က်မၼာေရး ဗဟုသုတ

ေျခစြယ္ငုပ္ေနတာကို အႏၱရာယ္ကင္းကင္းနဲ႔ ျပန္ေကာင္းေအာင္လုပ္ႏုိင္မယ့္နည္းလမ္း (၄)မ်ိဳး

ေျခစြယ္ငုပ္တာဟာ ေတာ္ေတာ္ေလးဆိုးတဲ့ေ၀ဒနာတစ္မ်ိဳးျဖစ္ျပီး ေပ်ာက္ေအာင္လုပ္ဖို႕လည္း ေတာ္ေတာ္ခက္ပါတယ္။ ခံရခက္ျပီး ေဆးခန္းသြားျပီး ကုသရေလာက္တဲ့ အေနအထားမ်ိဳးမဟုတ္ေပမယ့္ အိမ္မွာ ကိုယ္တိုင္လုပ္ရင္လည္း ပိုး၀င္ျပီးပိုဆိုးသြားမလား စိုးရိမ္စရာပါ။ ဒီေတာ့ ေျခစြယ္ငုပ္တာကို အႏၱရာယ္ကင္းကင္းနဲ႕ျပန္ေကာင္းေအာင္လုပ္နိုင္မယ့္ နည္းလမ္းေလးေတြကို စုစည္းေဖာ္ျပေပးလိုက္ျပီမို႕ ကိုယ့္အတြက္အဆင္္ေျပမယ္ထင္တဲ့ နည္းလမ္းတစ္မ်ိဳးမ်ိဳးကို အသံုးျပဳနိုင္ပါတယ္။

(၁) ဆားခါးစိမ္တဲ့နည္းလမ္း

ဇလံုတစ္လံုးထဲမွာ ေရေႏြးအနည္းငယ္ထည့္ျပီး ဆားခါးႏွစ္ဇြန္းထည့္ပါ။ အဲ့ဒီထဲမွာ ေျခေထာက္ကို ၁၅ မိနစ္ေလာက္စိမ္ထားေပးလိုုက္မယ္ဆိုရင္ ဆားခါးက ေျခစြယ္ငုပ္လို႕နာက်င္ေနတာကို သက္သာသြားေစျပီး ေျခသည္းကိုေပ်ာ့ေျပာင္းသြားေစနိုင္တာေၾကာင့္ ေျခစြယ္ညွပ္တဲ့ဟာေလးနဲ႕ ငုပ္ေနတဲ့ေျခစြယ္ကို အလြယ္ေလးညွပ္ထုတ္ပစ္နိုင္ပါျပီ။ ေျခစြယ္ညွပ္ထုတ္ျပီးေပမယ့္ ဆက္ျပီးနာေနနိုင္တာေၾကာင့္ ေနာက္ထပ္ ၂ ခါ၊ ၃ ခါေလာက္ ခုနကလို ေရေႏြးနဲ႕ဆားခါးနဲ႕ စိမ္ေပးလိုက္ပါ။ ေနာက္ေန႕ဆို လံုး၀သက္သာေနတာကိုေတြ႕ရပါလိိမ့္မယ္။

(၂) ပန္းသီးရွာလကာရည္သံုးတဲ့နည္း

ပန္းသီးရွာလကာရည္ကို ဂြမ္းစေလးမွာ ဆြတ္ယူျပီး ေျခစြယ္ငုပ္တဲ့ေနရာမွာ တစ္နာရီေလာက္ အုပ္ထားေပးပါ။ ဂြမ္းစေလးေျခာက္သြားရင္ ပန္းသီးရွာလကာရည္နဲ႕ ျပန္ဆြတ္ျပီးျပန္အုပ္ပါ။ ပန္းသီးရွာလကာရည္က ေျခစြယ္ငုပ္လို႕ေရာင္ရမ္းေနတာကိို သက္သာေစနိုင္ျပီး ဒဏ္ရာကို ပိုးမ၀င္ေအာင္တားေပးနိုင္ပါတယ္။ ဒါ့အျပင္ ေျခသည္းကိုလည္း ေပ်ာ့ေျပာင္းသြားေစနိုင္တာေၾကာင့္ ပန္းသီးရွာလကာရည္နဲ႕ အုပ္ထားေပးျပီးရင္ ေျခစြယ္ကို အလြယ္တကူညွပ္ထုတ္ပစ္နိုင္ပါျပီ။

