾကာင့္ ထိ
ေတြ႕တဲ့အေရျပားေတြ ေရာင္ရမ္းလာေစတယ္။ ၾသကၤန္အခ်ိန္ေရာက္ရင္ လူငယ္ေလးေတြသာမက ကေလးေပါက္စနေတြကိုပါ
ျဖဴနီေၾကာင္က်ားေရာင္စုံ ဆံပင္ဆိုးေဆးဆိုးတာမလုပ္သင့္ပါဘူး။ ဆံပင္ေပၚမွာ လခ်ီေနတတ္တဲ့ အဲဒီဆိုးေဆးေတြရဲ့အႏၲရာယ္ကို
ထည့္စဥ္းစား ဆင္ျခင္သင့္တယ္။
ဆိုးေဆးေတြ အသုံးျပဳတာေတြေၾကာင့္ NHL လင့္ဖိုးမား၊ မိုင္လိုမား Multiple Myeloma နဲ႔ တျခားကင္ဆာအမ်ိဳးမ်ိဳး ျဖစ္ေပၚလာေစတဲ့
အေထာက္အထားေတြ ေတြ႕လာရပါၿပီ။ ဒါ့ေၾကာင့္ အလွအပအတြက္ ကင္ဆာအျဖစ္ခံၿပီး ဆံပင္ေရာင္စုံ ဆိုးမယ့္အစား သဘာဝအတိုင္းထားတာက ေကာင္းပါတယ္။
4. အိမ္တြင္းသုံးပစၥည္းမ်ား
အခ်ိဳ႕ေသာ တစ္ကိုယ္ေရသန္႔ရွင္းေရးသုံးပစၥည္းမ်ားမွာ ဓာတုပစၥည္းေတြျဖစ္တဲ့ Crystaline Silica ေတြက ကာစီနိုဂ်င္ေတြျဖစ္တဲ့
အပင္ မ်က္စိအေရျပားနဲ႔အဆုတ္ကို ဒုကၡေပးပါတယ္။ အလာဂ်ီလည္းထေစတယ္။
အျပင္းစား ေၾကးခၽြတ္ပစၥည္းေတြျဖစ္တဲ့ Heavy duty Cleanser ေတြမွာပါတဲ့ Crystaline Silica ေတြကလည္း အလားတူပဲ ကင္ဆာ
အမ်ိဳးမ်ိဳးျဖစ္ေစသလို မ်က္စိအေရျပားနဲ႔ အဆုတ္ေတြကို အလာဂ်ီျဖစ္ေစတယ္။ ရိုးရိုးဆပ္ျပာနဲ႔ ေရမ်ားမ်ားသုံး သန္႔ရွင္းတာကပဲ ေဘး
ကင္းေစပါတယ္။
5. လိုင္ေဇာပါတဲ့ ပိုးေသေစတဲ့ ဖ်န္းေဆး (Lysol disinfected spray)
Orthophenylphenol (OPP) ေတြပါဝင္တဲ့အတြက္ ကင္ဆာျဖစ္ေစတဲ့အျပင္ ဓာတ္မတည့္တာေတြပါ ျဖစ္ေစ တယ္။
6. ေၾကာင္သန္း၊ ေခြးသန္းနဲ႔ မႊား ပေပ်ာက္ေစတဲ့ လည္ပတ္
အဲဒီမွာပါတဲ့ ပရိုပိုဆာ Propoxur ဆိုတဲ့ ပစၥည္းက ကာစီနိုဂ်င္နဲ႔ အာ႐ုံေၾကာ အဆိပ္ျဖစ္ေစတဲ့ ဓာတုပစၥည္းျဖစ္တယ္။ အဲဒါေတြနဲ႔ ထိေတြ႕မိရင္ ခ်က္ခ်င္းေရေဆးဖို႔ လိုအပ္တယ္။
7. ေရညႇိေပ်ာက္ေဆး (Ortho Weed B Gon Lawn Weed Killer)
အဲဒီမွာပါတဲ့ ဆိုဒီယမ္ဒိုင္ ကလိုရိုဖီ ေနာက္ဆီအက္ဆီတိတ္ Sodium dichlorophenoxyacetate ဆိုတာက ကင္ဆာျဖစ္ေစတဲ့
ပစၥည္းျဖစ္ၿပီး လင္ဖိုးမား၊ တစ္သၽွဴးေပ်ာ့ေတြရဲ့ ဆာကိုးမားနဲ႔ တျခားကင္ဆာေတြျဖစ္လာေစတယ္။ ဒါ့ျပင္ အာ႐ုံေၾကာနဲ႔ မ်ိဳးပြားအဂၤါေတြမွာ အဆိပ္ျဖစ္လာေစတယ္။
8. အမဲသားေခ်ာင္း (Beef Franks)
အမဲသားေခ်ာင္းမွာပါဝင္တာေတြက ဘင္ဇိုင္းဟက္ဆာကလိုရိုက္ဆိုတဲ့ ကာစီနိုဂ်င္နဲ႔ dacthal ဆိုတာက ကင္ဆာျဖစ္ေစတဲ့အျပင္၊
အလာဂ်ီနဲ႔ ဓာတ္မတည့္တာေတြပါ ျဖစ္လာေစတယ္။ DDT, Dieldrin ေတြကလည္း ကာစီနိုဂ်င္နဲ႔ တိရစၧာန္ထြက္ အီစထရိုဂ်င္ေတြျဖစ္ၾကတယ္။
တျခားပါတဲ့ ေဟာ္မုန္းေတြကလည္း ကာစီနိုဂ်င္နဲ႔ မိန္းမအသြင္အျပင္ပိုျဖစ္ေစတဲ့ ဆိုးက်ိဳးေတြေပးၾကတယ္။ တိရစၧာန္ေမြးျမဴေရးမွာ
သုံးတဲ့ ပဋိဇီဝေဆးေတြက လူေတြမွာ ေဆးယဥ္ပါးတာအျပင္ အလာဂ်ီနဲ႔ ကင္ဆာေတြျဖစ္လာေစတယ္။
မပုပ္သိုးေအာင္ထည့္တဲ့ ယမ္းစိမ္းနိုက္ထရိုက္ေတြေၾကာင့္လည္း အသားထဲကပါတဲ့ ေအမင္း Amine နဲ႔ ေပါင္းၿပီး ကင္ဆာျဖစ္ေစတဲ့
နိုက္ထရိုဆမင္းေတြအျဖစ္ ေျပာင္းလဲသြားကာ လူကိုဒုကၡေပးပါတယ္။
9. အဆီမထုတ္ထားတဲ့ ႏြားနို႔ (Whole milk)
အဲဒါေတြမွာပါတဲ့ DDT, Dieldrin ေတြက အထက္ကေျပာသလို ဆိုးက်ိဳးျဖစ္ေစတယ္။ ဟက္ဆာကလိုရိုဘင္ဇင္းက ကင္ဆာအျပင္
အာ႐ုံေၾကာနဲ႔ မ်ိဳးပြားအဂၤါေတြကို အဆိပ္သင့္ေစတယ္။ ပါလာတဲ့ ပဋိဇီဝေဆးေတြကလည္း အထက္ပါအတိုင္း ဒုကၡေပးတယ္။ ႀကီး
ထြားေဟာ္မုန္းေတြပါလာတဲ့အတြက္ အဲဒါေတြက ရင္သားကင္ဆာ၊ အူမႀကီးနဲ႔ ဆီးက်ိတ္ကင္ဆာေတြ ျဖစ္လာေစတာေတြ႕ရတယ္။
10. အဝတ္ေလၽွာ္ဆပ္ျပာမ်ား (Laundry Detergents)
အဲဒီ ဒီတားဂ်င့္ေတြမွာ အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓာတုပစၥည္းေတြအမ်ားစုပါဝင္ တယ္။ ေရေလၽွာ္တာမေျပာင္ရင္ အဝတ္ေတြေပၚ
ကပ္က်န္ခဲ့တဲ့ ဆပ္ျပာေတြက အေရျပားထဲစုပ္ဝင္သြားသလို အေငြ႕ပ်ံသြားတာေတြက ေလထဲက တစ္ဆင့္ အသက္ရႉလမ္းေၾကာင္းထဲ
ေရာက္သြားတယ္။
အဲဒါေတြမွာလည္း ကင္ဆာျဖစ္ေစတာေတြနဲ႔ မ်ိဳးပြားအဂၤါေတြေပၚမွာ အဆိပ္ျဖစ္ေစတာေတြပါဝင္တယ္။ အဆုတ္ကိုထိခိုက္ေစတာ၊
အဆုတ္အေျမႇးပါး ေရာင္ရမ္းေစတာေတြ ပါဝင္တယ္။ ႏွလုံးနဲ႔ ေသြးေၾကာအဖြဲ႕၊ ေက်ာက္ကပ္နဲ႔ အာ႐ုံေၾကာအဖြဲ႕ကို ထိခိုက္ေစတဲ့ဖီေနာ
ေတြလည္း ပါဝင္တယ္။