(၃) နႏြင္းနဲ႕မုန္႕ညွင္းဆီ

နႏြင္းတစ္ဇြန္း၊ မုန္႕ညွင္းဆီတစ္ဇြန္းတို႕ကိုေရာျပီး အနွစ္ျဖစ္ေအာင္လုပ္ျပီး အဲ့ဒီအနွစ္ကိုေျခစြယ္ငုပ္တဲ့ေနရာမွာ ထူထူေလးလိမ္းျပီး တစ္နာရီေလာက္ ထားထားပါ။ အဲ့ဒီအတိုင္း တစ္ရက္မွာ သံုးၾကိမ္ေလာက္ လုပ္ေပးလိုက္မယ္ဆိုရင္ ေျခစြယ္ငုပ္လို႕ေရာင္ေနတာေတြေလ်ာ့သြားျပီး အထိမခံနိုင္ေအာင္ နာေနတာေတြလည္း သက္သာသြားပါလိမ့္မယ္။ အဲ့ဒီအခါ ေျခစြယ္ညွပ္တဲ့ ကိရိယာေလးနဲ႕ ေျခစြယ္ကို အလြယ္ေလးညွပ္ထုတ္လိုက္ရံုပါပဲ။

(၄) ပ်ားရည္နဲ႕သံပရိုရည္

ပ်ားရည္နဲ႕ သံပရိုရည္အနည္းငယ္ကိုေရာျပီး ေျခစြယ္ငုပ္တဲ့ေနရာမွာ လိမ္းကာ ပတ္တီးစေလးနဲ႕ တစ္ညလံုးစည္းထားေပးလိုက္ပါ။ နွစ္ရက္၊ သံုးရက္ေလာက္ ဆက္တိုက္လုပ္ေပးမယ္ဆိုရင္ နာက်င္ေရာင္ရမ္းေနတာေတြ သက္သာသြားျပီး ေျခစြယ္ကို ညွပ္ထုတ္ပစ္လို႕ရပါျပီ။

source – Brightside

MAY THAZINHTOO

Unicode

ခြေစွယ်ငုပ်တာဟာ တော်တော်လေးဆိုးတဲ့ဝေဒနာတစ်မျိုးဖြစ်ပြီး ပျောက်အောင်လုပ်ဖို့လည်း တော်တော်ခက်ပါတယ်။ ခံရခက်ပြီး ဆေးခန်းသွားပြီး ကုသရလောက်တဲ့ အနေအထားမျိုးမဟုတ်ပေမယ့် အိမ်မှာ ကိုယ်တိုင်လုပ်ရင်လည်း ပိုးဝင်ပြီးပိုဆိုးသွားမလား စိုးရိမ်စရာပါ။ ဒီတော့ ခြေစွယ်ငုပ်တာကို အန္တရာယ်ကင်းကင်းနဲ့ပြန်ကောင်းအောင်လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို စုစည်းဖော်ပြပေးလိုက်ပြီမို့ ကိုယ့်အတွက်အဆင််ပြေမယ်ထင်တဲ့ နည်းလမ်းတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။

(၁) ဆားခါးစိမ်တဲ့နည်းလမ်း

ဇလုံတစ်လုံးထဲမှာ ရေနွေးအနည်းငယ်ထည့်ပြီး ဆားခါးနှစ်ဇွန်းထည့်ပါ။ အဲ့ဒီထဲမှာ ခြေထောက်ကို ၁၅ မိနစ်လောက်စိမ်ထားပေးလိုုက်မယ်ဆိုရင် ဆားခါးက ခြေစွယ်ငုပ်လို့နာကျင်နေတာကို သက်သာသွားစေပြီး ခြေသည်းကိုပျော့ပြောင်းသွားစေနိုင်တာကြောင့် ခြေစွယ်ညှပ်တဲ့ဟာလေးနဲ့ ငုပ်နေတဲ့ခြေစွယ်ကို အလွယ်လေးညှပ်ထုတ်ပစ်နိုင်ပါပြီ။ ခြေစွယ်ညှပ်ထုတ်ပြီးပေမယ့် ဆက်ပြီးနာနေနိုင်တာကြောင့် နောက်ထပ် ၂ ခါ၊ ၃ ခါလောက် ခုနကလို ရေနွေးနဲ့ဆားခါးနဲ့ စိမ်ပေးလိုက်ပါ။ နောက်နေ့ဆို လုံးဝသက်သာနေတာကိုတွေ့ရပါလိိမ့်မယ်။

(၂) ပန်းသီးရှာလကာရည်သုံးတဲ့နည်း

ပန်းသီးရှာလကာရည်ကို ဂွမ်းစလေးမှာ ဆွတ်ယူပြီး ခြေစွယ်ငုပ်တဲ့နေရာမှာ တစ်နာရီလောက် အုပ်ထားပေးပါ။ ဂွမ်းစလေးခြောက်သွားရင် ပန်းသီးရှာလကာရည်နဲ့ ပြန်ဆွတ်ပြီးပြန်အုပ်ပါ။ ပန်းသီးရှာလကာရည်က ခြေစွယ်ငုပ်လို့ရောင်ရမ်းနေတာကိို သက်သာစေနိုင်ပြီး ဒဏ်ရာကို ပိုးမဝင်အောင်တားပေးနိုင်ပါတယ်။ ဒါ့အပြင် ခြေသည်းကိုလည်း ပျော့ပြောင်းသွားစေနိုင်တာကြောင့် ပန်းသီးရှာလကာရည်နဲ့ အုပ်ထားပေးပြီးရင် ခြေစွယ်ကို အလွယ်တကူညှပ်ထုတ်ပစ်နိုင်ပါပြီ။

(၃) နနွင်းနဲ့မုန့်ညှင်းဆီ

နနွင်းတစ်ဇွန်း၊ မုန့်ညှင်းဆီတစ်ဇွန်းတို့ကိုရောပြီး အနှစ်ဖြစ်အောင်လုပ်ပြီး အဲ့ဒီအနှစ်ကိုခြေစွယ်ငုပ်တဲ့နေရာမှာ ထူထူလေးလိမ်းပြီး တစ်နာရီလောက် ထားထားပါ။ အဲ့ဒီအတိုင်း တစ်ရက်မှာ သုံးကြိမ်လောက် လုပ်ပေးလိုက်မယ်ဆိုရင် ခြေစွယ်ငုပ်လို့ရောင်နေတာတွေလျော့သွားပြီး အထိမခံနိုင်အောင် နာနေတာတွေလည်း သက်သာသွားပါလိမ့်မယ်။ အဲ့ဒီအခါ ခြေစွယ်ညှပ်တဲ့ ကိရိယာလေးနဲ့ ခြေစွယ်ကို အလွယ်လေးညှပ်ထုတ်လိုက်ရုံပါပဲ။

(၄) ပျားရည်နဲ့သံပရိုရည်

ပျားရည်နဲ့ သံပရိုရည်အနည်းငယ်ကိုရောပြီး ခြေစွယ်ငုပ်တဲ့နေရာမှာ လိမ်းကာ ပတ်တီးစလေးနဲ့ တစ်ညလုံးစည်းထားပေးလိုက်ပါ။ နှစ်ရက်၊ သုံးရက်လောက် ဆက်တိုက်လုပ်ပေးမယ်ဆိုရင် နာကျင်ရောင်ရမ်းနေတာတွေ သက်သာသွားပြီး ခြေစွယ်ကို ညှပ်ထုတ်ပစ်လို့ရပါပြီ။

source – Brightside

MAY THAZINHTOO