အထက္ပါေတြကို ေလ့လာၾကည့္ရင္ အိမ္တြင္းသုံးပစၥည္းေတြက ေန႔စဥ္သုံးျဖစ္ေနေတာ့ ကင္ဆာျဖစ္ေစဖို႔၊ အလာဂ်ီထေစဖို႔ လမ္းစ
ပိုမ်ားေနေစတယ္။ တခ်ိဳ႕ လူသုံးကုန္ေတြေပၚမွာ အႏၲရာယ္သတိေပးအျဖစ္ ကင္ဆာျဖစ္ေစတယ္ဆိုတာ ထည့္ေရးမထားၾကပါဘူး။
စားေသာက္ကုန္ေတြေပၚမွာလည္း ကိုလက္စထေရာလ္ အေၾကာင္းေလာက္ပဲေရးၿပီး ကာစီနိုဂ်င္ ျဖစ္တယ္ဆိုတာမပါဘူး။ အလွျပင္
ပစၥည္းေတြမွာလည္း အလားတူပါပဲ။ ပါဝင္ပစၥည္းေလာက္ပဲ ေဖာ္ျပထားၾကတယ္။အင္းဆက္ ပိုးႏွိမ္နင္းေဆးေတြ၊ ပိုးသတ္ေဆး
ေတြမွာလည္း ထိုနည္းလည္းေကာင္းပါပဲ။
အခုလို အဲဒီပစၥည္းေတြက ကင္ဆာျဖစ္ေစတယ္လို႔ ေဖာ္ျပေပးနိုင္တာကလည္း သိပၸံပညာရွင္ေတြ ႏွိုက္ႏွိုက္ခၽြတ္ခၽြတ္ေလ့လာမႈ
ေၾကာင့္သိရွိရတာပါ။
ကမၻာအႏွံ့မွာ ကင္ဆာျဖစ္ပြာႏႈန္းက ဒုံးပ်ံႏႈန္းနဲ႔တစ္ဟုန္ထိုးျမင့္တက္ေနပါတယ္။ အခုေလာေလာဆယ္မွာ လူသားအားလုံးရဲ့ သုံးပုံ
တစ္ပုံက သက္တမ္းတစ္ေလၽွာက္လုံး တစ္ခ်ိန္ခ်ိန္မွာ ကင္ဆာေရာဂါခံစားလာရၿပီး ေလးပုံ တစ္ပုံကေတာ့ အဲဒီေရာဂါနဲ႔ပဲ ေသဆုံးရတယ္။
အဲဒီကင္ဆာအေတာ္မ်ားမ်ားက အထက္ေဖာ္ျပပါ အိမ္တြင္းသုံး ပစၥည္းေတြ၊ အလွျပင္ပစၥည္းေတြ၊ ေမြးျမဴေရးထုတ္အစားအစာေတြ
အားလုံးကို ေရွာင္ၾကဥ္လိုက္မယ္ဆိုရင္ ကင္ဆာျဖစ္ႏႈန္းေလၽွာ့ခ်နိုင္ပါတယ္။
ျမန္မာျပည္မွာေတာ့ စစ္ေဆးအေရးယူမႈနဲ႔ နည္းပညာအားနည္း ခ်က္ေတြေၾကာင့္ ကင္ဆာျဖစ္ပြားႏႈန္းဟာ အခုေနာက္ပိုင္း ဆယ္စုႏွစ္
ေတြအတြင္း အေတာ္ႀကီး ျမင့္တက္ေနတယ္။ ကမၻာမွာ ကင္ဆာအျဖစ္ဆုံး ဆယ္နိုင္ငံထဲမွာ ဒုတိယ ခ်ိတ္ေနတာဆိုေတာ့ ျမန္မာ
ျပည္သူျပည္သားတိုင္း မိမိကိုယ္တိုင္ အထက္ပါလူသုံးပစၥည္းေတြကို ေန႔စဥ္မသုံးျဖစ္ေအာင္ ပိုမို ေကာင္းမြန္တဲ့ ပစၥည္းေရြးခ်ယ္
သုံးစြဲနိုင္ေအာင္ အထူးသတိထားသင့္ပါတယ္။
ပတ္ဝန္းက်င္ လူသုံးကုန္ပစၥည္းေတြမွာ ကင္ဆာျဖစ္ေစတာေတြက အႏွံ့အျပားျဖစ္ေနတာဆိုေတာ့ အထူးသတိထားၿပီး ေရြးခ်ယ္သုံးစြဲ
ပါမွ၊ သဘာဝပစၥည္းမ်ားကိုသာ ေရြးခ်ယ္သုံးစြဲပါမွ ကင္ဆာျဖစ္ပြားမႈမွ အထိုက္အေလၽွာက္ ကာကြယ္ေပးနိုင္မွာ ျဖစ္ပါေၾကာင္း ရွာေဖြ
ေဖာ္ျပေပးလိုက္ပါတယ္
crd



